Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Shinnosuke Mitsushima
6.2
Tokyo Vampire Hotel (2017)
Tokyo Vampire Hotel (2017) **************************ဒီဇာတ်လမ်းကတော့ Series နဲ့ Movie version ၂ ခု ထွက်ရှိထားတာဖြစ်ပြီးအခုတင်ဆက်ပေးလိုက်တာကတော့ Movie version ဖြစ်ပါတယ်...Vampire မျိုးနွယ်စုတွေကြားထဲက အားပြိုင်မှုတွေကို ရင်တဖိုဖိုနဲ့ ကြည့်ရှုခံစားရဦးမှာပါ...ဇာတ်လမ်းအကျဉ်း -------------ကော်ဗင်ဗန်ပိုင်းယားမျိုးနွယ်စုတွေဟာ တစ်ချိန်က ကြီးစိုး မင်းမူခဲ့ကြတဲ့ ဒရက်ကူလာမျိုးနွယ်စုတွေကိုအနိုင်ယူပြီး မြေအောက်ကမ္ဘာဆီကို မောင်းထုတ်ခဲ့ကြပါတယ်...ဒါကြောင့် ဒရက်ကူလာမျိုးနွယ်ကအရင်လို ပြန်ပြီးတော့ အုပ်စိုးမင်းမူနိုင်ဖို့ အခွင့်အရေးကို စောင့်မျှော်နေခဲ့ကြပါတယ်...ဒီလိုနဲ့ နေအဖွဲ့အစည်းထဲက ဂြိုဟ်တွေ ကြက်ခြေခတ်ပုံစံ တန်းစီနေချိန်မှာ မာနာမီဆိုတဲ့ကလေးငယ်လေးမွေးဖွားလာခဲ့ပါတယ်...အဲဒီကလေးငယ်ကို ကံဆိုးခြင်းရဲ့ကလေးငယ်အဖြစ် သတ်မှတ်ထားပါတယ်ဒီလိုနဲ့ ကံဆိုးခြင်း ကလေးငယ်ဖြစ်တဲ့ မာနာမီလေး အရွယ်ရောက်လာတဲ့အချိန်မှာဒီဗန်ပိုင်းယားမျိုးနွယ်စုနှစ်ခု ဘယ်လိုဖြစ်ရပ်မျိုးတွေ ကြုံတွေ့ရမလဲဆိုတာ ဆက်လက်ရှုစားလိုက်ပါဦးဗျာ...ဇာတ်လမ်းအညွှန်းကို Okka မှ ရေးသားပေးထားပါတယ်...File Size : 3.44GB / 1.31GB Quality : WEB-DL 1080p / 720p Genres : Horror/Fantasy Duration : 2hr. ...
movie
Tokyo Vampire Hotel (2017)
7.6
Kingdom 4: Return of the Great General (2024)
Kingdom Daishogun no Kikan (2024)~ IMDb – 7.6/10, MyDramaList – 8.0/10 ~ Kingdom 3: Flame of Destiny (2023) ရဲ့ဇာတ်သိမ်းကြောင့် ဘာတွေဆက်ဖြစ်မလဲဆိုတာ သိချင်နေကြတဲ့ ပရိသတ်တွေအတွက် Kingdom live-actionmovies တွေရဲ့ စတုတ္ထမြောက်ဇာတ်ကားဖြစ်တဲ့ Kingdom 4: Return of the Great General ထွက်ရှိလို့လာပါပြီ။Kingdom Live Action အနေနဲ့ ၄ ကားထိထွက်ထားပြီး ဒီလင့်မှာ https://www.channelmyanmar.to/?s=kingdom+live+action အကုန်လုံးကိုကြည့်လို့ရပါတယ်။အခုဆိုရင် Kingdom live-action movies က လေးကားတောင်ရှိပြီဆိုတော့ထွက်ရှိပြီး Kingdom (2019), Kingdom 2: Far and Away (2022) နဲ့Kingdom 3: Flame of Destiny (2023) ...
