Channel Myanmar

Sian Clifford

The Ballad of Wallis Island (2025) 7.4
The Ballad of Wallis Island (2025)  The Ballad of Wallis Island (2025)IMDb Rating (7.4) / Rotten Tomatoes (98%) ဒီနှစ် Sundance ရုပ်ရှင်ပွဲတော်မှာ ပြသခဲ့ပြီး ပွဲတော်အတွင်း ပြသခဲ့တဲ့ 2025 ခုနှစ်ရဲ့ အကောင်းဆုံးရုပ်ရှင်တွေထဲကတစ်ကားအဖြစ် သတ်မှတ်ခံခဲ့ရသလို၊အကောင်းဆုံးရုပ်ရှင်တွေထဲကတစ်ကားအဖြစ်လည်း ချီးကျူးခံထားရပါတယ်။ရီဗျူးတွေ အရဆိုရင်လည်း ကြည့်ရှုခံစားသူ ပရိတ်သတ်တွေကို အားရကျေနပ်စေတဲ့ ရုပ်ရှင် ကားလေးဖြစ်ပါတယ်။ ဟာသလေးနှောတဲ့ ဒရမ်မာ ဆန်ဆန် ကားလေးပါ။နှလုံးပီတိ ဂွမ်းဆီထိဆိုသလို ၊ နှလုံးသား အရည်ပျော်စေလောက်အောင် စိတ်ချမ်းမြေ့စရာ၊ ကြည်နူးစရာ ကောင်းလှတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။အရေးကြီးဆုံးအရာဟာ ချစ်ခြင်း မေတ္တာတရားပဲ မဟုတ်ပါလား။ ဇာတ်လမ်းအကျဉ်းချားလ်စ် ဟာ ထီဆုကြီးနှစ်‌ခါပေါက်ပြီး ၊ အမျိုးသမီး ဖြစ်သူ မယ်ရီနဲ့ ကမ္ဘာပတ်ကာ ခရီး‌တွေ ‌ထွက်ခဲ့သူပေါ့။မယ်ရီ ဆုံးသွားတဲ့နောက်မှာတော့ ချားလ်စ်လည်း ခရီးထွက်တာကို ရပ်လိုက်ပြီး ၊ အရမ်းကို ဝေးလှတဲ့ ကျွန်းတစ်ကျွန်းမှာ ...
movie

The Ballad of Wallis Island (2025)

2025
4K HEVC
Young Woman and the Sea (2024) 7.5
Young Woman and the Sea (2024)  ဒီဇာတ်ကားလေးဟာ တကယ့်အပြင်ကဖြစ်ရပ်မှန် နယူးယောက်မြို့ကဂျာမန်သူ ရေကူးကစားသမား ထရူဒီ အယ်ဒါလီအကြောင်းကိုရိုက်ကူးထားတာဖြစ်ပါတယ်။လက်ရှိအခြေအနေအမျိုးမျိုးကြောင့် စိတ်ဓာတ်ကျနေသူတွေ၊စိတ်ပျက်အားလျော့နေသူတွေ မိုတီယူဖို့အတွက် ကြည့်နိုင်တဲ့ဇာတ်ကားကောင်းလေးတစ်ကားပါ။ကြည့်နေရင်းနဲ့ကို ဇာတ်က ဆွဲဆောင်သွားပြီး ထိုင်ရာကမထကြည့်ရှုရမှာပါ...ဇာတ်လမ်းအစကိုတော့ ဝက်သက်ပေါက်ပြီး အိပ်ရာပေါ်မှာလဲနေတဲ့ ကောင်မလေး ထရူဒီနဲ့ စထားပါတယ်ဝက်သက်ဝေဒနာကို အပြင်းအထန်ခံစားနေရလို့ "ဒီနေ့ညကိုမကျော်နိုင်ဘူး" လို့ ဆရာဝန်ကပြောခဲ့ပေမဲ့ ရောဂါကို အံတုပြီးအသက်ဘေးကလွတ်ခဲ့တဲ့ ထရူဒီ သူနေမကောင်းဖြစ်နေတုန်းမှာရေမကူးတတ်လို့ သင်္ဘောပေါ်မှာ မီးလောင်သေဆုံးကြတဲ့အမျိုးသမီးတွေအကြောင်းကို ကြားထားရတဲ့ အမေဖြစ်သူကသားသမီးတွေ အကုန်လုံးကို ရေကူးသင်ပေးမယ်လို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ် ဖြစ်ချင်တော့ ထရူဒီဟာ ဝက်သက်ရောဂါကနားအထိဝင်ခဲ့တာမလို့ ရေထဲဆင်းရင် နားကန်းမှာဆိုတဲ့အတွက်ရေကူးသင်ခွင့် မရခဲ့ပါဘူး ဒါပေမဲ့ ဘယ်လိုအခြေအနေမျိုးဖြစ်ဖြစ်ခေါင်းမာမာနဲ့ ရအောင်လုပ်ခဲ့တဲ့ ထရူဒီဟာ ရေကူးတာကို ဝါသနာပါတဲ့အလျောက် ရေကူးတဲ့နေရာမှာလည်း သူမတူအောင် ထူးချွန်ခဲ့ပါတယ်..မိန်းကလေးဆို အချိန်တန် ယောကျ်ားယူ၊ ကလေးမွေး၊ အိမ်မှုကိစ္စပဲလုပ်ရမယ်ဆိုတဲ့ အယူအဆတွေ၊ ပတ်ဝန်းကျင်တွေရဲ့ကြားထဲမှာ ထရူဒီတစ်ယောက် အမေနဲ့ အစ်မဖြစ်သူရဲ့ အားပေးမှုကိုအကူအညီယူလို့ ရအောင်တွန်းလှန်ခဲ့ပါတယ်သို့ပေမဲ့လည်း ဘယ်လိုနေရာမှာမဆို ကျရှုံးအောင် ...
movie

