Channel Myanmar

Shea Whigham

Silver Linings Playbook (2012) 7.7
Silver Linings Playbook (2012) Silver Linings Playbook (2012)IMDb Rating (7.7) / Rotten Tomatoes (92%)Bradley Cooper နဲ့ Jennifer Lawrence တို့အပြင် Robert De Niro , Chris Tucker , Julia Stiles စတဲ့နာမည်ကြီးတွေလဲပါဝင်ထားတဲ့ ဒီရုပ်ရှင်ကားက Matthew Quick ရဲ့ ၀တ္ထုဖြစ်တဲ့ The Silver Linings Playbook ကို အသက်သွင်းထားတာပါ။ဂျနီဖာလောရန့်က ဒီဇာတ်ကားနဲ့ အော်စကာရခဲ့ပြီး တခြားသရုပ်ဆောင်တွေလဲ အော်စကာ Nominee ဝင်ခဲ့သလို ဘတ်ဂျက် $21 million ပဲရှိခဲ့ပေမယ့် ဝင်ငွေ $236.5 million ထိ ပြန်လည်ရရှိခဲ့တာကြောင့် အနုပညာအရရော စီးပွားရေးအရပါ အောင်မြင်မှုကြီးမားခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။ဇာတ်ကြောင်းကတော့ အထက်တန်းကျောင်းအစမ်းခန့်ဆရာတစ်ယောက်ဖြစ်တဲ့ အဓိကဇာတ်ကောင်ပတ်ထ်ဟာ bipolar disorder ရောဂါခံစားနေရတဲ့ လူတစ်ယောက်ပါ။ မိန်းမဖောက်ပြန်နေတာကို ရေချိုးခန်းထဲမှာသွားတွေ့ပြီး အဲဒီလူကို သေလုနီးနီးထိ ...
movie

Silver Linings Playbook (2012)

4K HEVC
Death Note (2017) 4.5
Death Note (2017) Death Note (2017)ဒီနာမည်နဲ့ ဂျပန်ကားကိုတော့ မသိတဲ့ ရုပ်ရှင်ပရိသတ်အတော်ရှားမှာပါ။ အခုတင်ပေးထားတာကတော့ Netflix က ပြန်လည်ရိုက်ကူးတဲ့ အမေရိကန် death note ပါ။ ဇာတ်လမ်းကျောရိုးအနေနဲ့တော့ ဆင်တူပါတယ်။ Light ပါမယ်၊ L ပါမယ်၊ပန်းသီးကြိုက်တဲ့ သေခြင်းနတ်ဘုရား ပါမယ်ပေါ့။ အရင်ဇာတ်လမ်းမှာ မပါတဲ့ လှည့်ကွက်အသစ်တွေနဲ့ ရိုက်ကူးထားပါတယ်။ကျွန်တော့်အမြင်ပြောရရင်တော့ အရင်ဇာတ်လမ်းထက် ညံ့တဲ့ လှည့်ကွက်အသစ်တွေနဲ့ အရင်ဇာတ်လမ်းထဲ ညံ့တဲ့ ဇာတ်သိမ်း ပါဝင်တယ်ပဲ ပြောရမှာပါပဲ။ အရင် Death Note ရဲ့ တစ်ဝက်လောက်ပဲ အဆင့်မှီအောင် ရိုက်ကူးနိုင်ခဲ့ပါတယ်။ဒါပေမယ့် Death Note ကို ကြိုက်နှစ်သက်သေးသူတွေ အမေရိကန်ဗားရှင်းကို မြည်းစမ်းကြည့်ချင်သူတွေအတွက် တင်ပေးထားလိုက်ပါတယ်။ ရုပ်ရှင်ဆိုတာ ကိုယ့်အမြင်နဲ့ကိုယ် ခံစားတာမို့ ကြိုက်တဲ့သူတွေလည်း ကြိုက်ပါလိမ့်မယ်။ မြည်းစမ်းကြည့်နိုင်ပါတယ်။ File size…(2.4 GB )/ (1 GB) Quality…BluRay 1080p HEVC / 720p Format…mkv/mp4 Duration….01:41:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by ...
movie

Death Note (2017)

