Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Shataf Figar
5.4
Ishq Vishk Rebound (2024)
Ishq Vishk Rebound 2024 "အချစ်နှင့်ဘေးထွက်ဆိုးကျိုးများ"ချစ်ဖို့ကောင်းတဲ့ ဟင်ဒီ rom-com လေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်သရုပ်ဆောင်တွေအနေနဲ့ကတော့ Mismatched စီးရီးနဲ့ နာမည်ရလာတဲ့ Rohit Saraf နဲ့ နာမည်ကြီးရိုရှန်မိသားစုထဲက နောက်တစ်ယောက်ဖြစ်တဲ့ တက်သစ်စမင်းသမီး Pashmina Roshan တို့ပဲ ဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့ ရာဂါဗ်က တက်သစ်စ ဇာတ်ညွှန်းဆရာတစ်ယောက်ပါ အလုပ်ဒတ်လိုင်းနီးနေတဲ့အခါမှာ သူ့ရဲ့ကိုယ်ပိုင်ဘဝကိုပဲ နောက်ကြောင်းပြန်လှည့်စဉ်းစားရင်း ဇာတ်ညွှန်းဖန်တီးဖို့ ဖြစ်လာပါတော့တယ်တချိန်က သူ့ရဲ့သွားအတူစားအတူ ငယ်သူငယ်ချင်း ဆန်ယာနဲ့ ဆာဟီရ်တို့ဟာ အရွယ်တစ်ခုရောက်လာတော့ ချစ်သူတွေဖြစ်သွားကြတဲ့တွက် ရာဂါဗ်တစ်ယောက် third wheel ဘဝရောက်သွားပါတယ်ဒီလိုနဲ့ သူငယ်ချင်းချစ်သူစုံတွဲကိုပဲ အချိန်ပေးနေရတဲ့ ရာဂါဗ်ကိုယ်တိုင် ဆတ်ဆတ်ကြဲချစ်သူကောင်မလေးရလာတဲ့အခါမှာ သူငယ်ချင်းတွေနဲ့ ချစ်သူကောင်မလေးကြား ဟန်ချက်မညီခြင်းတွေဖြစ်လာပြီး ဘယ်လိုအလွဲလေးတွေ ရင်ဆိုင်ရမလဲ ဆက်လက်ကြည့်ရှုပေးကြပါဦးအညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size… 1.84 GB / 924 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 46m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie
Ishq Vishk Rebound (2024)
5.1
Bhool Bhulaiyaa 3 (2024)
Bhool Bhulaiyaa 3 (2024) "၀င်္ကပါ" IMDb - 5.1/10အရှေးကူးမားစခဲ့တဲ့ ထိတ်လန့်ခြောက်ခြားဖွယ်ရာ ဟာသရုပ်ရှင်ကြီးရဲ့ သုံးကားမြောက်အသစ်စက်စက်ကို တင်ဆက်ပေးလိုက်ပါတယ်။ဒီရုပ်ရှင်မှာတော့ နှစ်ကားမြောက်ရုပ်ရှင်က မင်းသားချောကာသစ်နဲ့ မင်းသမီးတရီပတီဒင်မ်ရီတို့ ပါဝင်ထားပါတယ်။အပနှင်တဲ့ ပယောဂဆရာကြီးဘာဘာအဖြစ် လူတွေကို လိမ်စားနေတဲ့ ရူဟန်တစ်ယောက် ဒီတစ်ခါကြုံရမှာက ရော့တ်ခတ်တိုင်းပြည်က နန်းတော်ကြီးမှာရှိတဲ့ သရဲပါ။ ငြင်းလို့မရတဲ့ အကြောင်းပြချက်တွေနဲ့ နန်းတော်ကြီးဆီလိုက်သွားတဲ့အခါမှာ သွားတိုက်ဆေးတစ်ဘူးကို တစ်နှစ်သုံး၊ နွားကို နို့ပြန်တိုက်ပြီး ကိုယ်ရံတော်ကို ပြန်စောင့်ရှောက်နေကြတဲ့ တော်ဝင်မိသားစုကြီးနဲ့ ကြုံရဆုံရပါတယ်။ ဘယ်လိုအလွဲတွေနဲ့ ရယ်ရမောရပြီး ဘယ်လိုတွေ ခြောက်လှန့်မလဲဆိုတာကို ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်။) File size… 3 GB / 1.56 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 38m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Bhool Bhulaiyaa 3 (2024)
