Channel Myanmar

Simon Yam

SPL 2: A Time for Consequences (2015) 6.7
SPL 2: A Time for Consequences (2015)  ပိတ်ရက်မှာ ဟောင်ကောင်အက်ရှင်ကားကောင်းကောင်း ကြည့်ချင်တဲ့သူတွေအတွက် 2005 ခုနှစ်က ထွက်ရှိထားတဲ့ Kill Zone 1 ရဲ့အဆက် 2015 ခုနှစ်ထွက် Kill Zone 2: A Time for Consequences နဲ့ မိတ်ဆက်ပေးပါရစေ။ဟောင်ကောင်မှာ ခပ်စိပ်စိပ်ပေါ်လာတဲ့ ကိုယ်တွင်းအင်္ဂါမှောင်ခိုကူးမှုကို ကာကွယ်ဖို့ စုံထောက်ချန်ကော်ဟွားဟာ သူ့တူဖြစ်တဲ့ ကစ်ကို သူလျှိုထည့်ပြီး စုံစမ်းခိုင်းပါတယ်။ စုံစမ်းရင်းနဲ့ ကစ်သူလျှိုလုပ်တာ မိသွားတဲ့အခါ ထိုင်းနိုင်ငံက ထောင်တစ်ခုထဲ သူ့ကိုဖမ်းခေါ်သွားပါတော့တယ်။တကယ်တော့ ဒီထောင်ဟာ ဟောင်ကောင်မှာ လူကုန်ကူးဖို့ဖမ်းထားတဲ့သူတွေကို ကိုယ်တွင်းအင်္ဂါထုတ်ဖို့ မ‌သ-တ်ခင်စပ်ကြားမှာ ထားတဲ့နေရာပါ။ အဲဒီက ထောင်စောင့်‌တွေထဲက တစ်ယောက်ကတော့ ချတ်ချိုင်ဆိုတဲ့ ထိုင်းရဲပါ။ သူ့သမီးလေးရဲ့ သွေးရောဂါအတွက် ဆေးဖိုးဝါးခကျေအောင်လို့ ဒီထောင်စောင့်အလုပ်ကို လုပ်ရင်းနဲ့ အဖမ်းခံရတဲ့ ကစ်နဲ့တွေ့သွားတဲ့အခါ。。。သားအဖ၊ ညီအစ်ကို၊ ဦးလေးနဲ့တူအကြားက ချစ်ခြင်း မုန်းခြင်း၊ အတ္တနဲ့ဓမ္မအကြား ဗျာများ‌နေကြတာတွေကို ဟောင်ကောင်ကားဆန်ဆန် ...
movie

SPL 2: A Time for Consequences (2015)

SPL: Kill Zone (2005) 6.8
SPL: Kill Zone (2005)  တရုတ်ကားဟောင်း old but gold တွေကို ကြည့်ချင်သူများအတွက် ဟောင်ကောင်မင်းသားကြီး နှစ်ပါးဖြစ်တဲ့ Donnie Yen နဲ့ Simon Yam တို့ရဲ့ ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းရဲ့အစမှာ စုံထောက်ချန်ဟာ နာမည်ကြီး လူဆိုး‌ဂိုဏ်းခေါင်းဆောင် ဝမ်ဘိုကို ဖမ်းဖို့ မျက်မြင်သက်သေမိသားစုကို ခေါ်ဆောင်နေစဉ်မှာပဲ ဝမ်ဘိုလွှတ်လိုက်တဲ့ လူသတ်သမားကြောင့် ကားတစ်စီးလုံးမှာ စုံထောက်ချန်နဲ့ မျက်မြင်သက်သေရဲ့ သမီးဖြစ်သူနဲ့သာ ကျန်ခဲ့ပါတော့တယ်။ သနားဂရုဏာသက်စွာနဲ့ ကျန်ရစ်သူကလေးမလေးကို သူ့သမီးအနေနဲ့ မွေးစားလိုက်ပြီး သိပ်မကြာခင် သူ့မှာ နေစရာ သက်တမ်းမရှိတော့တာကို သိပြီးနောက် ဝမ်ဘိုကို ပုံစံမျိုးစုံနဲ့ အမိဖမ်းဖို့ကြိုးစားပါတော့တယ်။ဒီအဖြစ်အပျက်တွေအပြီး သုံးနှစ်အကြာထိ ဝမ်ဘိုကို ဖမ်းလို့မမိနိုင်သေးတဲ့အချိန် မာခွင်းဆိုတဲ့ ထက်ထက်မြက်မြက် စုံထောက်တစ်ယောက်ဟာ စုံထောက်ချန်နေရာကို တာဝန်ယူဖို့ ရောက်လာပါတော့တယ်။ စုံထောက်မာရဲ့အကူအညီနဲ့ စုံထောက်ချန်နဲ့အဖွဲ့ ဝမ်ဘိုကို ဖမ်းဆီးနိုင်ပါ့မလား? Rotten tomatoes 80%, IMDb 6.9/10 ...
movie

SPL: Kill Zone (2005)

