Channel Myanmar

Shinnosuke Abe

Crows Zero II (2009) Kurôzu zero II 7.2
Crows Zero II (2009) Kurôzu zero II  Crows Zero II (2009)IMDb Rating (7.2) / Rotten Tomatoes (77%) ဂျပန်ရဲ့ high school delinquent မန်ဂါတွေရဲ့ စတိုင်ကိုလည်း ဒီနေ့ခေတ် ကိုရီးယားမန်ဟွာတွေ ဇာတ်လမ်းတွဲတွေက ယူသုံးကြ အောင်မြင်ကြတာပဲ။ Crowsကတေ့ high school delinquent မန်ဂါတွေထဲ မန်ဂါ အန်နမဲပရိသတ်တွေကြား တော်တော်အောင်မြင်ခဲ့သလို အဆက်တွေ အတွဲတွေပေါင်းများစွာလည်း ထွက်ခဲ့တယ်။ ရုပ်ရှင်မှာဆိုလည်း High and Low တွေနဲ့ပါ ချိတ်ထားခဲ့သေးတယ်။ပြီးခဲ့တဲ့လတွေက နာမည်ကြီးခဲ့တဲ့ Study Groupတို့ဆိုလည်း ဒီ Crowsတွေနဲ့ ကျောရိုးတော့ တော်တော်ဆင်တယ်ပြောရမယ်။ Crowsဟာ မန်ဂါအနေနဲ့ တော်တော်အောင်မြင်ခဲ့ပြီး ရုပ်ရှင်အနေနဲ့တော့ Crows Zeros 1, 2 ပြီးတော့ Crows Explode ဆိုပြီး သုံးကားထွက်ခဲ့တယ်။ Crowsရဲ့ ဇာတ်လမ်းမတိုင်ခင် အဓိကဇာတ်ကောင် ...
movie

Crows Zero II (2009) Kurôzu zero II

2009
Kingdom (2019) 7.1
Kingdom (2019) Kingdom (2019)IMDb Rating (6.7) / Rotten Tomatoes (93 %)ဒီဇာတ်လမ်းရဲ့ထူးခြားချက်ကတော့ တရုတ်ပြည်ရဲ့ ရာဇဝင်ဇာတ်လမ်းကို ဂျပန်က ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဂျပန်ရဲ့ နာမည်ကြီး Manga ရေးဆရာဖြစ်တဲ့ Yasuhisa Hara ရဲ့ ဇာတ်လမ်းကို ပြန်လည်အသက်သွင်းပြီး ရုပ်ရှင်အနေနဲ့ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ Kingdom Live Action အနေနဲ့ ၄ ကားထိထွက်ထားပြီး ဒီလင့်မှာ https://www.channelmyanmar.to/?s=kingdom+live+action အကုန်လုံးကိုကြည့်လို့ရပါတယ်။Kingdom Live Action တွေရဲ့အစ ဒီ ၂၀၁၉ ရုပ်ရှင်ကားရဲ့ ဇာတ်လမ်းကတော့....ဟရူးနဲ့ ရှင်း ဆိုတဲ့ မိဘမဲ့ အစေခံလေး နှစ်ယောက်မှာ အိပ်မက်ကြီးတစ်ခု ရှိကြပါတယ်။ ကြီးမြတ်တဲ့ စစ်သူကြီးတွေ ဖြစ်လာဖို့ပါပဲ။ဒီလိုနဲ့ တစ်နေ့မှာ သူတို့၂ယောက်ထဲက ဟရူးကို နန်းတော်က အမတ်တစ်ယောက်က အမှုထမ်းဖို့သပ်သပ် ရွေးခေါ်သွားခဲ့ပါတယ်။ဒါပေမယ့် ဟရူးက ရှင်းဆီကို မကြာခင်မှာပဲ ပြန်ရောက်လာပြီး သူနဲ့အတူ နန်းတွင်းအရှုပ်တော်ပုံနဲ့ပြည်တွင်း စစ်ပွဲကြီးတစ်ခု သယ်ဆောင်လာတဲ့အခါမှာတော့ Kingdom ...
movie

