Channel Myanmar

Shin Min-A

My Love, My Bride (2014)
My Love, My Bride (2014) My Love, My Bride (2014)*************************IMDb... 6.5 ဒီတစ်ခါမှာတော့ လူတိုင်းရဲ့ရင်ထဲမှာ အမြှီးကိုးချောင်း မြေခွေးမလေးအဖြစ်ကျန်ရစ်နေဆဲဖြစ်တဲ့ Shin Min-ah နဲ့အတူ Hospital Playlist နဲ့ လူသိများတဲ့အပြင်အဆိုရောသရုပ်ဆောင်ပါကောင်းတဲ့ Jo Jung Suk တို့ရဲ့ 2014တုန်းက ထွက်ရှိထားတဲ့အိမ်ထောင်ရေးအချစ်ဇာတ်လမ်းလေးကို တင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအညွှန်းအိမ်ထောင်ပြုတယ်ဆိုတာ ချစ်‌နေရုံနဲ့တင် အဆင်ပြေနိုင်တယ်လို့ ထင်ရပေမဲ့ အချိန်ကြာလာရင်တော့လက်တွေ့နဲ့ ရင်ဆိုင်ရမှာပါပဲ။ ဂင်ယောင်းမင်နဲ့ဂင်မီယောင်းတို့ရဲ့ ဇာတ်လမ်းကလည်း အတူတူပါပဲ။၄နှစ်ကြာတွဲပြီးတဲ့နောက် သမီးရည်းစားအဆင့်ကနေ အဆင့်တက်သွားကြတဲ့နှစ်ယောက်သားပူပူနွေးနွေး စိတ်ကူးယဥ်ဆန်တဲ့ ကြင်စဦးအချိန်တွေကစလို့ လက်တွေ့နဲ့ယှဉ်လာတဲ့ အိမ်ထောင်ရေးအထိရိုက်ကူးပြသထားတာပဲ ဖြစ်ပါတယ်။ တတိယလူ၊ ဘဝတက်လမ်းနဲ့ ဝါသနာတွေ ပါဝင်လာတဲ့အချိန်မှာဖြစ်ပေါ်လာနိုင်တဲ့ အငြင်းပွားမှုတွေကို ချပြထားပြီးတော့ ယောင်းမင်နဲ့ မီယောင်းတို့ ဇနီးမောင်နှံ နှစ်ဦးဘယ်လိုနားလည်မှုတွေနဲ့ အိမ်ထောင်ရေးပြဿနာတွေကို ဖြေရှင်းမလဲဆိုတာကို ပေါ့ပေါ့ပါးပါးရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းလေးပဲ ဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့  Milkeux ပဲ ဖြစ်ပါတယ်။)  File Size : 1.46GB/ ...
movie

My Love, My Bride (2014)

Sisters on the Road (2009) 6.5
Sisters on the Road (2009) Sisters On the Road(2009) *************************IMDb- 6.5အခုတစ်ခါမှာတော့ 2009 ခုနှစ်ကထွက်ရှိခဲ့တဲ့ မိသားစုသရုပ်ဖော် ကားဟောင်းကားကောင်းလေးတစ်ကားကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။သရုပ်ဆောင်တွေအနေနဲ့ကတော့ Master's Sun, When the Camellia Blooms ဇာတ်ကားတွေနဲ့ လူသိများကြတဲ့ မင်းသမီးကြီး (Gong Hyo Jin), မြေခွေးမလေး ကိုယ့်ချစ်သူဇာတ်ကားထဲက (Shin Min Ah)တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအညွှန်း ***************မိခင်ဖြစ်သူရဲ့ သေဆုံးမှုကြောင့် ဘတ်မြောင်အွန်းဟာ မွေးရပ်ဇာတိ ဂျယ်ဂျူကျွန်းကို ပြန်ရောက်လာခဲ့ရပါတယ်။ အမေ့ဈာပနပွဲပြီးတဲ့နောက်မှာတော့ မြောင်အွန်းဟာ အမေတူအဖေကွဲ အမဖြစ်သူ မြောင်ဂျူနဲ့အတူ ငယ်စဥ်ကတည်းက သူ့ကိုစွန့်ပစ်သွားခဲ့တဲ့ အဖေဖြစ်သူကို ရှာဖွေဖို့ ခရီးလမ်းကို စတင်ခဲ့ပါတော့တယ်။ဒီခရီးလမ်းတစ်လျှောက်မှာ မြောင်အွန်းနဲ့မြောင်ဂျူတို့ ညီအမနှစ်ယောက် ဘယ်လိုအဖြစ်အပျက်တွေ ကြုံတွေ့ရမလဲ။ မြောင်အွန်းကရော သူ့ရဲ့အဖေကို ရှာတွေ့နိုင်ပါ့မလား။ မြောင်အွန်းအဖေကရော မြောင်အွန်းကို ဘာလို့များစွန့်ပစ်သွားရတာလဲ ဆိုတာကိုတော့ ဒီရုပ်ရှင်လေးထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါဦးနော်။ (ဇာတ်လမ်းအညွှန်းကိုတော့ PanNu Thwayက ရေးသားထားပါတယ်) File Size - ...
movie

