Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Shrikant Verma
6.3
Bhagwan Bharose (2023)
Bhagwan Bharose ( 2023 )ဒီတစ်ခါတင်ဆက်ပေးမယ့်ဇာတ်ကားကတော့ ဟင်ဒီစကားပြော အိန္ဒိယကားဖြစ်ပြီး IMDb 6.4/10 ရရှိထားတဲ့ကားဖြစ်တဲ့အပြင် လန်ဒန်မှာကျင်းပတဲ့ ၂၅ ကြိမ်မြောက် UK Asian Film Festival မှာ အပိတ်ဇာတ်ကားအဖြစ် ရွေးချယ်ခံခဲ့ရတာပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ၁၉၈၉ ခုနှစ် မြောက်အိန္ဒိယရဲ့ရွာငယ်လေးတစ်ခုက ဘိုလာနဲ့ရှန်ဘူဆိုတဲ့ကလေးလေးနှစ်ယောက်ပေါ်မှာ ဇာတ်အိမ်တည်ထားပါတယ်။ရိုးရာယုံကြည်မှုတို့ကို မျက်စိမှတ်ကိုးကွယ်ကြတဲ့ ရွာလေးတစ်ရွာဖြစ်တဲ့အလျောက် ဘိုလာနဲ့ရှန်ဘူတို့ဟာလည်း ရိုးရာနတ်ဘုရားတွေအကြောင်းကို အရမ်းစိတ်ဝင်တစားမေးခွန်းထုတ်တတ်ကြသူတွေဖြစ်ကာ အရိုးစွဲအောင်ယုံကြည်ကြသူတွေဖြစ်ပါတယ်။ဒါပေမယ့် ကျောင်းမှာ သိပ္ပံအကြောင်းသင်ရတဲ့အခါမှာတော့ သူတို့ရဲ့အသိအမြင်တွေနဲ့ဆန့်ကျင်ဘက်တွေဖြစ်နေတာကြောင့် လက်မခံနိုင်အောင်ဖြစ်ရပါတော့တယ်။ဒါ့အပြင် နိုင်ငံရေးအလှည့်အပြောင်းတွေရဲ့ကြားမှာ ရိုးရာယုံကြည်မှုတွေထဲက မကောင်းဆိုးဝါးထက် လူ့ကိုယ်တွင်းကမကောင်းဆိုးဝါးတွေရဲ့ ကြောက်စရာကောင်းပုံတွေကိုလည်း ရိုက်ပြထားပါသေးတယ်။နာမည်ကြီးမီဒီယာတွေကတောင် တဖွဲ့တနွဲ့ချီးကျူးပေးခဲ့တဲ့ဇာတ်ကားတစ်ကားဖြစ်တာကြောင့် အချိန်ကုန်ဘေကုန်ခံရကျိုးနပ်မယ့်ဇာတ်ကားလည်းဖြစ်ပါတယ်ဗျာ။( အညွှန်းနဲ့ဘာသာပြန်ကိုတော့ CM Bollywood Team မှ တင်ဆက်ပေးထားပါတယ် ) File size… 1.5 GB / 724 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 34m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Bhagwan Bharose (2023)
7.3
Aye Zindagi (2022)
Aye Zindagi (2022) "ရှင်သန်ခြင်းအဓိပ္ပာယ်"ဒီတစ်ခါမှာ ဟင်ဒီဒရာမာကောင်းတစ်ပုဒ်ကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးချင်ပါတယ်ဗီနေးက liver cirrhosis (အသည်းခြောက်ရောဂါ) နောက်ဆုံးအဆင့်ရောက်နေတဲ့ လူနာတစ်ယောက် ခြောက်လခုနစ်လထက် ပိုမနေရတော့တဲ့ အခြေအနေမှာ သူကိုယ်တိုင်က မိသားစုဝင် သူငယ်ချင်းနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ဖုံးကွယ်ထားတယ်ဟိုက်ဒရာဘတ်မှာ အသည်းအစားထိုးကုပေးနေပြီဖြစ်ကြောင်း ဖတ်ရတော့ အလုပ်ကခွင့်လေးရက်ယူပြီး ဘယ်သူမှမသိအောင် လာခဲ့တယ်တစ်ချိန်တော့ လုပ်ဖော်ကိုင်ဖက်၊ မိသားစုဝင်တွေသိသွားတဲ့အခါမှာ ဘယ်လိုဆက်ဖြစ်မလဲ နောက်ပြီး ရီဗာသီဆိုတဲ့နှလုံးလှအမျိုးသမီးရဲ့ အကူအညီနဲ့ မျှော်လင့်ချက်တွေကို ပြန်အသက်သွင်းနိုင်မှာလား ရှင်သန်ခြင်းအဓိပ္ပာယ်ကို ရှာတွေ့နိုင်မှာလားအညွှန်းနဲ့ ဘာသာပြန်ကတော့ KKKZ ~ Linn Lunn ~ ToMo ~ Yunni ~ V တို့မှ ဖြစ်ပါတယ် File size…1 GB / 565 MB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….1h 44m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by KKKZ ~ Linn ...
