Channel Myanmar

Shaw Madson

TRON: Legacy 6.8
TRON: Legacy Tron : Legacy (2010)ကတော့၂၀၁၀ ထွက် သိပ္ပံစိတ်ကူးယဉ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။မကြာခင်မှာလည်း Tron : Ares ထွက်ရှိတော့မှာဖြစ်သောကြောင့်ပြန်နွေးလို့ရအောင် Quality Update ပေးလိုက်ရပါတယ်။ဇာတ်ညွှန်း Kevin Flynn ဟာ နည်းပညာအတော်လေးတော်တဲ့လူတစ်ယောက်ဖြစ်ပါတယ်။သူဟာ Digital World တစ်ခုကို ဒီဆောက်နိုင်တဲ့Coding ဆရာကြီးဆိုလည်းမမှားပါဘူး။ သူ့မှာ သားလေးတစ်ယောက်ရှိပါတယ်။နာမည်က Sam Flynn။ Kevin က Sam ကိုပြောနေကြတစ်ခုရှိတယ်။အဲဒါက သူ Digital World မှာ Tron လို့ခေါ်တဲ့ Digital လူသားတစ်ယောက်ကိုဖန်တီးထားတယ်။ သူနဲ့လည်းအရမ်းကိုခင်တဲ့အကြောင်း တွေပြောပြခဲ့ပါတယ်။ ကလေးပဲရှိသေးတဲ့ Sam အဖို့ဒါဟာတကယ်ကိုကြီးမားတဲ့ စိတ်ကူးယဉ်ဇာတ်လမ်းတစ်ခုဖြစ်ခဲ့ပါတယ်။တစ်ရက်မှာတော့ Kevin ဟာ ပျောက်ချင်းမလှပျောက်သွားပြီးSam တစ်ယောက်တည်း လူ့လောကမှာကျန်ခဲ့ပါတယ်။ Sam အရွယ်ရောက်လာတဲ့အခါမှာ သူ့အဖေပြောပြခဲ့တဲ့Tron ဇာတ်လမ်းဟာ တကယ်မဖြစ်နိုင်မှန်း နားလည်ခဲ့ပါတယ်။ဒါပေမဲ့ တကယ်ဖြစ်နိုင်ခဲ့ရင်ရော....ဆက်လက်ခံစားလိုက်ကြပါခင်ဗျာ။ File SIze : 8.3 GB / 3.8 GB / 1.2 ...
movie

TRON: Legacy

2010
4K HEVC
The Skulls (2000) 5.6
The Skulls (2000)  The Skulls (2000)IMDb Rating (5.6) / Rotten Tomatoes (9%) ၂၀၀၀ ပြည့်နှစ်မှာ ထွက်​ရှိခဲ့တဲ့ ဒီရုပ်ရှင်က အမေရိကန်​ အိုင်​ဗီလိဂ် တက္ကသိုလ်​တွေရဲ့​ အထူး​လျှို့ဝှက်​အဖွဲ့အစည်း​တစ်ခု​ အကြောင်း​နဲ့ အဲဒီ​အဖွဲ့​မှာ ပါဝင်​ပတ်သက်​မိတဲ့ ကျောင်း​သား​တစ်ဦး​ အကြောင်း​ကို တင်ဆက်​ထားတာ​ဖြစ်ပါတယ်​။Fast and Furious ဇာတ်ကားတွေရဲ့ သရုပ်ဆောင်​တစ်ဦး​ဖြစ်​တဲ့ Paul Walker နဲ့ Joshua Jackson တို့က​ အဓိက​ပါဝင်ထားပါတယ်။ဇာတ်လမ်း​အကျဥ်းကတော့ Luke ဟာ ဆင်းရဲနွမ်းပါးပေမဲ့ ထူးချွန်​တဲ့ ကောလိပ်​ကျောင်းသား​တစ်ဦး​ဖြစ်ပြီး အိုင်​ဗီလိဂ်​လို့ခေါ်တဲ့​ အမေရိက အရှေ့မြောက်ပိုင်းက ထိပ်​သီး​တက္ကသိုလ်​ရှစ်ခုထဲက တစ်ခုမှာ တက်​ရောက်​နေသူ​ဖြစ်​ပါတယ်​။ကြီး​လေးတဲ့ ကျောင်း​စရိတ်​အတွက် စကောလားရှစ်တွေနဲ့ အချိန်​ပိုင်း​အလုပ်​တွေကို​ လုပ်​ကိုင်​ပြီး ရုန်းကန်​နေရ​သူဖြစ်ပါတယ်။ တစ်ညမှာတော့ Luke ကို Skulls​ လို့​ခေါ်​တဲ့ လျှို့ဝှက်​အဖွဲ့အစည်း​တစ်ခု​က အသင်း​ဝင်​အဖြစ် ကမ်း​လှမ်း​လာပါ​တယ်။Skulls အဖွဲ့​အစည်း​က တက္ကသိုလ်​ကျောင်းသား​တွေ​ကြား​မှာ ဒဏ္ဍာရီ​လိုလို​ ...
movie

