Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Shin Yoo-ram
7.5
A Long Visit (2010)
A Long Visit (2010)********************CM ပရိတ်သတ်ကြီးတို့အတွက် ဒီတစ်ခေါက် တင်ဆက်ပေးချင်တာကတော့ မိခင် မေတ္တာဖွဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ် .. ပြည်သူ့မိခင်ကြီးလို့တောင် တင်စားခေါ်ဝေါ် ရလောက်တဲ့ မင်းသမီးကြီး Kim Hae-Sook နဲ့ မင်းသမီး Park Jin-Hee တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ် .. ။- ဇာတ်လမ်းအကျဉ်း - ********************အန်ဟယ်ဆု (Kim Hae-Sook) ကတော့ သမီးကြီးကို ၂ နှစ်သားအရွယ်မှာတင် ဆုံးရှုံးလိုက်ရတာဖြစ်လို့ သမီးလတ်ဖြစ်သူ ဂိုဂျီဆု (Park Jin-Hee) အပေါ် အထူးတလည် တွယ်တာစိတ်ကြီးမားပြီး သမီးလေးစိတ်တိုင်းကျ ဘာမဆို ဖြည့်ဆည်းပေးတတ်တဲ့ အမေတစ်ယောက်ပါ။ဒါပေမဲ့ ဂျီဆုကတော့ အိမ်ထောင်ရက်သားကျလို့ ကလေးမွေးပြီးနောက်မှာတောင် အမေက သူ့ကို ကလေးလိုပဲ ဆက်ဆံနေဆဲဖြစ်လို့ တစ်ခါတလေ အမေ့အပေါ် ပြန်ညည်းညူပြတတ်တဲ့ သမီးဆိုးလေးပေါ့ ။ဒီလိုနဲ့ တစ်နေ့မှာ ဂျီဆုက သူ့ဆီမှာ ကင်ဆာရောဂါရှိနေတယ်ဆိုတာကို သိလိုက်ရပြီးတဲ့နောက် သူ့မှာ ရောဂါရှိနေတာကို ဖုံးကွယ်ပြီး အမေနဲ့ နောက်ဆုံးအကြိမ်အဖြစ် အချိန်အတူကုန်ဆုံးဖို့ အမေနေတဲ့ရွာလေးဆီ ...
movie
A Long Visit (2010)
6.5
Boomerang Family (2013)
Boomerang Family (2013)***********************ဒီတစ်ခါမှာတော့ When The Stars Gossip က မင်းသမီး Gong Hyo Jin ပါဝင်သရုပ်ဆောင်ထားပြီး Youn Yuh Jung, Yoon Je Moon, Park Hae Il နဲ့ Jin Ji Hee အစရှိတဲ့ ဝါရင့်သရုပ်ဆောင်တွေပါဝင်တဲ့ IMDb RATING 6.5 ရရှိထားတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ် .. ။ဇာတ်လမ်းအကျဉ်း*****************မိသားစုရဲ့ သားအလတ်ဖြစ်တဲ့ In Mo ဟာ ရုပ်ရှင်ဒါရိုက်တာအဖြစ် လုပ်ကိုင်နေရင်း သူ့ရဲ့ ရုပ်ရှင် မအောင်မြင်တဲ့နောက် အမေ့အိမ်ကို ပြန်လာနေဖို့ ဖြစ်လာခဲ့ပါတယ် ။မိသားစုထဲစုန်းပြူးလို ဖြစ်နေတဲ့ သားအကြီးဆုံး Han Mo ကတော့ အလုပ်လည်း မည်မည်ရရ မရှိဘဲ အမေနဲ့ပဲ အတူနေနေပါတယ်။အငယ်ဆုံး သမီးဖြစ်တဲ့ Mi Yeon ကပါ သူ့သမီးကို ခေါ်လာပြီး ...
