Channel Myanmar

Sivadas Kannur

Oru Jaathi Jathakam (aka) Oru Jaathi Oru Jaathakam (2025 ) 6.1
Oru Jaathi Jathakam (aka) Oru Jaathi Oru Jaathakam (2025 ) Oru Jaathi Jaathakam (aka) Oru Jaathi Oru Jaathakam (2025 ) (လူပျိုသိုးကြီး၏ ဇနီးရှာပုံတော်)ဂျေရက်ရှ်ဆိုသူဟာ အသက် ၃၇နှစ်ပြည့်သွားပြီဖြစ်ပေမဲ့လည်း ယခုအချိန်ထိ အိမ်ထောင်ဖက်ရှာမတွေ့သေးတဲ့ လူပျိုသိုးကြီးပေါ့။ သူဟာ အိမ်ထောင်မပြုချင်လို့ လူပျိုကြီးဖြစ်နေတာမျိုးမဟုတ်ဘဲ အရွေးလွန်နေပြီး အကြိုက်မတွေ့တဲ့အတွက်နဲ့ လူပျိုကြီးဖြစ်နေရသူပါ။အိမ်ထောင်ဖက်တွေ့ဖို့အတွက် လူရွေးပြီဆိုရင် အရင်ဆုံး ဇာတာစစ်ပါတယ်၊ ဇာတာစစ်ပြီးရင် အဲဒီမိန်းကလေးဘက်က မိသားစုဝင်တွေအထိ မှုခင်းပြစ်မှု ရှိမရှိကို ရဲအရာရှိတွေထံမှာ စစ်ဆေးပါသေးတယ်။ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး ဒါတွေစစ်ဆေးလို့ပြီးသွားရင်တောင်မှ လိုက်ဖက်မှုရှိမရှိ, ဟိုဟာစစ် ဒီဟာစစ်နဲ့ နည်းမျိုးစုံနဲ့ကို စစ်ဆေးတော့တာပါပဲ။ဒီလိုတွေ ချေးများပြီး ရွေးနေလို့လဲ လူပျိုသိုးကြီးဖြစ်နေရတာပေါ့နော်။အသက် ၃၈နှစ်မရောက်ခင် အိမ်ထောင်ပြုမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဂျေရက်ရှ်ဟာ သောကြာနေ့ရုံးဆင်းချိန်ဆို ဇာတိမြေကိုပြန် စနေ၊တနင်္ဂနွေဆိုရင် အိမ်ထောင်ဖက်ရှာ၊ တနင်္လာနေ့ရောက်ရင် ရုံးပြန်တက်။ဒီလိုနည်းလမ်းကို သုံးပြီးအပူတပြင်းကို လိုက်ရှာလို့နေပါတော့တယ်။ဂျေရက်ရှ်တစ်ယောက် အသက်၃၈နှစ်မတိုင်ခင် သူလိုချင်တဲ့ အိမ်ထောင်ဖက်ကောင်းနဲ့ ရှာတွေ့သွားမလား .......အိမ်ထောင်ဖက်ရှာရင်း ဘယ်လို အခွီဇာတ်လမ်းတွေ ဖြစ်လာမလဲ ....ဆိုတာကို ကြည့်ရှုရမဲ့ ဟာသဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM ...
movie

Oru Jaathi Jathakam (aka) Oru Jaathi Oru Jaathakam (2025 )

