Channel Myanmar

Sinéad Cusack

Stealing Beauty (1996) 6.5
Stealing Beauty (1996)  Stealing Beauty (1996)IMDb Rating (6.5) / Rotten Tomatoes (49%) မင်းသမီးချော Liv Tyler နုနုထွတ်ထွတ်အရွယ် ၁၉၉၆ တုန်းက ကားဟောင်းလေးပါ။၁၉ နှစ်အရွယ် အမေရိကန်သူလေး လူစီတစ်ယောက် မိခင်ဖြစ်သူဆုံးတော့ ဖခင်ရဲ့တိုက်တွန်းမှုနဲ့ အီတလီက မိခင်ရဲ့မိတ်ဆွေတွေရှိရာ သာယာလှပတဲ့ နယ်လေးတစ်နယ်ကို ရောက်လာပါတယ်။လွန်ခဲ့တဲ့ ၄ နှစ်က လူစီဟာ အီတလီကို တစ်ခေါက်လာဖူးပြီး အီတလီသားတစ်ယောက်နဲ့ ပထမဆုံးအကြိမ် နမ်းခဲ့ပါတယ်။အဲဒီအီတလီကောင်ချောလေး ပြန်အလာကိုစောင့်ရင်း အမေ့မိတ်ဆွေတွေရှိတဲ့ အိမ်မှာတည်းကာ သူတစ်ခါမှ မခံစားဖူးသေးတဲ့ လိင်အတွေ့အကြုံနဲ့ အချစ်ကို ရှာဖွေခြင်းနဲ့အတူသေဆုံးသူ အမေရဲ့ ကဗျာစာသားတွေအရ သူ့ရဲ့အဖေအရင်းကိုပါ ရှာဖွေရာမှာတော့ ..... (အညွှန်းနဲ့ဘာသာပြန်ကတော့ Sike tan ဖြစ်ပါတယ်။)File size…(2.9 GB) / (1.3 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Romance Duration….01:58:42 Subtitle….Myanmar Subtitle ...
movie

Stealing Beauty (1996)

1996
And Mrs (2024) 5.9
And Mrs (2024)  IMDb Rating – 5.9/10ဒီကားကိုတော့ ဒါရိုက်တာ Daniel Reisinger ရိုက်ကူးထားပြီးမင်းသား Colin Hanks နဲ့ မင်းသမီး Aisling Bea နဲ့Billie Lourd တို့ကပါဝင်သရုပ်ဆောင်ထားပါတယ်။ဒီကားတော့ အချစ်ဒရာမာဇာတ်လမ်း အမျိုးအစားပဲ ဖြစ်ပါတယ်။ရင်ထဲကိုထိသွားစေမယ့် လက်ရာကောင်းလေးပါ။ဂျမ်မာ နဲ့ နေသန်နဲ့က အရမ်းချစ်ကြတဲ့ ချစ်သူတွေဖြစ်ပြီး‌တော့လက်ထပ်ဖို့အတွက် အရာအားလုံးကို စီစဉ်ပြီးနေပါပြီ။နေသန်ကတော့ ရိုးအတဲ့လူဖြစ်ပြီးတော့ ဂျမ်မာကတော့ချစ်တာကိုထုတ်မပြတတ်တဲ့အပြင် လက်ထပ်တာကိုလည်းမယုံဘူးဆိုပြီး နေလာခဲ့တဲ့သူပါ။ဒီလိုနဲ့ လက်မထပ်ခင်မှာတင်ပဲ နေသန်က ရုတ်တရက်သေဆုံးသွားခဲ့ပါတယ်။ ချစ်ရသူသေဆုံးသွားတဲ့နောက်မှာ ဂျမ်မာကနေသန့်ရဲ့ဆန္ဒတွေကို ဖြည့်ဆည်ပေးဖို့အတွက် ဆုံးဖြတ်လိုက်တဲ့အခါ‌နေသန်အမြဲဖြစ်ချင်ခဲ့သလို သူတို့နှစ်ယောက်ရဲ့ လက်ထပ်ပွဲကိုဆက်ကျင်းပဖို့ ကြိုးစားပါတော့တယ်။သတို့သားသေဆုံးသွားတဲ့ မင်္ဂလာပွဲကို ဆက်ကျင်းပဖို့အတွက်နေသန့်ညီမ အော်ဒ‌ရေးရဲ့ အကူအညီနဲ့အတူ မိသားစုဝင်တွေရဲ့သဘောမတူမှုတွေကြားမှာ ဂျမ်မာ ဘယ်လိုဆက်လုပ်မှာလဲ....တရားဥပဒေအရ လိုအပ်ချက်‌တွေကို ပြည့်မီအောင် ဂျမ်မာလုပ်နိုင်မှာလား...လူတွေရဲ့ ထောက်ခံမှု၊ ကန့်ကွက်မှုမျိုးစုံရဲ့ ကြားကနေ ဂျမ်မာရဲ့နေသန့်ဆန္ဒကို ဖြည့်ဆည်ပေးတဲ့ကိစ္စက အောင်မြင်သွားမလား...ချစ်ရသူကို သူဘယ်လောက်ချစ်ကြောင်း မပြောဖြစ်ခဲ့လို့နောင်တရခဲ့တဲ့ဂျမ်မာရဲ့ လက်ထပ်ပွဲအတွက် ...
movie

