Channel Myanmar

Shashank Shende

Apsara (2024) 6.4
Apsara (2024) Apsara 2024 (အိပ်မက်မင်းသမီးလေး)ဆစ်ဒူဆိုတဲ့ကောင်လေးဟာ မိန်းမဆုံးပြီးကတည်းက ဘာအလုပ်မှမလုပ်ဘဲ အရက်ပဲသောက်နေတဲ့ အရက်သမားအဖေနဲ့အတူ နေထိုင်ပါတယ်။ဆစ်ဒူမှာ ထူးခြားချက်တစ်ခုရှိပါတယ်။ အဲဒါကတော့ အိပ်မက်ထဲမှာ နတ်သမီးလေးလိုလှပတဲ့ ကောင်မလေးတစ်ယောက်က ပေါ်ပေါ်လာတာပါပဲ။ဆစ်ဒူဟာ အဲဒီကောင်မလေးကို စွဲလမ်းနေပါတော့တယ်။ အပြင်မှာတော့ ဆစ်ဒူကို တစ်ဖက်သတ်လိုက်ချစ်နေတဲ့ ရင်ကူဆိုတဲ့ ကောင်မလေးကလည်း ရှိနေပြန်ပါတယ်။တစ်ဖက်မှာလည်း ရတ်နာ ပူနဲကာတို့ နိုင်ငံရေးမိသားစုရှိနေပြန်ပါတယ်။ ဒီမိသားစုဟာဆိုရင်တော့ ရွေးကောက်ပွဲမှာ အဖေ,ခင်ပွန်းနဲ့ ဇနီးသည်တို့ တစ်လှည့်စီ ဝင်ပြိုင်ရင်း နေရာတစ်နေရာမှာ မိသားစုလိုက် အပိုင်စီးထားသူတွေပါ။နိုင်ငံရေးလောကဆိုတဲ့အတိုင်းပဲ အရှုပ်အထွေးတွေလည်း ရှိနေတာပေါ့။ ဒီလို အဆက်အစပ်မရှိတဲ့ ရတ်နာပူနဲကာတို့ နိုင်ငံရေးမိသားစုနဲ့ ဆစ်ဒူတို့ ဘယ်လိုတွေ ဆက်နွယ်သွားကြမလဲ ...ဆစ်ဒူရဲ့ အိပ်မက်ထဲက နတ်သမီးလေးကရော အပြင်မှာ တကယ်ရှိရဲ့လား ... ဆစ်ဒူနဲ့ တွေ့ဆုံခွင့်ရမှာလား... ဆိုတာကိုကြည့်ရှုရမယ့် အချစ်ဒရာမာကားလေးဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်) File size…2.53 GB / 1.34 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 30m Subtitle….Myanmar Subtitle ...
movie

Apsara (2024)