2017
Tigerland (2000) 6.9
Tigerland (2000)  Tigerland (2000)IMDb Rating (6.9) / Rotten Tomatoes (77%) 1 November 1955 ကနေ 30 April 1975 အထိဖြစ်ပွားခဲ့တဲ့နာမည်ကျော် ဗီယက်နမ်စစ်ပွဲအတွင်းမှာတော့ အပြစ်မဲ့ပြည်သူတွေသာမက လူပေါင်းများစွာသေကြေပျက်စီးခဲ့ရပါတယ်။သို့သော်လည်း ဘယ်လောက်ပဲ ဘယ်လိုပဲ လူတွေသေစေကာမူ အထက်ဖိအောက်ဖားဆိုသလိုပဲ နှစ်ဦးနှစ်ဖက်စလုံးက စစ်သားတွေကတော့လုပ်စရာရှိတာတွေ လေ့ကျင့်စရာရှိတာတွေကိုအပြန်အလှန်တိုက်ခိုက်ဖို့ ရန်သူကိုချေမှုန်းဖို့ နိုင်ငံကိုကာကွယ်ဖို့အတွက် စတဲ့စတဲ့ ဆင်ခြေဆင်လက်တွေနဲ့ ပင်ပန်းဆင်းရဲစွာ ရှိခဲ့ကြပါတယ်။ထိုအထဲမှပဲ အမေရိကန်ဘက်ကလည်း တစ်ဖက်ကိုစစ်ရှုံးနေတဲ့အတွက် တပ်ရင်းအသီးသီး တပ်မအသီးသီးက စစ်သားတွေကို အားရပါးရဖိပါတော့တယ်။တစ်ချို့ကလည်း ပင်ပန်းလို့ထွက်ချင်ကြ တစ်ချို့ကလည်း စစ်သားအချင်းချင်းနောက်ကြ မတည့်ကြနဲ့ဘဲ အမျိုးမျိုးအထွေထွေ ပရပွက်တွေကိုဂယက်တွေထနေကြပါတယ်။အဓိကဇာတ်ကောင်ဖြစ်သူ တပ်သား Roland Bozzဆိုသူကလည်း တကယ့်လက်ပေါက်ကပ်ပြီး ပြောရဆိုရခက်တဲ့ လူရှုပ် လူဂွစာတစ်ယောက်ပါ။သူနဲ့ သူ့ဘော်ဒါ Jim Paxtonတို့ စစ်ပွဲအတွက် အတူတူလေ့ကျင့်ရေးဆင်းကြနဲ့ တစ်တွဲတွဲတစ်လာလာလုပ်ကြနဲ့ပဲ နောက်ဆုံးပိတ်လေ့ကျင့်ရင်းဖြစ်တဲ့ Tigerlandဘက်ကို အတူတူဆင်းကြရဖို့ဖြစ်လာပါတယ်။Tigerlandဆိုတာကတော့ ဗီယက်နမ်စစ်ပွဲရောက်ရင် ...
movie

Tigerland (2000)

2000
Lake George (2024) 6.2
Lake George (2024)  ဒီကားလေးကတော့ Golden Globes ဆု နဲ့ Peabody Awards ဆုရဒါရိုက်တာကြီး Jeffrey Reiner ရဲ့ဇာတ်ကားလေးဖြစ်ပြီးRotten Tomatoes မှာလည်း 95% certified ဖြစ်တဲ့ကားလေးဖြစ်လိုCrime/Drama အမျိုးအစားတွေကြိုက်နှစ်သက်တဲ့ ရုပ်ရှင်ချစ်ပရိသတ်တို လက်လွှတ်မခံသင့်တဲ့ကားလေးပဲဖြစ်ပါတယ်...ထောင်ကထွက်လာခါစ အရာရာဆုံးရှုးပြီးသား Don တစ်ယောက်ဘဝသစ်ပြန်စဖို ထောင်မကျမီတင်ကျန်နေတဲ့ အကြွေးငွေသွားတောင်းရာမှ လူသတ်မှုတစ်ခုကျူးလွန်ဖို အတင်းအကြပ်စေခိုင်းခံရတဲ့အပေါ်အခြေခံ ဇာတ်အိမ်ဖွဲထားတာဖြစ်ပြီး ခပ်ထုံထုံခပ်အေးအေးထောင်ထွက် တစ်ခုလပ် Don နဲ့ ကိုကင်းကုန်သည်ရဲ့ချစ်သူ သွက်သွက်လက်လက်မိန်းမလည် Phyllis တို မမျှော်လင့်ထားတဲ့ပြစ်မှုတွေ ကျူးလွန်မိသွားပုံကို တင်ဆက်ပြသထားတာပဲဖြစ်ပါတယ်တစ်ဖက်မှာလည်း ပျော်ခဲ့ရတဲ့အတိတ်ကို ပြန်တမ်းတရင်းပြိုကွဲသွားတဲ့ အိမ်ထောင်ရေးကို ပြန်တည်ဆောက်ဖိုကြိုးစားနေတဲ့ဒွန်ရဲ့အခြေအနေကိုပါ ဂရုဏာသက်ဖွယ်တင်ဆက်ထားတာဖြစ်တဲ့အတွက် Crime နဲ့ Drama ကို မျှတအောင်တင်ဆက်ရိုက်ကူးထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားကို ခံစားကြည့်ရှုနိုင်ဖို ညွှန်းဆိုပေးလိုက်ရပါတယ်... File size… (1.46GB) / (796MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv ...
movie