2005
Cold Eyes (2013)
Cold Eyes (2013) Cold Eyes (2013) ****************ဇာတ်ကားအစကနေအဆုံးအထိဇာတ်ရှိန်ကောင်းကောင်းနဲ့ခေါ်သွားမယ့်ကားကိုကြည့်ချင်ပါသလား...ဒီကားကိုကြည့်လိုက်ပါ လုံးဝအာမခံပါတယ်။ IMDB rating 7.1ရထားတဲ့ကားလေးပါ။အဓိကပါဝင်ထားသူတွေကတော့ ကိုရီးယားနိုင်ငံရဲ့နာမည်ကြီးသရုပ်ဆောင် woo sung jung...မင်းသမီးချောလေးကတော့ Hyo Joo Han နဲ့ ဝါရင့်သရုပ်ဆောင် Kyung gu Sol တို့ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း --------------ဇာတ်လမ်းအစမှာ ဘဏ်ကိုဓားပြတိုက်တဲ့အခန်းက တဖြည်းဖြည်းဇာတ်ရှိန်မြှင့်အောင်ခေါ်သွားမှာပါ...ဘဏ်ကိုဓားပြတိုက်ထဲမှာပါတဲ့သူတစ်ယောက်ကို ကင်မရာကတွေ့လိုက်ပြီး မှုခင်းစုံစမ်းစစ်ဆေးရေးက..ခေါင်းဆောင်ဝမ်နဲ့ သူ့လူတွေကမြို့ထဲမှာရက်တော်တော်ကြာအောင်လိုက်ရှာပြီး တရားခံတွေ့သွားတယ်။တွေ့သွားတော့တရားခံရဲ့တိုက်ခန်းမှာ ကင်မရာတွေတပ်၊ စောင့်ကြည့်ပြီးတရားခံအားလုံးရဲ့ခေါင်းဆောင်ကို..အမိဖမ်းဖို့လိုက်စုံးစမ်းပါတော့တယ်။ ခေါင်းဆောင်ဝမ်တို့က ထောက်လှမ်းရေးသာလုပ်ရတဲ့အတွက်...ရန်သူခေါင်းဆောင်ကိုတွေ့ပေမယ်ဖမ်းလို့မရဘူးပေါ့။ ရန်သူဘက်ကလည်းတိကျစေ့စပ်လှပါတယ်။တစ်ဖက်က ဦးဆောင်သူက နောက်ဆုံးအလုပ်ကိုလက်ခံပြီး..ကိုရီးယားကနေထွက်ပြေးတော့မဲ့အချိန်..ကံမကောင်းအကြောင်းမလှဘဲ သူ့အလုပ်ပေါက်ကြားပြီးနောက်ဆုံးမှာဖမ်းမိသွားပါတော့တယ်။ရန်သူဘက်ကဗျူဟာတွေနဲ့ ရဲဘက်ထောက်လှမ်းရေးဗျူဟာတွေကို ကြည့်ရှုခံရမယ့်ကားကောင်းလေးမို့...အက်ရှင်ကြိုက် ပရိသတ်တွေအတွက် ဒီဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုတင်မျိုးလွင်ပါ)File siz : 2.11GB / 950MB Quality : 1080p / 720p Genre : Action, Crime, Thriller Duration : 2hr Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie

Cold Eyes (2013)

Deliverance ( 2024 ) 6.5
Deliverance ( 2024 ) မှတ်ဉာဏ်က အားနည်းတယ်။ မှတ်ဉာဏ်က လူကို လိမ်နိုင်တယ်။ မှတ်ဉာဏ်က အန္တရာယ်ရှိတယ်။ လွန်ခဲ့တဲ့ ၁၅ နှစ်က မိသားစု တစ်စုမှာ အားကုန်ကြိုးစားပြီး ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်က ဘာဖြစ်မလဲ......နိုင်ငံခြားက ပြန်လာတဲ့ ဖန်ရွှယ်အာဟာ သူ့ကို ချစ်တဲ့ အစ်ကို ၂ ယောက်နဲ့ ခင်ပွန်းလောင်းတစ်ယောက်ရှိပြီး စိတ်ချမ်းသာစရာ ဘဝကို ပိုင်ဆိုင်ထားရသူတစ်ယောက် ဖြစ်ပါတယ်။ သူ့အတွက် စိတ်မချမ်းမြေ့စရာ တစ်ခုတည်းသော အကြောင်းအရာကတော့ လွန်ခဲ့တဲ့ ၁၅ နှစ်က အမေဆုံးသွားချိန်မှာ ဘေးမှာရှိနေရက်နဲ့ အဲဒီအချိန်ကို မမှတ်မိဘဲ အတိတ်မေ့နေခဲ့တာကြောင့် ဖြစ်ပါတယ်။စိတ်ကျန်းမာရေးပညာရှင်ဖြစ်သူ အစ်ကိုကြီးက အိပ်ငွေ့ချပြီး ကူညီပေးခဲ့တဲ့အချိန်မှာ သူ့အမေက သဘာဝအတိုင်းသေဆုံးသွားတာ မဟုတ်ဘဲ တစ်ယောက်ယောက်က လည်ပင်းညစ်သတ်ခဲ့တာဖြစ်ကြောင်း မြင်ခဲ့ရပါတယ်။ တဖြည်းဖြည်းနဲ့ အဲဒီ လည်ပင်းညစ်တဲ့လူက အစ်ကို ၂ ရဲ့ ပုံရိပ်လို ပေါ်လာတဲ့အခါ......လွန်ခဲ့တဲ့ ၁၅ နှစ်က အမေ့ကိုသတ်တဲ့ တရားခံက ဘယ်သူဖြစ်မလဲ...... အတိတ်က အကြောင်းအရာတွေကို ပြန်လည်စုံစမ်းခြင်းက သူတို့မိသားစုအတွက် ဘယ်လိုမုန်တိုင်းကြီးတွေ ကျရောက်လာစေမလဲ...... ဆိုတာကို သဲထိတ်ရင်ဖိုရိုက်ကွက်နဲ့ ရိုက်ကူးထားတာ ဖြစ်တဲ့အတွက် ကြောက်တတ်တဲ့လူတော့ သတိထားဖို့ လိုလိမ့်မယ်နော်။ Filesize ...
movie

Deliverance ( 2024 )

