Channel Myanmar

Silvia Alonso

Venicephrenia (2024) Veneciafrenia 5.3
Venicephrenia (2024) Veneciafrenia  Veneciafrenia (2024)IMDb Rating (5.2) / Rotten Tomatoes (75%) စပိန်နိုင်ငံသား သူငယ်ချင်းတစ်စုဟာ သူတို့အုပ်စုထဲကတစ်ယောက် လက်မထပ်ခင် နောက်ဆုံးခရီးအဖြစ် ဗင်းနစ်မြို့ကိုထွက်ခွာလာခဲ့ကြပါတယ်။လမ်းမှာ သူတို့သတိထားမိတာကတော့ မြို့ခံတွေဟာ ခရီးသွားသင်္ဘောကြီးတွေကိုဆန္ဒပြနေတာ၊ ခရီးသည်တွေအပေါ် အမြင်မကြည်ကြတာတွေကိုပါပဲ။ရောက်ရောက်ချင်းညမှာပဲ သူတို့တစ်အုပ်လုံး သောက်စားပျော်ပါးကြရင်း လမ်းမှာတွေ့တဲ့ မျက်နှာဖုံးစွပ်ပါတီတစ်ခုကို ဝင်နွှဲပြီး အမူးလွန်သွားခဲ့ကြပါတယ်။နောက်တစ်နေ့မနက် ဟိုတယ်ပြန်ရောက်ချိန်မှာတော့ သူတို့ထဲက တစ်ယောက်ဟာ ပျောက်ချင်းမလှပျောက်နေခဲ့ပါပြီ။ဒီလိုနဲ့သူငယ်ချင်းပျောက်ကိုပြန်ရှာရင်း၊ ဟိုတယ်နဲ့ ရဲတပ်ဖွဲ့တွေဆီမှာ အကူအညီတောင်းခံရင်းသိလာရတာကတော့ ဟိုတယ်ကလူတွေရော အထောက်အထားတွေအရပါ ပျောက်သွားတဲ့သူငယ်ချင်းသူတို့နဲ့အတူရှိနေခဲ့တာကို သက်သေခံနိုင်တဲ့အရာတစ်ခုမှရှိမနေခဲ့တာပါ။ဒါပေမယ့် အခိုင်အမာသိကြတဲ့ သူတို့သူငယ်ချင်းတစ်စုကတော့ လက်မလျှော့ပဲ ရှာဖွေရင်း နောက်တစ်ယောက် ရက်ရက်စက်စက်အသတ်ခံလိုက်ရသလို ကျန်တဲ့သူတွေပါ အန္တရာယ်တွေရဲ့ခြိမ်းခြောက်မှုကို ခံလာရပါတော့တယ်။တင်ပြပုံရော ဇာတ်လမ်းပါ ဆန်းသစ်ကောင်းမွန်တဲ့ Slasher/Thriller ကို ဟာသနှောတင်ဆက်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size… (6.7 GB) / (2.4 ...
movie

