Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Sinead Matthews
7.8
Pride & Prejudice (2005)
Pride & Prejudice (2005)IMDb Rating (7.8) / Rotten Tomatoes (87%)မင်းသမီး Keira Knightley ကို စတင်နာမည်ကြီးစေခဲ့တဲ့ရုပ်ရှင်ဖြစ်သလို အသက် ၂၀ အရွယ်လေးမှာ ရိုက်ထားတာမလို့ ဒီကားထဲမှာ အရမ်းချစ်စရာကောင်းနေတာ မြင်တွေ့ရမှာပါ။ မင်းသားကြီး Matthew Macfadyen နဲ့အတူ တခြားနာမည်ကြီးမင်းသမီးတွေဖြစ်ကြတဲ့ Rosamund Pike, Carey Mulligan,Jena Malone တို့လဲပါဝင်ထားပါတယ်။၁၈၁၃ ခုနှစ်တုန်းက Jane Austen ရေးသားခဲ့တဲ့ ဝတ္ထုတစ်ပုဒ်ဖြစ်ပြီးတော့ ပြဌာန်းစာအုပ်တွေမှာလည်း ဖော်ပြခြင်းခံရတဲ့ နာမည်ကျော်ဝတ္ထုလေးကို 2005 ခုနှစ်မှာ ဒါရိုက်တာ Joe Wright က ဇာတ်လမ်းအဖြစ်အသက်သွင်းခဲ့တဲ့ဇာတ်ကားလေးပါ.. Drama အချစ်ဇာတ်လမ်းအေးအေးလေးတစ်ပုဒ်ဖြစ်ပေမယ့် စိတ်ဝင်စားစရာလေးပါ...ဇာတ်လမ်းလေးက ၁၈ရာစုနှောင်းပိုင်းဂျော်ဂျီယန် အင်္ဂလန်ခေတ် တစ်နည်းအားဖြင့်ပြောရရင် အတန်းစားခွဲတဲ့ခေတ်ပေါ့ ..အဲ့ခေတ်မှာအခြေတည်ထားပါတယ်...သာမန်လူတန်းစားဖြစ်ကြတဲ့ Bennet မိသားစုက သမီးတွေချည်းပဲ၅ယောက်မွေးထားတော့ သူတို့အမေရဲ့ဘဝမှာတစ်ခုတည်းသောမျှော်မှန်းချက်က သူ့သမီးတွေကိုလူချမ်းသာယောက်ျားတွေနဲ့ အိမ်ထောင်ပြုခိုင်းဖို့ပဲပေါ့..အဓိကဇာတ်ဆောင်မင်းသမီးဖြစ်တဲ့ Elizabeth (Keira Knightly) ကညီအစ်မတွေတည်းမှာ ခပ်သွက်သွက်နဲ့ စိတ်ထဲရှိရာထုတ်ပြောရဲတဲ့ မိန်းကလေးပေါ့..တစ်နေ့မှာသူတို့မြို့ကို ...
movie
Pride & Prejudice (2005)
2005
4K HEVC
Vera Drake (2004)
ဒီကားကတော့ ဇာတ်ကားနာမည်အတိုင်းပဲဗယ်ရာဒရိတ်ဆိုတဲ့ အမျိုးသမီးတစ်ယောက်အကြောင်းကို အဓိကဦးစားပေးပြီး ရိုက်ပေးထားတာပါ။ ဇာတ်လမ်းအညွှန်းကိုပြောရရင် ၁၉၅၀ခုနှစ်ဝန်းကျင်က လန်ဒန်မှာ ဗယ်ရာဒရိတ်ဆိုတဲ့ အမျိုးသမီးတစ်ယောက်ရှိတယ်။ သူမက ကြင်နာတတ်ပြီး တစ်ကိုယ်ကောင်းဆန်မှုလုံးဝမရှိတဲ့ သဘောအကောင်းဆုံးလူပေါ့။သူက သူများအိမ်တွေမှာ သန့်ရှင်းရေးလုပ်ရပေမယ့် အိမ်ရှင်တွေကရော သူ့မိသားစုကရော ချစ်ခင်တာကိုခံရတဲ့သူတစ်ယောက်ပါ။ ဒါပေမယ့် သူနဲ့ရင်းနှီးတဲ့သူတွေမသိကြတာတစ်ခုက