Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Shyam Mohan
5.8
Bromance (2025)
Bromance 2025 သွေးသားImdb 6/10မလေယာလမ်းဇာတ်ကားတွေက အစပိုင်းမှာ အေးပေမဲ့ နောက်ပိုင်းရောက်လာလေ ထိုင်ရာကမထကြည့်ချင်လေဆိုတာတော့ မလေယာလမ်းပရိသတ်တို့ သိကြမှာပါ ဒီဇာတ်ကားမှာလည်းအစပိုင်းမှာတော့ ဖြည်းဖြည်းချင်းသွားပေမဲ့ ဇာတ်ရှိန်မြင့်လာလေ ဆွဲထုတ်မိတဲ့အစပေါင်း များလာလေပါပဲ ရှင်တိုနဲ့ ဘင်တိုဆိုတဲ့ ညီအစ်ကို၂ယောက်.. ရှင်တိုကတော့ အကြီးပီပီ လုပ်တတ်ကိုင်တတ် တာဝန်ယူတတ်ပြီးမိသားစုရဲ့အားထားရာပေါ့ ဘင်တိုကတော့ အလုပ်မရှိ လူငယ်ပီပီ သူငယ်ချင်းတွေနဲ့အလေလိုက် ရန်ပွဲတွေဖြစ်နဲ့ ညီအစ်ကိုပေမဲ့ မိုးနဲ့မြေလောက်ကွာနေပါတယ် တစ်နေ့ ကျ ရုတ်တရက် ရှင်တိုပျောက်သွားပါတယ် ဖုန်းဆက်မရလူလည်းမတွေ့ရလို့ ရှင်တို့ သူငယ်ချင်းက ဘင်တိုကိုဖုန်းဆက်ပြီး ကိုချီကိုတက်လာခဲ့ဖို့ပြောပါတယ်ဒီလိုနဲ့ ၂ယောက်သားပူးပေါင်းပြီး ရှင်တိုကိုရှာမဲ့ခရီးစဉ် စတင်ပါတော့တယ် ဒီခရီးတစ်လျှောက် သူတို့၂ယောက်ဘာတွေအစဆွဲထုတ်မိမလဲ သူ့အစ်ကိုကရော ဘာဖြစ်လို့ပျောက်သွားတာလဲ ပြန်တွေ့နိုင်မလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ပါရှင်( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် ) File size…2.2 GB / 1.1 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h ...
movie
Bromance (2025)
6.2
ED: Extra Decent (2024)
ED: Extra Decent 2024 (မိသားစုရဲ့ အမှောင်ထု)ဒီဇာတ်ကားလေးကတော့ မလေယာလမ်ဘာသာစကားနဲ့ ရိုက်ကူးတင်ဆက်ထားတာဖြစ်ပြီး dark comedy thriller ဇာတ်ကားအမျိုးအစားဖြစ်ပါတယ်။ဘီနူဟာ သူ့အစ်ကိုကြီးကို အရမ်းချစ်သူတစ်ယောက်ဖြစ်ပါတယ်။ငယ်စဉ်အခါတုန်းက ဘီနူတို့ညီအစ်ကို အတူတူ ဆော့ကစားကြရင်း ဘီနူက ဗိုက်ဆာတယ်ပြောလို့ ရှီဘီတစ်ယောက် တစ်ခုခုချက်ကျွေးဖို့လုပ်ရင်း မီးမတော်တဆမှုဖြစ်ကာ မီးလောင်ဒဏ်ရာများနှင့်ပင် ရှီဘီတစ်ယောက်ဆုံးပါးသွားခဲ့ရပါတယ်။ဒီကိစ္စတွေဖြစ်ပြီးတဲ့အခါမှာ ဘီနူတစ်ယောက် စိတ်ဒဏ်ရာများစွာနဲ့ စိတ်ကျရောဂါကို ခံစားရင်း နေလာခဲ့ရတာပေါ့။ ဖခင်ဖြစ်သူဟာလည်း ဘီနူကို ဘာမှပေးမလုပ်ဘဲ ဟိုဟာဖြင့် မလုပ်တတ် ဒီဟာဖြင့် မလုပ်တတ်ဆိုပြီး အမြဲ ဆူပူကျိန်းမောင်းလျက်ရှိပါတယ်။ဘီနူတစ်ယောက် အသက်အရွယ်ရလာတဲ့အချိန်ရောက်တော့လည်း အစိုးရစာမေးပွဲကို ဖြေလိုက်တိုင်းကျတာ သတ်မှတ်ထားတဲ့အသက်ကန့်သတ်ချက်ကိုကျော်သွားတဲ့အထိပါပဲ။ဒီလိုမျိုးနဲ့ပဲ ဘီနူတစ်ယောက်ဟာ ဘဝကို အလုပ်အကိုင်မရှိဘဲ ဖခင်ဖြစ်သူရဲ့ ပြောဆိုနှိမ်ချမှုတွေကိုခံရင်း ဘဝကို အဆင်ပြေသလိုလေး နေလာခဲ့ပါတော့တယ်။ဘဝကို အဆင်ပြေသလိုလေးနေလာခဲ့ရင်းကနေ ဘီနူတစ်ယောက် သည်းခံမှုတွေ ကုန်ဆုံးသွားတဲ့အချိန်မှာတော့ ............အစ်ကိုဖြစ်သူရဲ့ သေဆုံးမှုအတွက်နဲ့ ဘယ်လိုတွေ လက်စားချေသွားမလဲ ....... အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နေတတ်တဲ့ ဘီနူတစ်ယောက် ဘယ်လိုပုံစံကိုပြောင်းလဲသွားမလဲ .......ဆိုတာကို ကြည့်ရှုရမဲ့အပြင် ဟာသနဲ့ ဒရာမာရောနှောပြီး တင်ဆက်ပေးထားတာဖြစ်လို့ ဘောလိဝုဒ်ပရိသတ်ကြီးတို့အတွက် ...