Dr. Lamb (1992) 5.9
Dr. Lamb (1992) Dr.Lamb (1992)ဟောင်ကောင် Noir ကားကိုမှ Horror theme နဲ့ ကြည့်ချင်သူများအတွက် ဟောင်ကောင်ရုပ်ရှင်မင်းသား Danny Lee ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး စုံထောက်လီအနေနဲ့ပါ သရုပ်ဆောင်ထားတဲ့ ၁၉၉၂ ခုနှစ်ထွက် ဟောင်ကောင်ရုပ်ရှင်တစ်ကားကို တင်ဆက်ပေးပါရစေ။ဒီရုပ်ရှင်ဟာ ၁၉၈၂ ခုနှစ်က ဟောင်ကောင်မှာဖြစ်ခဲ့တဲ့ တကယ့်ကွင်းဆက်လူသ-တ်မှုကြီးကို အခြေခံပြီး ရိုက်ထားတာဖြစ်ပါတယ်။ တက္ကစီကားသမားအသွင်နဲ့ မိန်းကလေးတွေကို ကားပေါ်တင်၊ ရက်ရက်စက်စက် သ-တ်ဖြတ်၊ မုဒိ-မ်းကျင့်၊ အပိုင်းပိုင်း ခု-တ်ထ-စ်ပြီး ဓာတ်ပုံတွေရိုက်ယူထားကာ ဆန်အိတ်ထဲထည့်ပြီး လွှတ်ပစ်တဲ့ လင်းကော်ယွီဆိုတဲ့ ကွင်းဆက်လူသ-တ်သမားအကြောင်းကို ဟောင်ကောင်ရုပ်ရှင်တွေရဲ့ အငွေ့အသက်တွေနဲ့အတူ ဖန်တီးရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။လင်းကော်ယွီရဲ့ စိတ်အခြေအနေနဲ့ ယုံကြည်မှုတွေ၊ သူဘာလို့ သ-တ်ရတယ်၊ ဘယ်လိုမျိုး သ-တ်ပါတယ်ဆိုတဲ့အကြောင်း ဖြောင့်ချက်ပေးတာကို မင်းသား Simon Yam သရုပ်ဆောင်ပြထားပုံက တော်တော်ပီပြင်လွန်းလှပါတယ်။ ဘယ်လိုပီပြင်လဲဆိုတာ သိချင်ရင်တော့ လင်းကော်ယွီရဲ့ဘဝဇာတ်ကြောင်းကို စုံထောက်လီနဲ့အတူ လိုက်ပါစီးမျောကြည့်လိုက်ပါလို့ပဲ ပြောချင်ပါတော့တယ်။ဟောင်ကောင် Horror ရုပ်ရှင်လောကမှာတောင် Category 3 သတ်မှတ်ထားရတဲ့အထိ ဆိုးဝါးလှတဲ့ ဇာတ်ကားဖြစ်တဲ့အပြင် အဖော်အချွတ်ခန်းတွေလည်း တော်တော့် တော်တော်ကို ...
movie

Dr. Lamb (1992)

1992
A Light Never Goes Out (2023) 6.3
A Light Never Goes Out (2023) A Light Never Goes Out (2022)======================IMDb - 6.3/10ဒီတစ်​ခေါက်မိတ်ဆက်​ပေးမှာက​တော့ LED ဆိုင်းဘုတ်​ခေတ်​မစားခင်​ခေတ်က အဏုမြူ​ချောင်း​တွေနဲ့ဆိုင်းဘုတ်​​​တွေနဲ့ ​ဟောင်​ကောင်မြို့လမ်း​ပေါ်ကို အလင်း​ရောင်စုံ​ပေးခဲ့တဲ့သူ​တွေကို ​ဂုဏ်ပြုတဲ့အ​နေနဲ့ ရိုက်ကူးပြထားတဲ့ ​ဟောင်​ကောင်ဒရာမာကား​ကောင်း​လေး A Light Never Goes Out ပဲဖြစ်ပါတယ်ဇာတ်လမ်းအညွှန်း​ဟောင်​ကောင်ရဲ့ ဥပ​ဒေအသစ်​ကြောင့် လမ်းမ​ပေါ်က အဏုမြူဆိုင်းဘုတ်အများစု ဖြုတ်ချခံရလိုက်ပြီး LED ဆိုင်းဘုတ်​တွေ အစားထိုးလာတာ​ကြောင့် အဏုမြူ​ဆိုင်းဘုတ် ​​ဘေလ်တစ်​ယောက် စီးပွား​ရေးဆုတ်ယုတ်လာပြီး ​နောက်ဆုံးအလုပ်တစ်ခုကိုလုပ်ရင်း ရုတ်တရက်ဆုံးပါးသွားပါတယ်​​ဘေလ်ရဲ့ ဇနီးဖြစ်သူ ဟွမ်တစ်​ယောက် ခင်ပွန်းဖြစ်သူဆုံးပါးသွားပြီး​နောက် အတိတ်ကအမှတ်တရ​တွေကို သတိရရာက​နေ အလုပ်ရုံအသွား ​ဘေလ်ရဲ့ တပည့်ဆိုသူ လီယိုနဲ့​တွေ့ဆုံခဲ့ပြီး​နောက် ​ဘေလ်တစ်​ယောက် အပြီးမသတ်လိုက်ရတဲ့ ဆန္ဒတစ်ခုရှိ​ကြောင်းသိလိုက်ရပါတယ်ခင်ပွန်းသည်ရဲ့ ​နောက်ဆုံးဆန္ဒကို ဖြည့်ဆည်း​ပေးချင်တာ​ကြောင့် ဟွမ်တစ်​ယောက် လိုက်စုံစမ်းရင်း အရင် အတိတ်ကအမှတ်တရ​လေး​တွေပါ စုမိသလိုဖြစ်လာပါတယ်အမှတ်တရ​တွေမှာ ​​ပျော်စရာ ဝမ်းသာစရာ ဝမ်းနည်းစရာ​တွေနဲ့ ပြည့်နှက်​နေတာ​လေးကို ကြည့်ရှုသူကို မျိုးစုံရသ​ပေးနိုင်​အောင် ရိုက်ပြထားတဲ့ ဒရာမကား​ကောင်း​လေးပဲဖြစ်ပါတယ်( ...
movie

A Light Never Goes Out (2023)