သူမဟာ ကိုယ်ဝန်မလိုချင်တဲ့မိန်းကလေးတွေကို သူတို့သဘောအတိုင်း ကိုယ်ဝန်ဖျက်ချပေးတာတွေကို လျို့ဝှက်စွာလုပ်နေခဲ့တာပါ။ သူမအနေနဲ့ကတော့ ကောင်းစေချင်တဲ့စိတ်နဲ့ ပိုက်ဆံတောင်မယူဘဲ မိန်းကလေးတွေကိုအခမဲ့ဖျက်ချပေးပြီး ကူညီပေးနေတာပေါ့။တစ်ကယ်တမ်း အဲဒီလိုဖြစ်သလိုဖျက်ချတာက အရမ်းအန္တရာယ်ရှိကြောင်းကို အရမ်းနောက်ကျပြီးမှသိလိုက်ရတဲ့အပြင် ရဲတွေကပါလိုက်ပြီးစုံစမ်းနေတာကို သိလိုက်ရတဲ့အချိန်မှာတော့ ဘယ်လိုဖြစ်သွားမလဲ? တစ်သက်လုံးချစ်ခင်လေးစားလာတဲ့ သူ့မိသားစုကရော ခွင့်လွှတ်နိုင်မလားဆိုတာကို ကြည့်ရှုခံစားပေးကြပါဦး။File size…(2.4 GB)/(1.5 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:05:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mastero
movie
Vera Drake (2004)
6.8
Mr. Turner (2014)
အနုပညာ၊ သမိုင်းနဲ့ ပြဇာတ်ကို ကြိုက်နှစ်သက်သူတွေအတွက်18 ရာစုနှစ်မှာကျော်ကြားခဲ့တဲ့ ဗြိတိသျှ ပန်းချီဆရာ J. M. W. Turner ရဲ့၂၅ နှစ်စာ ဘဝဖြတ်သန်းပုံနဲ့ အလုပ်အကြောင်း ပြန်လည်ရိုက်ကူးပုံဖော်ထားတဲ့အတ္ထုပ္ပတ္တိရုပ်ရှင်တစ်ပုဒ်ဖြစ်ပါတယ်။ ဒါရိုက်တာ Mike Leigh ရိုက်ကူးထားတာဖြစ်ပြီး၈၇ ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲနဲ့ ၆၈ ကြိမ်မြောက်ဗြိတိသျှအကယ်ဒမီရုပ်ရှင်ဆုပေးပွဲတွေအပြင် များပြားလှတဲ့ရုပ်ရှင်ဆုပေးပွဲတွေမှာ ဆန်ကာတင်စာရင်းအနေနဲ့ ပါဝင်ပြီးဆုတွေလည်းရရှိခဲ့ပါတယ်။ပန်းချီဆရာ J. M. W. Turner အနေနဲ့ သရုပ်ဆောင်ခဲ့တဲ့သရုပ်ဆောင်မင်းသားကြီး Timothy Spall ဟာလည်းဒီရုပ်ရှင်နဲ့ ၂၀၁၄ ခုနှစ်ရဲ့ Cannes ရုပ်ရှင်ဆုပေးပွဲမှာ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့ပါသေးတယ်။ ပန်းချီဆရာ မစ္စတာ Turner ရဲ့နောက်ဆုံး ၂၅ နှစ်ကြာအသက်မွေးဝမ်းကြောင်းဘဝကိုလေ့လာကြည့်ရှုရမှာဖြစ်ပြီး ၊ သူကြုံတွေ့ခဲ့ရတဲ့ ကိုယ်ရေးကိုယ်တာဆုံးရှုံးမှုတွေ၊လူမှုရေးဖိအားတွေ၊ ပရော်ဖက်ရှင်နယ်စိန်ခေါ်မှုတွေနဲ့ သူ့ဘဝရဲ့ အချစ်ရေးရာဆက်ဆံရေးတွေ ဘယ်လိုကိုင်တွယ်ဖြေရှင်းခဲ့သလဲဆိုတာတွေကို မြင်ရမှာပါ။J. M. W. Turner ဥရောပတခွင်ပတ်ပြီး ဆွဲခဲ့တဲ့ သူ့ရဲ့ ...