And Mrs (2024)

Cracks (2009) 6.6
Cracks (2009) Cracks (2009)**************၁၉၃၀ ပြည့်နှစ်မှာ စည်းကမ်းတင်းကြပ်တဲ့ အထက်တန်းလွှာ ဗြိတိန်မိန်းကလေးဘော်ဒါကျောင်းတစ်ခုက ဒိုင်ဗင်အဖွဲ့ခေါင်းဆောင်ဒိုင်ဟာ ချောမောတဲ့နည်းပြမစ္စဂျီကို မိန်းကလေးချင်းကြိတ်ကြိုက်နေခဲ့သလို မစ္စဂျီကလည်း မိန်းကလေးချင်းစိတ်ဝင်စားသူတစ်ဦးပါ။တစ်ရက်မှာတော့ အပယ်ခံစပိန်တော်ဝင်မင်းသမီးတစ်ဦးရောက်လာပြီး ကျောင်းကမိန်းကလေးအားလုံးထက် ပိုလှနေခဲ့ပါတယ်။ဒိုင်ဗင်ထိုးစွမ်းရည်လည်းကောင်းမွန်တဲ့မင်းသမီးလေးဖီအမ်းမာကို မစ္စဂျီက ချက်ချင်းမျက်စိကျသွားခဲ့ပါတေ့တယ်။မစ္စဂျီရဲ့ချဥ်းကပ်မှုကို ဖီအမ်းမာကလက်မခံတဲ့အခါမှာတော့ မစ္စဂျီတစ်ယောက် ဖီအမ်းမာကိုရဖို့အမျိုးမျိုးကြံစည်ပါတော့တယ်။ဒါကိုသိနေတဲ့ဒိုင်က ဖီအမ်းမာကိုမနာလိုမုန်းတီးပြီး နေရာတကာမှာ ဖီအမ်းမာနဲ့လိုက်ပြိုင်ဆိုင်ခဲ့ပါတယ်။မိန်းကလေးဘော်ဒါဆောင်တစ်ခုရဲ့သာမန်သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းက အရုပ်ဆိုးအကျည်းတန်တဲ့အဖြစ်ဆိုးတစ်ခုကို ဘယ်လိုဖြစ်စေခဲ့တယ်ဆိုတာ ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ (အညွှန်းကို JULY မှ ရေးသားထားပါတယ်) File size…1.98GB / 1.42GB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 44m Genre ….. Drama, Mystery, Thriller Subtitle….Myanmar Subtitle (Hard Sub) Translated by JULY Encoded by AHtet
movie

Cracks (2009)

