Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Simran
8.5
Tourist Family (2025)
Tourist Family (2025)"ခရီးသွား မိသားစု" ================================ရီဗျူးကောင်းတွေရရှိထားပြီး ရုံတင်ရာမှာလည်း အတန်အသင့်အောင်မြင်ခဲ့တဲ့ တမီလ်စကားပြော မိသားစု ဟာသဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်မှာဆိုရင် ကားတိုင်းကျော် ဟာသ သရုပ်ဆောင် ယိုဂီဘာဘူနဲ့ မင်းသားကြီး ဆာဆီကူးမားကလွဲရင် တခြား နာမည်ကြီးသရုပ်ဆောင်တွေ တကူးတကမပါသလို ဒါရိုက်တာကလည်း အခုမှ ပထမဆုံးရုပ်ရှင်ကား စရိုက်တဲ့ ဒါရိုက်တာသစ်ဖြစ်ပေမဲ့ ပထမဆုံးရုပ်ရှင်လို့ မထင်ရအောင် အောင်မြင်မှုတွေရရှိထားတာပါ။ဇာတ်လမ်းကတော့.. ငွေကြေးဖောင်းပွမှုတွေ၊ ပြည်တွင်းစစ်တွေကြောင့် ရှင်သန်ရတာခက်ခဲလွန်းလို့ သီရိလင်္ကာနိုင်ငံကနေ အိန္ဒိယနိုင်ငံထဲကို ခိုးဝင်လာရတဲ့ သီရိလင်္ကာမိသားစုတစ်ခုကို ဇာတ်အိမ်တည်ထားတာပါ။အိန္ဒိယနိုင်ငံထဲကို ရောက်နှင့်နေတဲ့ ယောက်ဖကို အားကိုးပြီး မိသားစုနဲ့အတူ သီရိလင်္ကာကနေ အရဲစွန့်ထွက်ပြေးလာတဲ့ ဒါ့စ်တစ်ယောက် အခက်အခဲအမျိုးမျိုးကြားကနေ အိန္ဒိယမှာ ရပ်တည်ဖို့ ကြိုးစားကြပုံကို ဒါရိုက်တာက ဟာသဆန်ဆန်ပုံဖော်ပြထားတာပါ။ဟာသဒရာမာဖြစ်ပေမဲ့ ဇာတ်လမ်းက လေးနက်တဲ့အပြင် တောင်းဆိုထားသူတွေလည်း များတာမလို့ CM Bollywood Team ကနေ အကြည်ထွက်ထွက်ချင်း ညွှန်းဆိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...။ File size… Coming Soon / 2.3 GB / 925 MB Quality…WEB DL 4k HEVC / 1080p / 720p Format…mkv/ mp4 Duration….2h 30m Subtitle….Myanmar ...
