Channel Myanmar

Simon Phillips

The Bouncer (2024) 5.0
The Bouncer (2024)  ဒီတစ်ခါမှာတော့ ပရိသတ်တွေကို အက်ရှင်ဇာတ်ကားတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။2024 တုန်းက ထွက်ရှိခဲ့တာဖြစ်ပြီးတော့ Massimiliano Cerchi ကဒါရိုက်တာအဖြစ် ရိုက်ကူးပေးထားပါတယ်။အဓိကသရုပ်ဆောင်တွေအဖြစ် John Ozuna, Costas Mandylor,Rosmary Yaneva နဲ့ Vincent Rivera တို့က ပါဝင်ပေးထားပါတယ်။ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင် ဖရန့်ခ်ဟာ ဘားတစ်ခုမှာလုံခြုံရေးအစောင့်လုပ်ပါတယ်။ လူမိုက်ခေါင်းဆောင်တစ်ယောက်ကအဲဒီဘားကို ညတိုင်း ကောင်မလေးတစ်ယောက်နဲ့အတူ လာပါတယ်။အဲဒီကောင်မလေးက ပြန်ပေးဆွဲခံလာရတဲ့သူမှန်းသိတဲ့အခါ သူ့ကိုကယ်ထုတ်ဖို့အတွက် ကြိုးစားပါတော့တယ်။လူမိုက်တွေရဲ့လက်ထဲကနေ လွတ်အောင်ထွက်ပြေးနိုင်မလား၊သစ္စာဖောက်မှုတွေ လှည့်ကွက်တွေကြားထဲကနေ အောင်မြင်အောင်ဘယ်လိုထွက်ပြေးကြမလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုကြရမှာပါ။  File size… (1.30 GB) / (613 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 18m Genre ….. Action Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin
movie

The Bouncer (2024)

Yes, Chef! Christmas (2024) 6.3
Yes, Chef! Christmas (2024)  Yes, Chef! Christmas (2024)IMDb Rating (6.3) / Rotten Tomatoes (50%) ခရစ္စမတ် ဟင်းချက်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဟင်းချက်တော်တဲ့ အယ်လီရှာဟာ မွေးစားအဖေနဲ့အတူနေထိုင်ပြီး ကျောင်းတစ်ကျောင်းမှာပဲ ဟင်းချက်သင်နေပါတယ်။သူ့ရဲ့ စားဖိုမှူးဘဝဟာ အကြောင်းတစ်စုံတစ်ရာကြောင့် နိဂုံးချုပ်သွားခဲ့ပြီးကတည်းက စားသောက်ဆိုင်မီးဖိုချောင်နဲ့ အဆက်ပြတ်နေခဲ့ရာမှာတစ်ရက်တော့ နာမည်ကြီးဟင်းချက်ပြိုင်ပွဲ Kringle-Cookoff က ပြိုင်ပွဲဝင်ခွင့်ရကြောင်း ဖိတ်စာရလာတဲ့အခါ သူကိုယ်တိုင် အံ့သြသွားရတယ်။အစကတည်းက မလျှောက်ထားဘဲ သူ့ကို ဒီလိုနာမည်ကြီးပြိုင်ပွဲမှာ ဘယ်သူက ဝင်ပြိုင်စေချင်ခဲ့တာလဲ?ပြိုင်ပွဲအဖွဲ့အစည်းက သူနဲ့ တွဲပေးတဲ့ ဘုကလန့်နည်းပြနဲ့ ဘယ်လိုနှစ်ပါးသွားကြမှာလဲ ကြည့်ရှုခံစားလိုက်ပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Sike Tan ဖြစ်ပါတယ်။) File size…(1.5 GB) / (800 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Romance Duration….01:28:04 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Sike Tan
movie

Yes, Chef! Christmas (2024)