The Skulls (2000)

2000
Snow Dogs (2002)
Snow Dogs (2002) မိုင်ယာမီမှာ သွားအထူးကုလုပ်နေတဲ့ဒေါက်တာဘရွတ်စ်ရဲ့ဘ၀အလှည့်အပြောင်းက မထင်မှတ်ထားတဲ့သေတမ်းစာတစ်စာင်ကိုလက်ခံရရှိချိန်မှာစပါတယ်။ သေတမ်းစာက ဒေါက်တာဘရွတ်စ်ရဲ့အမေအရင်းစီကဖြစ်တာ‌ကြောင့် မွေးစားသားတစ်ယောက်ဆိုတာမထင်မှတ်ဘဲသိလိုက်ရတဲ့ ဒေါက်တာဘရွတ်စ်အနေနဲ့အမေရင်းရဲ့ရွာဆီကိုလိုက်သွားပြီး မိဘရင်း‌တွေရဲ့အ‌ကြာင်းစုံစမ်းဖို့ဖြစ်လာပါတယ်။အမေအရင်းဖြစ်သူကဒေါက်တာဘရွတ်စ်အတွက် စွတ်ဖားမောင်းတဲ့ခွေးတစ်အုပ်ကိုချန်ထားပေးခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ တစ်ရွာတည်းသားဂျက်က ဒီခွေးတွေကိုအချောင်မဖို့ကြံနေတာကြောင့် ဒေါက်တာဘရွတ်စ်အနေနဲ့အမေရင်းဖြစ်သူရဲ့လမ်းစဉ်ကိုလိုက်ရဖို့ဖြစ်လာပါတော့တယ်။ရုပ်ရှင်က family drama, comedyအမျိုးအစားဖြစ်တာကြောင့် မပျင်းရဘဲဇာတ်လမ်းတစ်လျှောက်စီမျောပြီး အတော်လေးကြည့်လို့ ကောင်းတဲ့ရုပ်ရှင်တစ်ခုလည်းဖြစ်ပါတယ်။ ( အညွှန်းနဲ့ဘာသာပြန်ကတော့ Yanni ဖြစ်ပါတယ်)File size…(2.4 GB)/(1.2 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Comedy, Family, Adventure  Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Yani
movie

Snow Dogs (2002)

The A-Team (2010) 6.8
The A-Team (2010) Non-stop Action ဇာတ်ကားတစ်ကားဖြစ်တဲ့ The A-Team ကို ဒါရိုက်တာ Joe Carnahan ရိုက်ကူးခဲ့ပြီး IMDb 6.8 ရရှိထားပါတယ် *ဆေးပြင်းလိပ်ခဲပြီး အစီအစဉ်ဆွဲရတာဝါသနာပါတဲ့ ကာနယ်ဟန်နီဘယ်စမစ်အဖြစ် Liam Neeson* မျက်နှာများတဲ့ စော်ကြည်ဘဲ Face အဖြစ် Bradley Cooper *ခွန်အားဗလကြီးသလောက် အသည်းငယ်တဲ့ ဘီအေဘရာကပ်စ် အဖြစ် Quinton*a *ဂေါက်ကြောင်စကားလုံးတွေကြောင့် ရယ်မောကြရမယ့် မားဒေါ့အဖြစ် Sharlto Copley* တို့က ဦးဆောင်ပါဝင်ထားပါတယ် ကာနယ်ဟန်နီဘယ်စမစ်ဦးဆောင်သော လူလေးဦးဖြင့်ဖွဲ့စည်းထားသည့် အယ်လ်ဖာတပ်ဖွဲ့ဝင် များဟာ စွန့်စားစစ်ဆင်ရေးတွေ ထမ်းဆောင်ရာမှာ ပျော်မွေ့ကြသူများဖြစ်ကြပါတယ် ဒေါ်လာရိုက်နှိပ်ရာတွင် အသုံးပြုသော ပျောက်ဆုံးပုံနှိပ်တံဆိပ်ပြားများ ဘက္ကဒက်တွင် ရောက်ရှိနေသည်ဟုသတင်းရပြီး ကာနယ်စမစ်နှင့်အဖွဲ့က ပြန်လည်လုယူခဲ့ကြပါတယ် ထိုတံဆိပ်ပြားများကို ခိုးယူရောင်းချလိုသူများထဲတွင် ထိပ်ပိုင်းအရာရှိများလည်းပါဝင်ခဲ့ရာ.......စကားချပ်။ ။ ကျည်ဆံများဇာတ်ကားထဲမှထွက်လာပြီး ထိမှန်နိုင်သောကြောင့် ကျည်ကာဝတ်၍ ကြည့်ကြပါကုန်။ File Size : (956 MB) and (327 MB) Quality : BluRay 1080p Running Time : 1hr 57min Format : Mp4 Genre :Action, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Source ...
movie

The A-Team (2010)

2010