Orumbettavan (2025) 5.4
Orumbettavan (2025) Orumbettavan (2025) "လှည့်စားရက်တဲ့ကံကြမ္မာ"လူ့သဘောသဘာ၀နဲ့ လူ့ဘ၀ရဲ့ရှုပ်ထွေးပွေလီမှုတွေကို ရိုက်ကူးပုံဖော်ထားတဲ့ မလေယာလမ်စကားပြောဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။မီဇီဆိုတဲ့ ကလေးမလေးဟာ အစပိုင်းမှာတော့ မိဘအစုံအလင်နဲ့ မပူမပင်မကြောင့်မကြနေခဲ့ရသူပါ။ဒါပေမဲ့ တစ်နေတော့ မိသားစုငွေကြေးအခက်အခဲကြောင့် မထင်မှတ်ဘဲ မိဘမဲ့ဘ၀ကိုရောက်ရှိသွားပါတော့တယ်။ အဖေဖြစ်သူက သမီးငယ်ကို သူ့အစ်ကိုတော်တဲ့ပတ်ပန်ဆီမှာ အပ်ထားခဲ့တာပါ။ပတ်ပန်ကလည်း တူမလေးဖြစ်တဲ့မီဇီကို အရမ်းချစ်ပေမဲ့ ကိုယ်တိုင်ကအမှိုက်ကောက်သမားကြီး ဖြစ်ပါတယ်။ ဒါပေမဲ့ မီဇီလေးကိုတော့ သူတတ်နိုင်တဲ့နည်းနဲ့ တာ၀န်ယူခဲ့ပါတယ်။အမှိုက်ကောက်သမားပီပီ စရိုက်ကြမ်းတဲ့ပတ်ပန်ဟာ သူတို့အရပ်က လူ့ခွစာပန်းပဲဆရာကြီးကေလုနဲ့လည်း ရန်ငြိုးရန်စရှိသူပါ။တစ်ယောက်ကိုတစ်ယောက် အခွင့်သာရင် ပြန်ကလဲ့စားချေဖို့ မျက်စောင်းထိုးနေကြသူတွေပေါ့။ဒီလိုနဲ့ တစ်နေ့မှာတော့ မထင်မှတ်ဘဲ မီဇီလေးပျောက်သွားတဲ့အခါ... ။ကံဆိုးရှာတာမီဇီလေး ဘာဆက်ဖြစ်သွားမလဲ၊ ရန်ငြိုးတွေကပဲ အပြစ်မဲ့သူတွေကို ထိခိုက်သွားစေတာလား၊ဘယ်သူကတရားခံလဲ၊ နောက်ကွယ်မှာ ဘယ်လိုအရှုပ်အထွေးတွေရှိနေမလဲဆိုတာ စိတ်၀င်တစားကြည့်ရှုကြရမှာ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood team ပါ။) File size…2.2 GB / 1.1 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 20min Subtitle….Myanmar Subtitle (Hard ...
movie

Orumbettavan (2025)

John Luther (2022) 8.2
John Luther (2022) John Luther(2022)ဒီကားကတော့ IMDb Rating 8.4အထိရရှိထားတဲ့ အိန္ဒိယစုံထောက်ကားလေးပဲ ဖြစ်ပါတယ်။ အိမ်မပြန်နိုင်ရလောက်တဲ့အထိ အလုပ်ကြိုးစားနဲ့ နယ်မြေခံ ရဲတစ်ယောက်ဖြစ်တဲ့ ဂျွန်လူသာ တစ်​ယောက်။သူ့ညီမဖြစ်သူရဲ့ မင်္ဂလာဆောင်ကိုတောင် အချိန်မနည်းလုပြီး ပြန်ရတဲ့အထိ အလုပ်ကို ကြိုးစားပမ်းစားလုပ်နေရင်းကနေ တစ်နေ့မှာ သူတာဝန်ကျနေတဲ့ နယ်မြေအဝန်းအဝိုင်းအတွင်းက အက်စီးဒင့်တစ်ခုမှာ ပါဝင်သွားပြီး အဲ့ဒီအမှုက နိုင်ငံရေးနဲ့ ပက်သက်နေတယ့်အခါ.........Thriller Movieအမျိုးအစားဖြစ်တဲ့အတွက် ဒီအမှုကို သူဘယ်လို ရင်ဆိုင်ဖြေရှင်းသွားမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှာပဲ ဖြစ်ပါတယ်။ တစ်ကားလုံးမှာလည်း ဒါရိုက်တာဖြစ်သူ Abhijith Josephက ဇာတ်လမ်းကို ဖြည်းဖြည်းချင်းဆွဲခေါ်သွားပြီး နောက်ဆုံးမှာ ဘယ်လိုမှမှန်းဆထားလို့မရတဲ့ Plotကို လှလှပပလေးဖော်ပြသွားခဲ့တာပါ။ စုံထောက်ကားဖြစ်တဲ့အပြင် Thrillerဖြစ်တာမို့လို့ ကြည့်မယ်ဆိုရင် နောင်တမရနိုင်ပါဘူးနော်။ File size…2.1GB / 996MB Quality…1080p True WEB DL AAC5.1CH  / 720 p Format…mp4 Duration….2h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yate & Lwin Htoo & Thet Ko ...
movie

John Luther (2022)

2022