2024
The Last Redemption (2024) 5.5
The Last Redemption (2024)  အမိန့်ကိုနာခံနေရတဲ့လူတစ်ယောက်ရဲ့ဘ၀မှာ တစ်ခါတစ်လေကျရင်အမိန့်ထက်ပိုပြီး နှလုံးသားကလမ်းပြတဲ့ ပိုသင့်တော်တဲ့လမ်းကိုရွေးချယ်ရတဲ့အခိုက်အတန့်တွေရှိတတ်ပါတယ်။အဲ့ဒီအခိုက်အတန့်တွေကို ရောက်လာခဲ့ရင် ကိုယ်ဆိုရင်ကောငြင်းဆန်နိုင်မဲ့သတ္တိရှိပါ့မလား မှန်ရာကိုလုပ်ဖို့ရွေးချယ်တဲ့အခါမှာဘာတွေပေးဆပ်ရမလဲဆိုတာကို ကွက်ကွက်ကွင်းကွင်းမြင်သာလာအောင် အရင်ခေတ်ကစစ်သည်တော်ခေတ်နဲ့ နှိုင်းယှဉ်ရိုက်ကူးပြသထားတဲ့ The Last Redemption ဆိုတဲ့ဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။အရင်ခေတ်မှာနစ်စ်ထရိုးလို့ခေါ်တဲ့ ဖိန့်ဖိန့်တုန်အောင်ကြောက်ရတဲ့နာမည်ကြီးဓားပြဂိုဏ်းတစ်ခုရှိခဲ့ပါတယ်။နစ်စ်ထရိုးလို့ဘာလို့ခေါ်ရလဲဆိုရင် အဖွဲ့ခေါင်းဆောင်ကလီလန်းနစ်စ်ထရိုးဖြစ်ပြီးတော့အကြင်နာကင်းမဲ့တဲ့ လူတစ်ယောက်ဖြစ်နေလို့ပါပဲ။အဖွဲ့သားတွေအားလုံးက၀ရမ်းပြေးတွေဖြစ်ပြီး လက်ရှိအုပ်ချုပ်နေတဲ့ ဘုရင်ဖယ်ရယ်ရဲ့စစ်တပ်တွေလက်ထဲကနေ အမြဲတမ်းထွက်ပြေးနေရတဲ့အဖွဲ့လည်းဖြစ်ပါတယ်။ဘုရင်ရှိရင် ဘုရင့်နေရာလိုချင်သူတွေကလည်းရှိတယ်ဆိုတဲ့အတိုင်း ဘုရင်ဖယ်ရယ်ရဲ့ဝမ်းကွဲညီက ဘုရင့်ကိုသတ်ပြီးဘုရင်နေရာယူဖို့အတွက်တစ်နေ့မှာ နစ်စ်ထရိုးတို့ကိုမက်လုံးပေးပြီးခိုင်းပါတော့တယ်။ဘုရင်ဖယ်ရယ်ကိုသတ်နိုင်ပေမဲ့ ဘုရင်ဖယ်ရယ်ရဲ့သမီးလေးကမျက်မြင်သက်သေဖြစ်သွားတဲ့အတွက် ကလေးကိုပါသတ်ဖို့လုပ်ချိန်မှာတော့ မှန်ရာကိုလုပ်မဲ့အဖွဲ့သားတွေနဲ့ ပိုက်ဆံရဖို့အတွက်ဘာမဆိုလုပ်မဲ့ နစ်စ်ထရိုးတို့အဖွဲ့ ကွဲသွားကြပြီး ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာကို စိတ်ဝင်စားစရာကောင်းစွာကြည့်ရှုရမဲ့ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။  File size… (1.79GB) / (1.01GB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….2h 2m Genre …..Adventure Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

The Last Redemption (2024)