movie
Kingdom 4: Return of the Great General (2024)
6.9
Kingdom III: The Flame of Destiny (2023)
Kingdom III: The Flame of Destiny (2023)~ IMDb - 6.9/10, RT - 83%, MyDramaList - 8.1/10 ~ အားလုံးစောင့်မျှော်နေကြတဲ့ Kingdom Live-Action ကားတွေရဲ့ တတိယမြောက်ဇာတ်ကားဖြစ်တဲ့ Kingdom III: The Flame of Destiny ထွက်ရှိလို့လာပါပြီ။ Kingdom Live Action အနေနဲ့ ၄ ကားထိထွက်ထားပြီး ဒီလင့်မှာ https://www.channelmyanmar.to/?s=kingdom+live+action အကုန်လုံးကိုကြည့်လို့ရပါတယ်။ Kingdom III: The Flame of Destiny (2023) ကိုမကြည့်ခင် Kingdom (2019) နဲ့ Kingdom II: Far and Away (2022) တို့ရဲ့ဇာတ်ကြောင်းကိုပြန်နွှေးကြရအောင်။ပထမကားကတော့ တရုတ်ပြည် ချင်ပြည်ထောင် (Qin State) က မိဘမဲ့လည်းဖြစ်၊ ကျွန်လည်းဖြစ်ပေမဲ့ ...
movie
Kingdom III: The Flame of Destiny (2023)
2023
7.1
Kingdom (2019)
Kingdom (2019)IMDb Rating (6.7) / Rotten Tomatoes (93 %)ဒီဇာတ်လမ်းရဲ့ထူးခြားချက်ကတော့ တရုတ်ပြည်ရဲ့ ရာဇဝင်ဇာတ်လမ်းကို ဂျပန်က ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဂျပန်ရဲ့ နာမည်ကြီး Manga ရေးဆရာဖြစ်တဲ့ Yasuhisa Hara ရဲ့ ဇာတ်လမ်းကို ပြန်လည်အသက်သွင်းပြီး ရုပ်ရှင်အနေနဲ့ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ Kingdom Live Action အနေနဲ့ ၄ ကားထိထွက်ထားပြီး ဒီလင့်မှာ https://www.channelmyanmar.to/?s=kingdom+live+action အကုန်လုံးကိုကြည့်လို့ရပါတယ်။Kingdom Live Action တွေရဲ့အစ ဒီ ၂၀၁၉ ရုပ်ရှင်ကားရဲ့ ဇာတ်လမ်းကတော့....ဟရူးနဲ့ ရှင်း ဆိုတဲ့ မိဘမဲ့ အစေခံလေး နှစ်ယောက်မှာ အိပ်မက်ကြီးတစ်ခု ရှိကြပါတယ်။ ကြီးမြတ်တဲ့ စစ်သူကြီးတွေ ဖြစ်လာဖို့ပါပဲ။ဒီလိုနဲ့ တစ်နေ့မှာ သူတို့၂ယောက်ထဲက ဟရူးကို နန်းတော်က အမတ်တစ်ယောက်က အမှုထမ်းဖို့သပ်သပ် ရွေးခေါ်သွားခဲ့ပါတယ်။ဒါပေမယ့် ဟရူးက ရှင်းဆီကို မကြာခင်မှာပဲ ပြန်ရောက်လာပြီး သူနဲ့အတူ နန်းတွင်းအရှုပ်တော်ပုံနဲ့ပြည်တွင်း စစ်ပွဲကြီးတစ်ခု သယ်ဆောင်လာတဲ့အခါမှာတော့ Kingdom ...