movie
Aye Zindagi (2022)
8.3
Dry Day (2023)
Dry Day (2023) "ခြောက်ကပ်ကပ်နေ့များဆီသို့..." Crackdown(2022)စီးရီးထဲက မင်းသမီးချော ရှရှီယာပေလ်ဂွန်ကာနဲ့ ကားရိုက်ကျဲတဲ့ မင်းသား ဂျစ်တန်ဒရာကူးမားတို့ရဲ့ ဘောလိ၀ုဒ် အချစ်ဟာသဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။Dry Dayဆိုတာ အိန္ဒိယမှာ အရက်ရောင်းချခွင့်တားမြစ်တဲ့နေ့။ဒါပေမဲ့ သောက်လို့တော့ရတယ်ထင်ပါရဲ့။ သောက်ပြီဟေ့ဆိုရင် နှစ်ပင် သုံးပင်လိမ်အောင်သောက်တဲ့ ဂန်နူးကူးမား။ မနက် အိပ်ယာကနိုးပြီဆိုရင်တော့ ကျွတ်တသပ်သပ်နဲ့ နောက်မသောက်တော့ပါဘူး နှစ်ပင်မလိမ်တော့ပါဘူးလို့ ဘုရားတပြီး ကျိန်တဲ့သူ။ အမူးပြေရင် ထန်းနို့မော့ကြည့်ဆိုတာလိုပဲ အရှိန်လေးကျပြီဆိုတာနဲ့ အရက်ဆိုင်ဝင်တော့တာပါပဲ။ ဒီလိုအရက်သမားကို အဖေကျောင်းဆရာကြီးရဲ့စကား နားမထောင်ဘဲ တည့်မတ်ပေးလို့ရမှာပါဆိုပြီး ယူခဲ့မိတဲ့ လင်ဆိုးမယားလေးကတော့ နီရ်မာလာ။ဘာအလုပ်မှမယ်မယ်ရရ မလုပ်ဘဲ သောက်သောက်စားစား လူမင်းသားလုပ်နေတဲ့ယောကျ်ားဖြစ်သူကြောင့် ကလေးမယူပါဘူးလို့ ဆုံးဖြတ်ထားတဲ့ကြားက ကိုယ်ဝန်လွယ်ရပါရော။ စိတ်တိုတိုနဲ့ပဲ ယောကျ်ားဖြစ်သူကို တော် သောက်သုံးကျရင်ကျ မကျလို့ကတော့ ဒီကိုယ်ဝန်ဖျက်ချမှာလို့ ကြိမ်းပါတော့တယ်။ ကလေးလိုချင်သူ ယမကာလုလင်လေး မောင်ဂန်နူးတစ်ယောက် ဘာလုပ်လဲဆိုတော့ သူနဲ့ကျေးဇူးမကင်းတဲ့ နိုင်ငံရေးသမားကြီးအကူအညီနဲ့ အမတ်ဖြစ်ဖို့ကြံပါရောလား။ အမတ်လောင်း အရက်သမားဂန်နူးပေးတဲ့ကတိက ဒီမြို့နယ်တခွင် အရက်ကင်းစင်ရမယ်တဲ့။အဲဒီမှာပဲ ကြုံတွေ့လာတဲ့ အတိုက်အခိုက် အယှဉ်အပြိုင်တွေရယ် အရက်သမားတစ်ယောက်က သူပေးတဲ့ကတိကိုတည်နိုင် အကောင်အထည်ဖော်နိုင်မလားဆိုတာရယ်တော့ ဆက်လက်ကြည့်ရှုခံစားကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ ...