Silent Bite (2024) 5.0
Silent Bite (2024)  Xmas လည်းနီးလာပြီဆိုတော့ ခရစ္စမတ်အငွေ့အသက်လေးတွေပါတဲ့ Horror ဇာတ်ကားလေးတစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။Horror အမျိုးအစားဆိုပေမယ့် Dry Humor သဘောကျတတ်တဲ့သူမျိုးတွေ အကြိုက်တွေ့မယ့် ဒိုင်ယာလော့တွေ ပါတာမို့ ပျင်းခြောက်မနေမယ့် ဇာတ်ကားဖြစ်ပါတယ် ဇာတ်ညွှန်းကတော့....ခရစ္စမတ်အိဗ် အကြိုနေ့ညနေခင်းမှာ ကောင်တီဘဏ်ကိုဓားပြဝင်တိုက်ခဲ့တဲ့ "ဆန်တာဦးထုပ်ဓားပြအဖွဲ့"လို့ အမည်ပေးထားတဲ့ဓားပြအဖွဲ့ ဘဏ်ဓားပြတိုက်ပြီး ကားမောင်းပြေးနေတာနဲ့ စထားပါတယ်...သူတို့တွေရဲ့ ကနဦးအစီအစဉ်ကတော့ ရဲတွေ မထင်ထားလောက်မယ့်ဘဏ်နဲ့သိပ်မဝေးတဲ့ ချောင်ကျကျ ဟိုတယ်တစ်ခုမှာ ခေတ္တခြေငြိမ်ပြီးခိုနေပါမယ် အဖွဲ့ထဲက အယောင်ပြ မောင်းပြေးမယ့် သူတစ်ယောက်ကသူတို့နဲ့ ဆန့်ကျင်ဘက်ဒေသဘက်ကို အယောင်ပြ မောင်းပြေးပြီးရဲတွေကို လမ်းလွှဲမယ်...အခြေအနေ ငြိမ်သွားရင် လူပြန်ဆုံပြီး ဝေစုခွဲကြဖို့ပါပဲ...။သူတို့ မသိလိုက်တဲ့ အချက်တစ်ချက်က ခိုနေဖို့ ရည်ရွယ်ထားတဲ့ဟိုတယ်မှာ သူတို့တွေ မထင်ထားတဲ့ အန္တရာယ်တွေနဲ့ ပြည့်နေတယ်ဆိုတာပါပဲ...။ဒီတော့ ဓားပြအဖွဲ့သားတွေ အန္တရာယ်ကနေ ဘယ်လိုမျိုး လွတ်အောင်ပြေးကြမလဲဆိုတာကိုတော့.....။ File size… (1.15GB) / (523MB ) Quality… WEB-DL 1080p HEVC ...
movie

Silent Bite (2024)

Blood and Snow (2023) 5.0
Blood and Snow (2023)  သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းဖြစ်သလို Horror အမျိုးအစားလည်းဖြစ်တဲ့Blood And Snow ရုပ်ရှင်ကားကတော့ ၂၀၂၃ ခုနှစ်မှာ ထွက်ရှိထားတာဖြစ်ပါတယ်။ဒါရိုက်တာ Jeese Palangio ရိုက်ကူးထားပြီး Michael Swatton ၊Anne-Carolyne Binette ၊ Vernon Wells နဲ့ Simon Phillips အစရှိတဲ့သရုပ်ဆောင်တွေပါဝင်ထားပါတယ်။ဇာတ်ကောင်တွေရဲ့များပြားလှတဲ့စကားပြောခန်းတွေ၊ ခြောက်ခြားစရာအသံနောက်ခံတွေနဲ့ Horror ဇာတ်ကားကို အရှိန်မြင့်အောင်ဆွဲခေါ်သွားတဲ့ရုပ်ရှင်မျိုးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း**************သိပ္ပံပညာရှင်နှစ်ယောက်ဟာ အာတိတ်ရေခဲပြင်ကြီးထဲကျရောက်ထားတဲ့ဥက္ကာခဲတစ်ခုကို လာရောက်လျှို့ဝှက်လေ့လာရင်းကနေ တစ်ဦးက အသတ်ခံလိုက်ရပြီး ကျန်တစ်ဦးကတော့ ကူးစက်ခံလိုက်ရပါတယ်။ကပ်ပါးကောင်ပါလာမှန်းမသိဘဲ အသက်ရှင်ကျန်ရစ်တဲ့သိပ္ပံပညာရှင်မိန်းမငယ်လေးကို အနီးဆုံးစခန်းက လက်ခံစောင့်ရှောက်ထားရာကနေစခန်းတွင်းမှာ မမျှော်လင့်ထားတာတွေဖြစ်ပျက်လာခဲ့ပါတယ်။ဘာတွေဖြစ်နေလဲဆိုတာကိုနားလည်အောင်ကြိုးပမ်းကြရင်းကနေ သူတို့ကယ်တင်လာတဲ့မိန်းကလေးဟာ အရင်ကတွေ့ခဲ့ဖူးတဲ့လူမဟုတ်တော့တာကိုသိရှိလိုက်ရတဲ့အခါ ကပ်ပါးကောင်ကထိန်းချုပ်နေတဲ့မိန်းကလေးကိုရင်ဆိုင်ဖို့ ကြိုးစားကြရပါတော့တယ်။ File size…1.25GB Quality…WEB-DL 1080p HEVC Format…mp4 Duration….1h 54m Genre ….. Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by  JULY
movie