Lake George (2024)

City of Lies (2018) 6.5
City of Lies (2018) City of Lies (2018)********************Who Shot Biggie???ဒီဇာတ်ကားရဲ့ ကြာမြင့်ချိန် 1 နာရီ 52 မိနစ်ဟာ အဲဒီမေးခွန်းလေးတစ်ကြောင်းနဲ့ ဆက်စပ်ပြီးရိုက်သွားတာပါ... အကြောင်းအရာတစ်ခုတည်းကို 1 နာရီ 52 မိနစ်တောင် ရိုက်ထားလို့ ပျင်းစရာကောင်းမှာပဲလို့ တွေးမိရင် တက်တက်စင်အောင် လွဲပါလိမ့်မယ်...ဒီဇာတ်ကားဟာ ဖြစ်ရပ်မှန်ဇာတ်ကားတစ်ကားဖြစ်ပြီး တကယ့်အပြင်မှာလည်း Who Shot Biggie? ဆိုတဲ့မေးခွန်းကို နာမည်ကျော် FBI အဖွဲ့အပါအဝင် LAPD စုံထောက်တွေပါ ပူးပေါင်းစုံစမ်းခဲ့တာ နှစ် 20 ကျော်ကြာခဲ့ပါတယ်...မြန်မာနိုင်ငံက Rapper တွေ Mainstream နဲ့ Underground အပြန်အလှန်လှော်နေကြသလို Los Angeles မြို့ကြီးမှာလည်း East Coast နဲ့ West Coast ဆိုပြီး နှစ်ဖွဲ့ကွဲ လှော်ကြပါတယ်...1996 ခုနှစ်လောက်ကဖြစ်ခဲ့တဲ့လူသတ်မှုဖြစ်တဲ့အတွက် လူဖြူလူမည်းပဋိပက္ခတွေလည်း ရှိနေတဲ့အချိန်ပါ... ဒီအမှုကို နှစ်ပေါင်းအကြာကြီး စုံစမ်းနေသူကတော့ Poole ဆိုတဲ့ စုံထောက်တစ်ယောက်ပါ...နောက်ထပ်ဒီအမှုကို စိတ်ဝင်စားပြီး သတင်းလိုက်နေတဲ့သူကတော့ Jackson ဆိုတဲ့ ...
movie

City of Lies (2018)

Non-Stop (2014) 6.9
Non-Stop (2014) ဒီဇာတ်ကားက မင်းသားကြီး Liam Neesonရဲ့ အက်ရှင် ကားကောင်းတွေထဲက တစ်ကားဖြစ်ပြီးIMDb 6.9နဲ့ RT 62%အထိ ရထားပါတယ်။ဒီဇာတ်ကားမှာ မင်းသားကြီး အနေနဲ့ လေကြောင်းအရာရှိ ဘေလ်မက်ဇ်အဖြစ် ပါဝင် ထားတာပါ။နယူးယောက်ရဲဌာနကနေ စိတ်ကျရောဂါနဲ့ အရက်စွဲပြဿနာကြောင့် တာဝန်က ရပ်နားခံထားရတဲ့ ဘေလ်ဟာလေကြောင်းလိုင်းတစ်ခုမှာ အရာရှိအနေနဲ့ လုံခြုံရေးတာဝန်ကို ထမ်းဆောင်နေတာပါ။တစ်နေ့မှာ သူ့ရဲ့လေယာဉ်ပေါ်မှာ ဘဏ်အကောင့်ထဲ သန်း၁၅၀အတိ လွှဲမပေးမချင်းမိနစ်၂၀ပြည့်တိုင်း ခရီးသည်တစ်ဦးကို သတ်ပစ်မယ်ဆိုတဲ့ ခြိမ်းခြောက်စာတစ်ခုဝင်လာပါတယ်၊ခြိမ်းခြောက်ထားတဲ့အတိုင်းပဲ မိနစ်၂၀တိုင်းမှာ ခရီးသည် တစ်ယောက်ပြီးတစ်ယောက် သေလာတဲ့အခါသန်း၁၅၀ လွှဲပေးဖို့ အာဏာပိုင်တွေနဲ့ ဘဏ်အကောင့်ကို စစ်ကြည့်မှဘေလ်ရဲ့နာမည်နဲ့ဖွင့်ထားတဲ့ အကောင့် ဖြစ်နေခဲ့ပါတယ်၊ဒါကြောင့် အစိုးရဘက်ကလည်း စိတ်ကျရောဂါရာဇဝင် ရှိထားတဲ့ ဘေလ်ကို မယုံတော့ဘဲလူသတ်မှုနဲ့ လေယာဉ် ပြန်ပေးဆွဲမှုတွေကို ကျူးလွန်နေတဲ့ သံသယတရားခံလို့ တထစ်ချ သတ်မှတ်လိုက်တဲ့အခါတရားခံအစစ်တွေနဲ့ အစိုးရအာဏာပိုင်တွေရဲ့ ဖိအားတွေကြားကနေ ဘေလ် တစ်ယောက် ခရီးသည်တွေကို ကယ်တင်နိုင်ပါ့မလား။တရားခံအစစ်ကို ဖော်ထုတ်နိုင်ပြီး ...
movie