V for Vendetta (2005) 8.2
V for Vendetta (2005) V For Vendetta (2005) IMDB - 8.2/10_____Rotten - 73%နိုဝင်ဘာ၅ရက်နေ့ဟာ ဗြိတိန်နိုင်ငံမှာတော့နိုင်ငံရေးအခြေခံအားလပ်ရက်တရက်ပဲဖြစ်ပါတယ်။ခုနောက်ပိုင်းမှာကျေးဇူးတော်နေ့ဆိုပြီးကျင်းပကြတယ်လို့လည်းဆိုကြပါတယ်။အဲဒီနေ့ကို GuyFawkes နေ့လို့လည်းခေါ်ခဲ့ကြပါတယ်။အဲဒီနေ့လေးရဲ့ဖြစ်လာပုံကတော့၁၆၀၅ခုနှစ်နိုဝင်ဘာလ၅ရက်နေ့မှာ GuyFawkes ဆိုတဲ့ကတ်တလစ်ဂိုဏ်းဝင်တယောက်ဟာ သူ့အဖွဲ့ဝင်တွေနဲ့အတူကတ်တလစ်ဧကရာဇ်ကိုပြန်လည်နန်းတင်ဖို့အတွက်အင်္ဂလန်ဘုရင်ဂျိမ်း(JameI)ကိုလုပ်ကြံဖို့ကြံစည်ခဲ့ပါတယ်။ယမ်းအိုးတွေများစွာကိုပါလီမန်အဆောက်အအုံရဲ့မြေအောက်ခန်းထဲကိုသယ်ဆောင်ပြီးဖောက်ခွဲလုပ်ကြံဖို့ကြိုးစားခဲ့ကြတာပါ။သို့ပေမယ့်ကံမကောင်းချင်တော့ အမည်မသိသတင်းပေးစာတစောင်ကြောင့်သူ့တို့အားလုံးအဲဒီနေ့မှာပဲအဖမ်းခံခဲ့ရပြီးဇန်နဝါရီလ၃၁ရက်မှာကွပ်မျက်ခံခဲ့ရပါတယ်။ဟောဒီဇာတ်ကားလေးမှာလည်းအဲဒီဖြစ်စဉ်ကိုအခြေခံထားပြီးတရားမျှတမှုဆိုတာဘာလဲ။ဖိနှိပ်ခံရတဲ့အချိန်မှာဘယ်လိုတုံ့ပြန်ကြမလဲ။အိုင်ဒီယိုလော်ဂျီတစ်ခုကို ဘာနဲ့မှသတ်လို့မရဘူးဆိုတာတွေ စတဲ့စတဲ့စိတ်ဝင်စားဖို့ကောင်းတဲ့အချက်တွေအပြင်ကမ္ဘာကျော်ဟက်ကာအဖွဲ့Anonymousအဖွဲ့သုံးတဲ့မျက်နှာဖုံးရဲ့မူလဇစ်မြစ်ကဘယ်ကလဲ။ဘယ်လိုရည်ရွယ်ချက်နဲ့အဲဒီမျက်နှာဖုံးကိုအသုံးပြုကြတာလဲ...အဲဒီမျက်နှာဖုံးလေးရဲ့တကယ်ဆိုလိုရင်းအစစ်အမှန်ကဘာလဲဆိုတာကိုတွေ့ရဦးမှာပါ။ဇာတ်ကားကိုတော့ဇာတ်ကြောင်းလေးတွေပြောပြီးမမိတ်ဆက်တော့ပါဘူး။ကိုယ်တိုင်ကြည့်ပြီးအားရပါးရခံစားစေချင်လို့ပါ။သုံးတဲ့စကားလုံးတွေဒိုင်ယာလော့တွေဟာလည်းတကယ်ကိုအနှစ်ပါတာကိုတွေ့ရမှာပါ။စိတ်ကိုဖျော်ဖြေပေးရုံရုပ်ရှင်သက်သက်မဟုတ်ဘဲကြည့်ရတာတကယ်ကိုအကျိုးရှိစေမှာဖြစ်ပြီး တကယ်လည်းကြည့်သင့်တဲ့ဇာတ်ကားလေးတကားဖြစ်ပါတယ်။ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ်ကြည့်ဖြစ်အောင်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်ဗျာ။Rating မြင့်ကားလေးတကားဖြစ်ပြီး imdb rating 8.2ထိရထားပါတယ်။ File size…(900 MB) and 3GB Quality…Blu-Ray Rip HEVC 1080p 5.1 / 720p Format…mp4 Duration….02:12:00 Subtitle….Myanmar Subtitle (Hardsub) Translator…..The Fridays Encoder….CM
movie