movie
Dry Day (2023)
2023
6.9
Phone Bhoot (2022)
Phone Bhoot (2022) Comedy, Horror IMDb 6.9/10 (7.4K)အခုတစ်ခါစပယ်ရှယ်တင်ဆက်ပေးမယ့်ကားလေးကတော့ သရဲဟာသကားလေးပဲဖြစ်ပါတယ်ပြောစရာမလိုအောင် သိနေကြတဲ့ မင်းသမီးချောလေး ကက်ထရီနာ...Dhadak (2018) & Khaali Peeli (2020) ထဲက မင်းသား အီရှန်းခသရ်...ဒီပီကားနဲ့တွဲရိုက်ထားတဲ့ Gehraiyaan (2022) ထဲက မင်းသား ဆစ်ဒန့်သ်ချတူးဗေဒီးတို့က အဓိကပါဝင်သရုပ်ဆောင်ပေးထားပါတယ်နော်ဇာတ်လမ်းလေးကိုနည်းနည်းပြောရရင် မေဂျာနဲ့ ဂူလူးတို့နှစ်ယောက်က ၁၀၉ - ၁၁၀ အလုပ်မရှိအကိုင်မရှိတဲ့လူငယ်နှစ်ယောက်.. ငယ်ငယ်ကတည်းက သည်းထိတ်ရင်ဖို သရဲဇာတ်လမ်းတွေကြည့်ပြီး မကောင်းဆိုးဝါးနှင်တဲ့သူဖြစ်ချင်နေကြတဲ့သူတွေပေါ့..တစ်နေ့သူတို့နှစ်ယောက် တောင်ကုန်းတစ်ခုကိုတူးရင်း ရာကာဆိုတဲ့အရုပ်ကိုရသွားပြီး သူတို့အိမ်ငှားခတွေပေးနိုင်အောင် အဲ့ဒီအရုပ်ကြီးကိုဆုတောင်းကြတယ်. ဟော်လိုးဝင်းပါတီလုပ်ကြတဲ့အခါ အရုပ်ကြီးရဲ့မျက်လုံးကိုထိခိုက်မိပြီး မီးတွေနဲ့ပြန်ပြင်ဖို့လုပ်ကြရင်း ဓာတ်လိုက်ခံရပြီးသတိမေ့သွားကြပါတော့တယ်အဲ့ဒီမှာ သရဲမလေး ရာဂီနီနဲ့တွေ့ကာ ရာဂီနီက အပေးအယူတစ်ခုလုပ်ပြီး မေဂျာနဲ့ဂူလူတို့နှစ်ယောက်ကို သူတို့ဖြစ်ချင်တဲ့ မကောင်းဆိုးဝါးနှိမ်နင်းသူဖြစ်အောင် သူကူညီနိုင်ကြောင်း ပြောလာပါတယ်... ဒါပေမယ့် မေဂျာနဲ့ဂူလူက အဲ့ဒီအကြံကိုအသုံးချပြီး ဖုန်းသရဲဆိုတဲ့ Appတစ်ခုကိုတီထွင်ပြီး လူတွေကိုမကောင်းဆိုးဝါးပူးရင် ဖုန်းခေါ်ဆိုအကူအညီတောင်းလို့ရအောင်လုပ်ပါတော့တယ်.. အဲ့ဒီ ဖုန်းသရဲAppကြောင့်သူတို့ဘာတွေဆက်ဖြစ်မလဲ သူငယ်ချင်းနှစ်ယောက် ဘယ်လိုတွေတလွဲတချော်လုပ်ကြမလဲဆိုတာ ဟာသလေးနှောပြီးကြည့်ကြရမှာမို့ လက်မလွှတ်သင့်တဲ့ရုပ်ရှင်ကားလေးတစ်ကားကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်.... File size…2.21GB / 1.01GB Quality…1080p HD RIP / 720p Format…mp4 Duration….2h 16m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Hay ...