movie
Boomerang Family (2013)
7
The Great Battle (2018)
The Great Battle (2018)************************မင်းကြီးဂျူမုံတည်ထောင်ခဲ့တဲ့ ဂိုဂူလျောပြည်ကို တရုတ်ထန်ဘုရင် ကျူးကျော်ခဲ့တဲ့အကြောင်းကို စစ်တိုက်ပုံမျိုးစုံ ဝေဝေဆာဆာနဲ့ ရိုက်ကူးထားတဲ့ ရာဇဝင်ကားကောင်းလေးဖြစ်တဲ့The Great Battle ဆိုတဲ့ ဇာတ်ကားလေးကို ပြန်တင်ပေးလိုက်ပါတယ်နော်။ဂိုဂူလျောက စစ်သေနာပတိယွန်းဟာ အန်ရှီခံတပ်ရဲ့ တပ်မှူး ယန်မန်ချွန်းရဲ့ အမိန့်မနာခံမှုကိုအပြစ်ပေးဖို့အတွက် သူ့ဆီကို သူလျှိုတွေ စေလွှတ်ပေါင်း မနည်းပါဘူး။အန်ရှီမြို့သား ဆာမူကို စေလွှတ်လိုက်ချိန်မှာတော့ ဆာမူဟာ တပ်မှူးယန်ရဲ့ခေါင်းဆောင်ပီသမှုတွေကို မြင်တွေ့ရပြီး လုပ်ကြံမှု မအောင်မြင်ခဲ့သလိုတိုက်ပွဲပေါင်းများစွာကို ရှုံးပွဲမရှိ တိုက်ခိုက်အောင်မြင်ခဲ့တဲ့ တရုတ်ထန်စစ်တပ်ဟာအန်ရှီခံတပ်ကို တိုက်ဖို့ လာတဲ့အခါ ယန်မန်ချွန်းရဲ့ ပါးနပ်မှု လက်ရုံးရည်နှလုံးရည်ပြည့်ဝမှုတွေကြောင့် လွယ်လွယ်နဲ့ မအောင်မြင်ခဲ့ပြန်တဲ့အခါမှာတော့..တရုတ်ဘက်ကို ဘယ်လိုတွေတိုက်လာပြီး အန်ရှီခံတပ်ဘက်ကရောဘယ်လိုပြန်ခုခံမလဲဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာပါ ရှုစားလိုက်ရအောင်နော်။၃ လလောက်တိုက်ပွဲဝင်ရတာကို တိုက်ခန်းခိုက်ခန်း မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ရိုက်ကူးထားလို့ကြည့်ရတန်တဲ့ ရာဇဝင်ကားကောင်းတစ်ကားဖြစ်သလို အချစ် အလွမ်း နဲ့ တိုင်းပြည်ချစ်စိတ်တွေကိုပါပေါ်လွင်အောင် ရိုက်ပြထားလို့ ရသမျိုးစုံကို ပေးစွမ်းနိုင်တဲ့ ဇာတ်ကားလေးပါလို့ ညွှန်းပေးပါရစေ။ File ...
movie
The Great Battle (2018)
6.7
The Scam(2009)
The Scam(2009)**************ဒီကားဟာ ကိုးရီးယားနိုင်ငံရဲ့စတော့ရှယ်ယာစီးပွါးရေးအရှုပ်အထွေးတွေနဲ့ စတော့ရှယ်ယာတွေကိုအကြံအဖန်ဂွင်နဲ့ ကြားကနေသိမ်းပိုက်ယူဖို့ကြိုးစားနေကြတဲ့ သူဌေးတွေ နဲ့ အချောင်သိုက်တူးသမားတွေကြားမှာဖြစ်ကြတဲ့ပဋိပက္ခဇာတ်လမ်းတွေကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်....ဂန်ဟျောင်းဆိုးဆိုတဲ့လူတစ်ယောက်ဟာ ကောလိပ်ကသရုပ်ဆောင်ဘွဲ့ရတစ်ယောက်ဖြစ်ပေမယ့်လည်းသာမန်ဘဝ သာမန်အလုပ်လေးနဲ့ပဲ ဘဝကို ပင်ပင်ပန်းပန်းဖြစ်သန်းနေရတဲ့သူတစ်ယောက်ဖြစ်ပြီး ချမ်းချမ်းသာသာနေချင်တဲ့ဆန္ဒရှိတဲ့သူတစ်ဦးပါ ..တစ်နေ့မှာတော့ စီနီယာအကိုတစ်ယောက်ရဲ့စကားဆွယ်မှုကြောင့် စတော့လောကထဲကို အမှတ်မထင်ရောက်ရှိသွားပါတော့တယ်..ဒီလိုနဲ့ပဲ စတော့လောကထဲမှာ နိုင်တစ်လှည့် ရှုံးတစ်လှည့်ကျင်လည်ပြီး နောင်ငါးနှစ်အကြာမှာတော့လူမိုက်ဂန်းစကားအဖွဲ့ခေါင်းဆောင် DSG ရင်းနှီးမြှုပ်နှံမှုနှင့်ပိုင်ဆိုင်မှုလုပ်ငန်းရဲ့ ဥက္ကဌဟွမ်ဂျောင်ဂူဂွင်ချထားတဲ့ စတော့အစီအစဉ်ကို မထင်မှတ်ဘဲ ဝင်ရောက်သွားနှောင့်ယှက်မိပါတော့တယ်...အဲဒါကို ဟွမ်ဥက္ကဌသိရှိသွားချိန်မှာတော့.... File Size : (2.09GB) and (882MB) Quality : Blu-Ray 720p Format…mp4 Duration…02:15:00 Genre : Action , Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Thinn Thinzar Encoded by Phyo Pyae
movie
The Scam(2009)
7.1
The Admiral: Roaring Currents (2014)
The Admiral: Roaring Currents (2014) IMDb....7.1/10_______Rotten - 83%လီဆွန်းရှင်းဟာ ဂျိုဆွန်းတပ်မတော်မှာ အမှုထမ်းချိန်က စပြီး အောင်ပွဲတွေ အလီလီ ရခဲ့ပြီး ထင်ရှားလာခဲ့တယ်။ ၆လအတွင်းမှာ ထိပ်တန်းရာထူး သုံးဆင့်တက်တဲ့အထိ ထူးချွန်ခဲ့ပြီး ဂျပန်စစ်မင်း Toyotomi Hideyoshi ရဲ့ ကိုရီးယားကို ကျူးကျော်စစ် (Imjin War) စတင်ချိန်မှာ လီဆွန်းရှင်းဟာ ရေတပ်သေနာပတိဖြစ်နေပါပြီ။ ဂျပန်တွေရဲ့ကျူးကျော်တိုက်ခိုက်ချိန်မှာ ကြည်းတပ်တိုက်ပွဲတွေမှာ အသာစီးရခဲ့ပေမယ့် လီဆွန်းရှင်းဦးဆောင်တဲ့ရေတပ်ကိုတော့ မစိုးမိုးနိုင်ခဲ့ဘူး.... ကိုရီးယားကို ရေကြောင်းနဲ့ စိုးမိုးချင်ရင် လီဆွန်းရှင်းမရှိမှ ဖြစ်မယ်ဆိုတာကို ရိပ်စားမိလာတဲ့ ဂျပန်တွေဟာ ဂျိုဆွန်းရဲ့နန်းတွင်းရေး မတည်ငြိမ်မှုကို အခွင့်ကောင်းယူပြီး သူလျျှိုသွင်းတဲ့အပြင် သစ္စာဖောက် အမတ်တွေနဲ့ ပေါင်းကြံပြီး ထောင်ချောက်တစ်ခု ဆင်ပါတယ်။ ဂျပန်ရေတပ်တွေရဲ့ သတင်းကို ကိုရီးယားသစ္စာခံအယောင်ဆောင် ဂျပန်သူလျှိုကနေ တစ်ဆင့်ပို့တဲ့အခါ ဘုရင်ဆွန်းဂျိုက လီဆွန်းရှင်းကို သွားတိုက်ခိုင်းတယ်။ ဒါဟာထောင်ချောက်မှန်း ရိပ်စားမိနေတဲ့ လီဆွန်းရှင်းက အမိန့်ကို ဖီဆန်ပြီး မတိုက်တဲ့အခါ ထီးနန်းကိုလုပ်ကြံမယ့်သူအဖြစ် စွပ်စွဲခံရတော့တယ်။ လီဆွန်းရှင်းကို စစ်သည်တွေနဲ့ ပြည်သူတွေက ကြည်ညို ကြတာကို မနာလိုတဲ့အပြင် သူ့ထီးနန်းကိုပါ စိတ်မချဖြစ်နေတဲ့ ဘုရင်ဆွန်းဂျိုဟာ လီဆွန်းရှင်းကို ဖမ်းပြီး ရာထူးချတဲ့အပြင် နှိပ်စက် စစ်မေးစေတယ်။ အထက်ကပြောခဲ့တာတွေဟာ ဒီဇာတ်ကားမှာ မပါပါဘူး...ဒီကားရဲ့အစကတော့ လီဆွန်းရှင်းမရှိတဲ့ရေကြောင်းကို ဂျပန်တွေအသာစီးရပြီးတဲ့အချိန်မှာမှ ဘုရင်ဆွန်းဂျိုကနေ လီဆွန်းရှင်းကို ပြန်လည်တာဝန်ပေးအပ်ပြီး ဂျပန်ရေတပ်ကိုခုခံတိုက်ခိုက်စေခဲ့တာနဲ့စပါတယ်... လီဆွန်းရှင်းအတွက် ပထမတိုက်ပွဲက လက်ကျန် ...