Sisters on the Road (2009)

Volcano High (2001) 5.9
Volcano High (2001) Volcano High (2001)ကိုရီးယားဇာတ်ကား ကြည့်ရှုသူတိုင်း မစိမ်းမဲ့ မင်းသား၊ မင်းသမီးတွေ မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားဟောင်း တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဖရိုဖရဲဖြစ်နေတဲ့ လောကကြီးကို အုပ်စိုးနိုင်မယ့် ဆက်ခံသူသာ လက်ဆင့်ကမ်းနိုင်မယ့် "လျှို့ဝှက်ကျမ်းစာအုပ်" တစ်အုပ် ရှိပါတယ်။ဝမ်ဆန်ဟိုအထက်တန်းကျောင်းမှာလည်း ကျောင်းအုပ်ဆီကနေ ဒီကျမ်းစာအုပ်ကို ရနိုင်ဖို့ လှုပ်လှုပ်ခတ်ခတ်နဲ့အချင်းချင်း သူတစ်လူ ငါတစ်မင်း အုပ်စုဖွဲ့ အားပြိုင်နေကြချိန်။ဒီလိုနဲ့ မိုးကြီးလေထန်တဲ့တစ်နေ့မှာ ၉ ကျောင်းမြောက် ကျောင်းပြောင်းလာတဲ့ ဂင်မ်ဂယောင်ဆူးလည်း ဝမ်ဆန်ဟိုအထက်တန်းကျောင်းဆီ ရောက်လာပါတော့တယ်။ ဒီကျောင်းမှာတော့ အေးအေးချမ်းချမ်းနဲ့ ကျောင်းပြီးဖို့ပဲ မျှော်လင်ထားတဲ့ ဂင်မ်ဂယောင်ဆူးတစ်ယောက် ဝမ်ဆန်ဟိုကျောင်းက တိုက်ပွဲတွေကို ရှောင်ရှားနိုင်မလားဆိုတာကို ဟာသနှောပြီး ကြည့်ရှုရမှာပဲဖြစ်ပါတယ်။အညွှန်းနဲ့ဘာသာပြန်ကတော့ Su Myat ဖြစ်ပါတယ်Genre..... Action, Comedy, Fantasy Quality…. 1080p WEB-DL | 720p WEB-DL File size… 3.1GB | 1.5GB Format… mp4 Duration…. 2h Subtitle…. Myanmar Subtitle (Hardsub) Translator ..... ...
movie

Volcano High (2001)