Kingdom (2019)

2019
Winny (2023) 6.5
Winny (2023)  ၂၀၀၂ ခုနှစ်မှာ ဂျပန်လူမျိုးဆော့ဖ်ဝဲလ်အင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့ အီစာမူခါနဲကိုက ဖိုင်ဝေမျှတဲ့ဆော့ဖ်ဝဲလ်ဖြစ်တဲ့ "ဝင်နီ" ကိုဖန်တီးခဲ့ပါတယ်။ ဆော့ဖ်ဝဲလ်မှာ ဖိုင်တွေအပြန်အလှန်ဝေမျှလို့ရတဲ့အတွက် တရားမဝင်ဖြန့်ချိမှုတွေ ‌‌ဒေါင်းလုပ်ဆွဲမှုတွေပေါ်လာပြီး မူပိုင်ခွင့်ပြဿနာတွေဖြစ်လာပါတော့တယ်။ အဲ့နောက် ရဲတပ်ဖွဲ့ကနေပြီး မူပိုင်ခွင့်ချိုးဖောက်တဲ့သုံးစွဲသူတွေကိုလိုက်ဖမ်းပြီး ဖန်တီးရှင် ခါနဲကိုလည်း အဖမ်းခံလိုက်ရတယ်။ဒါပေမဲ့ ခါနဲကို့မှာအပြစ်မရှိဘူးဆိုပြီး ထောက်ခံအားပေးကြတဲ့လူတစ်စုက သူ့အတွက် ရှေ့နေအဖွဲ့တစ်ဖွဲ့ကိုငှားပေးလိုက်တဲ့အခါမှာတော့ ခါနဲကို့အတွက် တရားသေလွတ်ဖို့အတွက် ရှေ့နေအုပ်စုပ်က မဆုတ်မနစ်ကြိုးစားရပါတော့တယ်။ ဒီဇာတ်ကားလေးက ဖြစ်ရပ်မှန်အကြောင်းပြန်ရိုက်ထားတာဖြစ်လို့ စိတ်ဝင်တစားကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Khant Sett Naing ပါ )File size_(1.5GB)/(750MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_02:00:00 Genre_Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Khant Sett Naing
movie

Winny (2023)

Family (2023)
Family (2023) Family 2023 (မိသားစု) IMdb 6.9ဖခင်ဖြစ်သူပျောက်ဆုံးသွားပြီးနောက်မှာ မာကိုတိုနဲ့အမေဖြစ်သူတို့ကမွေးရပ်မြေကိုစွန့်ခွာပြီးတော့ နေရာသစ်ဆီ အပြောင်းအလဲသစ်တွေအတွက်ထွက်လာခဲ့ကြတယ်ခန်းဂျီးဆိုတာကတော့ ဇနီးဖြစ်သူနဲ့တိတ်ဆိတ်တဲ့ဘဝလေးတစ်ခုမှာ အေးဆေးစွာနေထိုင်သူတစ်ယောက်ပေါ့ တာကဲအိုဆိုတာကတော့ မုဆိုးဖိုတစ်ယောက်ဖြစ်ပြီးတော့ ကလေး၂ယောက်ကို သူကိုယ်တိုင်ပြုစုပျိုးထောင်ပေးနေသူတစ်ယောက် ယွန်ချီဆိုတာကတော့ မိဘအိမ်ကိုနှစ်တွေကြာပြီးတော့မှပြန်ရောက်လာခဲ့သူတစ်ယောက် ..ဇာတ်လမ်းကတော့ ဒီမိသားစု၄ခုက လူ၄ယောက်နဲ့အစပြုထားပါတယ် တစ်ယောက်ချင်းစီတိုင်းမှာ ဘယ်လိုအကြောင်းမျိုးတွေကိုယ်စီကြုံရမလဲ ပြန်လည်မွေးဖွားလာပြီးတဲ့နောက်မှာ ဘာတွေတွေ့ကြုံရမလဲ ဘယ်လိုတွေပတ်သက်နေမလဲဆိုတာကိုတော့...( အညွှန်းနဲ့ဘာသာပြန်တွေကတော့ Yunni ~ BpL တို့ပဲဖြစ်ပါတယ်) File size…2.7GB / 800MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 22mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ BpL
movie