movie
Kingdom (2019)
2019
6.6
Over the Fence (2016)
ဒီကားကိုရိုက်တဲ့ Nobuhiro Yamashitaက တန်းတစ်ခုရှိတဲ့အထဲတော့ပါတယ်။သူရိုက်ခဲ့တဲ့ Linda Linda Linda ( 2005 )ဟာ ဂျပန်ရဲ့ မြူဇစ်ကယ်တွေထဲအခုထိ နာမည်တွင်းနေတုန်းကားပဲ။ ဒီကားကို ကျွန်တော်တော့ ချစ်ဖို့ကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ကားလို့မြင်တယ်။ဒါပေမဲ့ ဒီအချက်တွေအကုန်လုံးက ကျွန်တော့်အတွက်တော့ ယုအအိုအိကြောင့်ပါပဲ။ဒီကားထဲက ယုအအိုအိရဲ့ပုံစံက သူရဲ့ထူးခြားတဲ့ဟန်ပေါ်နေတဲ့ ပုံစံတွေထဲက တစ်ခုပဲ။ဖြူစင်တယ်။ဒါပေမဲ့ ဆွဲဆောင်မှုအားကောင်းတယ်ပေါ့။ ဘ ာလို့လဲမသိ ယုအအိုအိရဲ့ မျက်နှာပေါ်က မှဲ့တစ်လုံးနဲ့ ပိန်လှီနေတဲ့ကျောပြင်ဟာမကောင်းတဲ့ရုပ်ရှင်တစ်ကားကိုတောင် အသက်သွင်းပေးနိုင်တယ်လို့ကျွန်တော်တော့မြင်တယ်။ဒါပေမဲ့ ဒီကားကတော့ ကောင်းတဲ့ကားပါပဲ။ဒီတော့ ပြည့်စုံသွားတယ်ပေါ့။ဒီကားက ရိုမန့်ကားလို့ပြောလို့လည်းရတယ်။ တစ်ဘက်တည်းမှာပဲ ရိုမန့်ထက် လက်တွေ့တော့ကျတယ်။ယောက်ျားလေးတွေက သူတို့အမြင်ကနေ မိန်းကလေးတစ်ယောက်ကိုလွယ်တယ်လို့ သတ်မှတ်ကြတဲ့အမြင်ကို မိန်းကလေးတစ်ယောက်ရင်ဆိုင်ဖြတ်သန်းနေရတဲ့ပုံစံအကြောင်းလည်းပါတယ်လို့ပြောရမယ်။ ဆန့်ကျင်ဘက်လိင်ကို တပ်မက်မှုရှိကြတာခြင်းအတူတူလူ့အသိုင်းအဝိုင်းမှာ ယောက်ျားလေးတွေထက် မိန်းကလေးတွေကပိုအပြောခံရတာတတ်တာကတော့ မထူးတော့တဲ့အရာပါပဲ။ တစ်ချို့လူတွေအတွက်တော့ ဒီလိုအမြင်တွေကပြောင်းသွားပြီပေမဲ့ တစ်ချို့လူတွေအတွက်တော့ မပြောင်းသေးတဲ့အရာတွေပဲပေါ့။ တလောက ကျွန်တော် သဲအိမ်မောင်နေဝါရဲ့ချစ်လိပ်ပြာဆိုတဲ့ဝတ္တုတစ်ပုဒ်ဖတ်လိုက်သေးတယ်။အကြောင်းအရာကတော့ စာ၁၀ကြောင်းလောက်နဲ့တင်ပြီးသွားမယ့်အထိ ရိုးရှင်းတယ်။ဒါပေမဲ့ သဲအိမ်မောင်နေဝါက မိန်းကလေးတစ်ယောက်ရဲ့ဖြတ်သန်းမှုကိုကျွန်တော်တို့စာနာနိုင်အောင် ရေးပြနိုင်ခဲ့တယ်။ဒီလိုဝတ္တုတွေထပ်လိုသေးတယ်လို့ ကျွန်တော်တော့မြင်တယ်။ Over the Fenceဟာလည်း အဲဒီဝတ္တုလို အင်အားမျိုးရှိတဲ့ရုပ်ရှင်ပါပဲ။ တစ်ခါတလေတော့လည်း ဒီလိုရုပ်ရှင်တွေကို ...