Young Woman and the Sea (2024)

4K HEVC
Chevalier (2022) 6.6
Chevalier (2022) Chevalier (2022) ============= IMDb Rating - 6.6/10ဒီဇာတ်လမ်းက တေးရေးဆရာ Chevalier de Saint-Georges ဖြစ်တဲ့ Joseph Bologne အကြောင်းကို အခြေခံပြီး ရိုက်ကူးထား တာပါ။ပြင်သစ် သစ်တောပိုင်ရှင် သခင် Bologneနဲ့ သူ့ရဲ့ အာဖရိကန် ကျွန်တို့ကနေ မွေးဖွားခဲ့တဲ့ Joseph က ကပြားလူမဲကလေးပါ။ အဲဒီခေတ်က လူမဲတွေကို ကျွန်အဖြစ်နဲ့ သတ်မှတ်ထားကြတာမို့ Joseph ကိုလည်း သူ့ရဲ့အသားအရေနဲ့ ပတ်သက်ပြီး ကလေး တွေက အနိုင်ကျင့်ကြတယ်။ ဒါပေမဲ့ တယောထိုးရာမှာ တစ်ဖက် ကမ်းခတ်အောင်ကျွမ်းပြီး ဓားထိုး၊ ဘာသာစကား စတဲ့ ကျန်တဲ့ ပညာရပ်တွေလည်း အရမ်းကျွမ်းကျင်တာမို့ Joseph က မကြာ ခင်မှာပဲ ပြင်သစ်အထက်တန်းလွှာ တစ်ဦးအဖြစ် ကျော်ကြား လာခဲ့ပါတယ်။Josephက ပြင်သစ်ဘုရင်မ Marie Antoinette နဲ့လည်း သူငယ်ချင်း ဖြစ်ပေမဲ့ နောက်ပိုင်းမှာတော့ အထက်တန်းလွှာ ခင်ပွန်းသည်ဇနီး Marie Josephine နဲ့ ဖောက်ပြန်တာ၊ ပဲရစ်သံစုံတီးဝိုင်း ခေါင်းဆောင်နေရာကို ပြိုင်ကြတာနဲ့ ဘုရင်မနဲ့လည်း အခင်အမင်ပြတ်သွားတယ်။ နောက်ပိုင်း မှာ ...
movie

Chevalier (2022)