movie
The Admiral: Roaring Currents (2014)
2014
6.4
Lucy ( 2014 )
Lucy ( 2014 ) အညွှန်း********************* လူစီဟာ ထိုင်ဝမ်နိုင်ငံ တိုင်ပေမြို့မှာ ကျောင်းတက်နေတဲ့ ကျောင်းသူတစ်ယောက်ပါ။သူ့ရဲ့ ရည်းစားက သူ့ကို လိမ်ခေါ်လာတာကြောင့် ကိုရီးယားကလူဆိုးအဖွဲ့တစ်ဖွဲ့ဆီမှာ အဖမ်းခံရပါတယ်။ သူ့ရည်းစားလည်းအသတ်ခံရပြီး သူကတော့ CPH4 လို့ခေါ်တဲ့ စိတ်ကြွဆေးတစ်မျိုးကိုသယ်ဆောင်ပေးဖို့ အကြပ်ကိုင်ခံရပါတယ်။ဘယ်လို သယ်ဆောင်ပေးရမလဲဆိုတော့ သူ့ဗိုက်ကိုခွဲ၊CPH4 အိတ်ကို ဗိုက်ထဲ ထည့်ပေးလိုက်ပါတယ်။သူလိုမျိုး ထည့်ပေးခံလိုက်ရသူ ၄ ဦးရှိပြီး မတူညီတဲ့ နေရာတွေဆီ ပို့ပေးရမှာပါ။ဒါပေမယ့် သူ့ကို စောင့်ပေးရတဲ့ လူဆိုးတစ်ယောက်နဲ့ ပြဿနာတက်ပြီးဗိုက်ကို အကန်ခံလိုက်ရတဲ့အခါမှာတော့......................နာမည်ကျော် ညှို့အားပြင်း မင်းသမီးချော Scarlett Johanssonခေါင်းဆောင်ပါဝင်ပြီး ကိုရီးယား မင်းသားကြီး Choi Min Sik ကJohansson နဲ့ အပြိုင် လူဆိုးကြီးအဖြစ် သရုပ်ဆောင်ထားပါတယ်။ပရော်ဖက်ဆာ နော်မန်အဖြစ် Morgan Freeman က Logic တွေတော်ကီပွားရုံ သရုပ်ဆောင်ထားပြီး Amr Waked က ...
movie
Lucy ( 2014 )
2014
4K HEVC
4.2
King of Prison 2: The Prison War
King of Prison 2 (2021)ထောင်ကားတွေ ရှားပါးနေတဲ့အချိန်မှာ ထောင်ကား ကောင်းကောင်းလေးတစ်ကောင်းကို တင်ဆက်ပေးလိုက်ပါတယ်။၂၀၂၀ ခုနှစ်တုန်းက King of Prison 1 ထွက်ရှိခဲ့ပြီး အတော်အတန် အောင်မြင်ခဲ့ပါတယ်။ထောင်ကား ကြိုက်နှစ်သက်သူတွေအဖို့ အတော်သဘောတွေ့ခဲ့ရတဲ့ ကားပါပဲ။ဒီကားကလည်း စိတ်မပျက်စေရဘူးဆိုတာ အာမခံပါတယ်။နာမည်ကြီး မင်းသားမင်းသမီးတွေ မပါဘဲ လူမိုက်ကြီးတွေနဲ့ကို ဇာတ်လမ်းက ကောင်းနေတာပါ။အဓိကကတော့ အက်ရှင်မှ ကြမ်းမှ ကြိုက်တယ်ဆိုသူတွေ ကြည့်သင့်တဲ့ကားပါပဲ။ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါ။ထောင်မင်းသားတွေ ထောင်ဘုရင် ဖြစ်ဖို့ကြိုးစားကြတာပါ။ထောင်ထဲမှာ အပြိုင်အဆိုင်လူမိုက်လုပ်နေကြတဲ့ အဖွဲ့နှစ်ဖွဲ့ ရှိပါတယ်။ဒီနှစ်ဖွဲ့ရဲ့ခေါင်းဆောင်နှစ်ယောက်ကလည်း တစ်ယောက်နဲ့တစ်ယောက် ရန်စောင်နေကြတာပါ။ "ကိုယ်ဦးကိုယ်တွယ် သူဦး သူတွယ်" ပါပဲ။ ဘာလို့လဲဆိုတော့ ခေါင်းဆောင်နှစ်ယောက်ဟာ ထောင်ဘုရင်ဖြစ်ဖို့ ပြိုင်နေကြတာကိုး။မကောင်းတဲ့အတိတ်နဲ့ ထောင်ထဲမှာဓားကိုင်နိုင်တဲ့ တစ်ဦးတည်းသော ထောင်သား ဂီချောလ် ရောက်လာတဲ့အခါမှာတော့ အဖွဲ့နှစ်ဖွဲ့ကြားရန်လိုမှုက မီးလောင်ရာ ဓာတ်ဆီနဲ့လောင်းလိုက်သလိုပါပဲ။အရှိန်အဟုန်က ပြင်းထန်လာပါတော့တယ်။လာဘ်စားတဲ့ ထောင်လုံခြုံရေးမှူး ရယ် ..... နောက်ကွယ်မှာ ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့သူဌေးကြီးရယ် ...... ပါဝင်နေသေးတယ်ဆိုတော့…စစ်မှန်တဲ့ထောင်ဘုရင်ဘယ်သူဖြစ်မလဲ ဆိုတာကို ဇာတ်လမ်းထဲမှာ ...
movie
King of Prison 2: The Prison War
2021
7.7
Pipeline (2021)
Pipeline (2021)2021 ထွက် အရမ်းမိုက်ပြီး ပျင်းစရာမကောင်းဘဲ စိတ်ဝင်တစားကြည့်ရမယ့် အက်ရှင်ကားကောင်းလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအမျိုးအစားကတော့ Action/Crime အမျိုးအစားဖြစ်ပြီး IMDB 7.7/10 ထိ ရထားတဲ့ ကြည့်လို့ရှယ်ကောင်းမယ့် အက်ရှင်ကားလေးပဲဖြစ်ပါတယ်။တစ်ချို့နေရာတွေလေးတွေမှာ ဟာသပါးပါးလေး ထည့်ပေးထားလို့ အက်ရှင်ကားဆိုပေမယ့် မိန်းကလေး ပရိတ်သတ်တွေပါ အကြိုက်တွေ့မယ့် မပျင်းမရိကြည့်ပျော်တဲ့ ကားလေးလည်းဖြစ်ပါတယ်။မင်းသားတွေကလည်း အခုနာမည်ကြီးနေတဲ့ Doom at your service က အချောလေး Seo In-guk နဲ့ နောက်ထပ် အားပြိုင် ဗီလိန် မင်းသားချော Lee Soo-hyuk တို့က သရုပ်ဆောင်ချက်ကောင်းကောင်းတွေနဲ့ ပါဝင်သရုပ်ဆောင်ပေးထားလို့ ကြည့်ရတာတန်မယ့်ကားလေးပါ။ဇာတ်လမ်းအကျဉ်းကို ဆက်ရရင် ဖီဒိုးဆိုတဲ့ နာမည်ကြီး ပိုက်လိုင်းဖောက်ထွင်းသူက ဆီမှောင်ခိုလောကမှာ ဖောက်ဖို့မလွယ်တဲ့ တစ်လက်မပတ်လည် ဆီခိုးထုတ်တဲ့ အပေါက်ဖောက်ပြီး နာမည်ကြီးနေတဲ့ ဆီမှောင်ခိုသမားတစ်ယောက်ပါ။သူ့လို လိုက်တုတဲ့ copycat တွေလည်း ရှိတဲ့ မှောင်ခိုလောကက နာမည်ကြီးတစ်ယောက်ပေါ့။ တစ်ရက်မှာ သူ့လိုလူနဲ့ လူဆိုးဂိုဏ်းတစ်ခုက အလုပ်လုပ်ဖြစ်သွားရင်း ကြေးကြီး စပွန်ဆာတစ်ယောက်နဲ့ ဖီဒိုးကို အလုပ်လုပ်ဖို့ ဆက်သွယ်ပေးဖြစ်ခဲ့ပါတယ်။ဒီစပွန်ဆာ ဘဲကလည်း ရေနံကုမ္ပဏီ ...
movie
Pipeline (2021)
2021