movie
Over the Fence (2016)
6.5
Zokki (2021)
ဂျပန်ရဲ့ အရည်အချင်းရှိတဲ့ နာမည်ကြီး သရုပ်ဆောင်နဲ့ဒါရိုက်တာ ၃ယောက် ပူးပေါင်းပြီးတော့ ရိုက်ကူးထားပြီး imdb 6.5/10ရရှိထားတဲ့ ဟာသ ဒရာမာ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။main leadတွေအများကြီးနဲ့ ဝေဝေဆာဆာရိုက်ကူးထားတာပါ။Manga artistဖြစ်တဲ့ Hiroyuki Ohashiရဲ့ မန်ဂစီးရီးထဲက ဇာတ်လမ်းတိုတွေကိုစုစည်းပြီး ရိုက်ကူးထားတဲ့ Comedyရုပ်ရှင်ကားဖြစ်ပါတယ်။ ဟာသတွေ ဇာတ်ဝင်ခန်းတွေက ဂျပန်စတိုင်ဆန်လွန်းတယ်လို့ ပြောကြတာမို့ ဂျပန်cultureကို နှစ်သက်ရင်းနှီးပြီးသားသူတွေကတော့ ပိုပြီး ကြိုက်နှစ်သက်ကြမှာပါ။ပထမဆုံးဇာတ်လမ်းမှာတော့ စက်ဘီးတစ်စီးနဲ့ ခြေဦးတည်ရာသွားနေတဲ့ ဖူဂျီမူရာရဲ့အကြောင်းပါ။ သူ့မှာစက်ဘီးရယ် လွယ်အိတ်တစ်အိတ်ရယ် Porn magazineတစ်စောင်ရယ်ပဲပါပါတယ်။ စက်ဘီးစီးထွက်လာရင်းနဲ့ ငါးဖမ်းသမားအဖိုးကြီးနဲ့ဆုံပြီး အဖိုးကြီးရဲ့မွေးနေ့မှာ ဝင်စားသောက်ဖြစ်တဲ့အကြောင်းပါ။ နောက်တစ်ယောက်ကတော့ ပေါင်းစရာညိုကီမရှိတဲ့ ကြောင်တောင်တောင် ကျောင်းသား "မခိတ"ပါ။ အထက်တန်းကျောင်းမှာတော့ "ဘန်"ဆိုတဲ့ သူနဲ့ဘဝတူသူငယ်ချင်းတစ်ယောက်ရလာခဲ့ပေမဲ့ "ဘန်"က မခိတရဲ့အစ်မကို စွဲစွဲလမ်းလမ်းကြိုက်နေတဲ့သူပါ။ အစ်မကိုတွေ့ချင်စိတ်နဲ့ မစားနိုင်မသောက်နိုင်ဖြစ်ပြီး မခိတအစ်မရဲ့အတွင်းခံဘောင်းဘီကို ယန်း၅သောင်းပေးပြီး ဝယ်တဲ့လူပါ။ နောက်ဇာတ်လမ်းကတော့ သားအဖနှစ်ယောက်အကြောင်းပါ။ အဖေဖြစ်သူက လက်ဝှေ့ဝါသနာပါပေမဲ့ ပိုက်ဆံမရှိတော့ ...