Venicephrenia (2024) Veneciafrenia

2024
4K HEVC
Shrew’s Nest (2014)
Shrew’s Nest (2014) Shrew's Nest (2014)**********************IMDb....6.7cm ပရိသတ်ကြီးကို ၁၉၅၀ ဝန်းကျင် ခေတ် မက်ဒရစ်မြို့ကို နောက်ခံထားတဲ့ စပိန်ဘာသာစကားပြောHorror Thriller ဇာတ်ကားလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။လူတွေဟာ ရှင်သန်ဖြတ်သန်းရတဲ့ ဘဝအခြေအနေတွေ မတူညီတာနဲ့အမျှ စိတ်ခံစားချက်အသီးသီးဟာလည်း မတူညီကြပါဘူး။ချစ်ခြင်းမေတ္တာဟာ လှပတယ်ဆိုပေမဲ့ အစွန်းရောက်သွားပြီးတော့ စိတ္တဇအခြေအနေအဖြစ်ကူးပြောင်းသွားတဲ့အခါမှာတော့ ကြောက်ဖို့ကောင်းတဲ့ အရာတွေကို မရည်ရွယ်ဘဲလုပ်မိလျက်သား ဖြစ်တတ်တဲ့သဘောရှိပါတယ်။ဒီဇာတ်ကားဟာ လူတွေ ဂရုမမူမိတတ်ကြတဲ့ စိတ်ရောဂါအခြေနေ ကွဲပြားပုံတွေနဲ့ ဒါကိုလျစ်လျူရှုထားတဲ့အခါမှာဘယ်လိုဆိုးဝါးရဲ့အရာတွေ ဖြစ်နိုင်သလဲဆိုတာကိုဇောင်းပေး ရိုက်ကူးထားတာပါ။တင်ဆက်ပုံကောင်းမွန်ပြီး ပါဝင်သရုပ်ဆောင်သူတွေ သရုပ်ဆောင် ကောင်းကြသလို ရုပ်ရှင်ပွဲတော်တွေမှာဆန်ကာတင်ချိတ်ရုံတင်မက ဒါရိုက်တာဆု၊ ဇာတ်ကားဆုနဲ့ အကောင်းဆုံး သရုပ်ဆောင်ဆုတွေကိုပါဆွတ်ခူးထားနိုင်တဲ့ ဇာတ်ကားကောင်း တစ်ကားပါ။ကြည့်ရှုနေရင်းနဲ့ ကိုယ်တိုင် လိုက်ပါစီးမျောရင်း မွန်းကြပ်လာတဲ့ ခံစားချက်ကို ပေးစွမ်းနိုင်တဲ့ဇာတ်ကားဆိုလည်း မမှားပါဘူး။ဒီဇာတ်ကားမှာ အဓိက သရုပ်ဆောင်ဖြစ်တဲ့ မွန်ဆေးဆိုတဲ့ အမျိုးသမီးဟာ ငယ်စဉ်ကတည်းကမိခင်သေဆုံးပြီးချိန် ကျန်တဲ့ ဖခင်ဖြစ်သူက စိတ္တဇရောဂါဖြစ်ပြီး အနိုင်ကျင့်မှု ခံခဲ့ရပါတယ်။ငယ်ရွယ်စဉ်မှာ စိတ်ပိုင်းဆိုင်ရာတင်မက ...
movie

Shrew’s Nest (2014)

Just One Time (2021) 5.6
Just One Time (2021) Just One Time [2021] (IMDb 5.7/10)Just One Time ဆိုတဲ့ စပိန်ဇာတ်ကားလေးကတော့ အိမ်ထောင်ရေးပြဿနာအကြောင်းကို ရိုက်ပြထားတာပါ... ဇာတ်လမ်းကတော့ ပါဘလိုက ဇနီးသည် အီဗာကို ကိုယ်ထိလက်ရောက်စော်ကားခဲ့တဲ့အတွက်ကြောင့် ဥပဒေအရ လူမှုဖူလုံရေးစင်တာမှာ ကုထုံးခံယူရတာကနေ စတင်ခဲ့ပါတယ်... ပါဘလိုဟာ ဒေါသကြီးတတ်သော်ငြား တခါမှာ ရှူးရှူးဒိုင်းဒိုင်းသောင်းကျန်းတတ်သူ မဟုတ်ခဲ့တာမို့ သူဟာ သူမှန်ကန်ကြောင်း အကျိုးအကြောင်းဆီလျော်ကြောင်းသာ လက်ခံထားခဲ့ပါတယ်... ကုထုံးပညာရှင် လော်ရာက ပါဘလိုနဲ့ အီဗာတို့ကို တလှည့်စီ တွေ့ဆုံပြောဆိုရင်းက သူတို့ ကနဦးက ထွက်ဆိုချက်တွေနဲ့ ကွဲလွဲပြီး ပိုမိုရှုပ်ထွေးလာပါတော့တယ်... ဒီအချိန်မှာပဲ လော်ရာဟာ အနှောက်အယှက်တစ်ခုနဲ့ စတင်ကြုံတွေ့လာရပါတော့တယ်... စပိန်နိုင်ငံမှာ လင်လုပ်သူက ဇနီးသည်ကို ရိုက်နှက်ခြင်းဟာ ပုံမှန်ပဲလို့ ထင်မြင်ယူဆကြတာဟာ နှစ်ပေါင်းများစွာပါ... ဇာတ်လမ်းအရ မကြာသေးခင်ကမှ ဥပဒေတွေ ချမှတ်လိုက်ကြတာမို့... ဒီလို အိမ်တွင်းအကြမ်းဖက်မှုတွေကို လိုက်လံဖြေရှင်းပေးရတဲ့ လော်ရာတို့လို လူမှုဖူလုံဝန်ထမ်းတွေဟာ ယောက်ျားတွေရဲ့ ပစ်မှတ်ထားအန္တရာယ်ပြုခြင်းကိုလည်း ခံရပါတယ်... ဒီလိုမျိုး အန္တရာယ်တစ်ဖက် ပါဘလိုတို့အရေးတစ်ဖက်မှာ ဘာတွေဘယ်လို ဆက်ဖြစ်သွားမလဲ... အကြမ်းဖက်မှုမှာ မှန်ကန်တဲ့အကျိုးအကြောင်းပြချက်ဆိုတာ မရှိဘူးဆိုတဲ့ လော်ရာတစ်ယောက် သူ့အပေါ်ကျရောက်လာတဲ့ ...
movie