Gyeongju (2014)
Gyeongju (2014) Gyeongju 2014 *************မင်းသား Park Hae Ilနဲ့ မင်းသမီး Shin Min Ah တို့ပါဝင်သရုပ်​ဆောင်ထားတဲ့...Romance & Drama ရုပ်ရှင်ကား​လေးတစ်ခုကို တင်ဆက်​ပေးလိုက်ပါတယ်။ဇာတ်လမ်းအညွှန်း -------------ချွဲဟျွန်းက ​​ပေကျင်းတက္ကသိုလ်က ပါ​မောက္ခတစ်​ယောက်ဖြစ်ပြီး...တရုတ်​ကောင်မ​လေးတစ်​ယောက်နဲ့လက်ထပ်ထားတာပါ။တစ်​နေ့မှာ​တော့ သူ့သူငယ်ချင်းတစ်​ယောက်ရဲ့ နာ​ရေးကိုတက်​ရောက်ဖို့ ​...ကိုရီးယားကိုပြန်လာခဲ့ပါတယ်။ ကိုရီးယားကို ပြန်​ရောက်​တာနဲ့...ဂ​ယောင်းဂျူမြို့​လေးဆီကိုပါ သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။လွန်ခဲ့တဲ့ ၇နှစ်ဂ​ယောင်းဂျူမှာရှိတဲ့ လက်ဖက်ရည်ဆိုင်တစ်ဆိုင်က..ပန်းချီကားတစ်ချပ်ကို မ​မေ့နိုင်တာ​ကြောင့် ပြန်ကြည့်ဖို့သွားခဲ့တာပါ။လက်ဖက်ရည်ဆိုင်ကို​ရောက်တဲ့အခါမှာ​တော့ ဆိုင်ပိုင်ရှင် အသစ်ဖြစ်တဲ့...မိန်းမ​လှ​​လေးဂုံးယွန်းဟီးနဲ့ ​တွေ့ပါ​တော့တယ်။ ယွန်းဟီးကိုပန်းချီကားအ​ကြောင်း​မေးရင်း...နှစ်​ယောက်ရင်းနှီးသွားကြပြီး ဘယ်လို​ဆက်ဖြစ်မလဲဆိုတာကို ငြိမ့်ငြိမ့်​လေးနဲ့ ကြည့်ရှုသွားရမှာပဲဖြစ်ပါတယ်။File size… 1.77GB / 755MB Quality…WEB-DL 1080p 720p Genres: Adventure, Romance, Drama Duration: 2 hr 25 mins Subtitle….Myanmar Subtitle (Hard Sub) Translated By Phyu Sin Encoded By Heather Oo
movie

Gyeongju (2014)

A Million (2009) 6
A Million (2009) A Million (2009)*******************Shin Min-a၊ Jung Yu-mi၊ Park Hae-ill၊ Park Hee-soon၊ Lee Min-ki စတဲ့ကေစီးရီးပရိသတ်တွေကြီးတွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ နာမည်ကြီး မင်းသားမင်းသမီးတွေ ပါဝင်ထားတဲ့ "A Million“ လို့ ခေါ်တဲ့ ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်း..ဆုကြေးငွေ ဒေါ်လာ ၁သန်းရရှိမဲ့ Survival Game Show တစ်ခုမှာ ပါဝင်ဖို့လူအယောက်ပေါင်းများစွာထဲက နောက်ဆုံးရွေးချယ်ခံရတဲ့ လူ ၈ယောက်ဟာဂိမ်းကစားဖို့အတွက် ဩစတေးလျနိုင်ငံက သဲကန္တာရကြီးထဲကို ခေါ်ဆောင်သွားခံရပါတော့တယ်။အဲဒီလူ ၈ယောက်ထဲကမှ ၁ ယောက်တည်းကသာ ဒေါ်လာ ၁သန်းရရှိမှာဖြစ်ပြီးဆုကြေးငွေကြီးသလို ဒီလူ ၈ယောက် ယှဉ်ပြိုင်ရမဲ့ခရီးဟာလည်း မသေးပါဘူး။အဲဒီလိုနဲ့ ပထမဆုံးပြိုင်ပွဲစတင်ပြီး ပြိုင်ပွဲကထွက်ခွာရတဲ့သူလည်း ပေါ်ပေါက်လာတော့တယ်။ဒါပေမဲ့ အဲဒီပြိုင်ပွဲကနေထွက်ခွာသွားရတဲ့သူကို နောက်တစ်နေ့ တောထဲမှာသေလျက်ကြီး တွေ့လိုက်ရတဲ့အခါမှာတော့...။ကိုယ့်အသက်အန္တရာယ်ပါ ခြိမ်းခြောက်လာခံရတဲ့အထိ သူတို့တွေအဲဒီဂိမ်းကို ဆက်ကစားကြဦးမှာလား..။ငွေအတွက်သာဆို ဘာမဆိုလုပ်ရဲလာတဲ့ လူတွေရဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့ စရိုက်သဘာဝတွေကိုကွင်းကွင်းကွက်ကွက်မြင်ရမဲ့ ဇာတ်ကားလေးပဲဖြစ်တာမို့ ကြည့်ရှုသင့်ပါတယ်။ File ...
movie