movie
Zokki (2021)
6.5
The Forest of Love (2019)
ဒီတစ်ခါမှာတော့CMပရိသတ်တွေကို Rating 6.5ရထားတဲ့ ဂျပန်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ကားလေးကတော့ဖြစ်ရပ်မှန်ကိုရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ ရုပ်ရှင်ရိုက်ကူးနေတဲ့ ဂျေး နဲ့ ဖူကာမီတို့ဟာရှင်း နဲ့ဆုံမိပြီးတော့ရုပ်ရှင်တစ်ကားကိုဖန်တီးခဲ့ကြတယ် ဂျိုးမူရာတာရဲ့ဘဝဇာတ်ကြောင်းကိုရိုက်ကူးဖို့လုပ်ခဲ့ကြတာပေါ့မူရာတာဟာကောင်မလေးတွေကိုမြူဆွယ်ပြီးတော့အကြမ်းဖက်ကာ ပိုက်ဆံတွေကိုလိမ်ယူနေတဲ့သူပေါ့ သူနဲ့ပတ်သတ်ခဲ့တဲ့မိန်းကလေးတွေထဲကမှတာအီကိုဟာဂျေးတို့နဲ့ခင်မင်နေတဲ့သူပါ ပြီးတော့သူမရဲ့သူငယ်ချင်း မီစုကိုကိုလည်းမူရာတာဟာချင်းကပ်ခဲ့ပါတယ်တာအီကိုနဲ့မီစုကိုတို့ဟာအထက်တန်းကျောင်းတုန်းကအခန်းဖော်တွေပေါ့ တာအီကိုနဲ့မီစုကို သူတို့၂ယောက်မှာအထက်တန်းကျောင်းတုန်းကအံ့သြစရာအဖြစ်အပျက်တွေရှိခဲ့ကြတယ် ဂျေးတို့ဟာတာအီကိုရဲ့ပြောပြချက်တွေကြောင့်မူရာတာရဲ့ဘဝဇာတ်ကြောင်းကိုရိုက်ကူးဖို့ကြိုးပမ်းခဲ့ကြတယ် ရှင်းဟာမူရာတာနေရာမှာသရုပ်ဆောင်ခဲ့တယ် မူရာတာဟာ လူတိုင်းကိုအကြမ်းဖက်နှိပ်စက်တတ်ပြီးတော့မိန်းကလေးတွေကိုလည်းနှိပ်စက်တဲ့သူပါနောက်ပိုင်းမှာ ဂျေးတို့သူ့အကြောင်းဇာတ်လမ်းတစ်ပုဒ်ရိုက်နေတာသိသွားတဲ့အခါမှာတော့သူကိုယ်တိုင် ထုတ်လုပ်သူအဖြစ်ပါဝင်လာခဲ့တယ် သူပါဝင်လာပြီးတဲ့နောက်မှာ ဂျေးတို့ရိုက်ကူးနေတဲ့ဇာတ်ကားဟာ ရက်စက်ကြမ်းကြုတ်ပြီးတော့အကြမ်းဖက်တဲ့အခန်းတွေပါခဲ့တယ်ဇာတ်ကားရိုက်နေရင်းနောက်ပိုင်း လူသတ်မှုတွေပါကျူးလွန်လာခဲ့တယ် နောက်ပိုင်းမှာမူရာတာဘာတွေအထိလုပ်ခဲ့လဲဆိုတာကိုဇာတ်ရှိန်မြင့်မြင့်နဲ့ကြည့်ရှု့ရမှာပါဒီဇာတ်ကားထဲမှာဆိုရင်လည်းကောင်မလေးတွေကိုတောထဲမှာသတ်ထားခဲ့တဲ့ကွင်းဆက်လူသတ်သမားဟာဆိုရင်လွတ်မြောက်နေတုန်းပဲ လွတ်မြောက်နေတဲ့လူသတ်သမားဟာ ဘယ်သူလဲဆိုတာကိုတော့ ဇာတ်လမ်းကိုအဆုံးထိကြည့်ရှု့ပြီးမှသိလာမှာပါ File Size : ( 1 GB , )Quality : WEB-DL 720pRunning Time : 2 hr 31 minFormat : Mp4Genre ...