Non-Stop (2014)

The Lincoln Lawyer (2011) 7.3
The Lincoln Lawyer (2011) The Lincoln Lawyer (2011) အညွှန်း **********************************IMDb   .... 7.3,,,,RT..... 73%"ကနဦး ဒေါ်လာ ၁သိန်း အရင်လိုချင်တယ်...ပြီးရင် အလုပ်ချိန် ၁နာရီ ကို ဒေါ်လာ ၅၅၀အမှုစပြီးကြားနာရင် ဒေါ်လာ ၁၀၀ ထပ်တိုးမယ်"ဒါကတော့ ရှေ့နေမစ်ခ်ရဲ့ အမှုတစ်ခုအတွက်ပျမ်းမျှအခကြေးငွေပဲ...ပိုက်ဆံချေမယ်ပြောပြီး ငွေမရသေးရင် တရားရုံးတင်တဲ့ရက်ကို ရွှေ့ပစ်တဲ့ရှေ့နေတစ်ယောက်ပါ။သူက ဘိန်းရာဇာလိုကောင်တွေနဲ့တောင် အလုပ်လုပ်တဲ့သူ...သူ့မှာ သိပ်တော်တဲ့ အလွတ်တန်းစုံထောက်တစ်ယောက်ရှိသလို...နယ်ပယ်အသီးသီးက သတင်းအတိအကျရယူပေးနိုင်တဲ့အဆက်အသွယ်တွေလည်းရှိတယ်။ဒီလောက်ဆိုမစ်ခ်ဆိုတဲ့ရှေ့နေဟာ ဘယ်လိုဆရာကျနေမလဲသိလောက်ပါပြီ...ဒီလိုနဲ့တစ်နေ့မှာ မစ်ခ် ဟာ...လူကုံထံသူဌေးသား တစ်ယောက် မုဒိမ်းမှု၊လူရိုက်မှုတွေနဲ့ ...အစွပ်စွဲခံထားရတဲ့ အမှုကို ကူညီပေးဖို့သဘောတူလိုက်တယ်...အဲဒီမှာ သောက်ကျိုးနည်းပြဿနာတွေ တသီကြီး စပါတော့တယ် ....ဒီကားက မင်းသားကြီး  Matthew McConaughey အဓိကသရုပ်ဆောင်ထားတဲ့ကား...ဒီလိုစရိုက်မျိုးတွေဆို အပိုင်နိုင်ဆုံးလို့တောင်ဆိုရမယ်။ ဇာတ်လမ်းက အရမ်းမိုက်သလို...အစမှအဆုံးထိ ဆွဲဆောင်မှုရှိလွန်းတယ်...လက်မလွှတ်သင့်တဲ့ နင်းကန်ကောင်းတဲ့ကားမို့..ဒီကားလေးကို ကြည့်ကြည့်ကြပါလို့ညွှန်းလိုက်ချင်ပါတယ်။ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Thar Htet ပဲဖြစ်ပါတယ်...File size : 2.03GB / 1.01GB Quality ...
movie

The Lincoln Lawyer (2011)

Joker (2019) 8.5
Joker (2019) Joker (2019) IMDb - (8.5/10) RT - 68% Won 2 Oscars. Another 92 wins & 199 nominations DC comic တွေထဲက ဇာတ်ကောင်တစ်ကောင်ကို အခြေခံထားတဲ့ ရုပ်ရှင်ပါ။ဂျိုကာကိုဆို စူပါဟီးရိုး ဖန်တိုင်း သိကြမှာပါ။ခေတ်အဆက်ဆက် လင်းနို့လူသား ရုပ်ရှင်တွေမှာအကောင်းဆုံးဗီလိန်တွေထဲက တစ်ယောက်အဖြစ် ပါနေကျပါပဲ။ဒီကားကတော့ အရင်ဂျိုကာတွေ လင်းနို့လူသားတွေရဲ့ ဇာတ်လမ်းနဲ့ မဆက်စပ်ပါဘူး။အာသာဖလက်ဆိုတဲ့ သာမန်လူတစ်ယောက်ကနေ ဂျိုကာဆိုပြီးဘယ်လိုဖြစ်လာလဲ ဆိုတာကို ဇာတ်ညွှန်းအသစ်နဲ့ ပြသထားတာပါ။လက်ရှိ အအောင်မြင်ဆုံးနဲ့ ဝင်ငွေအကြမ်းဆုံး R rated ရုပ်ရှင်ပါ။သရုပ်ဆောင်၊ ဒါရိုက်တာ အကုန်ကောင်းမွန်တဲ့အရှိန်ရယ်၊ ခေတ်အဆက်ဆက် ရှိလာခဲ့တဲ့ ပရိသတ်တွေရဲ့ အရှိန် ၂ ခုလုံးပေါင်းမိသွားတာပါပဲ။စူပါဟီးရိုးဖန်တွေရော ရုပ်ရှင်ကောင်းကြိုက်တတ်တဲ့ သူတွေရော သဘောကျကြမှာပါ။ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Littleneo ပဲဖြစ်ပါတယ်....File Size : (6.7 GB) /(2.0 GB) /(950 MB) Quality : BluRay 4K ...
movie