2022
The Magician’s Elephant (2023) 6.6
The Magician’s Elephant (2023) The Magician's Elephant (2023)"ဘောလ်တိစ်" ဆိုတဲ့ မြို့ငယ်လေးက မျှော်လင့်ချက်တွေဆိတ်သုဥ်းနေတဲ့မြို့လေးလို့ပြောရမယ်။ သူတို့ကြုံခဲ့ရတဲ့စစ်ပွဲကြီးအပြီးမှာ လူတွေကမပျော်ရွှင်ကြတော့ပါဘူး။ စစ်ကြီးကလဲ ပြီးတာ ဒီကားထဲက ဇာတ်လိုက်လေးရဲ့တစ်သက်ရှိနေပြီ။ ဒါပေမဲ့လူတွေက ပျော်ရွှင်မှုတွေမရကြသေးဘူး။ မျှော်လင့်ချက်တွေ ယုံကြည်မှုတွေ ပြန်မရှင်သန်ကြသေးဘဲ အဆိုးတွေပေါ်ပဲအာရုံစိုက် အဆိုးတွေကိုပဲမျှော်လင့်ပြီးနေကြသူတွေပေါ့။ တစ်နေ့မှာမျက်လှည့်ဆရာကြီးက ဒီလူတွေအတွက် မျှော်လင့်ချက်တွေပြန်ရှင်သန်စေဖို့ မန္တန်ကြီးတစ်ခုကိုလုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ သူ့ခဗျာမှာလဲ သိပ်မကျွမ်းကျင်တော့ ဆင်ကြီးတစ်ကောင်သာအမိုးကနေပွင့်ပြီးပြုတ်ကျလာပါတယ်။ မျက်လှည့်ဆရာကြီးက သူ့မန္တန်ကမအောင်မြင်ဘူးထင်တာပေါ့။ မျက်လှည့်ဆရာကြီးကိုယ်တိုင်လဲ သူ့ဆင်ကြီးက အဖွားကြီးတစ်ယောက်ပေါ်သွားပိတာကြောင့် ဂျေးထဲအောင်းသွားရပါတယ်။ ဒါပေမဲ့ ဒီဆင်ကြီးရောက်လာတာကပဲ ဒီကားထဲကဇာတ်လိုက်လေးအတွက် ယုံကြည်မှုတွေကိုအသက်သွင်းရာမှာ၊ သူ့မိသားစုကိုရှာဖွေရာမှာ အရေးအကြီးဆုံးနဲ့ပထမဆုံးခြေလှမ်းဖြစ်ပြီး ဘယ်လိုအံ့ဖွယ်ရာတွေကိုထပ်ဖြစ်စေမလဲဆိုတာကြည့်ရမှာပါ။ ဇာတ်လမ်းလေးက ကာတွန်းဆန်ဆန် ရယ်စရာမောစရာမှော်ဆန်ဆန်ဇာတ်လမ်းလေးဖြစ်တဲ့အပြင် ပေးချင်တဲ့မက်ဆေ့ချ်ကလဲ မျှော်လင့်ချက်ပျက်သုဥ်းနေသူတွေအတွက်၊ အကောင်းတွေအများကြီးထဲကအဆိုးတစ်ခုလောက်ကိုမှရွေးပြီး မျှော်လင့်ချက်ပျက်တတ်တဲ့လူတွေအတွက် အရာအားလုံးကဖြစ်နိုင်တယ်ဆိုတာမျိုးစိတ်ခွန်အားပေးထားတဲ့အတွက် ကလေးတွေရောလူကြီးတွေပါကြည့်သင့်တဲ့ဇာတ်လမ်းလှလှလေးပါပဲ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Animation, Adventure, Comedy Quality…. 1080p | 720p | 480p File size… 1.35GB | 766MB | 362MB Format… mp4 Duration….1h 39min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida Encoder ..... Aaron
movie

The Magician’s Elephant (2023)