V for Vendetta (2005)

2005
Napoleon (2023) 6.5
Napoleon (2023) Napoleon (2023) ============== IMDb Rating - 6.5/10မင်းသားကြီး ဝါကင်းဖီးနစ်ရဲ့ သမိုင်းရုပ်ရှင်အသစ် နပိုလီယံ ထွက်လာပါပြီ။ သမိုင်းရုပ်ရှင်နဲ့သိပ္ပံစိတ်ကူးယဉ်လောကရဲ့ ဆရာကြီးတစ်ပါးဖြစ်တဲ့ Sir Ridley Scott ရိုက်ကူးထားတာဖြစ်ပါတယ်။ Ridley Scott ရဲ့လက်ရာတွေကိုတော့ လူတိုင်းအနည်းဆုံး တစ်ကားလောက်တော့ ရင်းနှီးကြမှာပါ၊ Blade Runner, Alien, Gladiator, Thelma & Louise, Hannibal, Black Hawk Down, The Martian, Kingdom of Heaven နဲ့ ယခုရုံတင်နေတဲ့ Napoleon အပါအဝင် နာမည်ကြီးရုပ်ရှင် တစ်ရာကျော်ရိုက်ခဲ့ပါတယ်။ ရုပ်ရှင်လောကမှာရတဲ့အောင်မြင်မှုကြောင့် ဆာဘွဲ့ပါ ရခဲ့တဲ့သူလည်းဖြစ်ပါတယ်။ အလှတရားမှာနာမည်ကြီးတဲ့ ဂျိုးဆက်ဖင်းနေရာမှာလည်း Vanessa Kirby က သရုပ်ဆောင်ထားတဲ့အပြင် နပိုလီယံနဲ့ ခုတင်ပေါ်က တိုက်ပွဲတွေ ဖောဖောသီသီ ပါတာကြောင့် မိသားစုနဲ့ကြည့်မိရင်တော့ မျက်နှာပူရနိုင်ပါတယ်။ပြင်သစ် စစ်ဘုရင်ကြီး ...
movie

Napoleon (2023)