Ghost Stories (2020)
Ghost Stories (2019) ================ဒီရုပ်ရှင်က ဘာနဲ့ တူလဲဆိုတော့ထိုင်းမှာ နာမည်ကြီးတဲ့ 3AM လိုပဲ 3AM က သရဲပုံပြင်တွေကို ရုပ်ရှင်အဖြစ်ရိုက်ပြီး အပိုင်းတိုလေးတွေ စုထားတဲ့ ရုပ်ရှင်ပါထိုင်းရဲ့ 3AM က Jump Scare တွေ အရမ်းများတယ် သေချာလေး မိတ်ကပ်ရော ကွန်ပြုတာ Effect ရော သေချာလုပ်တဲ့ အပြင် ဇတ်လမ်းတွေက အတော်စိတ်ဝင်စားစရာကောင်းပြီး ဇတ်ဝင်ခန်းတွေ ရဲ့ တီးလုံးသံတွေကြောင့် ပိုအသက်ဝင်တယ်...အခု India က Ghost Stories ဆိုပြီး ရိုက်ချလာတယ် IMDb ကတော့ 4 ပဲ ရှိတာက မကောင်းတဲ့ အငွေ့အသက်လေးလဲရတာပေါ့...ဒါပေမဲ့ တကယ်တမ်း ကြည့်လိုက်တဲ့ အခါတွေးစရာလေးတွေ ပေးတယ်အရမ်းကြောက်ရလား ဆိုတော့လဲ မဟုတ်ပြန်ဘူးသူက တွေးစရာတွေပဲ ပေးတယ်...ဘယ်လိုမျိုးလဲ ဆိုတော့ သတိုးတေဇ ၀တ္တုဖတ်ရသလိုတကယ်မရှိတာတွေက တကယ်ရှိပြီး တကယ်ရှိတာတွေကတကယ်မရှိတာမျိုးတွေ တကယ်တမ်း India က ဒီထက် ပိုလုပ်နိုင်သေးတယ်Jump ...
movie
Ghost Stories (2020)
7.1
Indrani – Epic1: Dharam vs Karam (2024)
Indrani: Epic-1 Dharam vs Karam ( 2024 ) "စူပါဂဲလ်အင်ဒရာနီ"CM ပရိသတ်ကြီးအတွက် အိန္ဒိယ time travel ကားလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ် ၂၁၂၂ ခုနှစ်မှာ တရုတ်တွေက အိန္ဒိယနဲ့ကမ္ဘာကြီးကို ကျူးကျော်ဖျက်စီးဖို့ သွေးတိုးစမ်းလာပါတယ်..သူတို့မှာ ရန်သူ့လေယာဉ်တွေကို ခြေရာခံထောက်လှမ်းလို့မရအောင် တားဆီးပေးတဲ့ Material တစ်ခုကို အောင်မြင်စွာ စမ်းသပ်ထုတ်လုပ်နိုင်ခဲ့တာကြောင့် ပြဿနာကြီးဖြစ်လာပါတယ်..အဲဒီပြဿနာကိုဖြေရှင်းဖို့ အဲဒီ Material အကြောင်းသိဖို့လိုလာတဲ့အတွက် အချက်အလက်ရှာဖွေရာကနေ ဒီ Material ကို အောင်မြင်စွာစတင်စမ်းသပ်နိုင်ခဲ့တာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ က အိန္ဒိယလူမျိုးသိပ္ပံပညာရှင်တွေဖြစ်ကြောင်းကို သိရှိသွားပါတော့တယ်..ဒါပေမဲ့ သူတို့ဟာ ပရောဂျက်အောင်မြင်ကြောင်းကြေညာပြီးနောက်တစ်ရက်ကစပြီး တစ်ယောက်ပြီးတစ်ယောက်သေဆုံးသွားကြတာမလို့ သုတေသနကြီးဟာလည်း သူတို့နဲ့အတူ ပျောက်ဆုံးသွားရပါတယ်.. ဒီလိုနဲ့ လက်ရှိအိန္ဒိယနဲ့ကမ္ဘာကြီးကို ကာကွယ်ကယ်တင်ဖို့ လွန်ခဲ့တဲ့ နှစ် ၁၀၀ ကိုသွားပြီး ဘာတွေဖြစ်ခဲ့တာလဲဆိုတာ စုံစမ်းဖော်ထုတ်ဖို့ဖြစ်လာပါတယ်..လွန်ခဲ့တဲ့နှစ်တစ်ရာက ဘာတွေဖြစ်ခဲ့သလဲနဲ့ ဘာတွေဆက်ဖြစ်ဦးမှာလဲဆိုတာကိုတော့ ပရိသတ်ကြီးဆက်လက်ကြည့်ရှုပေးပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni ~ ToMo ~ Alex ~ KKKZ ~ Linn ...