Blood and Snow (2023)

The Mouse Trap (2024) 5.5
The Mouse Trap (2024)  အဲလက် က Funheaven လို့ခေါ်တဲ့ ကလေးကစားကွင်းတစ်ခုက ဝန်ထမ်းပါ။ တစ်ရက်မှာတော့ သူ့သူငယ်ချင်း၈ ယောက်က အဲလက်အတွက် Surprise မွေးနေ့ လုပ်ပေးဖို့ကစားကွင်းတစ်ခုလုံးကို တစ်ညနေစာ ငှားလိုက်တယ်။သူတို့မသိခဲ့ကြတာက အဲဒီအချိန်မှာပဲ မစ်ကီမောက် ဝတ်စုံစိတ္တဇ လူသတ်သမားတစ်ယောက်က သူတို့နဲ့အတူတူရှိနေခဲ့တယ်။ဒီဇာတ်ကားမှာတော့ ကစားကွင်းထဲက စိတ္တဇ လူသတ်သမားလက်ကနေ အဲလက်တို့ သူငယ်ချင်းတစ်သိုက် ဘယ်လိုလွတ်လမ်းရှာနိုင်မလဲဆိုတာ သည်းထိတ်ရင်ဖို ကြည့်ရှုကြရမှာပါ။ဇာတ်လမ်းကိုတော့ သူငယ်ချင်းအုပ်စုထဲက အသက်ရှင်ကျန်ခဲ့တဲ့သူတစ်ယောက်ဖြစ်တဲ့ ရီဘက်ကာ က ဇာတ်ကြောင်းပြန်ပြောထားတဲ့ ပုံစံမျိုး ကြည့်ရှုကြရမှာဖြစ်ပါတယ်။ဆိုတော့ အတူတူခံစားလိုက်ကြရအောင်လားခင်ဗျာ။ File size…1.22GB / 682MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 20m Genre ….. Comedy , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil
movie

The Mouse Trap (2024)

Butchers (2020)
Butchers (2020)  ဒီဇာတ်ကားလေးကတော့ နာမည်အတိုင်းပဲ ရက်စက်စွာသတ်ဖြတ်တဲ့လူသတ်သမားတွေအကြောင်းပဲဖြစ်ပါတယ်။တစ်နေ့မှာ ဂျန်နာတို့သူငယ်ချင်းလေးယောက်ဟာ ဂျန်နာရဲ့ ၂၅ နှစ်ပြည့်မွေးနေ့ပွဲကျင်းပပြီး Spencerville မြို့ကို ပြန်လာကြပါတယ်။ မြို့ကအပြန်အဝေးလမ်းမရဲ့တစ်နေရာမှာ ကားရေတိုင်ကီပျက်သွားပါတယ်။ဘယ်ရောက်နေမှန်းမသိပေမယ့် အရှေ့ဖက်တစ်နေရာမှာ ဓာတ်ဆီဆိုင်ရှိမှာပဲဆိုတဲ့ရည်ရွယ်ချက်နဲ့ ဂျန်နာရဲ့ရည်းစားမိုက်ခ်လမ်းလျှောက်ထွက်သွားပါတယ်။ဂျန်နာရဲ့သူငယ်ချင်းတေလာကလည်းလိုက်သွားပြီး ခရစ်နဲ့ဂျန်နာကိုကားမှာစောင့်ခိုင်းခဲ့ပါတယ်။ဒီလိုနဲ့ နှစ်ယောက်တစ်ဖွဲ့စီကွဲ သွားတဲ့အခါမှာတော့လူသတ်ကားတို့ထုံးစံအတိုင်းပဲ လူသတ်သမားတွေကသူတို့ကိုလိုက်ဖမ်းပါတော့တယ်။ဂျန်နာတို့သူငယ်ချင်းတွေဘယ်လိုလွတ်အောင်ထွက်ပြေးကြမလဲဘယ်နှစ်ယောက်အသက်ရှင်ကျန်ရစ်ခဲ့မလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုပေးပါဦး.. File size…1.29GB / 623MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 32m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