movie
Tourist Family (2025)
4K HEVC
6.7
Good Bad Ugly (2025)
Good Bad Ugly (2025)"ကောင်း ဆိုး ရုပ်ဆိုး" ===================================မင်းသားကြီး အာဂျိသ်ကူးမားနဲ့ အသံဩဩနဲ့မင်းသား အာဂျွန်ဒါ့စ်တို့ရဲ့ အသစ်ထွက် တမီစကားပြော အက်ရှင်ဟာသ ရုံတင်ရုပ်ရှင်လေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ဒီရုပ်ရှင်ထဲမှာတော့ မင်းသားကြီး အာဂျိသ်ကူးမားရ်က အေကေဆိုတဲ့ ဂန္ထဝင်လူဆိုး ဂိုဏ်းစတားကြီးပေါ့။အေကေဟာ တစ်ချိန်တုန်းက လူတကာ ရဲတကာ ဖိန့်ဖိန့်တုန်အောင် ကြောက်ခဲ့ရတဲ့ ဂိုဏ်းစတားကြီးဖြစ်ခဲ့ပေမဲ့ သားလေးမွေးလာပြီးတဲ့နောက်မှာ သူ့ကိုယ်သူ အဖမ်းခံလိုက်ပြီး လူကောင်းအဖြစ် ပြုပြင်ဖို့ ကြိုးစားနေတဲ့သူပါ။ထောင်ကထွက်လာပြီးနောက်ပိုင်းမှာ ဘဝကို အေးအေးချမ်းချမ်းနဲ့ ဖြတ်သန်းဖို့ကြိုးစားပေမဲ့ အတိတ်ကရန်သူတွေက သားဖြစ်သူကို ပြန်ပေးဆွဲလာတဲ့အချိန်မှာတော့ ဂျွန်ဝစ်ဆန်ဆန်ပဲ ဂိုဏ်းစတားအဖြစ်ပြန်ခံယူပြီး ပွဲကြမ်းပုံတွေကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ခံစားကြရမှာပါ...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size… 2.7 GB / 1.4 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 19min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Good Bad Ugly (2025)
4K HEVC
7.7
Andhagan (2024)
Andhagan (2024) "မျက်မမြင်စန္ဒယားဆရာ" IMDb - 7.9/10ဇာတ်လမ်းကောင်းကြိုက်သူတွေအတွက် ဇာတ်လမ်းကောင်းအဟောင်းတစ်ခုကို ပြန်လည်ဖန်တီးထားတဲ့ တမီးလ်ရုပ်ရှင်အသစ်စက်စက်ကို တင်ဆက်ပေးလိုက်ပါတယ်။တဘူးနဲ့ အာရွတ်ရှ်မန်းကူရာနာတို့ရဲ့ နာမည်ကျော်ဘောလိ၀ုဒ်ရုပ်ရှင် Andhadhun (2018)ကို ပြန်လည်ဖန်တီးထားခြင်းပါ။တူညီတဲ့ဇာတ်လမ်းကို မတူညီတဲ့ဇာတ်ကောင်တွေနဲ့ အရသာတစ်မျိုးခံစားကြည့်ကြတာပေါ့။ရည်ရွယ်ချက်တစ်ခုကြောင့် အမြင်အာရုံကွယ်ချင်ယောင်ဆောင်နေတဲ့ စန္ဒယားဆရာတစ်ယောက်။ စိတ်သဘောထားကောင်းလှတဲ့ မိန်းမလှလေးတစ်ယောက်ကြောင့် ဘ၀ကြီးကသာယာစိုပြေနေပေမဲ့ ရုပ်ရှင်မင်းသားကြီးတစ်ယောက်က မင်္ဂလာနှစ်ပတ်လည်နေ့အတွက် ဇနီးဖြစ်သူကို