I Did It My Way ( 2024 ) 6.1
I Did It My Way ( 2024 ) ဒီဇာတ်ကားလေးကတော့ ဆိုက်ဘာပြစ်မှုကျူးလွန်မှုကားတွေကြိုက်တတ်တဲ့ ပရိသတ်ကြီးအတွက် အကြိုက်တွေ့စေမဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ် ။ အထဲမှာ fight scene တွေ action ခန်းတွေကလည်းရှယ်ဆိုတော့ ကြည့်ကိုကြည့်သင့်နေပါပြီ ။‌ICU ( အင်တာနက်ဆိုက်ဘာကျူးလွန်မှုများအားဖမ်းစီးရေး) အဖွဲ့ရဲ့ စုံစမ်းချက်တွေအရ ၂၀၂၃ ခုနှစ်မှာ အင်တာနက်မှာ မှောင်ခိုဝက်ဘ်ဆိုက်တွေထောင်ပြီး မူးယစ်ဆေးရောင်းဝယ်ဖောက်ကားနေမှုတွေအများကြီးရှိလာပါတယ် ။ ခန့်မှန်းချေ မူးယစ်ဆေး ၇တန်ကျော် ၊ အမေရိကန်ဒေါ်လာ ၂ သန်းကျော်ဖိုးနဲ့ Web ပေါင်း ၇သိန်းကျော်ထိရှိလာခဲ့တာပါ ။အဲဒီမှောင်လိုဝက်ဘ်ဆိုက်တွေက တစ်ကမ္ဘာလုံးကိုပြစ်မှတ်ထားတာဖြစ်ပြီး အာရှတိုက်တစ်ခုလုံးကိုပါ ပျံ့နှံ့လာခဲ့ပါတယ် ။ မူယစ်ရာဇာတွေကို တစ်ယောက်ယောက်ပြီးတစ်ယောက်ဖမ်းမိခဲ့ပါတယ် ။ ဒါပေမဲ့ လက်ရှိစုံစမ်းစစ်ဆေးချက်တွေအရ အာရှတိုက်မှာနာမည်ကြီးနေတဲ့ မှောင်ခိုဝက်ဘ်ဆိုက်ရဲ့ founder "လောင်ပန်" အမည်ရှိသူကိုတော့ဖမ်းလို့မမိသေးပါဘူး ။ICU ရဲ့စုံစမ်းချက်အရ လောင်ပန်ရဲ့နောက်လာမဲ့ပစ်မှတ်က ဟောင်ကောင်ဖြစ်နေချိန်မှာတော့... ဟောင်ကောင်က ဆိုက်ဘာပြစ်မှုစုံစမ်ူရေးရဲတွေရယ် ၊ အတွင်းသူလျိုတွေရယ်ပေါင်းပြီး လောင်ပန်ကိုဘယ်လိုဖော်ထုတ်သွားမလဲ ? ဘယ်လိုအမှုမျိုးတွေကိုဖမ်းဆီးသွားမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်လို့ ကြည့်ဖြစ်အောင်ကြည့်ဖို့တိုက်တွန်းလိုက်ပါရစေ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Crime , Drama Runtime ...
movie

I Did It My Way ( 2024 )

The Goldfinger ( 2024 ) 6.2
The Goldfinger ( 2024 ) ဒီတစ်ခါမှာ CM ပရိသတ်တွေကို Liu De Hua ရဲ့ နာမည်ကြီးဇာတ်ကားဖြစ်တဲ့ Golden Finger လေးနဲ့တင်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းကတော့ ချန်ယိယန်ဆိုတဲ့သူကတော့ တောင်ပိုင်းပင်လယ်မှာ အင်ဂျင်နီယာတစ်ယောက်ဖြစ်ပြီး လူတွေကိုပြီးပြည့်စုံတဲ့အိမ်တစ်လုံးပိုင်ဆိုင်စေဖို့ အိပ်မက် မက်ခဲ့ဖူးသူဖြစ်ပေမဲ့လုပ်ငန်းအရူံးပေါ်ပြီး ဒေဝါလီခံလိုက်ရတယ်။ ဒီလိုနဲ့အပတ်တကုတ်အလုပ်ကြိုးစားရှာရင်း တနေ့မှာတော့တစ်နယ်သားကုမ္ပဏီတစ်ခုမှာ ကြေးစားသူဌေးယောင်ဆောင်အဖြစ်လုပ်ရင်း တကယ့်သူဌေးကြီးရင်းနှီးမြှုပ်နှံသူအစစ်နဲ့တွေ့ဆုံခဲ့တယ်။ဒီလိုနဲ့ ရင်းနှီးမြှုပ်နှံရေးလောကကိုဝင်ရောက်ခဲ့ပြီး လုပ်ငန်းရင်းနှီးမြှုပ်နှံရေး ရှယ်ယာကစားတာတွေကို လုပ်လာခဲ့ပြီးကျာဝန်ဆိုတဲ့ကုမ္ပဏီကိုတည်ထောင်ခဲ့တယ်။ တစ်စတစ်စ တဖြည်းဖြည်းဟောင်ကောင်မှာ လက်ညှိုးညွှန်ရာရွှေဖြစ်တဲ့ ကျာဝန်လုပ်ငန်းစုသူဌေးကြီးဖြစ်လာခဲ့တယ်။ကံတရားဆိုတာအတက်အကျရှိစမြဲဆိုတဲ့အတိုင်း ကံအရမ်းတက်နေတဲ့ ချန်ယိယန်တစ်ယောက်သူ့လုပ်ငန်းစုပိုင်ဆိုင်မှုကို ICAC အဖွဲ့မျက်စိကျတာကိုခံခဲ့ရတာပေါ့။ အဲ့အဖွဲ့ထဲမှာ လျိုအရာရှိက ဒီအမှုကိုဦးဆောင်ပြီးစုံစမ်းစစ်ဆေးခဲ့တယ်။ အစပိုင်းမှာလျိုအရာရှိကရိုးရှင်းလှပြီ ထင်မိတဲ့အမှုတစ်ခုလေးက တကယ်တမ်းမှာအများကြီး ပါဝင်ပတ်သက်မှုရှိနေတဲ့အခါမှာတော့ ဘယ်လိုတွေဖြေရှင်းကြမလဲ။ ဘယ်လိုတွေဖော်ထုတ်ကြမလဲ။စီးပွားရေးလောကရဲ့ကြောက်စရာကောင်းလှတဲ့ လှည့်ကွက်တွေ။ လောဘသားတွေရဲ့လောဘငတ်မွတ်နေမှုတွေ၊ စည်းစိမ်ဥစ္စာချမ်းသာသူတွေရဲ့ ချမ်းသာမှုအပေါ် ပျော်မွေ့နေမှုစတာတွေကို Liu De Hua , Liang Chao Wei တို့ကပါဝင်သရုပ်ဆောင်ထားတာဖြစ်တဲ့အပြင် ဇာတ်လမ်းဇာတ်အိမ်တွေဟာ သာမာန်စီးပွားရေး နိုင်ငံရေးဇာတ်လမ်းများနှင့်မတူတမူထူးခြားစွာရိုက်ကူးထားတာဖြစ်တဲ့အတွက် ဒီဇာတ်လမ်းလေးကို အတူတူကြည့်ရူအားပေးလိုက်ကြရအောင် ~ Quality : WEB-DL 1080p , 720p Format : mp4 Genres : Crime , Drama Runtime : 2h 6 min Subtitle : Myanmar Subtitle ( Hardsub ) Translated by ...
movie