Butchers (2020)

Blood Harvest (2023)
Blood Harvest (2023)  အခုတစ်ခါ တင်ဆက်ပေးချင်တာကတော့ ဟော်ရာရုပ်ရှင်လေးတစ်ကားပါ။ ဂျိတ်ဆိုတဲ့ ကောင်လေးက အသက်၁၂နှစ်။သူများတွေ မမြင်ရမကြားရတဲ့အရာတွေကို ကြားရတဲ့ကလေးတစ်ယောက်။အဖေသေပြီးတဲ့နောက်မှာ ပထွေးဖြစ်သူအသုံးမကျတာကြောင့် အမေရယ် ပထွေးရယ် အစ်မဖြစ်သူ မက်ဂီရယ်နဲ့ အမေ့မွေးရပ်ဇာတိမြို့လေးက အမေ့ဦးလေးဖြစ်သူအိမ်မှာ ကပ်နေကြရတယ်။ ဒါပေမဲ့လည်း အမေဖြစ်သူက ဂျိတ်နဲ့မက်ဂီကို ဦးလေးနဲ့ဝေးဝေးနေဖို့ သတိပေးထားပါတယ်။ဦးလေးဖြစ်သူတင်မက တစ်မြို့လုံးကလူတွေကပါ ထူးဆန်းတဲ့ပုံစံတွေနဲ့မို့ သတိထားနေဖို့ အမြဲမှာနေတတ်ပြီး ဒီမြို့ကနေ အမြန်ဆုံး ပြန်ပြောင်းဖို့အရေး ကြိုးစားနေပါတယ်။ ဒီလိုနဲ့ ဂျိတ်နဲ့ မက်ဂီတို့ကလေးနှစ်ယောက် လျောက်သွားရင်း မထင်မှတ်ထားတဲ့အရာတွေကို တွေ့ရတဲ့အခါ...။ပျောက်ဆုံးနေပါတယ်ဆိုတဲ့ မြို့ထဲက ကလေးငယ်တွေကို ဦးလေးဖြစ်သူရဲ့ စပါးကျီကြီးထဲက ရေဒီယိုနဲ့ ဆက်သွယ်မိတဲ့အခါ...။ ဒီမြို့လေးထဲကနေ ပြန်ထွက်ဖို့ သူတို့အမေရဲ့ဆန္ဒပြည့်မှာလားဆိုတာ အသည်းတထိတ်ထိတ်နဲ့ ကြည့်ရှုကြရမှာပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoပဲဖြစ်ပါတယ်) File size…(1.2 GB)/(671 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:19:00 Genre...Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo 
movie

Blood Harvest (2023)