စပရိုက်စ်လုပ်ချင်မှုမှာ ပါဝင်ပတ်သက်မိတဲ့အခါမှာတော့ စုံလုံးကန်းရတဲ့အဖြစ်မျိုးနဲ့ ဒုက္ခလှလှတွေ့ပါတော့တယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်။) File size… 2.3 GB / 1 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 22m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Andhagan (2024)
7.0
Tiger 3 (2023)
Tiger 3 (2023) "စလူးဘိုင်ရဲ့ တိုက်ဂါး၃" ============================ အကြည်ဆုံး AMZ WEB DL ဗားရှင်းကိုသာ တင်ဆက်ထားပါတယ်IMDb - 7.6/10နာမည်ကျော် ခန်းသုံးခန်းထဲက ဆယ်လ်မန်ခန်းရဲ့ တိုက်ဂါးရုပ်ရှင်တွေထဲက နောက်ဆုံးထွက်ရှိထားတဲ့ သုံးကားမြောက် ရုပ်ရှင်ကြီးကိုတင်ဆက်ပေးပါရစေ။ အကြည်ထွက်ဖို့ မျှော်လင့်ခဲ့တာအတော်ကြာပေမဲ့ ဒီနေ့မှာတော့ တကယ်အကြည်ထွက်လာပြီး စလူးဘိုင်ရဲ့တိုက်ဂါး၃ဟာ BOမှာဆိုရင်လဲ ကုဋေ၁၀၀ကျော်ထိ မြတ်ထားနေပါပြီ....အရင်ဆုံးဒီရုပ်ရှင်ကို ဖန်တီးခဲ့တဲ့ ဒါရိုက်တာကိုကြည့်ရအောင်။မာနတ်ရှ် ရှာမာတဲ့။ ရှာရွတ်ခန်းရဲ့ Fan(2016) ရာနီးရဲ့ Hichki(2018)လိုရုပ်ရှင်တွေကို ရိုက်ကူးတင်ဆက်ခဲ့တဲ့ ဒါရိုက်တာကြီး။ အဓိကသရုပ်ဆောင်တွေအနေနဲ့ကတော့ အားလုံးသိကြတဲ့အတိုင်း မဆုံနိုင်လို့ ဝေးခဲ့ကြတဲ့ ကျန်ရစ်ကြီး ဆယ်လ်မန်ခန်းနဲ့ ကတ်သ်ရီးနားတို့ပဲပေါ့။ ကျွန်တော်တို့ရဲ့ ကင်းခန်းကြီးနဲ့ ရိုမန်းတစ်မင်းသားကြီး အင်မရန်းဟာရှ်မီလည်း ပါဝင်ထားပါသေးတယ်။တိုက်ဂါးနဲ့ ဇိုရာဆိုတာ စပြီးဆုံကတည်းက ယဉ်သကိုဆိုသလို အတိုက်အခိုက်လေးတွေနဲ့ဆိုတာ ကြည့်ရှုခဲ့ကြပြီးသားပေါ့။ နှစ်ယောက်လုံးက တာဝန်ကိုယ်စီတွေနဲ့ ထမ်းဆောင်နေကြချိန် မထင်မှတ်ထားတဲ့အရာတစ်ခုကို ချစ်သူနှစ်ဦးထဲက တစ်ဦး တွေ့ရှိလိုက်ရတဲ့အချိန်မှာတော့။ဆယ်လ်မန်ခန်းရဲ့ ရှေ့မှာထွက်ခဲ့တဲ့ရုပ်ရှင်ဇာတ်လမ်းကို အဆိပ်အနေနဲ့ခံစားခဲ့ကြရတယ်ဆိုရင် ဒီရုပ်ရှင်ဇာတ်လမ်းလေးက ဖြေဆေးအနေနဲ့ရော ကျွန်တော်တို့ချစ်တဲ့ ဆယ်လ်မန်းခန်းရဲ့ကြိုးစားအားထုတ်မှုတွေရောကို မြင်တွေ့ခံစားရမှာဖြစ်ကြောင်းပြောရင်း ခံစားကြည့်ရှုကြပါဦး။ (အညွှန်းကိုတော့ ဝါရင့်ဘာသာပြန်ကြီး Vမှ ရေးသားပေးထားပြီး ...