Joker (2019)

2019
4K HEVC
Bad Company (2002)
Bad Company (2002) ဂျိတ်ဟေးစ်ဟာ မိဘမဲ့ဂေဟာမှာ ကြီးပြင်းခဲ့ပြီးတော့ လက်မှတ်မှောင်ခိုရောင်းလိုက်၊ ပန်းခြံမှာ စစ်တုရင်ကစားပြီး ငွေရှာလိုက်နဲ့ လုံးချာလိုက်နေပေမယ့် ဂေါင်းကြီးတို့နဲ့ မတူတာကတော့ သူ့မှာ ဂျူလီဆိုတဲ့ ကောင်မလေးတော့ရှိပါတယ်။ဒါပေမဲ့ သူ့ကောင်မလေးက အဖြစ်မရှိတဲ့ ဂျိတ်ကြောင့် သူ့ရည်းစားဟောင်းရှိတဲ့ တခြားမြို့မှာ အလုပ်သွားလုပ်ဖို့ ပြောလာပါတော့တယ်။ အဲဒီအချိန်မှာ သူ့ကို ဆိုင်းမဆင့် ဗုံမဆင့် စီအိုင်အေက ခေါ်သွားပြီးတော့ သူ့မှာ ငယ်ငယ်တုန်းက ကွဲသွားတဲ့ အမြွာအစ်ကိုရှိတဲ့အကြောင်း၊ သူ့အမြွာအစ်ကိုက စစ်ဆင်ရေးတစ်ခုမှာ ဆုံးသွားတဲ့အကြောင်း ပြောပြပြီးတော့ အန္တရာယ်မရှိတဲ့ သာမန်စစ်ဆင်ရေးမှာ သူ့အစ်ကိုဟန်ဆောင်ပေးဖို့ ငွေအများကြီး ကမ်းလှမ်းပါတော့တယ်။ဒီတော့ သူကောင်မလေးကို ဆုံးရှုံးရမှာစိုးတဲ့အတွက် စီအိုင်အေကို သဘောတူလိုက်ပေမဲ့ စစ်ဆင်ရေးက သူထင်ထားသလို သာမန်မဟုတ်ပဲ တစ်မြို့လုံး ပြောင်သလင်းခါသွားနိုင်တဲ့ နျူးကလီးယားဗုံးနဲ့ ဆက်စပ်နေပြီး ကျားမြီးပြေးဆွဲနေရမဲ့အနေအထား ရောက်လာတဲ့အခါမှာ သူ့အနေနဲ့ ဘယ်လိုနှစ်ပါးသွားရမလဲဆိုတာကို ဟာသနှောပြီး ကြည့်ရမှာဖြစ်လို့ အူတက်အောင် ခွီချင်ရင် ကြည့်သာကြည့်လိုက်ကြပါတော့ ဂေါင်းကြီးတို့File ...
movie

Bad Company (2002)

Fancy Dance (2023) 7.1
Fancy Dance (2023)  Killlers of the flower moon နဲ့ အကယ်ဒမီဆန်ကာတင်ခဲ့တဲ့ လီလီဂလက်စတုန်းရဲ့ ရုပ်ရှင်ပါ။ဒရာမာ အမျိုးအစားဖြစ်ပြီး ပျောက်နေတဲ့ ညီမဖြစ်သူကိုလိုက်ရှာတဲ့ ဌာနေ အင်ဒီယန်းတစ်ယောက်အဖြစ်သရုပ်ဆောင်ထားပါတယ်။ စုံထောက်ကားစတိုင်မျိုးနဲ့တစိမ့်စိမ့်ခံစားရမဲ့ ကားမျိုးပါပဲ။ ဇာတ်လမ်းအကျဉ်း****************ဂျက်ဇ်ဟာ ဆေးရောင်း၊ အလစ်သုတ် တာတွေလက်ယဉ်နေတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပြီး သူ့ရဲညီမတာဝီ ပျောက်ဆုံးနေတာ ၂ ပတ်ရှိပြီမို့ နေရာအနှံ့မှာလိုက်ရှာနေတာပါ။ တာဝီရဲ့ သမီး သူ့တူမ ရိုကီကိုလည်း စောင့်ရှောက်ထားရပါတယ်။ သူ့ရဲ့ မှုခင်းရာဇဝတ်တွေကြောင့် ရိုကီကိုကလေးစောင့်ရှောက်ရေးဌာနက သူ့အဘိုးအဘွားတွေဆီအတင်းပို့လိုက်ပါတယ်။ ဒါကို ဂျက်ဇ်က သွားခေါ်ထုတ်လာပြီးသူ့ညီမကိုလိုက်ရှာဖို့ တူဝရီးနှစ်ယောက်ခရီးထွက်လာကြပါတယ်။သူတို့နောက်ကေန ကလေးပြန်ပေးဆွဲမှုနဲ့ အက်ဖ်ဘီအိုင် တွေရဲတွေကပါလိုက်လာတဲ့အခါ ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲကြည့်ရမှာပါ။ File size…1.65GB  / 750MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 30m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr.Anderson
movie