movie
Phone Bhoot (2022)
2022
5.0
Laal Singh Chaddha (2022)
Comedy, Drama, Romanceကဲ ကဲ လူရှင်းမယ် လူရှင်းမယ် အားလုံးစောင့်မျှော်နေကြတဲ့ အမီခန်းရဲ့ ကားသစ်ကြီးလာပါပြီ 🎉.. Forrest Gump Remake ကားလည်းဖြစ် မင်းသားကလည်း မင်းသားကြီး အမီခန်းလည်းဖြစ်တော့ ကြည့်မကောင်းမှာ ပူစရာမလိုတော့ပါဘူးနာမည်ကြီးကားကို ပြန်ရိုက်ထားတဲ့ ကားဖြစ်တော့ အများကြီးတော့ ညွှန်းစရာလိုမယ် မထင်ပါဘူးနော်"လိုင်" ဆိုတဲ့ကောင်လေးဟာ ဉာဏ်ရည်အိုင်ကျူ နိမ့်ပါးတဲ့သူတစ်ယောက် ဖြစ်တဲ့အပြင် ခြေထောက်ကလည်း မသန်စွမ်းတဲ့သူတစ်ယောက်ပေါ့ ဒါပေမယ့် သူ့အမေက သူ့ကို သူဟာ ဘာမှကွဲပြားနေတဲ့သူ မဟုတ်ကြောင်းနဲ့ သူဟာ ဘာမဆိုတတ်စွမ်းနိုင်ကြောင်းကို အမြဲတမ်း သင်ပြပေးတယ်အမြဲတမ်း အနိုင်ကျင့်ခံရပြီး အပယ်ခံနေရတဲ့ သူတစ်ယောက် ကျောင်းရောက်တော့ သူ့ဘက်မှာရပ်တည်ပေးတဲ့ ပထမဆုံးသူတစ်ယောက်နဲ့ ဆုံတွေ့လိုက်ရတယ် သူကတော့ "ရူပါ" တဲ့အဲဒီလိုနဲ့ ရူပါဟာ သူ့ဘဝ သူ့အနာဂတ် သူ့အိပ်မက်ဖြစ်လာတယ် ရူပါတစ်ခွန်းဆို တစ်ခွန်း သူ မဆိုင်းမတွလုပ်တတ်လာတယ် သူ့အမေနဲ့ ရူပါဟာ သူ့ဘဝရဲ့ အကောင်းဆုံးလူတွေပေါ့အနိုင်ကျင့်တဲ့သူတွေလက်ထဲက ပြေးရင်းနဲ့ အပြေးသန်လာတဲ့ သူဟာ အပြေးသမားလည်း လုပ်ဖြစ်ခဲ့တယ် စစ်ထဲလည်း ဝင်ဖူးခဲ့တယ် ဘဝကြီးမှာ သူမလုပ်ဖူးတာ မရှိလောက်အောင် အစုံသူလုပ်ခဲ့တယ်"လိုင်" ဆိုတဲ့ ကောင်လေးဟာ ဉာဏ်ရည်နိမ့်ပါးသူဖြစ်လင့်ကစား လူတကာထက် ...