movie
The Forest of Love (2019)
2019
5.5
The Limit of Sleeping Beauty (2017)
ဒီဇာတ်ကားအကြောင်း ညွှန်းရမှာနည်းနည်းတော့လန့်ပါတယ်။ဒီဇာတ်ကားမှာ သီအိုရီသဘောတွေ အများကြီးတွေ့ရပြီး လူကြိုက်နည်းနိုင်တဲ့ ဇာတ်ကားဖြစ်ပေမယ့် ကျွန်တော်တော့သဘောကျမိပါတယ်။အဲဒါကြောင့်လန့်မိတာပါ။ကျွန်တော်ပြန်ဖူးတဲ့ Mad Genius(2018) လိုဇာတ်ကားမျိုးပါပဲ။ဒီကားက၁၈+ ဇာတ်ကားတစ်ကားမဟုတ်သလို အညှီအဟောက်မပါတာမျိုးလည်းမဟုတ်ပါဘူး။ဒီတစ်ကားလုံးမှာ ဇာတ်လမ်းကိုကြည့်ပြီးနောက်ဆုံးပိုင်းထိ အူလည်လည်ဖြစ်နေနိုင်ပါတယ်။ဇာတ်လမ်းလေးက ရိုးရိုးလေးနဲ့ ရှင်းရှင်းလေးပါပဲ။ဇာတ်လမ်းအကျဉ်းကိုရေးလိုက်ရင်တော့ စာတစ်ကြောင်းလောက်နဲ့ပြီးသွားမှာပါဒါပေမယ့် တင်ပြသွားတဲ့ပုံစံတွေက လူတစ်ယောက်ရဲ့စိတ်ခံစားချက်တွေကို အပိုင်းပိုင်းအစစလုပ်ပြီးတော့ နေရာအနှံကျဲချထားတဲ့ပုံစံမျိုးတင်ပြထားတာပါ။အဲဒီအချက်ကဒီဇာတ်ကားကို ကျွန်တော်သဘောကျမိတဲ့အချက်ဖြစ်နိုင်ပါတယ်။ပြီးတော့ ကျွန်တော် မထင်ထားမိတာက ဒီကားရဲ့ IMDB Rating က 5.6 ဖြစ်နေတာပါပဲ။တကယ်ကိုလူကြိုက်မများလောက်တဲ့ဇာတ်ကားလို့ကျွန်တော်ထင်ထားတာက ဘာလို့ အဲ့လောက် Rating ထိရောက်နိုင်ရတာလဲပေါ့။ကျွန်တော်ကပဲ ဒီဇာတ်ကားရဲ့ တင်ပြပုံတွေကိုဉာဏ်မမှီတာလားလားဆိုတာ CM ပရိတ်သတ်ကြီးပဲ ပြောပေးကြပါဦးဗျာ။အချိန်ဆိုတာ ပုံရိပ်ယောင်တစ်ခုပါပဲ။အတိတ် ပစ္စုပ္ပန် အနာဂါတ် သုံးမျိုးစလုံးက တစ်ချိန်တည်းသင့်မှာရှိနေတာကြောင့် သင်ဆိုပြီးဖြစ်လာတာပါ။သင်ဟာအတိတ်မှာနေလို့မရသလို အနာဂါတ်မှာနေလို့မရတဲ့အချိန်မှာ သင့်ရဲ့ပစ္စုပ္ပန်ကအခုသင့်ဆီမှာမရှိတော့ပါဘူး။(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ d3mon ပါ) File Size : (765 MB) and (350 MB) Quality : Blu-Ray 720p Running Time : 1hr ...
movie
The Limit of Sleeping Beauty (2017)
2017
7.2
Blade of the Immortal (2017)
နာမည်ကြီး Manga series ဖြစ်တဲ့ Blade of the Immortal ကို live action ပြန်ရိုက်ထားတာပါManga series ကို ကြည့်ဖူးသူတွေကို အထွေအထူးမိတ်ဆက်ပေးစရာ မလိုပေမဲ့မကြည့်ဖူးတဲ့သူတွေအတွက် အတိုချုပ် ပြီး ပြောပြပါမယ်နော်ကိုယ့်ဆရာနဲ့ လုပ်ဖော်ကိုင်ဖက်တွေကိုပြန်သတ်မိပြီး ထွက်ပြေးနေတဲ့ Manji ဟာ တိုက်ပွဲတစ်ခုမှာ ဒဏ်ရာရပြီး သေလုမျောပါးဖြစ်နေတဲ့အချိန်မှာ Yaobikuni ဆိုတဲ့အဖွားကြီးက သူ့ရဲ့ ခန္ဓာကိုယ်ထဲကို ထူးဆန်းတဲ့တီကောင်လိုအကောင်တွေ ထည့်ပေးလိုက်လို့ Immortal တစ်ယောက်ဖြစ်လာခဲ့တယ်နောက်နှစ်ပေါင်းကြာလာတဲ့အခါ Itto-Ryu လို့ခေါ်တဲ့ ဓားပညာရှင်တွေစုစည်းထားတဲ့ အဖွဲ့တစ်ဖွဲ့ကြောင့် မိဘနှစ်ပါးလုံးကို ဆုံးရှုံးသွားတဲ့ Rinn ဆိုတဲ့ ကောင်မလေးသူ့ရဲ့ကလဲ့စားချေလိုစိတ်ကြောင့် Rinn က Manji ကို လိုက်ရှာပြီး အကူအညီတောင်းခဲ့တယ်Manji က သူ့ကို ကူညီပြီးတော့ ဘယ်လိုကလဲ့စားချေကြမလဲသူတို့ နှစ်ယောက်ပေါင်းပြီး Itto-Ryu ကို ကလဲ့စားချေနိုင်မှာလားကြားထဲမှာ ဘယ်လိုအခက်အခဲတွေ တွေ့ရဦးမှာလဲ ...