movie
Tiger 3 (2023)
2023
4K HEVC
8.0
Gulmohar(2023)
Gulmohar 2023IMDb-8.1/10မင်းသားကြီး Manoj Bajpayee နဲ့ မင်းသမီးကြီး Sharmila Tagore တို့လို သရုပ်ဆောင်ကြီးတွေနဲ့ လူငယ်သရုပ်ဆောင်ပေါင်းများစွာပါ၀င်ထားတဲ့ မိသားစုသံယောဇဉ်မေတ္တာဖွဲ့ကားလေး ညွှန်းပေးချင်ပါတယ်မိသားစု၀င် ၁၄ ယောက်လုံး အတူတူမွေးဖွားကြီးပြင်းလာတဲ့ အိမ်ကြီးကနေ အတောင်အလက်စုံစုံနဲ့ ပျံထွက်မယ့်သူတွေများစွာရှိနေပါတယ် တစ်နေ့မှာမိသားစု၀င်တွေအားလုံးစုစည်းပြီးပါတီပွဲ ကျင်းပသီချင်းဆိုကြပျော်ရွှင်နေချိန်မှာ အိမ်ရဲ့မိခင်ကြီးကူဆွမ်ဟာ ဒီအိမ်ကြီးကိုရောင်းချပြီး သူတစ်ယောက်တည်း သွားနေတော့မယ်ဆိုတဲ့ အကြောင်းအရာဟာ အားလုံးကိုအံ့အားသင့်သွားစေပါတော့တယ်သူ့တစ်သက်လုံး ခင်ပွန်းသည်သားသမီးတွေနဲ့အတူ နေထိုင်ကြီးပြင်းခဲ့တဲ့အိမ်ကြီးကို ဘာကြောင့်ရောင်းပစ်ချင်ရတာလဲ ဒီလိုနဲ့ပဲ ချစ်ခင်ပျော်စရာကောင်းတဲ့မိသားစုသိုက်သိုက်၀န်း၀န်းဘ၀တစ်ခန်းရပ်တော့မလား မိသားစု၀င်တစ်ယောက်ချင်းစီရဲ့စရိုက်တွေအခက်အခဲတွေကို ရှုထောင့်စုံရိုက်ကူးပြသတဲ့ မိသားစုကားလေးဟာ အေးအေးငြိမ့်ငြိမ့်ခံစားကြည့်ရှုနိုင်မှာပါ File size…2.27GB / 883MB Quality…1080p NF WEB DL /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Yunni~Thaik San
movie
Gulmohar(2023)
2023
4.7
Captain (2022)
Captain (2022) ===========ဒီတစ်ခေါက်မှာတော့ ထူးခြားတဲ့ဇာတ်အိမ်နဲ့ တောင်ပိုင်းစစ်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်ကပ္ပတိန် ဗက်ထရီဆယ်လ်ဗန်ဟာ ငယ်ရွယ်စဉ်ကတည်းက တပ်မတော်သင်တန်းကျောင်းတစ်ခုမှာ မိဘတွေရဲ့စွန့်ပစ်ခြင်းကိုခံခဲ့ရသူပါ။ အိန္ဒိယတပ်မတော်ရဲ့အားကိုးရတဲ့စစ်သားတစ်ဦးဖြစ်ပြီးတော့ အဖွဲ့သားတွေကိုလည်း မိသားစုလိုသံယောဇဉ်ရှိသူဖြစ်ပါတယ်။တစ်ရက်မှာတော့ သူတို့အဖွဲ့သားတွေဟာ Section 42လို့ ခေါ်တဲ့နေရာတစ်ခုမှာတာ၀န်ထမ်းဆောင်ဖို့ စေလွှတ်ခံရပါတော့တယ်။ Section 42 ဆိုတာကတော့ နှစ်ပေါင်းငါးဆယ်လောက် လူသူမနေတဲ့နေရာတစ်ခုဖြစ်ပါတယ်။ထူးဆန်းတာကတော့ သူတို့ထက်အရင်စေလွှတ်ခံခဲ့ရတဲ့အဖွဲ့ဟာ section 42အရောက်မှာ အချင်းချင်းပစ်ခတ်ပြီး သေဆုံးကုန်ကြတာပါပဲ။ ဗက်ထရီတို့အဖွဲ့သားတွေဟာလဲ အဆိုပါနေရာအရောက်မှာ အလားတူဆိုးရွားတဲ့ကံကြမ္မာမျိုးကြုံခဲ့ရပါတော့တယ်။တပ်သားတွေဟာ အဲ့ဒီနေရာကိုရောက်ရင် ဘာလို့အချင်းချင်းပစ်ခတ်ကုန်ကြတာလဲ.... နောက်ကွယ်မှာ ဘယ်လိုထူးဆန်းတဲ့အရာမျိုးရှိနေတာလဲ... ကပ္ပတိန်ဗတ်ထရီတို့အဖွဲ့သားတွေ ဘယ်လိုထူးခြားဆန်းပြားတဲ့ရန်သူတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ရမလဲဆိုတာကတော့... ဆက်လက်ရှုစားရမှာပဲဖြစ်ပါတယ်။ File size…1.8GB / 883MB Quality…1080p WEB DL / 720p Format…mp4 Duration….2h Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Poe & ThetKo & Shwe Pyae Reviewed by OeliuJ
movie
Captain (2022)
2022
9.2
Rocketry: The Nambi Effect(2022)
Rocketry: The Nambi Effect(2022) အညွှန်း*************************************IMDb...9.2 Rocketry: The Nambi Effect ဟာအိန္ဒိယရဲ့ဂုဏ်ထူးဆောင် သိပ္ပံပညာရှင်၊ လေကြောင်း၊အာကာသယာဉ်တည်ဆောက်မှုအင်ဂျင်နီယာကြီး Nambi Narayanan ရဲ့ဘ၀ဇာတ်ကြောင်းကို အခြေခံထားတဲ့ biographical dramaဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ Narayanan ရဲ့ပရင်စတန်တက္ကသိုလ်ဘွဲ့ရကျောင်းသားဘ၀၊သိပ္ပံပညာရှင်တစ်ဦးမဖြစ်ခင်ဘ၀နဲ့ သူ့အပေါ်သူလျှိုမှုနဲ့လုပ်ကြံစွဲချက်တင်ခံခဲ့ရပုံတွေနဲ့ ဒီလောကဓံတွေကိုရင်ဆိုင်ဖြတ်ကျော်ခဲ့ပုံတွေကိုရှုစားရမှာဖြစ်ပါတယ်။ Nambi Narayanan အဖြစ် 3 Idiots ဇာတ်ကားနဲ့မြန်မာပရိသတ်တွေရင်းနှီးကြတဲ့R. Madhavan ကခေါင်းဆောင်ပါဝင်ထားတဲ့အပြင် ဇာတ်လမ်းဇာတ်ညွှန်းဒါရိုက်တာအဖြစ်ပါတာဝန်ယူခဲ့တာပါ။ဝေဖန်သူတွေရော ပရိသတ်တွေပါ အကြိုက်တွေ့အောင်မြင်ခဲ့ပြီး ကိန်းရုပ်ရှင်ပွဲတော်မှာပြသဖို့ရွေးချယ်ခံခဲ့ရတဲ့ ရုပ်ရှင် ၆ ကားထဲမှာတစ်ကားအပါအဝင်ဖြစ်ခဲ့ပါတယ်။ ကမ္ဘာကျော်ဘောလိဝုဒ်မင်းသားကြီး Shah Rukh Khan နဲ့ထိပ်သီးတမီလ်မင်းသားကြီး Suriya တို့ကလဲ Cameo ပါဝင်ပေးထားပါသေးတယ်။ အတ္တုပတ္တိဇာတ်ကားတစ်ကားဆိုပေမယ့် ပျင်းစရာမကောင်းပဲနစ်မျောသွားအောင်သေသပ်တဲ့တင်ဆက်ပုံ၊ပီပြင်တဲ့ ဇာတ်ပို့ဇာတ်ရံတွေရဲ့ အင်အားနဲ့အဆုံးအထိဆွဲခေါ်သွားနိုင်မယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ File Size : (980 MB) and (380 MB) Quality : WEB-DL 1080P5.1Ch,720p Format…mp4 Duration…02:37:00 Genre : Action , Biography , Drama Subtitle : Myanmar ...