Fancy Dance (2023)

Wheelman (2017) 6.4
Wheelman (2017)  လူတစ်ယောက်၊ ညတစ်ည၊ ကားတစ်စီး၊ အိတ် ၂ အိတ်၊ဖုန်း ၁ လုံး။ ဒါတွေနဲ့ပဲ ဇာတ်လမ်းဆင်ထားတဲ့ Netflix ကThriller ကားကောင်းလေးပါ။ဇာတ်ကားနာမည်အတိုင်း မင်းသားက ဘဏ်ဓားပြတိုက်တဲ့လူတွေကို ကားမောင်းပို့ပေးရတဲ့ အမောင်းသမား ဝှီးမန်းပါ။တစ်ညကျ ခါတိုင်းလိုပဲ သူ့အလုပ်သူ လုပ်မယ့်အချိန်မှာသူနဲ့ တွဲလုပ်နေကြ သူ့ဘော်ဒါမဟုတ်ပဲ ဒီအလုပ်အပ်တဲ့လူဆိုသူက ဖုန်းဆက်လာပြီး ခု ဓားပြတိုက်နေတဲ့ကောင်တွေကားထဲကို ပိုက်ဆံထည့်ပြီးတာနဲ့ ပစ်ထားခဲ့လိုက် အဲဒီကောင်တွေက မင်းကို သတ်မှာ ဘာညာဆိုပြီးပြောနေတော့ယုံရခက် မယုံရခက်နဲ့ နောက်ဆုံး အသက်သေမှာကိုကြောက်တော့ ပိုက်ဆံတွေ ကားထဲရောက်တာနဲ့ ဟိုလူတွေကိုထားခဲ့ပြီး မောင်းပြေးလာခဲ့တယ်။ပြီးတာနဲ့ ဒီ ထူးဆန်းတဲ့ဖုန်းပေါ်ကလူက မင်းသားကို အကျပ်ကိုင်တာတွေ ခြိမ်းခြောက်တာတွေ ပေါင်းစုံနဲ့ သူခိုင်းတဲ့အတိုင်းတွေလုပ်ရင်း ပြဿနာကြီးတစ်ခုထဲကို မဆီမဆိုင် ဝင်ရောက်သွားတဲ့အခါမှာတော့ ဘယ်လိုလွတ်မြောက်အောင်လုပ်မလဲဆိုတာကိုစိတ်လှုပ်ရှားစွာနဲ့ ကြည့်ရမှာပါ။ဒီကားထဲက အဓိက သရုပ်ဆောင်ကတော့ ဟောလိဝုဒ်အက်ရှင်ကားတော်တော်များများမှာ အရန်နေရာတို့ လူဆိုးနေရာတို့ပါနေကြ ဖြစ်ပြီး အထင်ရှားဆုံးပြောရရင် ကပ္ပတိန်အမေရိကကားထဲက ...
movie

Wheelman (2017)

