Channel Myanmar

Shivaji Raja

Saripodhaa Sanivaaram (2024) 7.6
Saripodhaa Sanivaaram (2024) Saripodhaa Sanivaaram (2024) "စနေကောင်"IMDB 7.6 တောင်းဆိုမှုလေးတစ်ချို့ရှိနေတဲ့ တေလဂူးအက်ရှင်ကားအသစ်စက်စက်ကို အမြန်ဆုံးတင်ဆက်ပေးလိုက်ပါတယ်ယင်ကောင်မင်းသား ခေါ်ကြတဲ့ Nani ရဲ့ ဈေးအကြီးဆုံးရုပ်ရှင်ဖြစ်ပြီး ရီဗျူးကောင်းလေးတွေလည်း အသင့်အတင့် ရထားတာပဲဖြစ်ပါတယ်ဇာတ်လမ်းအကျဥ်းကတော့ ဆူယာခေါ် စနေကောင်ဟာ "ဒေါသအင်မတန်ကြီးသူပါ ဒါကိုသိတဲ့ သူ့အမေက ဒေါသထိန်းချုပ်နည်းတစ်ခုကို သင်ပေးခဲ့တယ်ဘယ်လိုလဲဆိုတော့ တစ်ပတ်မှာခြောက်ရက် ဒေါသအတိုင်း စိတ်လိုက်မာန်ပါမလုပ်ဘဲ ဒေါသထွက်ရတဲ့အကြောင်းရင်းကို ရေးမှတ်ထားပြီး စနေနေ့မှာမှ အဲဒီလူကို ဒေါသထွက်နေတုန်းပဲဆိုရင် ကြိုက်တာသာလုပ်ပါလို့ သူ့အမေက ပြောခဲ့တာပါဒီလိုနဲ့ သူ့အမေသေပြီးနောက်ပိုင်း အဲဒီလမ်းစဥ်အတိုင်းလိုက်နာလာခဲ့ရာမှာ သူငယ်ငယ်က ချစ်ရတဲ့ကောင်မလေးကလည်း ရဲမေအဖြစ် ပြန်ရောက်လာပြီး သူတို့နယ်က အကျင့်ပျက်ရဲတစ်ယောက်ကို သူတို့ဘယ်လိုရင်ဆိုင်ဖြေရှင်းသွားမလဲ ဆိုတာကတော့……အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size… 3.04 GB / 1.55 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 46m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  CM Bollywood Team
movie

Saripodhaa Sanivaaram (2024)

Adbhutham (2021) 8.0
Adbhutham (2021) Abdhutham 2021 IMDb (8/10)Your Name Animated Movie လေးလာပါပြီ :PJapan Anime ကားဖြစ်တဲ့ Your name ကို Inspiration ယူထားပုံရတဲ့ တမီးလ်အချစ်ဇာတ်လမ်းလေးပါပဲ။ တမီးလ်အချစ်ကားလေးတွေ ဘယ်လောက်ရိုလဲကတော့သိပ်ညွှန်းနေစရာလည်းလိုမယ်မထင်ပါဘူး။၂၀၁၄ ခုနှစ်က ဗန်နလာဆိုတဲ့ကောင်မလေးနဲ့ ၂၀၁၉ ခုနှစ်က ကောင်လေးဆူရာတို့ဟာ Time slip (အချိန်ချွတ်ချော်တိမ်းစောင်းမှု) ဖြစ်နေတဲ့ sim card လေးတစ်ကတ်ကနေ ဆက်သွယ်မိသွားကြပါတယ်။မမြင်ရတဲ့ ဆက်သွယ်မှုတွေကြားမှာ သူတို့တစ်ယောက်ကိုတစ်ယောက် ငြိတွယ်သွားကြမလား တစ်ယောက်အခက်အခဲကိုတစ်ယောက်ဖြေရှင်းနိုင်မလား ဒီကိစ္စတွေရဲ့အစ ဆင်းကတ်လေးကရော ဘာလို့ Time Slip ဖြစ်သွားရတာလဲ၊ ၂၀၁၄ ကဗန်နလာလေးက ၂၀၁၉ ကဆူရာလေးကို တွေ့ခွင့်ရော ရမှာလား၊ထူးဆန်းရှုပ်ထွေးလှတဲ့ဇာတ်ကွက်တွေ‌ကို တစ်ကွက်ချင်းဘယ်လိုရှင်းချသွားမလဲဆိုတာ စိတ်ဝင်တစားနဲ့ မျက်တောင်မခတ်တမ်း ရင်တဖိုဖိုကြည့်ရမယ့်ဇာတ်ကားကောင်းလေးပါ..။ File size…(2.4 GB) / (1.2 GB) Quality….WEB-DL HEVC 1080p / 720p Format…mkv/mp4 Duration….02:22:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Murphy ...
movie

Adbhutham (2021)