End of Loyalty (2023)
End of Loyalty (2023)  ဂိုဏ်းရာဇာတစ်ဦးဖြစ်တဲ့ ကာမိုင်းနဲ့သားဖြစ်သူတ်ို့ဟာ လုပ်ငန်းအကျိုးတူပူးပေါင်းသူဖြစ်တဲ့ ရုကာနဲ့ညှိနှိုင်းရန် သွားတွေ့ဆုံရာမှ ဖခင်ဖြစ်သူအသတ်ခံလိုက်ရပါတော့တယ်။ဖခင်ဖြစ်သူအတွက် လက်စားချေဖို့ကြိုးစားရင်း ရဲအရာရှိတစ်ယောက်ဖြစ်နေပြီတဲ့ ငယ်သူငယ်ချင်းနဲ့ ပြန်အဆက်အသွယ်ရခဲ့ပါတယ်။ အဖေဖြစ်သူအတွက် လက်စားချေဖို့ကြိုးစားရင်း ဘယ်လိုအခက်အခဲတွေနဲ့ရင်ဆိုင်ရမလဲ ၊ ရဲဖြစ်သူ သူငယ်ချင်းကရော ဂိုဏ်းရန်ပွံတွေကြားမှာ ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ စသဖြင့်ကြည့်ရှုခံစားရမယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ File size…(1.5 GB)/(775 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Crime, Action Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice
movie

End of Loyalty (2023)

The Fearway (2023)
The Fearway (2023) ဒီတစ်ခေါက်မှာတော့ ၂၀၂၃ ခုနှစ်ရဲ့အသစ်ထွက် Horror/Mystery/thriller ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဆယ်ရာနဲ့မိုက်ကယ်တို့က မကြာခင်လက်ထပ်တော့မယ့် ချစ်သက်တမ်းကြာစုံတွဲလေးဖြစ်ပြီး လက်မထပ်ခင် နေမကောင်းဖြစ်နေတဲ့ ဆယ်ရာရဲ့ ဖခင်ဖြစ်သူရှိရာမြို့ကို ဖခင်ဖြစ်သူကိုတွေ့ဖို့ ခရီးထွက်ခဲ့ကြပါတယ်။ လမ်းခရီးမှာ မထင်မှတ်ဘဲ တစ်ခုခုကိုတိုက်မိလိုက်ပေမယ့် ထူးဆန်းစွာနဲ့ ဘာမှရှိမနေခဲ့ပါဘူး။ နှစ်ယောက်သား ဇဝေဇဝါနဲ့ ဆက်သွားခဲ့ကြရင်း သူတို့ကားနောက်မှာ မသင်္ကာစရာကားတစ်စီး လိုက်လာတာကို သတိထားမိခဲ့ကြပါတယ်။ အဲဒါနဲ့ အန္တရာယ်ကို ခဏတာရှောင်ရှားနိုင်ဖို့ လမ်းမှာတွေ့တဲ့ ရပ်နားစခန်းက စားသောက်ဆိုင်ကို ခဏဝင်ပြီး ခြေရာဖျောက်ခဲ့ကြတာပေါ့။ ခဏနားပြီး ပြန်ထွက်လာပေမယ့် နောက်ယောင်ခံလိုက်တဲ့ကားက ဘယ်လိုလုပ်လုပ် နောက်ကလိုက်တာရပ်မသွားတာမို့ သူတို့ရင်ဆိုင်နေရတာ ဘာလဲဆိုတာ သိနိုင်ဖို့ ဆယ်ရာက ကားပေါ်ကဆင်းပြီး အနောက်ကကား မောင်းတဲ့သူကို သွားကြည့်ခဲ့ပါတော့တယ်။ ဒါပေမယ့် ထင်သလို ရိုးရှင်းတဲ့အခြေအနေမျိုးမဟုတ်ဘဲ ထိတ်လန့်စရာတစ်ခုခုကို မြင်လိုက်ရတဲ့ ဆယ်ရာက ကြံရာမရဖြစ်သွားပြီး ကြောက်လန့်တကြားနဲ့ ခြေဦးတည့်ရာ ဆက်မောင်းနေခဲ့ရင်း နောက်က ကားကလည်းလိုက်နေဆဲဖြစ်နေလို့ စိတ်ရှုပ်ထွေးနေတုန်း ...
movie

The Fearway (2023)