The Goldfinger ( 2024 )

Exiled (2006) 7.2
Exiled (2006) Exiled (2006)~ IMDb - 7.2/10, RT - 80%, Meta - 73% ~Directed by "Johnnie To"ဂျွန်နီတိုရဲ့ ဒါရိုက်တာဘဝအစောပိုင်းမှာ ခုလို Crime Action ရုပ်ရှင်တွေကို စရိုက်ခဲ့တာတော့မဟုတ်ဘူး။ ကနဦးသူ့ရုပ်ရှင်တွေမှာ ဟာသနဲ့အက်ရှင်အရောကားတွေ ချောင်ကားတွေအထိ ရိုက်ခဲ့တယ်။ နောက်ကျ မှုခင်းအက်ရှင်ဘက် ပိုကူးလာတာတွေ့ရတယ်။ ဒါပေမဲ့ နှောင်းပိုင်းမှာတော့ Crime Action ကားတွေပဲ အရိုက်များလာခဲ့သလို အဲဒီကားတွေကလည်း သူ့မာစတာပိစ်ဖြစ်လာခဲ့တယ်။ ကနဦးအားဖြင့်တော့ သူက စတားတွေအသုံးများခဲ့တယ်။ ဒါပေမဲ့ သူ့တကယ့်မာစတာပိစ်ဆိုတာတွေကတော့ စတားတွေ မသုံးထားတာတွေပဲ။ သို့ပေမဲ့ သရုပ်ဆောင်ကောင်းတဲ့ သူသုံးနေကျလူတွေပါပဲ။ The Misson နောက်ပိုင်းကတည်းက ဒီလိုပုံစံမျိုးမှာ ဒီလူတွေကို သူခဏခဏသုံးလာခဲ့တယ်။ သူ့ကားတွေများပေမဲ့ ဒီလူတွေပါရင်ကို သူ့မာစတာပိစ်ကားလို့သတ်မှတ်လိုက်လို့ရတယ်။Exiled (2006) ကလည်း ဂျွန်နီတို့ တစ်ချို့ရုပ်ရှင်တွေလိုမျိုး ရဲတွေဝင်မပါရဲတာကို ...
movie

Exiled (2006)

2006
Vengeance (2009) 6.5
Vengeance (2009) Vengeance (2009)~ IMDb - 6.5/10, Rotten Tomatoes - 68% ~Directed by "Johnnie To"ဂျွန်နီတိုဟာ အတော်ဆုံး ဟောင်ကောင်အက်ရှင်ဒါရိုက်တာတွေထဲပါပေမဲ့ သူ့တင်ပြပုံက ကျန်တဲ့အတော်ဆုံးတွေနဲ့ မတူအောင်ကွဲပြားနေသလို ဂိုဏ်းတွေကြားက ပြဿနာတွေကို ရက်ရက်စက်စက် လှလှပပ ပြနိုင်တဲ့ ဒါရိုက်တာပါပဲ။ ပုဂ္ဂလိကအမြင်အရတော့ ဟောင်ကောင် Crime Action လိုင်းမှာ သူ့ထက်သာတဲ့လူရှိတယ်လို့ မမြင်မိဘူး။ သူ့အရသာမျိုးရိုက်နိုင်တဲ့ ဒါရိုက်တာကိုလည်း မမြင်ဖူးဘူး။ ယုတ်စွအဆုံး လက်ရှိခေတ်ထနေတဲ့ K Industry မှာတောင် Infernal Affairs ကို မူရင်းထက် လူကြည့်ပျော်အောင် ခဏခဏဆိုသလို ရိုက်ပြနေကြပေမဲ့ ဂျွန်နီတိုလိုတစ်ကားလောက်ရိုက်ပြနိုင်တဲ့လူမရှိဘူး။အဲဒီကားတွေထဲမှာ Vengeance ကတော့ ထူးထူးခြားခြားပါပဲ။ ဂျွန်နီတိုက ဒီကားမှာ သူသုံးနေကျလူတွေဖြစ်တဲ့ Anthony Wong, Gordon Lam, Lam Suet နဲ့ ...
movie

Vengeance (2009)

2009
Wake of Death (2004) 5.5
Wake of Death (2004) Wake of Death (2004)2004 မှာထွက်ရှိထားပြီး အက်ရှင်ကားပရိသတ်တွေရော၊ မင်းသားကြီး ဗန်ဒိမ်းဖန်တွေရော အကြိုက်တွေ့စေမယ့် ခပ်ကြမ်းကြမ်းကားတစ်ကားဖြစ်ပါတယ်။~ ဇာတ်လမ်းအညွှန်း ~မကြာခင် ကလပ်​လောကက​နေ အနားယူ​တော့မယ်လို့ ဘန်အာချာတစ်​ယောက် လုပ်​ဖော်ကိုင်ဖက်​တွေကို​ပြောပြီး​နောက်မှာ ဇနီးဖြစ်သူ စင်သီယာတစ်​​ယောက် ကင်မ်ဆိုတဲ့ တရားမဝင်​ရွေ့​ပြောင်း​နေထိုင်သူက​လေးကို ကူညီ​​ပေးရာက ရုတ်တရက်အသတ်ခံလိုက်ရပါတယ်။ အဲဒီလူသတ်မှု​နောက်ကွယ်က တရုတ်ဂိုဏ်း​နောက် ဘန်တစ်​ယောက်လိုက်လံ​ချေမှုန်းရာက​နေ ဘယ်လိုဆုံးရှုံးမှု​တွေ ဘယ်လိုအခက်အခဲ​တွေနဲ့ ​တွေ့ရမလဲ... ဆိုတာကို အက်ရှင်ပရိသတ်တို့အကြိုက်ရိုက်ပြထားတဲ့ ကား​ကောင်း​တစ်ကားပါပဲ။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.65GB, 730MB Quality - 1080p, 720p IMDb Rating - 5.5/10 Format - mp4 Duration - 1H 31Min Genre - Action, Adventure, Drama Subtitle - Myanmar Subtitle (Hardsub) Translated by DB Encoded ...
movie

Wake of Death (2004)