movie
Mr. Turner (2014)
2014
7.2
Half Broken Things (2007)
Half Broken Things (2007) ==================== IMDb Rating - 7.2/10ဒီဇာတ်ကားလေးကတော့ ၂၀၀၇ ခုနှစ်ကထွက်ရှိခဲ့တဲ့ Drama/ Thriller အမျိုးအစားဇာတ်လမ်းလေးပါ။ ဒီဇာတ်ကားက စာ ရေးဆရာ Morag Joss ရေးခဲ့တဲ့ Half Broken Things ဆိုတဲ့ CWA Silver Dagger ဆုရ နာမည်ကြီးစာအုပ်ကိုပြန်ရိုက်ထား တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ဂျင် ကအိမ်စောင့်အလုပ်လုပ်နေတဲ့ အဘွားကြီးတစ်ယောက်ပါ။ တစ်နေ့မှာတော့ အိမ်စောင့်အလုပ်တစ်ခုရခဲ့ပါတယ်။ အဲဒီအလုပ် ကတော့ စတန်းဒစ်ကေ့ လင်မယားရဲ့ ဝေါဒန် အိမ်ကြီးကိုစောင့် ရှောက်ပေးရမှာပဲဖြစ်ပါတယ်။ အဲဒီအိမ်ကြီးကအရမ်းလှပြီး ခြံ ကြီးကလည်းအကျယ်ကြီးပါ။ နောက်ပိုင်းတော့ ဂျင် ကအဲဒီအိမ် ကြီးကိုကိုယ့်အိမ်အဖြစ်သဘောထားသွားပြီး သူ့စိတ်ကြိုက်စီမံ ပါတော့တယ်။တစ်ရက်မှာတော့ မိုက်ကယ် နဲ့ စတပ်ဖ် ဆိုတဲ့အတွဲတစ်တွဲက အိမ်ကိုရောက်လာပါတယ်။ စတပ်ဖ် ကတော့ကိုယ်၀န်နဲ့ပါ။ မိုက်ကယ် နဲ့စကားပြောနေတုန်းမှာပဲ စတပ်ဖ် ကကလေးမွေး ရတော့မှာမလို့ ဂျင် ကပဲကလေးမွေးပေးခဲ့ရပါတယ်။ ဂျင် က မိုက်ကယ် တို့အတွဲနဲ့ သူမွေးပေးခဲ့တဲ့ကလေးကို သံယောဇဉ် တွယ်မိသွားပြီး အိမ်ကြီးမှာပဲနေဖို့ပြောပါတော့တယ်။ အဲဒီ နောက်မှာတော့ သူတို့လေးယောက် ဝေါဒန် အိမ်ကြီးမှာဒရမ် မာတွေစဖြစ်ပါတော့တယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ...
movie
Half Broken Things (2007)
2007
4.6
A Serial Killer’s Guide to Life (2019)
Thirller,adventure ကားအမျိုးအစားပါမြို့ငယ်လေးတမြို့မှာနေတဲ့ လူအိစ် ကဆိုင်လေးတစ်ဆိုင်ဖွင့်ထားပြီးတော့အမေဖြစ်သူရဲ့စေခိုင်းမှုအောက်မှာ စိတ်ပျက်နေသူပါသူကဘဝနေထိုင်ရေးအကြံပေးစာအုပ် စီဒီ မှန်သမျှကို နားထောင်ပြီးတော့လိုက်လုပ်တဲ့သူပေါ့ တစ်နေ့မှာတော့သူဖြစ်ချင်တဲ့ဆန္ဒတွေကိုဖြည့်ဆည်း ပေးနိုင်မယ်လို့ထင်တဲ့သူရဲ့ဘဝလမ်းညွှန်သူ အသိအကျွမ်းတစ်ယောက်နဲ့အတူမွန်းကြပ်နေတာတွေရဲ့ထွက်ပေါက်တစ်ခုအနေနဲ့ ခရီးတစ်ခု ထွက်ခဲ့ပါတယ်ဇာတ်ကားနာမည်အတိုင်း ဘဝအကြံပေးသူအမျိုးသမီးက စိတ်ဖောက်ပြန်နေတဲ့ လူသတ်သမား ဖြစ်နေလို့နေပါတယ်..............စိတ်ဖောက်ပြန်နေတဲ့သူနဲ့ ဘဝကိုစိတ်ကုန်ပြီးဘဝအသစ်တစ်ခုကိုစမ်းသပ်ချင်နေတဲ့သူနဲ့ တွေ့မိတဲ့အခါမှာဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ် File Size : ( 755 MB , 366 MB )Quality : WEB-DL 720pRunning Time : 1 hr 21 minFormat : Mp4Genre : Adventure , Comedy , CrimeSubtitle : ...
movie
A Serial Killer’s Guide to Life (2019)