movie
ED: Extra Decent (2024)
8.5
Amaran (2024)
Amaran (2024) "မသေမျိုး" IMDb - 8.5/10အသစ်ထွက်ရှိလာတဲ့ တောင်ပိုင်းမင်းသား ဆီဗာကာသီကေယန်ရဲ့ တမီးလ်ရုပ်ရှင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။ ဝင်ငွေအနေနဲ့ရော ပရိသတ်အားပေးမှုရော ကောင်းကောင်းရခဲ့တဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်။မူကွန်...။ ငါးတန်းကတည်းက ဗိုလ်လောင်းသင်တန်းကျောင်းကို ကွင်းဆင်းလေ့လာရေးသွားရပြီး ဗိုလ်လောင်းတွေရဲ့ စစ်ချီသံ...ယူနီဖောင်း...ရိုင်ဖယ်နဲ့ ကိုယ်နေဟန်ထားတွေကိုကြည့်ပြီး စစ်သားတစ်ယောက်ဖြစ်ဖို့ ဆုံးဖြတ်ခဲ့သူ။မိခင်ကြီး အတန်တန်တားနေတဲ့ကြားက ချစ်သူလေးရဲ့ အားပေးမှုနဲ့အတူ လက်ရွေးစင်တပ်ဖွဲ့ထဲဝင်ဖို့ ကြိုးစားခဲ့တဲ့ မူကွန်။ချစ်ရတဲ့သမီးနဲ့မိန်းမ၊ မိသားစုကိုပစ်ထားခဲ့ပြီး တပ်ခွဲမှူးအသစ်အနေနဲ့ နယ်စပ်အနီးတစ်နေရာမှာ တာဝန်ကျချိန်။ လွှတ်တော်ကိုအကြမ်းဖက်တိုက်ခိုက်မှုနဲ့ အကြမ်းဖက်သမားတစ်ယောက်ကို သေဒဏ်ပေးပြီးတဲ့နောက် အကြမ်းဖက်သမားတွေဘက်က တိုက်ခိုက်မှုတွေ ပိုမိုဆိုးရွားလာတဲ့အခါမှာတော့...။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်) File size… 2.9 GB / 1.5 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 47m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Amaran (2024)
7.5
Nunakkuzhi (2024)
Nunakkhuzhi (2024) "အပျော်မှအပျက်ဆီသို့"ယခုအခါမှာတော့ IMDB 7.5/10 ရရှိထားတဲ့ ဘောလီးဝုဒ်ဟာသကားလေးကို တင်ဆက်ပေးသွားမှာပါ။မိခင်ဖြစိသူရဲ့ ဖူးဖူးမှုတ်ဂရုစိုက်မှုတွေကြောင့် ကလေးစိတိမကုန်သေးတဲ့ အက်ဘီ... ဖခင်ဖြစ်သူရဲ့ မသေခင်ဆန္ဒကြောင့်အိမ်ထောင်ပြုပီ့း ကုမ္ပဏီကိုဦးဆောင်ခဲ့ရသော်လည်း ကလေးစိတ်မကုန်သေးသော အက်ဘီ...မိန်းမဖြစ်သူနဲ့မင်္ဂလာဦးဗီဒီယိုတွေရိုက်ပြီးသိမ်းထားတတ်တဲ့ အက်ဘီ.. သူဦးဆောင်နေတဲ့ကုမ္ပဏီကို အခွန်ကိစ္စနဲ့ပတ်သက်ပြီးလာရောက်စစ်ဆေးတဲ့အခါ သူ့ကွန်ပျူတာကိုသိမ်းသွားတဲ့အခါ.... သူ့မိန်းမနဲ့ကြားအိမ်ထောင်ရေးအဆင်မပြေဖြစ်လာမလား ...