Deinfluencer (2023)
Deinfluencer (2023) Deinfluencer (2023)ယနေ့ခေတ်မှာ ကျွန်တော်တို့အားလုံးရဲ့နေ့စဉ်ဘဝမှာ Entertainment ကဏ္ဍက‌နေ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်လာတဲ့အရာကတော့ Social Mediaပါပဲ။ Social mediaနဲ့ Influencer တွေရဲ့အရေးပါမှုက တစ်နေ့တခြား ပိုပိုနေရာယူလာမှုနဲ့အတူ Social media addiction နဲ့ပြဿနာတွေ၊ Cyber Bullying and Abuse တွေ တဖြည်းဖြည်းလိုက်ပါလာတာကိုတော့ ငြင်းမရပါဘူး။ဒီလိုနဲ့ပဲ Social Media ရဲ့ ပြဿနာတွေကို လူတွေသိအောင် သတိထားမိအောင် ချပြတဲ့‌လူတွေ Influencer တွေကို ဆန့်ကျင်တိုက်ခိုက်မဲ့ deinfluencerဆိုတဲ့လူတွေ နေရာအနှံ့မှာ ပေါ်လာတော့တာပေါ့။အခုတင်ဆက်ပေးမဲ့ရုပ်ရှင်လေးထဲမှာကတော့ Social media influencer တစ်ယောက်ဖြစ်တဲ့ . ကယ်လီဝီဗာဆိုတဲ့ ကောင်မလေး အစွန်းရောက် Deinfulencer ဖြစ်တဲ့ ချားလ်စ်ရဲ့လက်ထဲမှာ ဖမ်းခံထားရတာနဲ့ အစပျိုးထားပါတယ်။ ကယ်လီက Social Media မှာ ဖော်လိုဝါ ၅ သိန်းလောက်ရှိတဲ့ Cheerleader မလေးတစ်ယောက်၊ တစ်နည်း ကောင်လေးတွေရဲ့အသဲကို ဖမ်းစားထားတဲ့ကောင်မလေးပေါ့။ကယ်လီတစ်ယောက် ချားလ်စ်ဆိုတဲ့ ဆိုက်ကိုဆန်ဆန် deinfluencerလက်ကနေ ...
movie

Deinfluencer (2023)

2023
Panama (2022)
Panama (2022) Panama (2022)ကြမ်းပေ့ဆိုတဲ့ အက်ရှင်တွေ ကြိုက်တဲ့ CM ပရိသတ်ကြီးတို့အတွက် မင်းသားကြီး Mel Gibson ပါ၀င်ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ။Iran-Contra အရေးအခင်းချိန်မှာ ဇာတ်အိမ်တည်ထားတဲ့ ဒီဇာတ်လမ်းမှာ Gibson ကတော့ အမေရိကန် ကာကွယ်ရေးဌာနက ကန်ထရိုက်တာတစ်ဦးပါ။ ဒီအရေးအခင်းမှာ Contra တို့ဘက်ကို ပနားမားအခြေစိုက် အမေရိကန် ခံတပ်က စီအိုင်အေအကူအညီနဲ့ လက်နက်တွေ ထောက်ပံ့နေတာပါ။ ဒါပေမဲ့ ထုတ်ပြန်ချက်တစ်ခုကြောင့် လက်နက်ထောက်ပံ့ဖို့ မဖြစ်နိုင်တော့ချိန်မှာ တခြားနည်းလမ်းတစ်ခုကို စဉ်းစားရပါတော့တယ်။ ဒီမစ်ရှင်အတွက် ပထမဆုံး တာ၀န်ကတော့ ဆိုဗီယက် ရဟတ်ယာဉ်တစ်စင်း၀ယ်ပြီး တစ်ဖက်ကို ပို့ဆောင်ပေးဖို့ပဲဖြစ်ပါတယ်။ဒီတာ၀န်အတွက် တပ်ဖွဲ့၀င်ဟောင်းတစ်ယောက်ဖြစ်တဲ့ ဂျိမ်းစ် ဘက်ကာဆိုသူကို ရွေးချယ်လိုက်ပါတယ် သူဟာ သိပ်ကို ခေါင်းမာပြီး ထင်ရာစိုင်းတတ်သူမျိုးမလို့ တာ၀န်သာပေးရတယ် ခပ်လန့်လန့်ဆိုသလိုမျိုးပါ။ သို့ပေမဲ့ မစ်ရှင်အတွက် အသင့်တော်ဆုံးသူက သူဖြစ်နေတဲ့အခါ ဘက်ကာ့ကို ပနားမားကို လွှတ်ပြီး တာ၀န်ထမ်းဆောင်စေပါတော့တယ်။ တာ၀န်ထမ်းဆောင်ရင်းနဲ့မှ ပနားမားအတွင်း ယူအက်စ် ကျူးကျော်မှုကိစ္စမှာ ဘက်ကာတစ်ယောက် ၀င်ပါမိတဲ့အခါ ဘာတွေဆက်ဖြစ်မလဲ။ ရဟတ်ယာဉ် မစ်ရှင်ကရော အောင်မြင်မလားဆိုတာ ကြည့်ရှုပေးကြပါဦးအညွှန်းကတော့ Yoon Sandi ...
movie