Just One Time (2021)

2021
Love at First Kiss (2023) 5.7
Love at First Kiss (2023) Love at First Kiss (2023)ဘဝမှာ supernatural ability တစ်ခုသာ ပိုင်ဆိုင်ခွင့်ရခဲ့မယ်ဆိုရင် အနာဂတ်ကိုကြိုမြင် ကြိုသိနေချင်ပါတယ်ဆိုတဲ့လူတွေ ရှိနေမှာပါ။ ဒါပေမဲ့ တကယ်တမ်းအားလုံးကိုကြိုသိနေရခြင်းက တကယ်ပဲကောင်းတာဟုတ်ရဲ့လား။ ဇာတ်သိမ်း Spoil မိသွားတဲ့ ရုပ်ရှင်တစ်ခုတောင် ကြည့်ရတာအရသာပျက်သွားပြီဆိုရင် ဇာတ်သိမ်းကိုကြိုမြင်နေရတဲ့ ဘဝတစ်ခုကရော.....မိန်းကလေးတစ်ယောက်နဲ့ ပထမဆုံးအနမ်းတစ်ပွင့်ခြွေဖူးရုံနဲ့တင် ဒီမိန်းကလေးနဲ့သူရဲ့ အချစ်ဇာတ်လမ်းကို မြင်နိုင်တဲ့ထူးခြားတဲ့အစွမ်းကို ပိုင်ဆိုင်ထားတဲ့ဟာဗီယာ၊ အနာဂတ်ရှေ့ရေးကို အမြဲကြိုမြင်နေတဲ့ဟာဗီတစ်ယောက် အဆင်မပြေနိုင်မှန်းသိနေတဲ့ RS တွေကို ဘာမပြောညာမပြောနဲ့ သစ်စိမ်းချိုးချိုးလေ့ရှိပါတယ်။ ဒီတော့ ဟာဗီကိုယ်တိုင်လည်း Commitment ဆိုတာကို ကြောက်လာသလို မိန်းကလေးတွေကြားမှာလည်း လူရှုပ်လူပွေအဖြစ် နာမည်ဆိုးထွက်သူတစ်ယောက် ဖြစ်လာတော့တာပေါ့။ဘယ်မိန်းကလေးနဲ့နမ်းနမ်း သာယာတဲ့အနာဂတ်ကိုမမြင်ရလို့ စိတ်ပျက်နေတဲ့အပြင် အလုပ်ကပါအဆင်မပြေလို့ အရှုံးပေါ်နေပြန်လို့ အနုတ်ပြနေတဲ့ဟာဗီရဲ့ဘဝထဲကို အနမ်း ၂ ပွင့်နဲ့အတူ ဝင်ရောက်လာခဲ့တဲ့ မိန်းကလေး ၂ ယောက်၊ အဲဒီထဲကတစ်ယောက်တော့ ဟာဗီရဲ့အချစ်ဆုံးသူငယ်ချင်းရောဘတ်တိုရဲ့ချစ်သူဖြစ်တဲ့ လူစီယာနဲ့ နောက်တစ်ယောက်ကတော့ အမြဲတမ်းခံစားချက်တွေကို သိမ်းထားတတ်တဲ့ဟာဗီကို ရင်ဖွင့်လာအောင်လုပ်နိုင်ခဲ့တဲ့ လွတ်လပ်ပြီးပျော်ပျော်နေရတာကြိုက်တဲ့အေရီယာနာ။ ဘယ်တစ်ယောက်နဲ့ ဘယ်လိုအနာဂတ်တွေကို ဟာဗီမြင်လိုက်ပြီးတော့ သူရွေးမဲ့လူက ဘယ်သူဖြစ်မလဲဆိုတာ အားလုံးအ‌တူ ကြည့်ရှုရင်း အဖြေရှာလိုက်ရအောင်ပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ...
movie