Man of the House (2005)
Man of the House (2005)  တက္ကဆက်မြို့က အမှုတခုအကြောင်းအပေါ်အခြေခံထားပြီး မှုခင်းဆန်ဆန်ဇာတ်အိမ်မျိုးကိုမှ ဟာ‌သ‌‌လေးတွေနှောထားတဲ့ ဇာတ်ကားလေးပါ၊ဒီကားမှာ မင်းသားကြီး Tommy Lee က ရိန်းဂျားတပ်ဖွဲ့က ဆာဂျင် ရိုလန်ရှက်ဖ်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပြီး တာဝန်ကလွဲပြီး ဘာကိုမှမသိတဲ့ ရှေးရိုးစွဲ ဘုကလန့်လူကြီးတ‌ယောာက်ပါ၊တဖက်မှာလည်း ဘဝကိုပေါ့ပေါ့ပါးပါးနဲ့နေတတ်တဲ့ Cheerleaders ကောင်မလေး၅ယောက်က မထင်မှတ်ဘဲ လူသတ်မှုတခုကို မျက်မြင်‌‌တွေ့လိုက်ရပြီး အမှုရဲ့အရေးကြီးတဲ့ သက်သေတွေဖြစ်လာခဲ့ပါတယ်၊ဒီမျက်မြင်သက်‌သေကောင်မလေးတွေကိုကာကွယ်ဖို့တာဝန်က ရှက်ဖ်တယောက်အ‌ပေါ်ကျလာပါ‌‌တော့တယ်၊အကျင့်စာရိုက်ချင်းမတူတဲ့ ရှက်ဖ်နဲ့ကောင်မလေး‌တွေ တွေ့ကြတဲ့အခါမှာ အဆင်ပြေကြပါ့မလား၊ ရှက်ဖ်တယေက်က‌ကော ကောင်မလေးတွေ အ‌ဆုံးထိကာကွယ်‌ ပေးသွားပြီး လူသတ်သမားကိုဖမ်းမိသွားမလား ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကို စိတ်ဝင်စားဖွယ်စောင့်ကြည့်သွားရမှာပါ File size…(1.8 GB)/(980 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre...Comedy, Action Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Thway 
movie

Man of the House (2005)

Splinter (2008)
Splinter (2008) လူသွားလူလာနည်းပါးတဲ့ ဂတ်စ်ဆိုင်လေးတစ်ခုရဲ့ပန့်ကိုင်ကို အမျိုးအမည်မသိသတ္တဝါကောင်တစ်ကောင်က လာရောက်တိုက်ခိုက်ပုံနဲ့ဇာတ်လမ်းကိုစဖွင့်ထားပါတယ်။ဆက်သ်နဲ့ပေါ်လီဆိုတဲ့ လူငယ်စုံတွဲတစ်တွဲဟာ အိုကလာဟားမားက တောအုပ်တွေထဲကို အပျော်စခန်းချခရီးလာခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့ကားကို ထောင်ပြေးတစ်ဦးနဲ့ ဆေးစွဲနေတဲ့သူ့ကောင်မလေးဖြစ်တဲ့ လေစီတို့က ကြားဖြတ်လုယူချိန်မှာတော့ အစီအစဉ်ပျက်သွားပြီး ဂတ်စ်ဆိုင်တစ်ခုမှာ ဝင်နားဖို့အခြေအနေဖြစ်လာပါတော့တယ်။ဂတ်စ်ဆိုင်ကိုရောက်ကာစမှာပဲ လေစီကိုဆူးချွန်တွေတကိုယ်လုံးပေါက်နေတဲ့ဂတ်စ်ဆိုင်လုပ်သားရဲ့တိုက်ခိုက်မှုကိုခံလိုက်ရပြီး သေဆုံးသွားခဲ့တဲ့အတွက် ဆက်သ်တို့စုံတွဲနဲ့ထောင်ပြေးတို့ဟာ ဂတ်စ်ဆိုင်ထဲကိုပြေးပုန်းလိုက်ရပါတယ်။ သူတို့သေပြီလို့ထင်ခဲ့တဲ့ လေစီကလည်း ဆူးချွန်တွေစိုက်ဝင်ခံထားရာက တွန့်လိမ်ကောက်ကွေးအသက်ပြန်ဝင်လာပြီး မှန်တံခါး၀ကိုလာတိုက်ခိုက်တဲ့အချိန်မှာတော့..။သူတို့ကိုတကယ်တမ်းလိုက်တိုက်ခိုက်နေတာ ဂတ်စ်ဆိုင်လုပ်သားလည်းမဟုတ်သလို လေစီလည်းမဟုတ်ပါဘူး။ သူတို့ကိုယ်မှာစိုက်ဝင်နေတဲ့ အဲ့ဒီဆူးချွန်တွေပါပဲ။ ဆူးချွန်တွေဟာ စိုက်ဝင်သွားမိတဲ့သားကောင်ကိုမှီတွယ်ပြီး အဲ့ဒီသားကောင်ရဲ့သွေးသားကိုစားသုံးရွေ့လျားပြိး နောက်ထပ်သားကောင်ကိုဆက်ပြီးရှာပါတယ်။ သူတို့အနေနဲ့ ဒီဆူးချွန်တွေ ရဲ့ အားသာချက်အား နည်းချက်တွေ ကိုအဖြေရှာပြီး ရှင်သန်ဖို့ကြိုးစားရတော့မှာဖြစ်ပါတယ်။Splinter ကစိတ်ကူးကောင်းသလို အဲ့ဒီစိတ်ကူးကိုထိထိရောက်ရောက်အကောင်အထည်ဖော်သွားနိုင်တဲ့ Horror ကားကောင်းတစ်ကားပါ။ ဇာတ်စကတည်းက သွက်သွက်လက်လက်နဲ့ဇာတ်ကိုသယ်သွားသလို အသည်းယားစရာ ရင်ဖိုစရာ နဲ့ jump scare တွေမျှတပြီး သရုပ်ဆောင်တွေကလည်း လိုရင်းရောက်အောင်ပို့ပေးနိုင်ပါတယ်။ရုပ်ရှင်ပွဲတော်တွေမှာသက်ဆိုင်ရာဆုတွေအများကြီးရထားတဲ့ Hidden gem တစ်ခုပါပဲ။ File size…(1.5 GB)/(843 MB) Quality….Webrip 1080p ...
movie