Ringan aka The Quest (2017) 7.8
Ringan aka The Quest (2017) Ringan 2017 ကိုးကွယ်ရာဒုက္ခအတိရောက်ပြီဆို လူသားတွေအရင်ဆုံးရှာဖွေကြတာ အားကိုးရာတစ်ခုပေါ့။ တချို့ကတော့ ဘာသာရေးကနေ အားကိုးရာရှာတယ် တချို့ကျ မိဘ တချို့ကျ ဆွေမျိုး မိတ်ဆွေအပေါင်းအသင်း အစရှိသဖြင့်ပေါ့လေ။ဒီကားလေးထဲမှာလေ အက်ဘ်ဒူတို့ သားအဖ‌နှစ်ယောက် ဒုက္ခတွေကြားထဲက ငြိမ်းချမ်းရာကို ရှာဖွေပုံလေးကို ရှုစားရမှာပါ။မိုးခေါင်ရေရှားမှုကြောင့် လယ်သမားတွေ စီးပွားရေးကြပ်တည်းရတဲ့ထဲ ဇနီးဖြစ်သူရဲ့ နာမကျန်းမှုကြောင့် အကြွေးလည်ပင်းမြုပ်နေတဲ့ အာဂျွန်၊ ဒီကြားထဲမှာမှ ဇနီးကလည်းဆုံးပါးသွားပြန်တော့ မိတဆိုးသားလေးနဲ့ အကြွေးတွေပဲကျန်ရစ်ခဲ့တာပေါ့။အက်ဘ်ဒူလေးက သိတတ်စအရွယ်ကိုရောက်နေပြီဖြစ်လို့ အမေဘယ်မှာလဲဆိုတာ မေးတဲ့အခါ အာဂျွန်က အရှင့်စံရာကျောင်းကို ရောက်သွားပြီလို့ တစ်ဖက်လှည့်နဲ့ပြောတတ်ပေမဲ့ အက်ဘ်ဒူလေးကတော့ သူ့အမေကတကယ်ပဲ အရှင်ဗစ်တယ်နဲ့အတူရှိနေတာလို့ ယုံကြည်နေတာပါ။ဒီလိုနဲ့ လနဲ့ချီ မိုးခေါင်ရေရှားမှုကလည်းဆက်နေတော့ အာဂျွန်တစ်ယောက် ဆွေမျိုး အပေါင်းသင်းတွေဆီက ချေးငှားဖို့လုပ်တော့လည်း အကုန်လုံးကငြင်းကြ၊ လယ်ပြန်လုပ်ဖို့ ရာသီဥတုကလည်း မကောင်းတော့ နောက်ဆုံးမှာ အရှင်ဗစ်တယ်ဆီကိုသွားပြီး ဝတ်ပြုဆုတောင်းဖို့ စီစဉ်လိုက်ပါတော့တယ်။ဒီအချိန်မှာလည်း လူတကာငြင်းတာခံနေရတဲ့ အက်ဘ်ဒူလေးကလည်း အရှင့်ဆီသွားရင် အရှင်နဲ့အတူရှိနေတဲ့ အမေကိုတွေ့ရတော့မယ်ဆိုပြီး မျှော်လင့်ချက်ကိုယ်စီနဲ့ ခရီးထွက်ခဲ့ချိန်မှာတော့....(အညွန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်) File size… 1.4 GB / 709 MB Quality…WEB ...
movie

Ringan aka The Quest (2017)

Sajini Shinde Ka Viral Video (2023) 7.0
Sajini Shinde Ka Viral Video (2023) Sajini Shinde Ka Viral Video (2023) "ဒဏ်ရာများနဲ့ မီးအိမ်ရှင်" IMDb - 7.2/10ယောက္ခမ၊ချွေးမများနှင့် ကြိုးကြာနီဇာတ်လမ်းတွဲထဲမှာ ခပ်မိုက်မိုက်ကာရိုက်တာနဲ့ ပါဝင်ခဲ့တဲ့ မင်းသမီးချော ရာဒီကာမာဒန်ရဲ့ ရုပ်ရှင်အသစ်ကို Netflixကနေ ထုတ်လွှင့်ခဲ့ပါတယ်။ရုပ်ရှင်မင်းသမီးတစ်ယောက်ကကျ သောက်စားပျော်ပါးခွင့်ရှိပေမဲ့ ဆရာမတစ်ယောက်က အဲဒါမျိုးလုပ်ရင် ရာဇဝတ်မှုဖြစ်သွားရောလား....။ဒါက ဆာဂျီနီရှင်ဒီရဲ့မေးခွန်းတစ်ခု။ ဆာဂျီနီရှင်ဒီဆိုတာ အထက်တန်းကျောင်းက ရူပဗေဒဆရာမတစ်ယောက်။ ဆရာမဆာဂျီနီရှင်ဒီ သေကြောင်းကြံမယ့်စာတစ်စောင်ရေးထားခဲ့ပြီး ပျောက်ချင်းမလှ ပျောက်သွားခဲ့တယ်။ဒီစာထဲမှာလဲ သူ ဘာကြောင့် ဘယ်သူတွေကြောင့်လုပ်ရလဲဆိုတဲ့အကြောင်းပြချက်တွေသေချာရေးထားခဲ့တဲ့အခါမှာတော့။ ဒီကိစ္စက လူထုအကြားမှာ ဆူဆူပူပူဖြစ်လာတဲ့အတွက် ရဲတွေအနေနဲ့ အပြင်းအထန်စုံစမ်းရပါရော။ သမီးလိမ္မာတစ်ယောက်၊ ခေတ်မီတဲ့ဇနီးကောင်းတစ်ယောက်၊ ဆရာမကောင်းတစ်ယောက်အဖြစ်နဲ့ နေထိုင်ဖို့ကြိုးစားခဲ့တဲ့ ဆာဂျီနီရှင်ဒီ။သူဘာလို့ သတ်သေဖို့ကြံစည်ခဲ့တာလဲ၊ ရုပ်ရှင်ရဲ့နာမည်အတိုင်းပဲ သူ့ရဲ့ပျံနှံ့သွားခဲ့တဲ့ဗီဒီယိုကဘာလဲ၊ သူ့ကို အကောင်းပကတိအတိုင်းပြန်ရှာတွေ့မှာလားဆိုတာ ကြည့်ရှုအဖြေရှာကြပါဦးစို့။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…1.39GB / 586MB Quality…WEB DL 1080p /720p Format…mp4 Duration….1h ...
movie