movie
Indrani – Epic1: Dharam vs Karam (2024)
2024
6.1
Khufiya (2023)
Kufiya (2023)IMDb-6/10ယောကျာ်ားက မိန်းမကို ပစ် သားသမီးကိုပစ်ပြီး အချစ်သစ်ရှာတဲ့သာမန် အိမ်ထောင်ရေးဇာတ်လမ်းတွေနဲ့ကွဲထွက်ပြီး မိန်းမက သူသိပ်ချစ်ရတဲ့အမျိုးသမီးအတွက် သူ့အိမ်ထောင််ရေးကိုစွန့်ခွာကွဲထွက်တဲ့ ဘောလိဝုဒ်ရုပ်ရှင်အသစ်တခုကို တင်ဆက်ပေးချင်ပါတယ်Netflix ကထုတ်လွှင့်လိုက်တဲ့ တဘူးရဲ့ Spy / Thriller ကားပါ ဒီကားက Amur Bhushan ရဲ့ Escape to Nowhere စာအုပ်ကိုအခြေခံပြီးရိုက်ကူးထားတာလို့ ပြောကြတာတွေလည်းရှိသလို ဒီကားရဲ့ ဒါရိုက်တာ Vishal Bhardwaj ကလည်း သူ့ဇာတ်လမ်းတွေမှာ ရှိတ်စပီးယားပြဇာတ်တွေထဲကနေ အလျဉ်းသင့်သလိုယူပြီး ထည့်သွင်းရိုက်ကူးတတ်သူလို့လည်းပြောကြပါတယ် ဒီကားထဲက စစ်ဆေးရေးတွေနာမည်ကိုက ဂျုးလီးယက်ဆီဇာတို့ ဘရူးတက်စ်တို့ ဖြစ်နေတာပါပဲဇာတ်လမ်းအညွှန်းကရစ်ရှနာ(တဘူး) တို့ စပိုင်အဖွဲ့ကလူတွေ စစ်ဆင်ရေးလုပ်တဲ့အချိန်မှာ ရန်သူဘက်ကအမြဲအသာစီးရနေပြီး စပိုင်အဖွဲ့ဝင်တွေပဲ အရင်ရှင်းပစ်ခံနေရတဲ့အချိန် ဟီနာဆိုတဲ့ စပိုင်တစ်ယောက်လည်း အဲဒီလိုအဖြစ်ဆိုးမျိုးကြုံလိုက်ရတယ်ဒီကိစ္စကိုစုံစမ်းဖို့အတွက် စပိုင်အဖွဲ့က ကရစ်ရှ်နာကိုတာဝန်ပေးလိုက်တယ် အလုပ်ကနေအနားယူတော့မဲ့ ကရစ်ရှ်နာတစ်ယောက် အဖွဲ့အတွက်အရေးကြီးဆုံးတာဝန်လည်းဖြစ် ချစ်ရသူသေရတဲ့ကိစ္စလည်းဖြစ်နေတော့ မနေသာပဲဝင်ပါရပြန်တယ်ဒီလိုအဖြစ်အပျက်တွေအတွက် အဖွဲ့ကနေအဓိကသံသယရှိသူက ရာဗီ သူကလည်း သူ့ကိုသိသွားကြမှန်းသိတာနဲ့ ချက်ချင်းမိသားစုပါခေါ်ပြီး လစ်ပြေးတော့တာပဲ ဒါပေမဲ့သူကခိုင်းစေခံရသူသာသာပဲ သူ့နောက်ကွယ်မှာအဓိကတရားခံကရှိနေသေးတယ်စပိုင်တွေကိုတောင် အသာစီးယူပြီးရှင်းပစ်နိုင်နေတဲ့ရန်သူကိုအနိုင်ယူဖို့.... ခင်ပွန်းနဲ့ သားကိုဖုံးကွယ်ထားတဲ့ ချစ်ခြင်းတရားတစ်ခုအတွက်လက်စားချေဖို့... ဒါတွေကို ကရစ်ရှ်နာတစ်ယောက်အဆုံးထိအောင်မြင်အောင်လုပ်နိုင်သွားမလား ဆိုတာ မင်းသမီးချောသုံးယောက်ရဲ့အလှကို ရှူစားရင်းခံစားကြည့်ပါဦးအညွှန်းနှင့် ဘာသာပြန်သူတွေကတော့ ...