HEVC 1080p
Guna 369 (2019) 8.3
Guna 369 (2019) (Unicode)ဒီမင်းသားကိုတော့ မှတ်မိကြမယ် ထင်ပါတယ်။အချစ်ကားလေးတွေ ရိုက်တတ်တဲ့ RX100 မင်းသားရဲ့ အသစ်စက်စက် တေလဂူးအချစ်ကားလေး တင်ပေးလိုက်ပါတယ်။အချစ်ဆိုရုံနဲ့ ဒီဇာတ်ကားက ပြီးမသွားသေးပါဘူး။ဇာတ်လမ်းစစချင်းမှာ တမြို့လုံးရဲ့ နာမည်ကြီး လူမိုက် ရာဒါးဟာ တခြားရွာသားတစ်ယောက်ကို သွားရိုက်တယ်။ရာဒါးဆိုတာကလည်း ဒီမြို့နယ်တစ်ဝိုက် မသိသူမရှိတဲ့ လူမိုက်ကြီး။ဘာကြောင့်လဲ..... နောက်တစ်ခန်းမှာတော့ သမီးရည်းစားနှစ်ယောက်ကို မြင်ရတယ်။ယောကျ်ားလေးက ဆေးဆိုင်ဝင်ပြီး ကွန်ဒုံးဝယ်တယ်။ဒါကို ဆေးဆိုင်ပိုင်ရှင်က သူ့သူငယ်ချင်းတွေဆီ အကြောင်းကြားလိုက်တယ်။အဲ့ဒီလူရွယ်တစ်စုလည်း လိုက်သွားပြီး ကောင်မလေးကို အုပ်စုဖွဲ့ အနိုင်ကျင့်တယ်။ဒီနှစ်ခုလုံးနဲ့ မင်းသား'ဂုဏ'ဆက်စပ်ဖို့ အကြောင်းဖန်လာတာကတော့.... (ဂုဏ ဆိုတာက ဂုဏ်ပေါ့ဗျာ)ကိုယ့်အမှားကြောင့်ပဲ ကိုယ့်ဘဝ ပျက်စီးသွားကြရတယ်။အားလုံးဟာ ဝင်သက်နဲ့ ထွက်သက်ကြား တဒင်္ဂမျှသာ။အကောင်း၊အဆိုး အားလုံးဟာ အံဝင်ခွင်ကျနဲ့ တိုက်ဆိုင်လာပြီး ဘဝဆိုတဲ့ ခဏတာအချိန်ဟာ ကုန်ဆုံးသွားကြကြောင်း မြင်ရမှာပါ။(အလောတကြီးနဲ့ အညွန်းရေးလိုက်ရတာမို့ အညွန်းကတော့ ပေါ့ပျက်နေပါလိမ့်မယ်)ဘာသာပြန်နှင့် အညွှန်းကို တင်ဆက်ပေးထားကြသူတွေကတော့ Myint Thu နဲ့ Nyi Nyi Koe ...
movie

Guna 369 (2019)

2019
Bhaagamathie (2018) 7.0
Bhaagamathie (2018) Bhaagamathie (2018)_____IMDb - 7.0/10   ၂၀၁၈ ခုနှစ်ထွက် အလန်းစား တမီလ်ကားလေး တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် နိုင်ငံရေး ဇာတ်ရှုပ်တွေ အရမ်းခေတ်စားတဲ့ ဘောလီးဝု၊ သောလီးဝု ဇာတ်ကားတွေထဲမှာ ရှုပ်ထွေးလှတဲ့ နိုင်ငံရေး လုပ်စားကွက်တွေကို ဟော်ရာ(horror) ထည့်ရိုက်ထားတဲ့၊ နိုင်ငံရေးနဲ့ ဟော်ရာပေါင်းစပ်ရိုက်ကူးထားတဲ့၊ ဇာတ်ကားကောင်းတစ်ကားပါ... အခုခေတ် ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေ ကြားထဲမှာ အရင်ခေတ်က မိဘုရား တစ်ပါးက ဘယ်ကနေ ဘယ်လို ပါဝင်လာသလဲ? ဘုရင်တစ်ပါးရဲ့ အင်အားသုံးခုဖြစ်တဲ့ ငွေရယ်၊ လူထုထောက်ခံမှုရယ်၊ ဦးဏှောက်ရယ်ကို ဘယ်လိုမျိုး ကစားသွားသလဲ? စတာတွေကို ကြည့်ရှုရမဲ့ ဇာတ်ကားကောင်း တစ်ကားပါ ရိုက်ချက်ကောင်းကောင်း၊ ဇာတ်လမ်းကောင်းကောင်း ကြည့်ချင်တဲ့သူတွေအတွက် ရည်ရွယ်ထားတဲ့ ဇာတ်ကားတစ်ကားဆိုလည်း မမှားပါဘူး India တောင်ပိုင်းဇာတ်ကားတွေက ဇာတ်လမ်းပိုင်းနဲ့ ပတ်သတ်ရင်တော့ ဆရာကြီးတွေပါ သူတို့ရဲ့ကားတိုင်းလိုလို double twist တွေနဲ့လာပါတယ် ဒါပေမဲ့ မင်းသားတွေက over action တွေကြောင့် ကြည့်ရတာနည်နည်း ဖီလင်အောက်သွားတတ်တာပါ ဒါကြောင့် ဒီဇာတ်ကားကိုလည်း အဲ့လိုဖီလင်အောင်မလားလို့ စိုးတထင့်ထင့်နဲ့ ဘာဟူဘာလီမင်းသမီးခေါင်းဆောင်ပါဝင်လို့ သွားကြည့်မိတာပါ မန်မာပရိသတ်တွေအကြိုက် နှစ်ဘဝကလဲ့စားမင်းသမီးပေါ့၊ ဒါရိုက်တာက ဒီဇာတ်လမ်းကို ဒီမင်းသမီးနဲ့ရိုက်ချင်လို့ ...
movie

Bhaagamathie (2018)

2018