2023
See How They Run (2022) 6.6
See How They Run (2022) ဒီရုပ်ရှင်ကတော့ လူသတ်သမားကိုဖော်ရတဲ့ ပဟေဠိအမျိုးအစားပါပဲ။ ဒါပေမဲ့ ဟာသနဲ့ရောစပ်ထားတာမို့ တစ်မျိုးဆန်းပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ထုံးစံအတိုင်းပါပဲ အဆောက်အဦတစ်ခုထဲမှာ လူတွေ စုနေတဲ့အချိန် လူတစ်ယောက်အသတ်ခံရမယ်၊ သံသယဖြစ်စရာလူတွေရှိမယ်၊ ဝါရင့်စုံထောက်တစ်ယောက်ပါမယ်၊ နောက်ဆုံးမှာမထင်ရဆုံးတစ်ယောက်က တရားခံဖြစ်နေမယ် ဒါမျိုးပေါ့။ဒီရုပ်ရှင်ထဲမှာတော့ အဓိကနေရာကလန်ဒန်က ပြဇာတ်ရုံကြီးတစ်ခုပါပဲ။ အဲဒီမှာ အက်ဂ်သာခရစ္စတင်းရဲ့ ကြွက်ထောင်ချောက်ဆိုတဲ့ ပြဇာတ်ကိုကပြနေပါတယ်။ လူသတ်ပဟေဠိပြဇာတ်အမျိုးအစားဖြစ်ပြီး အရမ်းအောင်မြင်နေတာကြောင့် အခါ ၁၀၀ လောက် ပြန်ကပြနေရပါတယ်။အဲဒီပြဇာတ်ရုံကိုပဲ ဒီပြဇာတ်ကို ရုပ်ရှင်ရိုက်ချင်လို့ ရောက်လာတဲ့ အမေရိကန် ဒါရိုက်တာနဲ့ပရိုဂျူဆာတစ်ယောက်ရောက်လာပါတယ်။ အဲဒီမှာ ပြဇာတ် စာရေးဆရာမ၊ ဇာတ်ညွှန်းဆရာ၊ မင်းသား စသည်ဖြင့် လူမျိုးစုံလည်းရှိနေတဲ့အချိန်မှာ အဲဒီအထဲက လူတစ်ယောက် အသတ်ခံလိုက်ရပါတယ်။ အဲဒီအမှုကိုတော့ စုံထောက်ကြီး စတော့ပတ်နဲ့ ရဲမေ ကော့တာ တို့က လာပြီးစုံစမ်းကြတဲ့အခါ ဘာတလွဲတွေဖြစ် ဘာအတည်ပေါက်တွေဖြစ်ကြမလဲဆိုတာ ဆက်ကြည့်ရမှာပါပဲ...ဗြိတိန်လေသံနဲ့ ဗြိတိန်ဟာသတွေပါတော့ တမျိုးလည်းခံစားလို့ကောင်းမှာပါ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Mr.Anderson ပါ။ )File Size__(GB) ...
movie

See How They Run (2022)

A Serial Killer’s Guide to Life (2019) 4.6
A Serial Killer’s Guide to Life (2019) Thirller,adventure ကားအမျိုးအစားပါမြို့ငယ်လေးတမြို့မှာနေတဲ့ လူအိစ် ကဆိုင်လေးတစ်ဆိုင်ဖွင့်ထားပြီးတော့အမေဖြစ်သူရဲ့စေခိုင်းမှုအောက်မှာ စိတ်ပျက်နေသူပါသူကဘဝနေထိုင်ရေးအကြံပေးစာအုပ် စီဒီ မှန်သမျှကို နားထောင်ပြီးတော့လိုက်လုပ်တဲ့သူပေါ့ တစ်နေ့မှာတော့သူဖြစ်ချင်တဲ့ဆန္ဒတွေကိုဖြည့်ဆည်း ပေးနိုင်မယ်လို့ထင်တဲ့သူရဲ့ဘဝလမ်းညွှန်သူ အသိအကျွမ်းတစ်ယောက်နဲ့အတူမွန်းကြပ်နေတာတွေရဲ့ထွက်ပေါက်တစ်ခုအနေနဲ့ ခရီးတစ်ခု ထွက်ခဲ့ပါတယ်ဇာတ်ကားနာမည်အတိုင်း ဘဝအကြံပေးသူအမျိုးသမီးက စိတ်ဖောက်ပြန်နေတဲ့ လူသတ်သမား ဖြစ်နေလို့နေပါတယ်..............စိတ်ဖောက်ပြန်နေတဲ့သူနဲ့ ဘဝကိုစိတ်ကုန်ပြီးဘဝအသစ်တစ်ခုကိုစမ်းသပ်ချင်နေတဲ့သူနဲ့ တွေ့မိတဲ့အခါမှာဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ် File Size : ( 755 MB , 366 MB )Quality : WEB-DL 720pRunning Time : 1 hr 21 minFormat : Mp4Genre : Adventure , Comedy , CrimeSubtitle : ...
movie

A Serial Killer’s Guide to Life (2019)