A Million (2009)

The Naked Kitchen (2009) 5.7
The Naked Kitchen (2009) The Naked Kitchen (2009)2009 ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Shin Min Ah ရဲ့ သုံးပွင့်ဆိုင် ဇာတ်လမ်းလေးကို ပြန်တင်ဆက်ပေးချင်ပါတယ်။ငယ်ငယ်ကတည်းက အနားမှာ အတူရှိလာခဲ့ပြီး ချစ်သူလို အစ်ကိုလိုချစ်ရတဲ့ လူနဲ့ နောက်ဆုံးမှာ လက်ထပ်လိုက်တဲ့ Mo Raeရဲ့ အိမ်ထောင်ရေးက သာသာယာယာရှိနေခဲ့တာပါ။သုံးပွင့်ဆိုင်ဇာတ်လမ်းဆိုမှတော့ တတိယလူကတော့ ပါကိုပါလာမှာပါပဲ။ ဟင်းချက်ဝါသနာပါတဲ့ ယောက်ျားဖြစ်သူရဲ့ စားသောက်ဆိုင်ဖွင့်မယ့် ကိစ္စကိုအခြေတည်ပြီး တတိယလူဝင်လာဖို့ အကြောင်းဖန်လာပါတော့တယ်။ဒီကားထဲမှာ Mo Rae အဖြစ်သရုပ်ဆာင်ထားတဲ့ Shin Min Ahရဲ့ ငယ်ရွယ်စဉ်က တက်ကြွလန်းဆန်းတဲ့အငွေ့အသက်ကို ခံစားနိုင်တယ်လို့ ထင်မိပါတယ်။ယောက်ျားလေး နှစ်ယောက်ကို တစ်ပြိုင်နက်တည်း ရင်ခုန်နေတဲ့ Mo Rae ဆိုတဲ့ဇာတ်ကောင်ကို ကြည့်နေရတာက အပြစ်ကင်းသလို ဖြူစင်သလိုလို ခံစားရ ပေမယ့် တစ်ချိန်တည်းမှာပဲ ဒီလောက်လည်း ရိုးရှင်းမနေပြန်ပါဘူး။ယောက်ျား လေးနှစ် ယောက်ကို တစ်ချိန်တည်း ချစ်နိုင်ပါ့မလား?? သူပဲ ၅၂၈နဲ့၁၅၀၀ကြား ဝေခွဲမရဖြစ်နေတာလား??တစ်ဖက်က ငယ်ချစ်ဦး ဖြစ်တဲ့အပြင် လက်ထပ်ထားတဲ့ ...
movie

The Naked Kitchen (2009)

2009
Our Season(2023)
Our Season(2023) Our Season(2023)*****************ဒီကားက ပိုစ်စတာကလည်းဆွဲဆောင်မှုမရှိ...ခပ်မိုက်မိုက်မင်းသားတွေလည်းမပါ...မင်းသမီးကြီးတွေဖြစ်တဲ့ Kim Hae Sook ,Shin Min Ah wတို့ပါတယ်ဆိုသော်ငြားလည်းကောင်းပါ့မလားလို့ကျွန်တော့်လိုတွေးမိကြမယ်သူတွေများမယ်ထင်တယ်...သို့သော်ဒီကားက ၂၀၂၃ရဲ့ အကောင်းဆုံးသော ကွီးယားကားတွေထဲကိုထည့်ကိုထည့်ရမယ်ထင်တယ်...ဘတ်ဘို့ဂျာဆိုတဲ့အသက် ၆၀ ဝန်းကျင်အမျိုးသမီကြီးဟာ နှလုံးရောဂါနဲ့ရုတ်တရက်ဆုံးပါးသွားတယ်..သေလွန်ပြီးလို့ ဝိဉာဉ်ဘဝနဲ့ ရှိနေချိန် သေမင်းကနေ သူ့ကို အားလပ်ရက်အဖြစ် အချိန်(၃)ရက်ပေးပါတယ်..ပြောရရင် တခြားဘဝတစ်ခုကိုမကူးခင် နောက်ဆုံးဆန္ဒအနေနဲ့ ၃ ရက်မှာ လုပ်ချင်တာလုပ်ပါစေဆိုတဲ့သဘောပေါ့...ဘတ်ဘို့ဂျာဆိုတဲ့အမျိုးသမီးကြီးကတော့ သူမရဲ့  သမီးဖြစ်သူအနားမှာနေရင်း အချိန်ကုန်ဆုံးမယ်လို့ဆုံးဖြတ်လိုက်ပါတယ်...ဒီလိုနဲ့ သမီးဖြစ်သူရှိတဲ့နေရာကို ရောက်သွားခဲ့တဲ့အချိန်မှာတော့... အားလုံးကိုပြောချင်တာကတော့ ဒီကားလေးကို ကြည့်ဖို့အချိန်မပေးနိုင်ရင်တောင်လောဆယ်ဒေါင်းသိမ်းထားကြပါ..အားလပ်တဲ့အချိန်လေးမှာ လူတိုင်းကြည့်ကြပါလို့တိုက်တွန်းချင်ပါတယ်...  File size…1.2GB & 486MB Quality…Web-Dl1080p , 720p Format…mp4 Duration….1hr 45min Genre ….. Drama, Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Phyo Pyae Translated by Treasure Htet,Miri,Stary & Hnin Wai Oo
movie