movie
Rocketry: The Nambi Effect(2022)
8.5
Mahaan (2022)
Mahaan (2022) ------------------------- ယခုနှစ်မှထွက်ရှိလာတဲ့အိန္ဒိယတောင်ပိုင်း ဇာတ်ကားသစ်တစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းကတော့ မဟတ္တမဂန္ဒီကို လေးစားအားကျတဲ့မိသားစုမှာမွေးဖွားလာတဲ့ဂန္ဒီမဟန်ဆိုတဲ့လူတစ်ယောက်အကြောင်းကိုအခြေခံပြီး တင်ဆက်ထားတာပါ။ဂန္ဒီမဟန်ရဲ့အဖိုးနဲ့အဖေဟာ မဟတ္တမဂန္ဒီကိုအင်မတန်လေးစားတာကြောင့်သူ့ရဲ့နာမည်ကိုပါဂန္ဒီလို့ပေးထားတဲ့အပြင် မဟတ္တမဂန္ဒီနဲ့မွေးနေ့တစ်ရက်ကွာနေလို့မွေးစာရင်းမှာပါ တစ်ရက်စောသွင်းလိုက်တဲ့အထိပါပဲ။ နောက်တော့သူကိုယ်တိုင်ကလည်းမဟတ္တမဂန္ဒီကိုစံပြအဖြစ်သတ်မှတ်ထားတဲ့ နာချီဆိုတဲ့အမျိုးသမီးနဲ့လက်ထပ်ခဲ့ပါတယ်။နာချီဟာအရမ်းကိုစည်းကမ်းတင်းကြပ်ပြီး ဟောလီးဝုဒ်ဇာတ်ကားတွေရဲ့ပိုစတာကိုမြင်ရင်တောင်သူ့သားကိုမျက်လုံးပိတ်ထားခိုင်းတဲ့အထိပါပဲ။ ဘာကြောင့်လဲဆိုတော့ ဟောလီးဝုဒ်ဇာတ်ကားတိုင်းမှာကြမ်းတမ်းပြီးညစ်ညမ်းတဲ့ဇာတ်ဝင်ခန်းတွေပါဝင်တယ်လို့ သူကယုံကြည်ပါတယ်။ဂန္ဒီမဟန်အနေနဲ့ကတော့ သူ့ဘေးကလူတိုင်းဟာ ဂန္ဒီကိုအတိုင်းထက်အလွန်ကိုးကွယ်နေကြရုံမကသူ့ကိုပါအမြဲဖိအားပေးလေ့ရှိတာကြောင့် ဂန္ဒီအကြောင်းကြားရင် စိတ်အနှောင့်အယှက်ပါဖြစ်လာတဲ့အထိပါပဲ။သူ့အမြင်မှာတော့ မဟတ္တမဂန္ဒီရဲ့လမ်းစဥ်ဟာ တချို့နေရာမှာတရားသဘောနဲ့မကိုက်ညီရင်တောင် လွပ်လပ်ပျော်ရွှင်မှုကိုရှာဖွေဖို့ဖြစ်ပါတယ်။ဒီလိုနဲ့ပဲ သူ့မိန်းမနဲ့အ ဖေရဲ့ဖိအားပေးမှုတွေကြောင့် သူတို့ပြောသလို မဟတ္တမဂန္ဒီရဲ့နေထိုင်မှုပုံစံအတိုင်းနေလာခဲ့ရင်းအသက်လေးဆယ်အရွယ်မှာတော့ သူ့ရဲ့ငယ်သူငယ်ချင်းစက်သီယန် နဲ့အမှတ်မထင်ပြန်လည်တွေ့ဆုံခဲ့ပါတယ်။စက်သီယန်က အဲဒီအချိန်မှာသူ့အဖေရဲ့အရက်ချက်လုပ်ငန်းကိုဆက်ခံထားသူဖြစ်ပြီးတော့ဂန္ဒီမဟန်ကလည်းသူနဲ့ပြန်ပေါင်းမိတဲ့အချိန်မှာ အရင်ကမလုပ်ဖူးတဲ့မကောင်းမှုတွေကိုဆက်တိုက်လုပ်ရင်း မဟတ္တမဂန္ဒီကိုမုန်းတီးသူတစ်ယောက်ပါဖြစ်လာခဲ့ပါတယ်။ဒီလိုနဲ့ဆက်သွားရင်းသူ့ဘဝအတွက်အရမ်းကိုအရေးပါတဲ့ရွေးချယ်မှုတစ်ခုကိုလုပ်ဖို့ အကြောင်းဖန်လာတဲ့အခါမှာတော့...။လူတွေမြင်ဖူးနေကျဇာတ်လမ်းမျိုးလည်းမဟုတ်တဲ့အပြင်ဇာတ်ကားကပုံမှန်ထက်ကြာပေမယ့် ပျင်းစရာမကောင်းသလို ကြည့်ရကျိုးလည်းနပ်မယ့်ကားကောင်းတစ်ကားဖြစ်လို့ ရုပ်ရှင်ပရိသတ်တွေ အထူးသဖြင့်တောင်ပိုင်းကားတွေကြိုက်တတ်ရင်တော့ မလွတ်တမ်းကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းတစ်ကားပါပဲ။ File size…1.2Gb / 2.8GB Quality…720p WEB DL AAC 2.0 / 1080p HEVC Format…mp4 / mkv Duration….2h 43m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung & Haruko & Shwe ...