2004
Strange Tales of Chang’an ( 2023 ) 6
Strange Tales of Chang’an ( 2023 ) CM ရဲ့ ပရိသတ်တွေအတွက် တရုတ်ရှေးခေတ် မှုခင်းရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-တာ့ထန်ယုံဟွေးခေတ်အတွင်းမှာ ကွမ်းကျိုး ဟယ်ပေ အစရှိတဲ့ ခရိုင် ၂၀ လောက် မိုးခေါင်ခဲ့ပါတယ်။ မိုင်ထောင်ချီရှိတဲ့ မြေတွေခြောက်ကပ်နေပြီး ပြည်သူတွေ ဒုက္ခရောက်ခဲ့ရပါတယ်။ နက္ခတာရာရုံးတော်က ရုံးတော်ချုပ်ကောင်းရှန်းယောင်က မင်းကြီးကို တရားပွဲလုပ်ပြီး မိုးခေါ်ရန် တင်သွင်းခဲ့ပါတယ်။တရားပွဲလုပ်နေတဲ့အချိန်မှာ မိုးပေါ်ကနေ ရေနံဆီတွေ ရွာလာခဲ့ပြီး ခေါင်းတစ်ထောင်မိစ္ဆာကြီး ထွက်ပေါ်လာပြီး လူတွေကို သတ်ဖြတ်ခဲ့ပါတယ်။ အဲ့ဒီ့အမှုကို စစ်ဆေးရန် ထောင်ထဲရှိ အသေဒဏ်ပေးခံထားတဲ့ အပြစ်သား တူကူးကို မင်းကြီးရဲ့ အမိန့်အရ အမှုစစ်ဆေးရန် ထောင်ထဲမှ ခေါ်ထုတ်ခဲ့ပါတယ်။ခေါင်းတစ်ထောင်မိစ္ဆာရဲ့ နောက်ကွယ်မှာ ဘယ်လို လျှို့ဝှက်ချက်တွေ ရှိနေမလဲ...... အမှုက အဖြေထွက်လာမလိုနဲ့ လူတွေဆက်တိုက် သေဆုံးနေတဲ့အဖြစ်ကို တူကူးတစ်ယောက် ဘယ်လို ဖြေရှင်းမလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ လိုက်ပါ ခံစားကြည့်ရှုလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Fantasy , Mystery Runtime ...
movie

Strange Tales of Chang’an ( 2023 )

Death Notice ( 2023 ) 6.2
Death Notice ( 2023 ) အခုတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် ဟောင်ကောင်မှုခင်း ဇာတ်လမ်းကောင်းလေးတစ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ -ကိုယ့်ကိုယ်ကိုယ် တရားမျှတသူအဖြစ် ခေါ်ဆိုနေတဲ့ လျှို့ဝှက်ကွင်းဆက်လူသတ်သမား Darker ဆိုသူဟာ ရဲတပ်ဖွဲ့ကို စိန်ခေါ်ခဲ့ပါတယ်။ "သေဆုံးခြင်းအကြောင်းကြားစာ" များကို ဆက်တိုက်ပို့ခဲ့ပြီး အပို့ခံရသူတွေကို ရက်စက်စွာ သတ်ဖြတ်ခဲ့ပါတယ်။အမှန်တရားကို စုံစမ်းဖို့အတွက် ပေါက်ကွဲမှုမှာ မျက်မြင်သက်သေဖြစ်ခဲ့သူ ဟွမ်ရှောက်ဖျင်၊ ရဲမှူးလော်ဖေး၊ မှုခင်းတပ်ဖွဲ့အဖွဲ့ခေါင်းဆောင် ဟန်ဟောက်တို့ဟာ Darker ရဲ့ အစီအစဉ်ထဲကို ဝင်ရောက်လာခဲ့ပါတယ်။Darker က ဘယ်သူဖြစ်မလဲ...... အသတ်ခံရတဲ့လူတွေကရော ဘယ်လို ပြစ်မှုတွေကို ဖုံးကွယ်ထားသလဲ...... ဆိုတာကို plot twist အပြည့်နဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဟောင်ကောင်ရှုပ်ရှင်ကောင်းတွေ ရှားပါးနေတဲ့အချိန်မှာ ဟောင်ကောင်ဝါရင့်သရုပ်ဆောင်ကြီးတွေနဲ့ အပြည့်အဝ အားဖြည့်ထားတဲ့ ဒီရုပ်ရှင်လေးကိုတော့ မကြည့်မဖြစ်ကြည့်ကို ကြည့်သင့်ပါတယ်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Crime , Mystery Runtime : 1h 40 min Subtitle : Myanmar Subtitle ( ...
movie

Death Notice ( 2023 )

The Comeback ( 2023 ) 6.5
The Comeback ( 2023 ) ရှိသမျှပစ္စည်းမှန်သမျှကို အကောင်းတိုင်းဖြစ်အောင်ပြင်နိုင်တဲ့ ဦးလေးဟွာက ရှေးဟောင်းပစ္စည်းပြုပြင်ရေးဆိုင်လေးဖွင့်ပြီး သာမာန်ရိုးရှင်းတဲ့ဘဝကိုဖြတ်သန်းနေတယ် “တစ်ခုခုဖြစ်ရင် ဦးလေးဟွာကိုရှာ”ဆိုပြီး နာမည်ကျော်ဦးလေးဟွာက အထူးတပ်ဖွဲ့ဝင်ဖြစ်ခဲ့တာပေါက်ကြားမိပြီးတဲ့နောက် တပည့်ဖြစ်သူအားကျယ်ရဲ့လျှိုဝှက်တပ်ဖွဲ့ဖမ်းဆီးတာခံရတယ်ဦးလေးဟွာအမြဲတမ်းစားစရာကျွေးနေတဲ့ သူဖုန်းစားရဲ့ သရုပ်မှန်ကဘာဖြစ်နေလို့ ဦးလေးဟွာရဲ့အကြောင်းကိုအကုန်သိပြီးတော့ ကူညီပေးနေရတာလဲ အားကျယ်ရှာနေတဲ့ နံပါတ်0ကရော ဘယ်သူလဲ? ဘာလို့ရှာနေတာလဲ?ဆိုတာတွေကို လှည့်ကွက်မျိုးစုံတွေနဲ့အတူ ဇာတ်လမ်းထဲမှာ အဖြေလေးကိုဆက်လက်ကြည့်ရှုလိုက်ရအောင် Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Crime Runtime : 1h 47 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Hnin Wutt Hmone Encoded by LK
movie