movie
Khufiya (2023)
2023
4K HEVC
8.1
Extraction (2020)
သောရ် မင်းသားကြီး ခရစ် ဟမ်းဆွာ့ ရဲ့ အက်ရှင်ကား အသစ်ရပါပြီ။ ထင်ထားတာထက် ကောင်းပါတယ် ခရစ်စ်ဟာ အနီးကပ် တိုက်ခိုက်ခန်းတွေ သေနတ်ပစ်ခန်းတွေ ဒီလောက်ထိ ကြမ်းပြနိုင်တာ အားရစရာပါပဲ။ Combat ခန်းတွေ အရမ်းကြမ်းပါတယ်။ ကြည့်ရတာ အားရကြမှာပါ။ ဇာတ်လမ်းအကျဉ်း တိုင်လာ ဟာ စစ်ပြန်ကြေးစားစစ်သား ဖြစ်ပြီး အိန္ဒိယက ဘိန်းဘုရင်တစ်ယောက်ရဲ့ ကလေးကို ကယ်ထုတ်ပေးရမယ့် အလုပ်ကို လက်ခံလိုက်ပါတယ်။ အဲဒီကလေးကို ဖမ်းထားတဲ့သူကလည်း ပြိုင်ဘက် ဘိန်းဘုရင် ဂန်းစတား ဖြစ်နေပြီး တိုင်လာနဲ့ ကလေးကို ရဲတွေအကူအညီနဲ့ တစ်မြို့လုံးပိတ်ဆို့ပြီး ဖမ်းဖို့ ကြိုးစားပါတော့တယ်။ ဒီကလေးကို မြို့ကနေ မရမက ကယ်ထုတ်ဖို့ တစ်မြို့လုံးနဲ့ တစ်ယောက် တိုက်ခိုက်ပြီး ကြိုးစားရပါတော့တယ်။File size…(5.5 GB)/(1.9 GB)/ (850 MB) Quality….BluRay 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….01:56:00 Subtitle….Myanmar Subtitle(Hardsub) Encoder….TSK/Ka Naung Translated by Littleneo
movie
Extraction (2020)
2020
4K HEVC
6.7
Helicopter Eela(2018)
Helicopter Eela(2018) အညွှန်း*************************အီလာဆိုတဲ့အမျိုးသမီးဟာ အဆိုတော်မော်ဒယ်တစ်ယောက်..သူ့ခေတ်တုန်းက အတော်လေးပေါက်ရောက်ခဲ့ပေမဲ့ ငယ်ငယ်နဲ့အိမ်ထောင်ကျပြီးတဲ့အချိန်မှာတော့ သူ့ရဲ့ နာမည်ကြီးမှုဟာလည်းတစ်ဖြည်းဖြည်းမှိန်ဖျော့လာခဲ့တယ်..သားလေးတစ်ယောက်မွေးဖွားခဲ့ပြီး နှစ်အနည်းငယ်ကြာမှာယောင်္ကျားဖြစ်သူဆုံးပါးသွားခဲ့တယ်..ဒီလိုနဲ့ သူ့ဘဝဟာ အခက်အခဲတွေနဲ့ချည်းဆက်တိုက်ကြုံရသလိုဖြစ်လာတယ်..အဲ့ဒီနောက် သားဘဝရှေ့ရေးနဲ့ သူ့အနာဂတ်တိုးတက်ကြီးပွားဖို့ဘဝသစ်စမယ်ဆိုပြီး ကြိုးစားလာခဲ့တဲ့အချိန်မှာတော့... File Size : (2.1GB)(994MB) and (261MB) Quality : WEB-DL1080P, 720p Format…mp4 Duration…02:15:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Zuel Encoded by Phyo Pyae