movie
Mahaan (2022)
2022
1080p HEVC
7.6
Thupparivaalan
Thupparivaalan (2017) မြန်မာစာတန်းထိုး Imdb Ratings : 7.8 ဒီကားလေးက ကြည့်ဖူးနေကျ တေလဂူကားတွေနဲ့ လုံး၀ကွဲထွက်နေတဲ့ မင်းသားချော Vishal ရဲ့ Mysteryဆန်တဲ့ကားလေးစုံထောက်ကြီးရှားလော့ဟုမ်းကို ကြိုက်ခဲ့လို့လား မသိတေလဂူ စုံထောက်ကားကို အရသာတွေ့နေမိပါတယ် ညွှန်းတယ်လို့ပဲ ဆိုဆို ဒီကားက တေလဂူ(ကောလိဝုဒ်)မဆန်တဲ့ကား လို့ ပြောပါရစေတေလဂူမဆန်ဘူးဆိုတာ့တစ်ခြားပြောတာ မဟုတ်ပါ သီချင်းတွေလုံး၀မပါတာ၊ စကားတွေအများကြီး မပြောတာ ဇာတ်လမ်း အရမ်းကြီးမရှည်တာတွေကို ပြောတာပါမင်းသားကလည်း နာမည်ကြီး မင်းသား အရင်ဇာတ်ရုပ်တွေနဲ့လုံး၀ကို မတူပဲ တစ်ခေတ်ဆန်းထားတဲ့ကားလို့ပဲ ဆိုချင်တယ်ဇာတ်ကြောင်းက...အလွတ်စုံထောက်တစ်ယောက် အမှုလိုက်စရာမရှိလို့ ငြီးတွားနေရာက စပါတယ် လာအပ်တဲ့အမှုတွေကလည်း သာမာန်အမှုတွေမို့သူ့အတွက် ပျင်းဖို့ကောင်းနေတာပေါ့ ပျင်းရင် စောင်ခြုံအိပ်လိုက် စာအုပ်တွေဖတ်လိုက်နဲ့ မာနကြီးပြီး စကားတွေအများကြီးမပြောတတ်တဲ့ ဂွတီးဂွကျ စုံထောက်ပေါ့ (Sherlock charactorကို မှီငြမ်းထားတာကိုး)အမှုမရှိချင်နေ..ပိုက်ဆံတွေ ဘယ်လောက်ပုံပေးပါစေ သူစိတ်မပါရင် ဘယ်အမှုကိုမှ လက်မခံတတ်တဲ့ ခေါင်းမာတဲ့စုံထောက်နာမည်က ကာနီယန်းတဲ့တစ်နေ့တော့ သူတို့မြို့လေးရဲ့ ပင်လယ်ကမ်းခြေနားမှာနေတဲ့ကောင်လေး တစ်ယောက် သူ့ဆီကို အမှုတစ်ခုလာအပ်တယ်အမှုက အဲ့ဒီကောင်လေး မွေးထားတဲ့ခွေးလေး ပျောက်ဆုံးတဲ့အမှုကောင်လေးနာမည်က နာဗီးတဲ့အမှုကိုကြားလိုက်တာနဲ့ရယ်ချင်စရာကောင်းပေမယ့် အကြောင်းစုံသိလိုက်ရတဲ့အခါ ဆန်းကြယ်တဲ့အမှုတစ်ခု ဖြစ်နေမှန်း သိလိုက်ရတယ်ဒါနဲ့အဲ့ဒီခွေးပျောက်တဲ့အမှုကို လက်ခံပြီး ...