Sajini Shinde Ka Viral Video (2023)

2023
Tanhaji: The Unsung Warrior (2020) 8.2
Tanhaji: The Unsung Warrior (2020) (Unicode)ဘောလီဝုဒ်ဖန်တွေအတွက် 2020 ရဲ့ blockbuster ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်နာမည်ကျော်မင်းသားကြီး အဂျေးနဲ့ ဆေ့ဖ်အလီခန်းမ်တို့က အပြိုင်သရုပ်ဆောင်ထားတဲ့ ဖြစ်ရပ်မှန် ရာဇဝင်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်ဇာတ်လမ်းက မရာထာတပ်မှူး တာနာဂျီးရဲ့ဘဝဇာတ်ကြောင်းပဲဖြစ်ပါတယ်မဂိုအင်ယာကြီးစိုးတဲ့အချိန်မှာ အိန္ဒိယတစ်နိုင်ငံလုံးကိုသိမ်းပိုက်ဖို့ ကြိုးစားခဲ့ပါတယ်အဲ့ဒိအချိန်အခါမှာ အိန္ဒိယမှာလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးအတွက် လွပ်လပ်ရေးတိုက်ပွဲဝင် မရာထာတပ်သားများစွာရှိပါတယ်အင်အားချင်းမမျှမှုကြောင့် အနိုင်မရဘဲ မဂိုတွေကိုအရှုံးပေးလိုက်ရတဲ့အခါ မရာထာအင်ယာပါမှ ခံတပ် ၂၃ ခု မဂိုတွေဘက်ကိုပေးအပ်လိုက်ရပါတယ်အဲ့ဒိထဲမှာ အကြီးမားဆုံးခံတပ်ဖြစ်တဲ့ ကွန်ဒါနားလည်းပါခဲ့ပါတယ် ဒီခံတပ်ကိုရရှိရင် အိန္ဒိယတောင်ပိုင်းတစ်ခုလုံးကို ရရှိသလိုပါပဲမဂိုတွေဟာ မတွန့်မဆိုင်းဘဲ အိန္ဒိယတစ်ခွင်လုံးကိုပါ သိမ်းဖို့ကြိုးစားလာတဲ့အခါမှာတော့မရာထာတပ်မှူးကြီး တာနာဂျီးနဲ့မဂိုတပ်မှူးကြီး အူဒေဘန်းတို့ ထိပ်တိုက်တွေ့ဖို့ဖြစ်လာပါတော့တယ်ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zaw Htoo ပဲဖြစ်ပါတယ်….(Zawgyi)ဘောလီဝုဒ်ဖန်တွေအတွက် 2020 ရဲ့ blockbuster ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်နာမည်ကျော်မင်းသားကြီး အဂျေးနဲ့ ဆေ့ဖ်အလီခန်းမ်တို့က အပြိုင်သရုပ်ဆောင်ထားတဲ့ ဖြစ်ရပ်မှန် ရာဇဝင်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်ဇာတ်လမ်းက မရာထာတပ်မှူး တာနာဂျီးရဲ့ဘဝဇာတ်ကြောင်းပဲဖြစ်ပါတယ်မဂိုအင်ယာကြီးစိုးတဲ့အချိန်မှာ အိန္ဒိယတစ်နိုင်ငံလုံးကိုသိမ်းပိုက်ဖို့ ကြိုးစားခဲ့ပါတယ်အဲ့ဒိအချိန်အခါမှာ အိန္ဒိယမှာလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးအတွက် လွပ်လပ်ရေးတိုက်ပွဲဝင် မရာထာတပ်သားများစွာရှိပါတယ်အင်အားချင်းမမျှမှုကြောင့် ...
movie