movie
Laal Singh Chaddha (2022)
2022
8.5
Sharmaji Namkeen (2022)
Sharmaji Namkee (2022) ========================IMDb (8.3/10)အခုတစ်ခါမှာတော့ Channel Myanmar ကနေSharmaji Namkee လို့အမည်ရတဲ့ ဘောလိဝုဒ်ရုပ်ရှင်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေဒီရုပ်ရှင်ကတော့ ဘောလီဝုဒ်ရုပ်ရှင်လောကအတွက် စိတ်မကောင်းဖွယ်ရာဖြစ်ရပ်နဲ့ ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်ဆိုလည်း မမှားပါဘူးရုပ်ရှင်ရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ B.G. Sharma နေရာကို မူလပထမက ဘောလီဝုဒ်ရဲ့နာမည်ကြီးမင်းသား Ranbir Kapoor တို့ရဲ့ဖခင် မင်းသားကြီး Rishi Kapoor ကနေ ရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်စိတ်မကောင်းစွာနဲ့ပဲ မင်းသားကြီး Rishi ဟာ ရုပ်ရှင်ရိုက်ကူးနေဆဲအချိန်မှာပဲ ဘဝတစ်ပါးကို ကူးပြောင်းသွားတဲ့အတွက်အခြားမင်းသားကြီးတစ်လက်နဲ့ အစားထိုးကာပြန်လည်ရိုက်ကူးခဲ့ရတာပဲ ဖြစ်ပါတယ်အစားထိုးရိုက်ကူးမဲ့မင်းသားကြီးကလည်း အခြားသူမဟုတ်ပါဘူး နာမည်ကြီး Oh My God ရုပ်ရှင်မှာဘုရားသခင်ကိုတရားစွဲခဲ့တဲ့ မင်းသားကြီး Paresh Rawal ပဲဖြစ်ပါတယ်ဒီတော့ ဇာတ်လမ်းအညွှန်းလေးကို သွားလိုက်ကြရအောင်B.G.Sharmaji ဟာ အိမ်သုံးပစ္စည်းအရောင်းဆိုင်ကနေ အနားယူပြီးတဲ့နောက် အိမ်မှာဟိုနားမတ်တပ် ဒီနားငုတ်တုတ်နဲ့ ယောင်ခြောက်ဆယ်ဖြစ်နေတဲ့ဘဝကို အားမလိုအားမရဖြစ်ပြီးသူဝါသနာပါရာ ဟင်းချက်အလုပ်ကို တစိုက်မတ်မတ် စပြီး ...
movie
Sharmaji Namkeen (2022)
2022
7.5
Helmet(2021)
Helmet(2021)အညွှန်း******************MDb rating 7.5အထိရရှိထားတဲ့ Comedy Dramaအမျိုးအစားဟင်ဒီအမျိုးအစား ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကိုကြည့်ဖြစ်တော့ ဟိုး ၂၀၁၈ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ အရှေးကူးမားရဲ့ Padman ရုပ်ရှင်ကိုတောင် သတိရမိပါသေးတယ်။ အဲ့ဒီတုန်းကတော့ ရှေးရိုးစွဲတဲ့လူအများစုရှိတဲ့ အိန္ဒိယလိုနိုင်ငံမှာ အမျိုးသမီးလစဉ်သုံးပစ္စည်းသုံးစွဲဖို့ ခက်ခဲကြတဲ့အတွက် လစဉ်သုံးပစ္စည်းတွေကို ထွင်ပြီး သုံးစွဲစေခဲ့သူတစ်ယောက်အကြောင်းပေါ့။ဒီကားထဲမှာကျတော့ အမျိုးသားတွေဘက်ကို လှည့်ထားတယ်။ အမျိုးသားတစ်ယောက် အမျိုးသမီးနဲ့ နှစ်ဦးသဘောတူ နေချင်လာတဲ့အခါ အခုလို အဘက်ဘက်က တိုးတက်နေတဲ့ခေတ်ကြီးထဲမှာ အိမ်ထောင်သည်ဆိုရင် သားဆက်ခြားဖို့ ၊ လိင်ကတဆင့်ကူးစက်တဲ့ရောဂါတွေကို ကာကွယ်ဖို့ ၊ အိမ်ထောင်မရှိတဲ့ လူပျိူလူလွတ်ဆိုရင် အတူနေအမျိုးသမီး ကိုယ်ဝန်ရပြီး နောက်ဆက်တွဲပြသနာတွေမဖြစ်ဖို့ ကွန်ဒုံးဆိုတဲ့ ပစ္စည်းလေးကို မရှိမဖြစ် သုံးရ ဆောင်ထားရမှာပါ။ဒါပေမယ့် ရှေးရိုးစွဲသူတွေ အများကြီးရှိနေဆဲဖြစ်တဲ့ အိန္ဒိယနိုင်ငံလေ... ကွန်ဒုံးဝယ်ရတာမျိုး ၊ ဆောင်ရတာမျိုးကို ရှက်စရာလုပ်ရပ်တစ်ခုလို သဘောထားပြီး မသတီတဲ့မျက်လုံးမျိုးနဲ့ ဝိုင်းကြည့်ကြမှာမလား... အိန္ဒိယနိုင်ငံတင် မဟုတ်ပါဘူး ၊ မြန်မာနိုင်ငံအပါအဝင် အလားတူ အရှေ့တိုင်းနိုင်ငံအများစုမှာ ဒီကိစ္စက ရှက်စရာတစ်ခုလို ဖြစ်နေပါတယ်။ရောင်းသူအတွက်ရော ဝယ်သူအတွက်ပါမက အရွယ်ရောက်သူတိုင်း ဒီကားလေးကို ကြည့်စေချင်တယ်။ ကွန်ဒုံးပြဿနာကို ဇာတ်လမ်းကဦးတည်ထားပေမယ့် ရယ်စရာလေးတွေ ၊ အူမြူးစရာလေးတွေနဲ့ ပရိတ်သတ်ကို ပေါ့ပေါ့ပါးပါး ခံစားချက်မျိုး ...