သူတို့လင်မယားရဲ့မင်္ဂလာဦးဗီဒီယိုတွေကရော လူံခြုံမှုရှိပါ့မလား... ဒီအဖြစ်အပျက်တွေကနေ သင်ခန်းစာရပြီး ရင့်ကျက်လာမှာလား.. စတာတွေကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကိုတော့ CM Bollywood Team ပဲ ရေးသားပေးထားပါတယ်) File size… 1.8 GB / 824 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Nunakkuzhi (2024)
8.2
Premalu (2024)
Premalu (2024) "စမ်းတဝါးဝါး" IMDb - 8.3/10အသစ်ထွက်ရှိလာတဲ့ လူငယ်အချစ်ဟာသ မလေယာလမ်းရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ ရူပီး သုံးကုဋေရင်းပြီး ၁၃၆ကုဋေတောင် ပြန်ရခဲ့တာဆိုတော့ ပရိသတ်အတော်လက်ခံခဲ့တဲ့ ရုပ်ရှင်လို့ ပြောရမှာပေါ့။ဆာချင်ရဲ့ ကောလိပ်နောက်ဆုံးနေ့ရက်မှာ လေးနှစ်လုံးချစ်ခဲ့ရတဲ့ ခရတ်ရှ်လေးကို ဖွင့်ပြောဖို့အလုပ် သူရင်ဖွင့်နေကျ ဘော်ဒါဘော်ကျွတ်နဲ့ သူ့မဒီလေးက ချစ်နေတာကြာပေါ့ဆိုလို့ ဆာချင်တစ်ယောက် အသဲကွဲခဲ့တာကစပါတယ်။ဆာချင့်မိသားစုက အိမ်တွင်းရေးအဆင်မပြေ။ မိဘဖြစ်သူတွေက တစောင်းစေးနဲ့မျက်ချေး၊ တွေ့လိုက်တာနဲ့ ရန်တကျက်ကျက်။ အစ်မဖြစ်သူက လင်ပူမိ၊ အားနေ မတော်ရသေးတဲ့လင်နဲ့ စကားများလိုက် ပြန်ချစ်လိုက်နဲ့မျက်စိနောက်စရာ။ဒီလိုအပူတွေကနေဝေးရာကို ပြေးချင်သူက ဆာချင်။ ဆာချင်ရဲ့ရည်မှန်းချက်က ယူကေကိုသွားဖို့။ ဗီဇာရဖို့အရေး ရှိုးမန်းနီးပြစရာမရှိတော့ ဗီဇာကမကျ။ ဘူနေတဲ့ဆာချင်တစ်ယောက် ငယ်သူငယ်ချင်းတစ်ယောက်နဲ့တွေ့လို့ တစ်ရွာမပြောင်း သူကောင်းမဖြစ်ဆိုသလို တောပြောင်းပါတော့တယ်။ဒီမှာပဲ ပညာရေးမှာ သိပ်မကြိုးစားခဲ့တဲ့ လူငယ်တစ်ယောက် လမ်းပျောက်နေရာကနေ အချစ်၊ အလွမ်း၊ သူငယ်ချင်းတွေကြား ခင်မင်ရင်းနှီးမှုတွေနဲ့ ဘ၀သင်ခန်းစာတွေကို တင်ဆက်ပြသသွားမှာမို့ ခံစားကြည့်ရှုကြပါဦးရှင့်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်) File size…2.5GB / 1.7GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 36m Subtitle….Myanmar Subtitle (Hard ...