The Comeback ( 2023 )

Fireflies in the Sun ( 2023 ) 6.3
Fireflies in the Sun ( 2023 ) ဇာတ်ညွှန်းဆရာ လင်ရိချန်က အချစ်အတွက်သာဆို တစ်ကမ္ဘာလုံးကို မီးပြာချပစ်မယ်ဆိုတဲ့ ဇာတ်လမ်းမျိုးတွေ ရေးလေ့ရှိပါတယ်။ အဲ့လို ဇာတ်လမ်းတွေကိုရေးတဲ့ လင်ရိချန်ဆီမှာလည်း သူချစ်ရတဲ့ ဇနီးဖြစ်သူ အားလင်နဲ့ သားဖြစ်သူ ရှောင်ချုံ ရှိပါတယ်။ငွေကြေးမပြည့်စုံသည့်တိုင် မိသားစုကလေးက သိုက်သိုက်ဝင်းဝင်း၊ နွေးနွေးထွေးထွေးပါပဲ။ တစ်နေ့မှာတော့ သားငယ်လေး ရှောင်ချုံဆီ နှလုံးရောဂါစွဲကပ်နေပြီလည်း ကြားရော မိဘနှစ်ယောက်စလုံး ရင်မှာ ဗလောင်ကိုဆူသွားတော့တာပါပဲ။ သားငယ်ရဲ့ ရောဂါကို ကုသနိုင်ဖို့ ငွေကလည်းအလောတကြီး လိုအပ်နေချိန်ဖြစ်တယ်။ငွေကိုအလောတကြီးရှာနေရင်းနဲ့ပဲ ဆေးရုံအတွင်းက အကျင့်ပျက်ခြစားမှူတွေအကြောင်း သိလာရတယ်။ အကျင့်ပျက်ခြစားသူတို့ရဲ့ လုပ်ရပ်တစ်ခုက သားငယ်လေးရဲ့ အသက်ကိုပါ ထိပါးလာတဲ့အခါမှာတော့ လင်ရိချန်တစ်ယောက် လက်ပိုက်ကြည့်မနေနိုင်တော့ပါဘူး။ သူ့ဇာတ်ကောင်တွေနည်းတူ သူကလည်း သားလေးအတွက်၊ မိသားစုအတွက်ဆို လက်နှေးနေမဲ့သူ မဟုတ်ပါဘူး။လက်မနှေးတဲ့အပြင် မိသားစုကိုချစ်တဲ့အချစ်က လှုံ့ဆော်ပေးလိုက်တဲ့ ဒေါသမီးတောက်နဲ့ တစ်ကမ္ဘာလုံးကို ပြာချဖို့ စီစဉ်ပါတော့တယ်။ သူ ဘယ်လိုဘယ်ပုံတွေလုပ်မယ်ဆိုတာကိုတော့............. Quality : WEB-DL 1080p , 720p Format : mp4 Genres : Crime , Drama , Family Runtime : 1h 58 min Subtitle : ...
movie

Fireflies in the Sun ( 2023 )

Dragon Squad (2005) 5.3
Dragon Squad (2005) ဇာတ်လမ်းကတော့ နိုင်ငံတကာအလိုရှိနေတဲ့ ဟောင်ကောင်ရာဇဝတ်သား ကျားသစ်ဒွမ်ကို ရုံးထုတ်တာကနေ စတင်ထားတာပါတယ်။တရားစွဲမှာဖြစ်တဲ့အတွက် အပြည်ပြည်ဆိုင်ရာရဲဌာနဖြစ်တဲ့ အင်တာပိုလ်ကလည်း ပါဝင်လာပြီးတော့ ကျားသစ်ဒွမ်ကို ထောင်ထဲပို့ သူ့ရဲ့ မြေပေါ်မြေအောက် စီးပွားရေးမှန်သမျှ ချုပ်ငြိမ်းဖို့ ကြံဆောင်ကြတော့မှာပါ...ဒါပေမယ့် ဇာတ်လမ်းက ရိုးရှင်းမနေပါဘူး.... ပြည်ပကြေးစားအဖွဲ့တစ်ဖွဲ့က ရုံးထုတ်မယ့်နေ့မှာပဲ လုံခြုံရေးယာဉ်တန်းကို တိုက်ခိုက်ပြီး ကျားသစ်ဒွမ်ကို ခေါ်ဆောင်သွားပါတယ်...ကျားသစ်ဒွမ်လည်း ကယ်တင်ခံရပြီ အထင်နဲ့ ပျော်ရွှင်ခံပေမယ့် တကယ်တန်းမှာတော့ သူနဲ့ သူ့အစ်ကို ကျားကြီးဒွမ်တို့ကို လက်စားချေမယ့်သူတွေပဲ ဖြစ်လို့နေပါတယ်... ဟောင်ကောင်ရဲတွေက တစ်ဖက်… အငယ်တန်းအင်တာပိုလ်ရဲတွေက တစ်သင်း.... ကြေးစားတွေက တစ်ဖွဲ့... သူ့ညီကို ပြန်ကယ်ချင်တဲ့ ကျားကြီးဒွမ်တို့ကလည်း တစ်ဖွဲ့ဖြစ်နေလောတော့ လေးပွင့်ဆိုင်အက်ရှင်ကားလေးလို့ပဲ ပြောရမှာပါ...ဟောင်ကောင်အက်ရှင်ကားကြိုက်သူတွေအဖို့ ကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ် ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Tun Aung Kyaw ပါ )File Size__(1.6GB) Quality__720p IMDb Rating__5.3/10 Format__mp4 Duration__01:59:00 Type__Action, Crime, ...
movie

Dragon Squad (2005)