2023
4K HEVC
Eastern Promises (2007) 7.6
Eastern Promises (2007) Eastern Promises (2007)===================== Crime, Thriller ဇာတ်ကားတွေကို ကြည့်ရတာ နှစ်သက်တဲ့ရုပ်ရှင်ပရိသတ်တွေအတွက် Eastern Promises ဆိုတဲ့ ဇာတ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်ကားနာမည် Eastern Promises ထဲက promises(ကတိစကားများ) ဆိုတဲ့ စကားလုံးအတိုင်းပဲ ဒီဇာတ်ကားထဲမှာဆိုရင်လိမ်လည်လှည့်ဖျားတဲ့ ကတိတွေက လူတစ်ယောက်ရဲ့ ဘဝကိုဘယ်လောက်ထိ စုတ်ပြတ်သွားစေနိုင်လဲဆိုတာကို တွေ့ရမှာ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင် ရုရှားသူတစ်ယောက်ဟာပိုကောင်းတဲ့ဘဝကို ပိုင်ဆိုင်နိုင်ဖို့အတွက် နိုင်ငံခြားပြန် သူငယ်ချင်းရဲ့"အလုပ်ကောင်းကောင်းရမှာ"ဆိုတဲ့ စကားကိုယုံစားပြီး လန်ဒန်ကိုလိုက်လာခဲ့ပါတယ်။ တစ်နေ့မှာတော့ သူဟာ လန်ဒန်ဆေးရုံမှာကလေးမွေးရင်းနဲ့ သေဆုံးသွားခဲ့ရတယ်။သူ ကလေးမွေးတာကို တာဝန်ယူပေးတဲ့ သားဖွားဆရာမက မထင်မှတ်ဘဲဒိုင်ယာရီစာအုပ်တစ်အုပ်ကို တွေ့သွားခဲ့ပါတယ်။ ရုရှားဘာသာစကားနဲ့ရေးထားတဲ့ ဒိုင်ယာရီစာအုပ်ပါ။ သေဆုံးသွားသူ အမျိုးသမီးရဲ့ မိသားစုဝင်တွေကို ဆက်သွယ်ဖို့အတွက် ဒိုင်ယာရီစာအုပ်ကို ဘာသာပြန်ဖို့လူလိုက်ရှာပါတော့တယ်။ သားဖွားဆရာမ မထင်မှတ်ထားတာကတော့သေဆုံးသူအမျိုးသမီးဟာ သွေးရိုးသားရိုး သေဆုံးခဲ့တာမျိုးမဟုတ်ဘဲနောက်ကွယ်မှာ လူဆိုးဂိုဏ်းတစ်ဂိုဏ်းနဲ့ ပတ်သက်မိနေခဲ့တာပါ။အဲဒီလူဆိုးဂိုဏ်းဟာ နာမည်ကြီး လူဆိုးဂိုဏ်းဖြစ်ပြီးတော့ ပြည့်တန်ဆာလုပ်ငန်းနဲ့ လူကုန်ကူးတာတွေကို ဆောင်ရွက်နေတဲ့ဂိုဏ်းပါ။ အစိုးရဘက်ကအသည်းသန် ...
movie

Eastern Promises (2007)

Stonehearst Asylum (2014) 6.8
Stonehearst Asylum (2014) Stone Hearst Asylum (2014) IMDb - 6.8/10_____Rotten - 54%    ဒီဇာတ်ကားကတော့ IMDb rating 6.8/10 ရရှိထားပြီး ဇာတ်လမ်းဇာတ်ကွက် ဆင်ထားပုံကတော့ ဇာတ်လမ်းဇာတ်ကွက်ကောင်းပါတယ်ဆိုတဲ့ ကုလားကားတွေကို သနားတယ်လို့တောင်ပြောလို့ရတဲ့ဇာတ်ကားပါ။ ဇာတ်ကားတကားလုံး လျှိုကွက်တွေနဲ့ ပြည့်နှက်နေပြီး ဇာတ်လမ်းကို အစအဆုံး ကြည့်မှသာ ဇာတ်လမ်းသဘောတရားကို သိရှိနိုင်မှာပါ။ ဒီဇာတ်ကားမှာ အဓိကဇာတ်ဆောင် Eliza Graves နေရာမှာမင်းသမီး Kate Beckinsale ကသရုပ်ဆောင်ထားပြီးတော့ အဓိက မင်းသား ဒေါက်တာEdward Newgate နေရာမှာ မင်းသား Jim Sturgess ကပီပီပြင်ပြင်သရုပ်ဆောင်ထားတာပါ။ ဒီဇာတ်ကားကိုမှာ သဘောကျတာကတော့ တကားလုံးကို အရူးတွေနဲ့ဘဲဇာတ်လမ်းဆင်ရိုက်ကူးထားတာကိုပါ။ ဒီဇာတ်ကားဟာ Golden Reel Award မှာ Best Sound Editing Award ကိုရရှိထားလို့ အသံကျယ်ကျယ်လေးနဲ့ကြည့်ရှုကြည့်ကြပါလို့ အကြံပြုခြင်ပါတယ်။    Oxford တက္ကသိုလ်ရှိ ဆေးပညာဆွေးနွေးပွဲတခုမှာ စိတ်ရောဂါတမျိုးကို ဆွေးနွေးကြရာမှ စိတ်ဝေဒနာရှင် တွေကို လက်တွေ့စမ်းသပ်ပြသခဲ့ရာမှ စိတ်ဝေဒနာရှင် Eliza Graves ကို မင်းသား ...
movie

Stonehearst Asylum (2014)

2014