Our Season(2023)

My Mighty Princess(2008) 6.7
My Mighty Princess(2008) My Mighty Princess(2008) အညွှန်း********************************Mighty Princess - အားကြီးတဲ့မင်းသမီးလေး..... မင်းသမီး Shin Min Ah ကိုဆိုရင်တော့မသိသူမရှိသလောက်ပဲဖြစ်ကြမျာပေါ့နော်။ဒီတစ်ခါကားလေးကတော့ မင်းသမီးရှင်မင်းအာငယ်စဥ်ကရိုက်ကူးခဲ့တဲ့ Action Fantasy ကားကောင်းလေးပဲဖြစ်ပါတယ်။ဂန်ဆိုဟီးဟာ သာမန်ထက်ပိုပြီး အားမတန်တဆကြီးနေတဲ့အတွက်လူတွေရဲ့အမြင်မှာ နုနယ်ငယ်ရွယ်တဲ့မိန်းကလေးတစ်ယောက်လို့ မထင်ချင်စရာဖြစ်နေပါတယ်။ကိုယ့်ဘက်ကကြိတ်ကြိုက်ရတဲ့ ကောင်လေးတစ်ယောက်ရှိလာချိန်မှာတော့ဆိုဟီးတစ်ယောက် သူ့ကိုသာမန်ထက်ပိုပြီး အားကြီးနေစေတဲ့ မိသားစုအမွေအနှစ်ကို စွန့်ပစ်ဖို့ဖြစ်လာပါတော့တယ်။ကိုယ်ခံပညာကိုဆက်မကျင့်တော့တဲ့ဆိုဟီးအတွက် ဘယ်လိုအခက်အခဲတွေကြုံလာမှာလဲ?.....သဘောကျရတဲ့ crush လေးနဲ့ရောအဆင်ပြေသွားမှာလား...?ဆိုဟီးကို ကိုယ်ခံပညာပြန်လေ့လာအောင်ဆွယ်ဖို့ ရုတ်တရက်ရောက်ချလာတဲ့ငယ်သူငယ်ချင်းလေးကရော ဘယ်လိုလျှို့ဝျက်ချက်တွေရှိနေမှာလဲ?ကိုယ်ခံပညာတွေရဲ့နောက်ကွယ်မှာ ဘယ်လိုနက်နဲတဲ့ဇာတ်ကြောင်းတွေရှိနေသေးဦးမလဲဆိုတာကိုစိတ်ဝင်တစားကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဒီကားလေးမှာ recommend ပေးချင်တာလေးတွေကတော့ ဇာတ်ဝင်တေးလေးတွေနောက်ခံတီးလုံးလေးတွေအရမ်းကောင်းတဲ့အပြင် ဇာတ်အိမ်လေးက တမူထူးခြားနေတာလေးပါပဲ။တရုတ်ကိုယ်ခံပညာကို ကျောရိုးခံထားတဲ့ ဇာတ်ကြောင်းမို့လို့ Kdrama fan တွေရေတရုတ်ရာဇဝင်ကားကြိုက်တဲ့လူတွေရော မလွတ်တမ်းကြည့်သင့်တဲ့ကားလေးပဲဖြစ်ပါတယ်။   File Size : (2.2GB) (1.02 GB) and (417MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…02:02:00 Genre : Action ,Comedy , Drama Subtitle : Myanmar Subtitle (Hard ...
movie