movie
Premalu (2024)
2024
6.5
Journey of Love 18+ (2023)
Journey of Love 18+ (2023) IMDb - 6.6/10ဆယ်ကျော်သက်တွေဖြစ်တဲ့ အာခစ်လ်နဲ့ အာသီရာတို့ဟာ အရမ်းချစ်ကြတဲ့ချစ်သူတွေပါ။ ဒါပေမဲ့ အချစ်စစ်တို့မည်သည် ပန်းခင်းထားတဲ့လမ်းမဟုတ်ဆိုသလိုပဲ သူတို့အချစ်ခရီးကတော့ဖြောင့်ဖြူးမနေပါဘူး။ ငယ်ရွယ်တဲ့ နှစ်ယောက်သားရဲ့အချစ်ဟာ တစ်ခဏတာရင်ခုန်တာပါလို့ လူကြီးတွေအတင်းခွဲရာကနေ နောက်ဆုံးလက်ထပ်မယ်အထိပါ နှစ်ယောက်လုံးခေါင်းမာမာနဲ့ တဇွတ်ထိုးဆန်လာကြပါတယ်။ဒီလိုနဲ့ ဘယ်သူမှသဘောမတူတော့တဲ့အဆုံး ခိုးပြေးကြမယ်လို့ဆုံးဖြတ်လိုက်ကြပါတယ်.... ဒီလိုနဲ့ သူတို့တွေရဲ့ မရင့်ကျက်သေးတဲ့အဆုံးအဖြတ်က မှန်ကန်သွားမလား၊ နောက်ဆုံး အောင်အောင်မြင်မြင်နဲ့ မင်္ဂဆောင်သွားကြမှာလား ကြုံတွေ့ရမဲ့ပြဿနာမျိုးစုံကို သူတို့ဘယ်လိုဖြေရှင်းမလဲဆို ကြည့်ရှူရမှာဖြစ်ပါတယ်။၁၈ နှစ်အရွယ် အချစ်ငှက်လေးနှစ်ကောင်ရဲ့ အချစ်စွန့်စားခန်းကို ဆွတ်ပျံ့ကြည်နူးဖို့ကောင်းပြီး ဟာသမြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ကြည့်ရမဲ့ မလေရာလမ်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှဖြစ်ပါတယ်။) File size…2.37GB / 1.03GB Quality…1080p WEB DL /720p Format…mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Journey of Love 18+ (2023)
2023
6.7
Heaven (2022)
Heaven(2022) Imdb-6.7/10 ဒီဇာတ်ကားမှာတော့ အခြားဘောလိဝုဒ် လူသတ်သမားရှာဖွေတဲ့ကားတွေနဲ့မတူညီဘဲ လူသတ်သမားလူဆိုးကိုကြိုတင်ပြထားတာတွေ အရိပ်အမြွက်ပြောထားတာတွေနည်းနည်းလေးမှ မရှိတဲ့ စုံစမ်းရေးရဲအရာရှိတစ်ယောက်ရဲ့ အမှုကိုနည်းစနစ်ကျကျလိုက်လံစုံစမ်းဖော်ထုတ်ပုံကို အသေးစိတ်စိတ်ဝင်စားဖွယ်ရိုက်ပြထားတာတွေ့ရမှာဖြစ်ပါတယ်စုံစမ်းစစ်ဆေးရေးရဲအရာရှိပီတာကူရီရှင်းကယ် တနေ့မှာတောအုပ်ထဲမှာပုပ်ပွသေဆုံးနေတဲ့အလောင်းတစ်လောင်းကို ရှာတွေ့ရာကနေ အဲ့ဒီအလောင်းကနေရနိုင်သမျှသဲလွန်စတွေကိုအသုံးချပြီး လူသတ်သမားကိုလိုက်ဖို့ကြံစည်ပါတော့တယ်ရဲအရာရှိပီတာက ဖြောင့်မတ်ပြီးအလုပ်ကြိုးစားတဲ့ရဲတစ်ယောက်ဖြစ်ကာ သူ့အမေနဲ့သူ့ရဲ့မိတဆိုးသားလေးပဲရှိတဲ့မိသားစုကိုတောင် အချိန်မပေးနိုင်ဘဲ အေးတိအေးစက်ဆက်ဆံတတ်တဲ့အလုပ်ကြိုးစားသူတစ်ဦး ဖြစ်ပါတယ် ဒီကားမှာတော့ ဗီလိန်နဲ့ဇာတ်လိုက် battleဆိုင်တာတွေ Tempoအတက်အကျဖြစ်အောင် အဓိကမရိုက်ပြထားဘဲ ရဲအရာရှိတစ်ဦးရဲ့ဘဝကို ထင်ဟပ်စေမဲ့လူမှုရေးတာဝန်လစ်ဟင်းမှုတွေ ဖွင့်မပြောပေမဲ့ခံစားတတ်တဲ့ ဖခင်တစ်ဦးရဲ့မေတ္တာတွေ(စာရေးသူရဲ့ အဖေအတိုင်းပါပဲ)၊ကို ကွက်ကွက်ကွင်းကွင်း အသားပေးရိုက်ပြထားလို့ ကြည့်ရှုသင့်တဲ့ drama mystery ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ် File size…1.8GB / 861MB Quality…1080p HQ AVC AAC5.1CH / 720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko & Allena & Kham Mon & Kevin Ag & Yunni
movie
Heaven (2022)
2022