movie
Helicopter Eela(2018)
9.0
Shershaah (2021)
Shershaah 2021 --------------------------------- IMDB 9.0/10 User 3.9Kဒီနှစ်ထဲမှာ low budget နဲ့ဇာတ်ကားတွေချည်းမို့ ကားကောင်းတွေ နည်းခဲ့တယ်။ အဲ့ဒီအထဲ ဒီဇာတ်ကားကတော့ ကြိုက်မိပါတယ်။ဗစ်ကရမ်ဆိုတဲ့ ငနဲက ငယ်ငယ်လေး ကတည်းက ရန်ဖြစ်ဖို့လည်း လက်မရွံ့ခဲ့။ အကြောက်တရားက မရှိခဲ့။ကျောင်းတွင်း ပြည်ထောင်စုနေ့၊ လွတ်လပ်ရေးနေ့တွေမှာဆို ကျောင်းသားအားလုံးကို ကျောင်းဝတ်စုံနဲ့ မြင်ရပေမဲ့ ဗစ်ကရမ်ကတော့ အိန္ဒိယစ်စဝတ်စုံကို ဂုဏ်ယူဝင့်ကြွားစွာ ဝတ်လာတတ်တယ်။ငယ်စဉ်ကတည်းက မက်ခဲ့တဲ့ အိပ်မက်က အရွယ်ရောက်လာတဲ့အခါ စစ်သားကြီးဖြစ်ဖို့ပေါ့။သူကောလိပ်တက်စဉ်မှာတော့ အင်မတန်မှကို ချောမောလှပတဲ့ ချစ်သူတစ်ယောက်လည်း ပိုင်ဆိုင်ထားတယ်။အချစ်ရေးမှာရော သူ့ရဲ့ ရည်မှန်းချက် အိပ်မက်က ဘယ်လို အတားအဆီးဖြစ်လာမလဲ။အဲ့ဒါက ဗစ်ကရမ်ရဲ့အကြောင်းပါပဲ ။သူ့တာဝန်ထမ်းဆောင်ရတဲ့ နေမြေကတော့ အများသိတဲ့ စစ်သွေးကြွတို့ရဲ့ နယ်မြေ ကက်ရှ်မီးယားပါပဲ။ကက်ရှ်မီးယားကို သူစတင်ရောက်စဉ်မကြာမီမှာပဲ ဒေသခံတွေနဲ့ ရင်းနီးသွားတယ်။သတင်းပေးတွေရဲ့ သတင်းတွေအရ အကြမ်းဖက်သမားတွေကို ဘယ်လိုဖြိုခွင်းမလဲဆိုတာကိုလည်း စစ်ကားကောင်းတစ်ကားလို ကြည့်ရမှာပါ။အချစ်လည်း ပါသလို၊ စစ်ရေးလည်း ပါတာမို့ ကြည့်ရတာ ကျေနပ်မိစေမှာပါ။ သူတို့တပ်ရင်းရဲ့ မြင်မြင်သမျှတွေဟာလည်း တကယ့်စစ်သားတွေလို စကားလုံးအသုံးအနှုန်းတွေကအစ သဘာဝကျလှပါတယ်။ဒီလို ကားကောင်းတစ်ကားကို မိတ်ဆွေတို့ အပန်းဖြေနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။ဪ မေ့လို့.. ရိုချင်တဲ့သူတွေအတွက်လည်း သီချင်းလေးက ကောင်းလွန်းလို့ စာတန်းထိုးပေးထားပါတယ်ဗျ။ File size…1.45GB and 2.18GB Quality…720p AMZN Web ...
movie
Shershaah (2021)
2021