movie
Thupparivaalan
2017
7.7
Petta (2019)
ဖေဖော်ဝါရီလကတည်းက အကြည်ထွက်ခဲ့တဲ့ကားဆိုပေမဲ့စာအသေကပ်ပါပြီး ရုပ်ထွက်သိပ်မကောင်းတာရယ်ကြောင့် ဥထားခဲ့တာ ခုတော့ ရှင်းရှင်းလင်းလင်းလေး ထွက်လာခဲ့ပါပြီ။------------------------------------------------သိပ်ကို ဆိုးတဲ့ ကျောင်းသားတွေကြားအဆောင်မှူးနေရာကို အတင်းရယူလာတဲ့ လူတစ်ယောက် ရှိလာခဲ့ပါတယ်။ကာလီတဲ့။အသက်ကြည့်တော့ လူကြီးပိုင်းရောက်နေပြီ၊ကိုယ့်ကို ထိပါးလာပြီဟေ့ဆိုရင် ဘယ်သူ့ကိုမှခွင့်မလွှတ်သူ။ဒီတော့ ဒီကလေးတွေကြား သူ အဆောင်မှူး ဖြစ်ချင်ရတဲ့ ရည်ရွယ်ချက်က ဘာများလဲ။ကျောင်းသားတွေ ထမင်းကောင်းကောင်းစားရဖို့၊ဂျူနီယာတွေ ဘိုကျအနိုင်ကျင့်တာ မရှိဘဲကောင်းကောင်းနေထိုင်ရဖို့ သူ ကျောင်းရဲ့ အာ့ကြောလန်အဖွဲ့အပြင်ကန်ထရိုက်တာတွေနဲ့ ရင်ဆိုင်ခဲ့တယ်။မထင်မှတ်ဘဲ ညတစ်ညမှာ ကျောင်းသားတစ်ယောက် ခွင့်မတိုင်ဘဲ အပြင်သွားခဲ့တယ်။ခေါင်းမီးခဲပြီး ကာလီဟာ လိုက်ရှာရမှာတော့ချစ်သူနဲ့ သွားတွေ့တဲ့ ထိုကျောင်းသား အဏ္ဏဝါနဲ့ ရင်းနှီးခဲ့ပါတယ်။အန်ကယ်ကာလီ.... အန်ကယ်က လူပျိုကြီးလား အိမ်ထောင်ရှိလား တဲ့။တချိန်က သူ့မှာ ဒါတွေ ရှိခဲ့ကြောင်း နှုတ်က ထုတ်ဖော်မပြောလိုတော့တဲ့ ရင့်ကျက်ချိန်ရောက်ခဲ့ပြီလေ။ကျောင်းစာမေးပွဲပြီး နှုတ်ဆက်ပွဲညမှာအဏ္ဏဝါကို လူတစ်စု အန္တရာယ် လာပြုခဲ့တယ်။အဏ္ဏဝါ .. ကျောင်းထဲမှာနေတဲ့ ကျောင်းသား...သူ့မှာ ဘယ်လိုအကြောင်းကြောင့် ဒီလို ရန်နဲ့ ရင်ဆိုင်ရတာလဲ...သိပ်ကို ဂရုစိုက်လွန်းတဲ့ ...
movie
Petta (2019)
2019