My Mighty Princess(2008)

A Bittersweet Life (2005) 7.6
A Bittersweet Life (2005) IMDb Rating (7.6) / Rotten Tomatoes (100%)မင်းသားကြီးလီဗျောင်ဟွန်း (Lee Byung-hun) အဓိကပါဝင်ပွဲကြမ်းထားပြီး မင်းသမီးကတော့ Shin Min-ah ပါ..တခြားဇာတ်ရံတွေကလဲ တောင်ကိုရီးယားရဲ့ နာမည်ကျော်တွေချည်းပါပဲ...အချစ်ကအရာအားလုံးကို စေခိုင်းနိုင်သလား??အချစ်ကြောင့်ပြောင်းလဲသွားတဲ့ လူမိုက်ကြီးတစ်ယောက်အကြောင်းကို မျှဝေခံစားကြည့်ကြပါ..သူဌေးတစ်ယောက်ရဲ့လူယုံအဖြစ် ၇ နှစ်ကျော်လောက် တာဝန်ကျေပွန်စွာ အမှုထမ်းလာတဲ့ လက်မရွံ့ လူကြမ်းကြီးတစ်ယောက်ဟာ တာဝန်တစ်ခုမှာ ကောင်မလေးတစ်ယောက်အပေါ်သံယောဇဉ်တွယ်မိသွားတဲ့အပြင်...သူယုံကြည်ထားသူထံကနေ သစ္စာဖောက်ခံလိုက်ရတဲ့အခါ...သူ့ရဲ့ဘဝကို ဘယ်လိုဆက်သွားမလဲဆိုတာ...။အချစ်ရေးထက် မေတ္တာဘွဲ့ကိုအဓိကအခြေခံထားတဲ့ အက်ရှင်ကြမ်းကြမ်းကားကောင်းလေးတစ်ကားဖြစ်ပါတယ်...စိတ်မခိုင်သူများအဖို့ မျက်ရည်ကျလောက်တဲ့ ဇာတ်ကားလေးတစ်ကားဆိုလည်းမမှားပါဘူး။ File size…(2.6 GB)/(1 GB) Quality….BluRay Director's Cut 1080p/720p Format…mp4 Duration….01:59:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Joyz
movie

A Bittersweet Life (2005)

2005
The Beast And The Beauty (2005) 6.7
The Beast And The Beauty (2005) ဒီကားက 2015 တုန်းကထွက်ထားတဲ့ကား​ပေမယ့် Old But Gold ပါ​​မင်းသမီးဖြစ်သူဟေဂျိုက မျက်စိမမြင်တဲ့မိန်းက​လေး​ပေါ့မင်းသားဒုံဂန်က​တော့တက္ကစီ​မောင်းတဲ့သူ တစ်​နေ့မင်းသမီး​ကသူ့တက္ကစီငှားစီးရင်းသူတို့နှစ်​ယောက်ခင်သွားကြတယ်မင်းသမီးအသွားအပြန်ကို မင်းသားကလိုက်ပို့​ပေးရတဲ့သူ​ပေါ့မင်းသမီးမမြင်ရတာ​တွေကိုမင်းသားကအကုန်လုံးသရုပ်​ပေါ်​အောင်​ပြောပြ​ပေး​တော့ မင်းသားကမင်းသမီးအတွက်မျက်လုံးတစ်စုံလိုဖြစ်​နေတာ​​ပေါ့သူတို့နှစ်​ယောက်တ​ဖြေး​ဖြေး သံ​ယောဇဥ်​တွေခိုင်မာလာတဲ့အချိန်မှာမ​မျှော်လင့်ထားတဲ့ကံကြမ္မာကျ​ရောက်လာပါတယ်အဲ့တာက​တော့မင်းသမီးအတွက်မျက်ကြည်လွှာအလှူရှင်​ပေါ်​ပေါက်လာတာပါပဲမင်းသားအတွက်က​​တော့ တစ်ဖက်မှာမင်းသမီး​လေးမျက်စိပြန်မြင်ရ​တော့မှာကိုဝမ်းသာသလို တစ်ဖက်မှာကျ​တော့သူကတအားရုပ်ဆိုး​တော့မင်းသမီးသူ့ကိုမြင်ရင်စိတ်ပျက်သွားမှာစိုးရိမ်​နေခဲ့တယ်ဒီလိုနဲ့မင်းသမီးခွဲစိတ်ပြီးသွားတဲ့အချိန်မှာမင်းသားကအလုပ်ကိစ္စရှိလို့ခရီးသွား​နေတယ်ဆိုပြီးပုန်း​ရှောင်​နေခဲ့တယ်​နောက်ပိုင်းမင်းသမီး​လေးက မင်းသားရဲ့ရုပ်ကိုမြင်ပြီး စိတ်ပျက်သွားမှာလား မင်းသားက​ရော မင်းသမီးကိုအ​တွေ့ခံပါ့မလားဆိုတာ ဆက်လက်ကြည့်ရှုပါဦးလို့.... Reviewed by : DollyTranslated by : Myint Thu ZarEncoded by : YKQuality : 1080p WEBRIPx264Duration  : 1h 42minFile Size ; 1.42GBSubtitles : Hardsub (Myanmar)
movie