Panama (2022)

2022
Once Upon a Time at Christmas N/A
Once Upon a Time at Christmas   ခရစ်စမတ်ကားကောင်းလေးတစ်ကားကိုမိတ်ဆက်ပေးချင်ပါတယ်.. ဒီကားရဲ့ပုံစံကတော့ Horror ပါ... Horror ပုံစံအတိုင်းပဲကြောက်စရာအခန်းတွေများပါတယ်... အားလုံးသိကြတဲ့ ခရစ်စမတ်ဘိုးဘိုးကြီးဟာ ခရစ်စမတ်နေ့မှာလက်ဆောင်တွေလိုက်ပေးနေကျ လူဝကြီးတစ်ယောက်ပေါ့... ဒါပေမယ့် ဒီကားရဲ့ခရစ်စမတ်ဘိုးဘိုးကြီးတော့ ရူးကြောင်ကြောင်နဲ့ဆိုက်ကိုဖောက်နေတဲ့ လူသတ်သမားတစ်ယောက်ပါ... သူနဲ့အတူ ကောင်မချောချောလေးတစ်ယောက်ပါပါတယ်... သူကလည်းဆန်ဒါကလော့ပါပဲ.. ဒါပေမယ့် ကြောက်စရာမိန်းကလေးဆန်ဒါကလော့ပေါ့... သူတို့နှစ်ယောက်ဟာ ခရစ်စမတ်မတိုင်ခင် ၇ရက်လောက်အလိုမှာ လူတွေကိုတစ်ရက်ကိုတစ်ခါရက်ရက်စက်စက်နဲ့ကိုသတ်ကြတာပါ... တစ်ရက်ကိုတစ်ခါဆိုပေမယ့် ဒီနေ့တစ်ယောက်ဆိုရင်မနက်ဖြန်ရဲ့လူသတ်တဲ့ဦးရေဟာ ဒီနေ့ထက်ကိုပိုများလာတာကလည်းထူးဆန်းစရာပါ.... ဒီလိုနဲ့နှင်းတွေဖုံးလွှမ်းနေတဲ့မြို့လေးမှာလူတွေကိုရက်ရက်စက်စက်အသတ်ခံရတဲ့အတွက် သွေးတွေဖုံးလွှမ်းလာခဲ့ပါတယ်... ဒေသခံရဲတွေဖမ်းဖို့ခက်ခဲလွန်းတဲ့သူတို့နှစ်ယောက်ကို တော်ပါတယ်...တတ်ပါတယ်ဆိုတဲ့ FBI ကလူတွေ ဆင်းလာပြီးဖမ်းတာတောင်မှ  ဘယ်လိုရက်ရက်စက်စက်သတ်ဖြတ်ပစ်လိုက်ကြတယ်ဆိုတာ ဒီကားလေးကိုပဲအဆုံးထိကြည့်ပြီးတော့ ကောင်းမကောင်းဆုံးဖြတ်လိုက်ရအောင်လား.....File Size : (762 MB) and (330 MB) Quality : 720p WEB DL Running Time : 1hr 37min Format : Mp4 Genre :Horror Subtitle : Myanmar Subtitle (Hard Sub) Source : 720p WEB DL Translated by ...
movie


2017