Splinter (2008)

The Killing Room (2009)
The Killing Room (2009)  ဒီ ရုပ်ရှင်က Horror/Mystery အမျိုးအစားဖြစ်ပြီး IMDb 5.6/10 နဲ့ Rotten Tomatoes 71% ရထားပါတယ်။MK Program ဆိုတဲ့ လူသားစမ်းသပ်မှုတစ်ခုကို အခြေခံပြီး ရိုက်ကူးထားတာပါ။ Main Castတွေ အနေနဲ့ Clea Duvall, Chole Sevigny,Timothy Hutton,Nick Canon, Peter Stormare တို့ ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ လူလေးယောက်က စိတ်ပညာလေ့လာမှုတစ်ခု စမ်းသပ်ဖို့အတွက် ပိုက်ဆံယူပြီး စမ်းသပ်ခံကြပါတယ်။ သူတို့လည်း ဘာမှ ရေရေရာရာ မသိဘဲ ပိုက်ဆံလွယ်လွယ်ကူကူများများစားစားရတဲ့အတွက် ပါဝင်ခဲ့ကြပါတယ်။ သူတို့ထဲမှာ Crawfordဆိုတဲ့သူက ဒီလိုစမ်းသပ်မှုမျိုးတွေကို အခကြေးငွေယူပြီးအများကြီး လုပ်ဖူးခဲ့ပါတယ်။ဒါပေမယ့်သူတို့ ထင်ထားသလို သာမန်မေးခွန်းတွေ မေးတဲ့ စမ်းသပ်မှုမဟုတ်ဘဲ သူတို့ထဲကအမျိုးသမီး candidate တစ်ယောက်ကို မျက်စိရှေ့မှာ သတ်ခံလိုက်ရတဲ့အခါ ကျန်တဲ့သူတွေဟာ သူတို့အပေါ်ကျရောက်လာမယ့် စိတ်ပိုင်းဆိုင်ရာ ကိုယ်ပိုင်းဆိုင်ရာ နှိပ်စက်မှုတွေနဲ့ ကြုံတွေ့ရပါတော့တယ်။ File ...
movie

The Killing Room (2009)

Lila & Eve (2015) 5.8
Lila & Eve (2015)  ဒီနေ့မှာတော့ အားလုံးရဲ့အသည်းစွဲ Jennifer Lopez ပါဝင်သရုပ်ဆောင်ထားတဲ့ မူခင်းရုပ်ရှင်တစ်ကားကို CM ပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်ရပါတယ် ။Lila and Eve လို့ အမည်ရတဲ့ ဒီရုပ်ရှင်ထဲမှာတော့ Lila ဆိုတဲ့ အမျိုးသမီးကသူ့သား Stephon ကို လောလောလတ်လတ် ဆုံးရှုံးထားရတဲ့သူပါ ။ဘာအပြစ်မှမရှိဘဲ မတရားသဖြင့် သေသွားရတဲ့ သားဖြစ်သူအတွက်ပူဆွေးနေရတဲ့ Lila ဟာ သူ့လိုမျိုး ဘဝတူမိခင်တွေအတွက် ဖေးကူရေးအဖွဲ့တစ်ခုရဲ့ စကားဝိုင်းကို သွားခဲ့ပါတယ် ။ အဲဒီမှာပဲ သူ့လိုမျိုးပဲသားသမီးဆုံးရှုံးထားတဲ့ Eve နဲ့ တွေ့ဆုံဖြစ်ခဲ့ပါတယ် ။ တကယ်တော့Lila လိုချင်တာက သူ့သားကို သတ်ခဲ့တဲ့ တရားခံကို ရှာဖို့ပါပဲ ။ ရဲတွေကိုအမျိုးမျိုးဆက်သွယ်ခဲ့ပေမယ့် အဖတ်မလုပ်တဲ့နောက်မှာတော့ Eve ကသူ ကူညီပေးမယ်လို့ ဆိုလာပါတယ် ။ Stephon ကို သတ်သွားတဲ့တရားခံကို Lila နဲ့ Eve တို့ ...
movie

Lila & Eve (2015)