The Beast And The Beauty (2005)

2005
Diva 5.5
Diva Diva 2020 မနာလိုစိတ်ဆိုတာ တော်တော်လေးကြောက်ဖို့ကောင်းတဲ့အရာပါ ဒီကားထဲမှာလူတွေရဲ့ အတ္တစိတ် မနာလိုဝန်တိုစိတ် စတာတွေကိုကောင်းကောင်းကြီးတွေ့ရမှာဖြစ်ပြီး ဇာတ်လမ်းဇာတ်ကွက်တွေကလည်း Thriller ဆန်လို့ရင်တထိတ် ထိတ်နဲ့ကြည့်ရှုရမှာဖြစ်ပါတယ် ၂၀၂ဝခုနှစ်ထွက် Thriller ကားကောင်းဖြစ်ပြီး မြေခွေးမလေးကိုယ့်ချစ်သူထဲက မင်းသမီး Shin Min-A ကအဓိကပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ချွဲယောင်းဆိုတာက ဒိုင်ဗင်လောကမှာအတော်ဆုံးအားကစားမယ်တစ်ဦးပါ သူမသူငယ်ချင်းဆူဂျင်းကတော့ သူမလောက်မတော်ပဲ သူမ ကိုအားကျနေရသူတစ်ဦးလည်းဖြစ်ပါတယ် တစ်နေ့တော့သူတို့နှစ်ယောက် ကားမတော်တဆမှုတစ်ခုကြုံတွေ့ခဲ့ပြီး နောက် ချွဲယောင်းကအတိတ်မေ့သွားပြီး ဆူဂျင်းကပျောက်ဆုံးသွားပါတယ် တခြားဒိုင်ဗင်မယ်တွေက ဆူဂျင်း ပျောက်ဆုံးတာက ချွဲယောင်းလက်ချက်လို့ထင်နေကြသလို ဒီမတော်တဆမှုကနေ ချွဲယောင်းကိုယ်တိုင်ကလည်း စိတ်အခြေအနေထိခိုက်သွားရပါတယ် ဘယ်လိုတွေဆက်ဖြစ်မယ်ဆိုတာ စိတ်ဝင်စားဖွယ်တင်ဆက်ထားလို့ ဇတ်လမ်းလေးကိုကိုယ်တိုင်ခံစားကြည့်စေချင်ပါတယ် ဆူဂျင်းပျောက်ဆုံးတာ သွေးရိုးသားရိုးလား ချွဲယောင်းက ကောဘယ်လိုစိတ်ရောဂါဖြစ်နေခဲ့တာလဲ အဖြေရှာကြရမှာဖြစ်ပါတယ် အကုန်ခြုံပြောရရင်စိတ်ဝင်စားဖို့ကောင်းတဲ့ Thriller ကားတစ်ကားဆိုတာ မလွဲပါဘူး Translated by : Moe Pwint Encoded by : Thit San Khant
movie