Family (2023)

2023
13 Assassins (2010) 7.6
13 Assassins (2010) 13 Assassins (2010) IMDb - 7.6/10_____Rotten - 95%   ၁၉၆၃ ခုနှစ်ကရိုက်ကူးခဲ့တဲ့ဇာတ်လမ်းကို ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်..ဂျပန်ဒါရိုက်တာတွေထဲမှာအထင်ကရအဖြစ်ဆုံး Takashi Miike ရိုက်ကူးထားပါတယ်...အာရှရဲ့အကောင်းဆုံးရုပ်ရှင်ဆုရရှိခဲ့ပြီး အကောင်းဆုံး Editor ဆု၊အကောင်းဆုံးဒါရိုက်တာဆု၊အကောင်းဆုံးဒီဇိုင်နာဆုအပြင်အခြားဆုများစွာအတွက် ဆန်ကာတင်ရွေးချယ်ခံခဲ့ရပါတယ်...IMDB 7.6 အထိရရှိခဲ့ပြီးအရမ်းအောင်မြင်ခဲ့တဲ့ ဇာတ်ကားတစ်ကားပါ ၁၈၄၀ ကျော်လောက်က ဂျပန်ဆာမူရိုင်းခေတ်ကိုအခြေခံထားတာပဲဖြစ်ပါတယ်ထိုစဉ်က ဂျပန်နိုင်ငံရဲ့အုပ်ချုပ်မှုစနစ်ဟာအာဏာရှင်စနစ်အသွင်ရှိခဲ့ပြီး အုပ်ချုပ်သူကို'ရှိူဂန်'လို့ခေါ်ပါတယ် 'ရှိူဂန်'ရဲ့ညီတော်ဖြစ်သူနာရိဆူဂူဟာမောက်မာရိုင်းစိုင်းပြီး သနားညှာတာမှုကင်းမဲ့သူပါပြည်သူတွေအပေါ်နှိပ်စက်ညှင်းပန်းမှုတွေကြောင့် ပုန်ကန်ထကြွမှုတွေဖြစ်ခဲ့ပါတယ်နာရိဆူဂူဟာပုန်ကန်သူတွေကိုလည်းရက်စက်စွာသတ်ဖြတ်ခဲ့တယ် ဆာမူရိုင်းတွေရဲ့အကြီးအကဲဖြစ်သူ ဆရာဒွိုင်ဟာ နာရိဆူဂူရဲ့ဆိုးယုတ်မှုတွေကို ဖြိုခွင်းဖို့အတွက်ရှီမာဒါရှင်ဇဲမွန်ဆိုသူကိုစေခိုင်းခဲ့ပါတယ် ရှီမာဒါရှင်ဇဲမွန်ဟာ ဂျပန်တစ်နိုင်ငံလုံးမှာရှိတဲ့အတော်ဆုံးဆာမူရိုင်းတွေကိုစုစည်းပြီး နာရိဆူဂူကိုတိုက်ခိုက်ဖို့အစီအစဉ်တွေဆွဲခဲ့ပါတယ် ရှီမာဒါရှင်ဇဲမွန်နဲ့သူ့တပ်ဖွဲ့တွေနာရိဆူဂူကိုတိုက်ခိုက်ဖို့ဘယ်လိုကြိုးပမ်းကြမလဲ သူတို့ရဲ့အစီအစဉ်တွေကရော အောင်မြင်နိုင်ပါ့မလားဆိုတာကို ဆက်လက်ရှူ့စားကြပါစို့...  ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Lyric Lynn Khant ဖြစ်ပါတယ်...  File Size : (800 MB) Quality : Blu-Ray 720p Format…mp4 Duration…02:21:00 Genre : Action, Adventure, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Lyric Lynn Khant Encoded by ...
movie

13 Assassins (2010)

2010