Man of Tai Chi (2013) 6.1
Man of Tai Chi (2013)  ကျွန်တော်တို့ရဲ့ ကိုကျော်ဝင်းတစ်ယောက် John Wick မလုပ်ခင် တရုတ်ပြည်မှာကောင်လေးတွေ မွေးမွေးပြီး စားတဲ့အကြောင်းပါ။နောက်နေတာပါ ဒီသိုင်းကားကဆိုရင် မင်းသား ကီနူးရိဗ်တစ်ယောက်သူ့ရဲ့ Matrix ဇာတ်ကားထဲက ကွန်ဖူးဆရာကိုမြေတောင်မြှောက်ပေးတဲ့ကားဆိုရင် မမှားပါဘူးဘာလို့လဲဆိုတော့ သူကိုယ်တိုင် ဒါရိုက်တာလုပ်ထားတာ ဖြစ်ပြီးသူကိုယ်တိုင် ဗီလိန်အဖြစ် ပါထားလို့ပဲ ဖြစ်ပါတယ်။တခြားနာမည်ကြီး တရုတ်သရုပ်ဆောင်တွေလည်း ပါဝင်ထားကြပါသေးတယ်။ဇာတ်လမ်းက အဓိက အခြေခံထားတာကတော့ကျွန်တော်တို့ ထိုက်ချိသိုင်းအကြောင်းပဲ ဖြစ်ပါတယ်သူကပြောရမယ်ဆို ရေနဲ့မီး အလင်းနဲ့အမှောင်စတဲ့ဆန့်ကျင်ဖက်တွေ အတူတည်ရှိနေသလိုမျိုးမာကျောတဲ့အရာကို ပျော့ပျောင်းမှုနဲ့ သိမ်းသွင်းတဲ့ကိုယ်ခံပညာတစ်ခုပါ(နာမည်ကြီးဆို မင်းသားကြီး ဂျက်လီချတာတွေ ရှိပါမယ်)။ ဇာတ်လမ်းအကျဉ်းကတော့ကိုကျော်ဝင်းဟာ ဟောင်ကောင်မှာ လုံခြုံရေးကုမ္ပဏီဟန်ပြလုပ်ပြီး မြေအောက်တိုက်ခိုက်ပွဲတွေ ကျင်းပနေတဲ့လူတစ်ဦး၊တစ်နေ့ သူ့ဖိုက်တာကောင် အားမရလို့ သတ်ပစ်ပြီးလူသစ်ရှာနေတဲ့အချိန်ပေါ့။မင်းသား တိုက်ဂါးဆိုတာကျ ထိုက်ချိပညာအမွေယူနေတဲ့လူတစ်ယောက် လမ်းကြောင်းမှန်မရောက်သေးပဲကြိုးစားနေရဆဲပေါ့။တစ်ဖက်မှာလည်း ကိုကျော်ဝင်းကို ဖမ်းချင်နေကြတဲ့ရဲမေတစ်သိုက်တို့က ရှိကြပါသေးတယ်။တစ်ရက်ကျ တိုက်ဂါးအရည်အချင်းတွေကို ကိုကျော်ဝင်းသဘောကျပြီး သူ့ဖိုက်တာလုပ်ဖို့ ဖိတ်ခေါ်ပါတယ်ဒါပေမဲ့ ကိုယ်ခံပညာဟာ ပိုက်ဆံရှာစရာမဟုတ်ဘူးဆိုပြီး ငြင်းခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲ သူ့ဆရာနေတဲ့ ဘုရားကျောင်းအတွက်ပိုက်ဆံတွေ အများကြီး လိုအပ်လာတဲ့အချိန်မှာတော့ တိုက်ဂါးတစ်ယောက်….ဒီလောကထဲ ...
movie

Man of Tai Chi (2013)

Cyber Heist ( 2023 ) 6.3
Cyber Heist ( 2023 ) ဒီနေ့မှာတော့ ဟောင်ကောင် မင်းသား ၊ အဆိုတော် ၊ Dancer Aaron Kwok Fu-shing ရဲ့ ၂၀၂၃ ခုနှစ်ထွက် ဇာတ်ကားကောင်းလေးနဲ့ CMကပရိတ်သတ်ကြီးကို မိတ်ဆက်ပေးပါရစေ ။နည်းပညာတွေတိုးတတ်နေတဲ့ ယနေ့ခေတ်ကြီးမှာ Enter လေးတစ်ချက်ခေါက်လိုက်ယုံနဲ့ အရာအားလုံးကို ခိုင်းစေလို့ရနေတာ အမှန်ပါပဲ။ ဒီလိုခေတ်ကြီးအတွင်း ဟောင်ကောင်နယ်မြေမှ နိုင်ငံတကာ ဆိုက်ဘာလုံခြုံရေးကုမ္ပဏီ ထျန်းကျီဟာလဲ ကမ္ဘာကြီးနဲ့ရင်ဘောင်တန်းပြီး နည်းပညာတွေကို တီထွင်လျှက်ရှိနေပါတယ် ။ အဲဒီအထဲမှာမှ-သူ့ရဲ့လက်ထဲမှာ ကွန်ပျူတာတစ်လုံးရှိယုံနဲ့ ဘယ်အရာမဆိုလုပ်ကိုင်နိုင်သူ ၊ နှလုံးမကောင်းတဲ့ သမီးငယ်လေးကို ပိုးမွေးသလိုမွေးကာ စောင့်ရှောက်နေရသူ ၊ ထျန်းကျီ ဆိုက်ဘာလုံခြုံရေး ကုမ္ပဏီမှ တာဝန်ခံ နည်းပညာရှင် - ကျိုးကျားကျွင့် ကလဲ အပါအဝင်ပါပဲ ။ဒီလိုနဲ့ ဟောင်ကောင်ဘဏ်တွေကို အွန်လိုင်းကနေ တိုက်ခိုက်မှုတွေ မကြာခဏ ဖြစ်ပွားခဲ့ပြီး ထျန်းကျီဆိုက်ဘာလုံခြုံရေး ကုမ္ပဏီမှ ဖြေရှင်းလာပေးခဲ့တာ နှစ်တိုင်းလိုဖြစ်နေခဲ့ပါတယ် ။ ဒီလိုကိစ္စတွေကို အမြဲတစေ ဖြေရှင်းလာခဲ့ရင်း မထင်မှတ်ထားတဲ့ကိစ္စတစ်ခုက ဖြစ်သွားလို့လာခဲ့ပါတယ်။ ဘဏ်တွေကိုဟက်ခ်တဲ့ ကြိုးကိုင်သူဟာ ထျန်းကျီဆိုက်ဘာလုံခြုံရေး ကုမ္ပဏီမှ အတွင်းလူဖြစ်နေခဲ့သောအခါမှာ ? ...
movie

Cyber Heist ( 2023 )