Diva

2020
Sad Movie (2005) 7.4
Sad Movie (2005)  Sad Movie ဆိုတဲ့ ၂၀၀၅ ခုနှစ်မှာထွက်ရှိခဲ့တဲ့ကိုရီးယားအချစ်​ဟာသကား​လေးတစ်​ကားပါဒီကား​လေးထဲမှာဆိုရင်​​တော့ဖြင့်​ Relationship ​တွေကြားမှာရှိ​နေတဲ့အဆိုးအ​ကောင်းအ​ကျိုးအ​ကြောင်း​ဆိုင်​ရာပြသနာ​တွေ​ဖြေရှင်းကြပုံ​လေး​တွေကိုမြင်​​တွေ့ရမှာဖြစ်​ပါတယ်​ ဒါကြောင့် RS ရှိတဲ့သူတွေအနေနဲ့ လက်လွတ်မခံသင့်တဲ့ကားလေးဖြစ်ပြီး RS တွေကြားမှာဖြစ်တတ်တဲ့ ပြသနာလေးတွေကိုဖြေရှင်းသွားပုံတွေကို သင်ခန်းစာယူကြည့်သင့်တဲ့ကားလေးတစ်ကားပါဇာတ်​လမ်းအကျဉ်း​လေးဟာဆိုရင်​ဖြင့်​မထင်​မှတ်​တဲ့တစ်​​နေ့ပြင်းထန်​တဲ့မီး​လောင်​မှုဖြစ်​ပွားတဲ့အချိန်​မှာLee Jin wooဆိုတဲ့​မီးသတ်​သမား​လေးတစ်​​ယောက်​ကSu eun​ဆိုတဲ့မိန်းက​လေးကိုမီးထဲက​နေကယ်​တင်​​ပေးခဲ့ပါတယ်​ ဖြစ်​ချင်​​တော့ ဆူအန်​ရဲ့အမဖြစ်​သူSoo jeong lim ကသူ့ဘဝကိုရဲရဲဝံ့ဝံ့နဲ့ကာကွယ်​​ပေးနိုင်​မယ် လို့ယုံကြည်​ရတဲ့သူ့ညီမကိုကယ်​တင်​​ပေးခဲ့သူမီးသတ်​သမား​လေးကိုချစ်​မိသွားပါ​တော့တယ်​Su-eun အ​ကြောင်းကို​ပြောရမယ်​ဆိုရင်​​တော့ သူက အပန်း​ဖြေပန်းခြံမှာအလုပ်​လုပ်​တဲ့ဆွံ့အနားမကြားသူ​လေးတစ်​​ယောက်​ပါ သူကလည်း ပန်းခြံမှာ​ဆေးသုတ်​အလှဆင်​တဲ့​လူ​ချော​လေးတစ်​​ယောက်​ကိုချစ်​မိသွားခဲ့ပါတယ်​ ​ကောင်​​လေးကလည်းပဲSu eun ရဲ့အသံကိုမကြားဖူး/ မမြင်​ဖူးပဲနဲ့​တောင်​ စွဲလမ်းသွားမိပါ​တော့တယ်​​နောက်​တစ်​တွဲအ​ကြောင်း​ပြောရမယ်​ဆိုရင်​​တော့ Choi suk -hyun ကအလုပ်​မရှိအကိုင်​မရှိဖြစ်​​နေတဲ့သူ့အချစ်​​တော်​ Jung ha-seok ကိုဆင်းရဲဒဏ်​မခံနိုင်​တဲ့ပုထုစဉ်​လူသားပီပီ Relationship ကိုစိတ်​ပျက်နေတဲ့သူတစ်ယောက်ပါကဲပရိတ်သတ်ကြီးကတော့အတွဲတွေ ဘာတွေဆက်မယ်ဆိုတာကိုတော့ဆက်လက်ကြည့်ကြရမှာဖြစ်ပါတယ် Qty - DVD RipDuration - 1hr 44minGern - Drama/ Comedy / RomanceSubtitle - Myanmar HardsubTranslator - Mie MieReview - ...
movie

Sad Movie (2005)

2005