movie
Blade of the Immortal (2017)
2017
6.0
Before We Vanish (2017)
ဆန်းဆန်းပြားပြားကားလေးတွေကိုကြိုက်တတ်တဲ့ CMပရိသတ်ကြီးအတွက် Before we vanish (2017)ဆိုတဲ့ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဒီကားလေးကတော့ ဂျပန်ကားလေးပါ။Ratingတွေလဲ တော်တော်လေးကောင်းထားတယ်ပြောရမယ်ဗျ။လူသားတွေရဲ ့သဘောသဘာဝကျကို ဂြိုဟ်သားတွေနဲ့ အထောက်အပံ့ပေးပြီးပုံဖော်ထားတဲ့ကားမျိုးပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ ဂြိုဟ်သားသုံးယောက်ဟာ ကမ္ဘာပေါ်ကိုရောက်လာပြီး ကျူးကျော်ဖို့ကြိုးစားတာပါ။အဲ့ဒီအတွက် လူသားသုံးယောက်ရဲ ့ခန္ဓာကိုယ်ထဲမှာဝင်ရောက်နေထိုင်ပါတော့တယ်။လူမှုအသိုင်းအဝိုင်း ထုံးစံတွေ အစဉ်အလာတွေနဲ့ သူတို့တွေဘယ်လိုရှေ့ဆက်မလဲ။ဘာတွေဆက်ဖြစ်မယ်ဆိုတာကတော့ဇာတ်လမ်းထဲမှာကြည့်ရှုပါလို့ပဲညွှန်းလိုက်ပါရစေ။Rating ပေးတာ တွန့်တိုတတ်တဲ့ Rotten Tomatoesကတောင် 76%ပေးထားတာမို့လက်မလွတ်တမ်းကြည့်ရှုသင့်တယ်လို့ပဲညွှန်းလိုက်ပါတော့မယ်။Qty - 720p Web DLDuration - 1hr 56minGern - Thrill / Sci-FiTranslator - Yamin Thawdar MaungReview - Aye Mon KyawEncoder - Kyaw Ye Aung
movie
Before We Vanish (2017)
2017
9.3
MUMON: The Land of Stealth(2018)
ဟိုးရှေးရှေးကအိဂနဲ့အိုဒဆိုတဲ့လူမျိူးစုနှစ်စုရှိကြတယ် အိဂမျိူးနွယ်တွေကတော့ရှိနိုဘီဆိုတဲ့နင်ဂျာမျိူးရိုးနဲ့အိုဒကတော့ဆာမူရိုင်းမျိူးနွယ်တွေပါအိုဒကတော့ပိုပြီးအင် အားကြီးမားပါတယ်အိဂတွေကတော့နင်ဂျာပီပီအသတ် အပုတ်ကျွမ်းကျင်ပြီးစစ်ရေးပရိယာယ်လည်းကြွယ်ဝပါတယ်နင်ဂျာတွေဟာအခကြေးငွေသာရမယ်ဆိုရင်ကိုယ့်အချင်းချင်းတောင်ပြန်သတ်ဖို့ဝန်မလေးတဲ့သူတွေပါ ကြေးစားတွေပေါ့အိဂတွေထဲမှာနာမည်ကြီးနင်ဂျာကတော့ကျွန်တော်တို့ရဲ့ဇတ်ကောင်မုမွန်းပါပဲမုမွန်းရဲ့အဓိပ္ပါယ်ကတော့တံခါးမရှိလို့အနက်ရပါတယ်ဘယ်နေရာမဆိုဝင်ထွက်သွားလာနိုင်ပြီးတိုက်ရေးခိုက်ရေးလည်းအကျွမ်းကျင်ဆုံးပါပဲနင်ဂျာတွေထဲမှာမုမွန်းကနံပါတ်၁အတော်ဆုံးတိုက်ခိုက်ရေးသမားပါဒါပေမဲ့မုမွန်းမှာအားနည်းချက်တစ်ခုရှိပါတယ်cm ကလူတွေလိုပါပဲမုမွန်းဟာမိန်းမကြောက်ရသူပါမိန်းမခိုင်းတာဆိုအကုန်လုပ်ပါတယ်သူတလွဲလုပ်လာရင်ညစာငတ်ပြီသာမှတ်ပေရော့(ညစာကိုတော့သိကြမှာပါခ်ခ်)တိုက်ခိုက်ရေးကျွမ်းကျင်ပေမဲ့မယားကြောက်မုမွန်းကိုတွေ့မြင်ရမှာပါအိုဒတိုင်းပြည်ဘက်မှာတော့ယောက္ခထီးကိုသတ်ပြီးနိုဘုကစုကခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်အိဂတွေနဲ့ငြိမ်းချမ်းရေးလုပ်ဖို့ကြိုးစားခဲ့ပေမဲ့အိဂခေါင်းဆောင်၁၂ယောက်ရဲ့မကောင်းတဲ့အကြံအစည်ကြောင့်ဆာမူရိုင်းတွေနဲ့နင်ဂျာတွေအကြားစစ်ပွဲဖြစ်ဖို့ဖန်လာတဲ့အခါအခကြေးငွေရမှအလုပ်လုပ်တတ်တဲ့မုမွန်းတစ်ယောက်မိန်းမကိုခေါ်ပြီးခရောတိုမြို့ကိုထွက်ပြေးဖို့ကြံပါတော့တယ်ဒါပေမဲ့လည်းမိန်းမရဲ့အမိန့်ကိုမလွန်ဆန်နိုင်တဲ့မုမွန်းတစ်ယောက်ဆာမူရိုင်းတွေကိုပြန်တိုက်မှာလားတိုက်ခိုက်ရင်ကောအင်အား၂ဆ၃ဆလောက်ကွာတဲ့ဆာမူရိုင်းတွေကိုဘယ်လိုဗျူဟာနဲ့အနိုင်ယူမလဲစိတ်ဝင်စားစရာအလွန်ကောင်းပါတယ်နင်ဂျာတွေဆာမုူရိုင်းတွေ(မယကတွေ)အကုန်ဒီကားမှာမြင်ရမှာပါဟာသအချစ်အက်ရှင်အလွမ်းအဆွေးတွေရောပြွမ်းထားတဲ့ဒီကားကိုကျွန်တော်ကြိုက်နှစ်သက်မိသလိုrating ကလည်းအလန်းကြီးပါဂျပန်သရုပ်ဆောင်တွေရဲ့ကြိုးပမ်းအားထုတ်မှုတွေကလည်းအားရစရာပါစဉ်းစားမနေပါနဲ့ဒေါင်းလော့ဆွဲကြပါလို့ပဲပြောကြားရင်းအတူတူကြည့်လိုက်ကြရအောင်နော် Qty - 720P BlurayDuration - 1hr 55minGern - Martial / warSubtitle - MyanmarTranslator - Soe htweEncoder - Kyaw Ye Aung
movie
MUMON: The Land of Stealth(2018)
2017