2020
Article 15(2019) 8.4
Article 15(2019) Article 15(2019)IMDb...8.4ဒီတစ်ပတ် ရွေးချယ်ဖြစ်တဲ့ ဘောလိဝုဒ်(Bollywood) ဇာတ်ကားကတော့ 2019 London Indian Flim Festival ရဲ့ အဖွင့်ရုပ်ရှင်ကားကြီးပဲ ဖြစ်ပါတယ်။၂၀၁၈ ခုနှစ် Bollywood IMDb List ထဲ Rating အမြင့်ဆုံး ဇာတ်ကားတွေထဲ နှစ်ကားပါဝင်ခဲ့တဲ့ ပရိသတ်တွေကို ဖြည်းဖြည်းအေးအေးနဲ့ လှည့်စားခဲ့ပြီး မင်းသားကိုယ်တိုင်ဆုရခဲ့တဲ့ Andhadhun၊ Badhaai Ho တို့ရဲ့ မင်းသား Ayushmann Khuurana ကို ဒီကားမှာတော့ ရဲအရာရှိတစ်ယောက်အနေနဲ့ တွေ့မြင်ရမှာပါ။ဒါရိုက်တာကတော့ ပရိသတ်တွေ အကြိုက်တွေ့ခဲ့တဲ့ Mulk-2018ရဲ့ ဒါရိုက်တာ Anushav Sinha ပါ။----------------------------------------------------ဇာတ်လမ်း စစချင်းမှာ သာမန်လူတန်းစားတွေ ပျော်ပါးနေတာကို တွေ့မြင်ရပြီး တစ်ဖက်ဆိတ်ကွယ်ရာမှာ သက်ငယ် မိန်းကလေးနှစ်ယောက်ကို အဓမ္မ ပြုကျင့်ခံနေရတာကို ပြထားခဲ့ပါတယ်။ ဘယ်သူဘယ်ဝါတွေကများ ဒီလို လူမဆန်တဲ့ လုပ်ရပ်ကို လုပ်ရက်ကြတာလဲ။အာယန် ရန်ဂျန်ဟာ ဒီလားဂွန်းဆိုတဲ့ နယ်မြို့လေးကို ပူပူနွေးနွေး ရောက်လာခဲ့ပါတယ်။ ရှေးရိုးစွဲ ဝါဒတွေ ကင်းတဲ့ လူငယ်တစ်ယောက်ဖြစ်တဲ့ ရဲအရှာဟာ လမ်းခရီးမှာတင် ဒရိုက်ဘာကအစ ...
movie

Article 15(2019)

2019