movie
Helmet(2021)
7.5
Ramprasad Ki Tehrvi (2021)
IMDb Rating (7.5)Rotten Tomatoes (86%)ဒီဇာတ်ကားက ၂၀၁၉ မွမ်ဘိုင်းဖလင်ပွဲတော်မှာ ပြသခဲ့ပေမယ့်တကယ်ရုံတင်တာကတော့ ၂၀၂၁ ဇန်နဝါရီကမှ ရုံတင်ထားတဲ့ရုပ်ရှင်ဖြစ်ပါတယ်။Family Drama အမျိုးအစားဖြစ်ပြီး မင်းသား၊မင်းသမီးတွေရော ဇာတ်လမ်းနဲ့တင်ပြမှုပုံစံရောအဖက်ဖက်က ပြည့်စုံတာကြောင့် ဝေဖန်ရေးဆရာတွေရဲ့ချီးကျူးမှုရရှိခဲ့သလို နိုင်ငံတကာ Rating တွေလဲ ကောင်းပါတယ်။ဇာတ်လမ်းကတော့...ဖခင်ကြီး Ramprasad သေဆုံးသွားတဲ့အချိန်မှာ ဟိန္ဒူရိုးရာအခမ်းအနားနဲ့ ကောင်းမွန်စွာဆောင်ရွက်ကြဖို့မိသားစုတွေ ပြန်လည်တွေ့ဆုံကြပါတယ်...မိသားစုညီကိုမောင်နှမဆိုတာမျိုးက တစ်ခါတစ်လေ အဝေးကြီးနေပေမယ့် နီးစပ်နေသလိုတခါတလေလဲ အခန့်မသင့်တာနဲ့ မခေါ်မပြောနိုင်ဖြစ်တတ်ကြတာမျိုးပဲ...အရှေ့တိုင်းလို အိန္ဒိယလိုနိုင်ငံမျိုးမှာတော့ ပိုရှုပ်ထွေးတဲ့ဆက်နွယ်မှုတွေရှိတာပေါ့...မိသားစုကြီးကနေ ပညာစုံကြင်ယာစုံလို့ သီးသန့်အိမ်ထောင်ခွဲသွားကြပေမယ့်ကိုယ်ပိုင်မိသားစုတစ်ခုစီတိုင်းမှာလဲ ကိုယ်ပိုင်ဝေဒနာတွေက အသီးသီးရှိနေကြတာပဲ..။ဒီလို မိသားစုတွေကြားက ပြသနာလေးတွေကို အချိတ်အဆက်မိမိ တင်ပြထားတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ဝါရင့်သရုပ်ဆောင်များစွာ သရုပ်ဆောင်သစ်များစွာပါဝင်ထားတဲ့အပြင်Haseen Dillruba ထဲက မင်းသား Vikrant Massey လဲပါဝင်ထားပါသေးတယ်။မိသားစုနဲ့အေးဆေးကြည့်ရှုဖို့သင့်တော်မယ့်ဇာတ်ကားပါ။ File size…(1.9 GB) / (999 MB) / (500 MB) Quality…WEB-DL 1080p / 720p / ...
movie
Ramprasad Ki Tehrvi (2021)