Love at First Kiss (2023)

2023
Mirage(2018) 7.6
Mirage(2018) Mirage(2018) IMDb....7.8 ၁၉၈၉ ခုနှစ်.... နီကိုဆိုတဲ့ကောင်လေးက ဂစ်တာတီးသီချင်းဆိုဝါသနာတဲ့ကောင်လေး... နီကိုဟာ ဂစ်တာတီးသီချင်းဆိုတဲ့အချိန် ဗွီဒီယိုမှတ်တမ်းလေးတွေတင်ထားလေ့ရှိတယ်.... တစ်နေ့သူဂစ်တာတီးနေတုန်း အိမ်နီးနားချင်း မိသားစုဆီကနေ ဆူညံသံတွေကြားလွန်းတော့ ကလေးပီပီ စူးစမ်းချင်စိတ်ကြောင့်  သွားကြည့်မိတယ်...သွားကြည့်မိတာ နီကိုအတွက် တကယ့်မဟာအမှားပါပဲ..သူအိမ်ထဲကိုရောက်တဲ့ ယောက်င်္ကျားဖြစ်သူမှ သူ့မိန်းမကို ဓားနဲ့ထိုးသတ်တာကိုတွေ့လိုက်ရပါတယ်.. နီကိုတစ်ယောက် ကြောက်လန့်တကြားအိမ်အပြင်ထွက်ပြေးတဲ့အချိန် ကံဆိုးစွာပဲ ကားတိုက်ခံရပြီးဆုံးပါးသွားတယ်... သူ့ရဲ့ အခန်းလေးထဲမှာတော့ ဗီဒီယိုကင်မရာလေးတစ်လုံး TVတစ်လုံးနဲ့ သီချင်းမှတ်တမ်းတိပ်ခွေပေါင်းများစွာကျန်ခဲ့လေရဲ့..... ဒီTV ၊ကင်မရာ နဲ့ တိပ်ခွေတွေကပဲဒီဇာတ်ကားရဲ့အလှည့်အပြောင်းလို့ဆိုရမယ်... နောက်နှစ်ပေါင်း (၂၅)နှစ်ကြာတော့ နီကိုအသက်ရှိစဉ်ကနေခဲ့တဲ့အိမ်ကို မိသားစုတစ်စုပြောင်းလာတယ်.. အဲ့ဒီမိသားစုဟာ ဒီတိပ်ခွေနဲ့ တီဗွီ ကင်မရာတို့ကိုတွေ့ရှိပြီးနောက်မှာတော့.... တကယ့်ကပ်ဆိုးကြီးကျရောက်သလိုဖြစ်သွားတယ်... ဒီကားက စပိန်ဇာတ်ကားဖြစ်ပြီး အလှည့်အပြောင်း များလွန်းတဲ့ဇာတ်ကားလို့တောင်ဆိုရမယ်ထင်တယ်.. ဇာတ်လမ်းကိုနိဒါန်းလေးပျိုးနေတဲ့ မိနစ်(၂၅)မိနစ်လောက်အထိသာ သာမန်လို့ထင်ရပေမယ့် အဲ့ဒီနောက်ပိုင်းတော့ ကြည့်ရှုတဲ့သူဟာ "ဟာ" ခနဲတောင်ရေရွတ်မိမယ်ထင်တယ်...Tempo ကျသွားတာမရှိသလောက်ပဲ...  မထင်မှတ်ထားတဲ့ဇာတ်အိမ်တွေ plot twist တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်...sci-fi thriller အပြင် Drama လေးတွေပါ ရောနှောထားတယ်... ဇာတ်လမ်းက အတော်ဆွဲဆောင်မှုရှိတဲ့ကားမို့ စပွိုင်လာရှောင်ပြီးဒီလောက်ပဲပြောပါရစေ... ဒီကားက ခင်ဗျားတို့ထင်ထားတာထက်ပိုကောင်းနေလိမ့်မယ်..... စကားမစပ် ပရော်ဖက်ဆာလို့ ကျွန်တော်တို့ သိခဲ့တဲ့ ဘဏ်ဓားပြကြီးပါဝင်ထားပါတယ်... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Yoon Wah Wah Theint ...
movie

Mirage(2018)

2018