Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Shawn Macdonald
6.1
Grave Encounters (2011)
Grave Encounters (2011) IMDB - 6.1/10ဇာတ်လမ်းကတော့ ရိုးရှင်းပါတယ် ပရလောကဖြစ်ရပ်မှန်ဆိုပြီး ဂျင်းပါးပါးပုတ် ဆေးရုံ သချိုင်းစသဖြင့် နေရာတွေမှာရိုက်ကူးနေတဲ့ တီဗီအစီအစဉ်အုပ်စုရဲ့ မတည်းဖြတ်ရသေးတဲ့ စိတ်ကျန်းမာရေးဆေးရုံက ၇၆ နာရီကျော်ကြာ ဗီဒီယိုမူကြမ်းတွေကို ရရှိထားတဲ့ ထုတ်လုပ်သူက ပြန်ပြပေးတဲ့အနေနဲ့ တင်ဆင်ထားတာပါ။ အဖွဲနာမည်က Grave Encounters (သေခြင်းတရားနဲ့ ဆုံတွေ့သူများ) အဖွဲဝင်က ခေါင်းဆောင် Lance၊ ကင်မရာသမား Sash နဲ့ TC၊ နည်းပညာသမား Mike ရယ် စိတ်စွမ်းအားရှင်လို ဘာလိုလို Houston တို့ ပါဝင်ပါတယ်။ ဒီဇာတ်ကားမှာဖြစ်ပျက်သွားတာက အပိုင်း ၆ ပိုင်း ရိုက်ကူးဖို စိတ်ကျန်းမာရေးဆေးရုံပျက်ကြီးမှာ ၈ နာရီကျော် Lockdown ချ ညအိပ်ရင်း မယုံကြည်သူတွေကို ဘယ်လိုသက်သေပြခံရမလဲ စောင့်ကြည့်ရမှာပါ။ ဒီကားကလည်း Documentary Horror အမျိုးအစားဆိုပေမယ့် ဇာတ်လမ်းကသွက်တယ်၊ Plot မပါပေမယ့် ကြည့်ရှုသူကို ဆွဲခေါ်သွားနိုင်တယ် Runtime နာရီဝက်လောက်ကနေစပြီး တစ်ကားလုံးကြမ်းတော့တာပဲ (ရှေ့ပိုင်းပျိုးထားတာတွေလည်း စိတ်ဝင်စားဖိုကောင်းပါတယ်)။ ပုံမှန်သရဲကားတွေလိုမျိုး Jump Scare သုံးတာလည်းရှားပြီး ကင်မရာရှုထောင့်တွေ ညကြည့်မြင်ကွင်းတွေကလည်း ခြောက်ချားစရာဖြစ်နေမှာတော့ အမှန်ပဲ။ ...
movie
Grave Encounters (2011)
5.3
Scooby-Doo! The Mystery Begins (2009)
ငယ်ဘဝရဲ့ အကောင်းဆုံးအမှတ်တရတစ်ခုဖြစ်ခဲ့တဲ့ Scooby-Doo ကာတွန်းကိုLAအနေနဲ့ ကြည့်ရှုခံစားရမယ့် Scooby-Doo The Mystery Beginsဒီ live actionလေးမှာလည်း ဇာတ်လိုက်ကျော်ကြီးရှက်ဂီကတော့ ထုံးစံအတိုင်း အယောင်ယောင်အမှားမှားနဲ့ တလွဲအမြဲလုပ်တတ်တဲ့သူပေါ့။သူ့ရဲ့partner in crimeကတော့ ရှက်ဂီလိုပဲအမြဲတလွဲလုပ်နေတဲ့ ခွေးလေးစကူဘီပါပဲ။ဒီလိုနဲ့ ရှက်ဂီတစ်ယောက် ကျောင်းကားပေါ်မှာ အယောင်ယောင်အမှားမှားလုပ်မိရာကနေစလို့ရှက်ဂီ ဒပ်ဖနီ ဗယ်မာနဲ့ ဖရက်ဒ်တို့ ၄ ယောက် ပွဲဆူမှုနဲ့ စာကြည့်တိုက်မှာ အပြစ်ပေးခံရပါတော့တယ်။ဒါပေမဲ့ သူတို့စာကြည့်တိုက်ထဲမှာ အပြစ်ပေးခံရလို့ တကျက်ကျက်ဖြစ်နေတုန်းရုတ်တရက် စာအုပ်တွေစင်ပေါ်ကနေပျံကျလာ ပစ္စည်းတွေလွင့်ထွက်ပြီး သရဲ ၃ ကောင်ပေါ်လာတဲ့အချိန်မှာတော့သတ္တိခဲရှက်ဂီဦးဆောင်လို့ စုဝေးပွဲက ကျောင်းသားတွေကိုပါ ထွက်ပြေးခိုင်းပါတော့တယ်။ဒါပေမဲ့ ဒုကျောင်းအုပ်က သူတို့ပြောတာကိုမယုံဘဲ ကျောင်းတွင်းဆူပူမှုဖန်တီးမှုနဲ့ ၄ ယောက်လုံးကို ကျောင်းနားလိုက်တဲ့အခါ...ဒီတော့ ရှက်ဂီ ဖရက်ဒ် ဗယ်မာနဲ့ ဒက်ဖနီတို့ ကျောင်းမနားရရေးတို့အရေးအတွက် စကူဘီဒူးနဲ့အတူကျောင်းတွင်းသရဲအရှုပ်တော်ပုံကို သက်သေရဖို့ရှာဖွေရင်း ဘာတွေကြုံရမလဲဆိုတာ ရှုစားလိုက်ရအောင်ပါ။ File Size : 2.4 GB, 895 ...
movie
Scooby-Doo! The Mystery Begins (2009)
6.0
Corner Office (2022)
ကိုယ်လုပ်နေရတဲ့ရုံးအလုပ်တွေမှာ စိတ်တွေမွန်းကြပ်လွန်းလာရင်တချို့လူတွေကစိတ်ထွက်ပေါက်ရှာတတ်ကြပါတယ်။ဒီ Corner Officeဆိုတဲ့ကားထဲက အော်ဆန်ဆိုတဲ့လူရဲ့စိတ်ထွက်ပေါက်ကတော့ အရမ်းထူးဆန်းလွန်းပါတယ်။ အော်ဆန်က သူ့ရဲ့ရုံးအသစ်ကိုရောက်ပြီး သိပ်မကြာခင်မှာပဲဘယ်သူမှမသုံးတဲ့ အခန်းတစ်ခန်းကိုတွေ့ခဲ့ပါတယ်။ ဒီလိုနဲ့သူအဲ့ဒီအခန်းထဲကိုသုံးလေးခေါက်ဝင်ပြီးတဲ့နောက်မှာတော့ အဲ့ဒီအခန်းကိုအရမ်းစွဲလမ်းသွားခဲ့ပါတော့တယ်။ အဲ့ဒီအခန်းကသူ့အတွက်စိတ်ကိုအေးချမ်းစေပြီး အလုပ်တွေလုပ်ရတာ ပိုကောင်းစေတဲ့ အခန်းတစ်ခုဖြစ်တဲ့အပြင် သူ့ရဲ့လုပ်ငန်းခွင်က လူတွေအားလုံးရဲ့ အဝေးကိုထွက်သွားစေနိုင်တဲ့စိတ်ထွက်ပေါက်လေးပဲဖြစ်ပါတယ်။ ပြဿနာလေးတစ်ခုပဲရှိပါတယ်။ အဲ့ဒီအခန်းက အမှန်တကယ်မရှိပါဘူး။အော်ဆန်ကတော့ အဲ့ဒီအခန်းကိုစိတ်ကြိုက်ဝင်ထွက်သွားလာနေပေမဲ့တခြားလူတွေကတော့ အဲ့ဒီအခန်းနေရာမှာ နံရံကြီးတစ်ခုကိုပဲ မြင်ရပြီးတော့သူအခန်းထဲဝင်သွားတယ်ဆိုတာလဲ နံရံကြီးရှေ့မှာကြောင်တောင်တောင်ကြီးမတ်တပ်ရပ်နေတာကိုပဲ မြင်ရတာဖြစ်ပါတယ်။ဒီလိုနဲ့အော်ဆန်က သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေအပြင် သူဌေးနဲ့ပါပြဿနာတွေတက်ခဲ့ပါတယ်။ ဒါပေမယ့်နောက်ပိုင်းသူပြောပြောနေတဲ့ အခန်းထဲကိုသွားပြီးအလုပ်တွေကြိုးစားလိုက်တဲ့အခါမှာသူဌေးကသဘောကျပြီးရာထူးတွေဘာတွေတက်သွားပြီး နောက်မှာ သူ့ရဲ့အဲ့ဒီအခန်းကိုစွဲလမ်းစိတ်က ပိုပြင်းထန်လာပြီး ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုStorytelling ပုံစံနဲ့ကြည့်ရမှာပဲဖြစ်ပါတယ်။ File size…1.19GB / 407MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 41m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
Corner Office (2022)
4.2
Woody Woodpecker (2017)
တစ်နေ့ သူနေထိုင်တဲ့သစ်တောကို အဲ့ဒီတောအုပ်ကိုပိုင်တဲ့ လူတစ်ယောက်ရောက်လာပါတော့တယ်…အဲ့ဒီလူက တခြားမြို့ကနာမည်ကြီးရှေ့နေတစ်ဦးဖြစ်ပြီး..သူဟာရှေ့နေအကျိုးဆောင်ကုမ္ပဏီကနေ အလုပ်ထုတ်ခံရပြီးတဲ့နောက် သူအမွေရထားတဲ့ ကနေဒါနယ်စပ်နားက တောအုပ်မှာ အိမ်ဆောက်ဖို့ရောက်လာတာပါ…သူ့ရည်ရွယ်ချက်က အဲ့ဒီတောအုပ်မှာအိမ်ကောင်းကောင်းတစ်လုံးဆောက်ကာ ပြန်ရောင်းပြီး ရတဲ့ငွေနဲ့ ကိုယ်ပိုင်ရှေ့နေလုပ်ငန်းပြန်လုပ်ဖို့ ရည်ရွယ်ချက်နဲ့ပါ….အဲ့ဒီသစ်တောကိုရောက်တဲ့အခါမှာ သစ်တောက်ငှက်လေးဝူဒီဟာ အိမ်ဆောက်တဲ့လုပ်ငန်းကိုလိုက်လံနှောင့်ယှက်နေတဲ့အတွက် ရှေ့နေကြီးနဲ့သူ့ရည်းစားရဲ့ မျက်မုန်းကျိုးခြင်းကိုခံရသလောက် သူ့သားတွမ်မီနဲ့တော့ အတော်ကိုရင်းနှီးတဲ့ဆက်ဆံရေး ရရှိလာခဲ့ပါတယ်…ဝူဒီဟာ ရှေ့နေရဲ့အိမ်ဆောက်လုပ်ငန်းကိုနှောင့်ယှက်နေတဲ့အတွက် ရှေ့နေကြီးဟာ မှောင်ခိုမုဆိုးတွေကို အခကြေးငွေပေးပြီး ဝူဒီကိုဖမ်းခိုင်းပါတော့တယ်…ပေါ့ပေ့ါပါးပါး ရိုက်ကူးထားတဲ့ဇာတ်ကားလေးဖြစ်ပြီး ရယ်မောပျော်ရွှင်ချင်သူတွေအတွက် လက်မလွှတ်သင့်တဲ့ဇာတ်ကားလေးပါ….(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုဇွဲခန့်သွင်ပါ)File Size : (700 MB) and (330 MB) Quality : Blu-Ray 720p Running Time : 1hr 31min Format : Mp4 Genre : Animation, Comedy, Family Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-CADAVER Translated by ...
movie
Woody Woodpecker (2017)
2017