Channel Myanmar

Sharman Joshi

Sikandar (2025)
Sikandar (2025) Sikandar (2025) "ရှင်ဘုရင်"Official WEB DL 4k ရပါပြီခင်ဗျာနာမည်ကျော်မင်းသား ဆယ်မခန်း ပွတ်ရှ်ပါမင်းသမီး ရက်ရှမီးကားနဲ့ မင်းသမီးချော Kajal Aggarwal, Three Idiots ထဲက ရန်ချိုရဲ့သူငယ်ချင်းဖြစ်တဲ့ Sharman Joshi တို့ မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ထားတဲ့ အက်ရှင်ရုံကားသစ်ကို ထွက်ထွက်ချင်းတင်ဆက်ပေးလိုက်ပါတယ်ရာဂျ်ကော့တ်ပြည်နယ်မှာ လူအများက ရှင်ဘုရင်တစ်ပါးလို ကြည်ညိုလေးစားကြတဲ့ ဆန်ဂျေးဆိုတဲ့ လူတစ်ယောက်ရှိပြီး သူ့ရဲ့ရက်ရောမှုကြောင့် သူ့ကိုထိတာနဲ့ လူအုပ်လိုက်ဝိုင်းလာရအောင်ထိ အရှိန်အဝါကြီးတယ်တစ်ရက်တော့ လေယာဉ်ပေါ်မှာ ဝန်ကြီးတစ်ယောက်ရဲ့ သားက အမျိုးသမီးတစ်ဦးကို လိင်အမြတ်ထုတ်ဖို့ကြိုးစားတဲ့အခါ ဆန်ဂျေးက ဝင်ဆုံးမခဲ့တဲ့အတွက် ဝန်ကြီးနဲ့ ဆန်ဂျေးတို့ ရန်ဘက်တွေဖြစ်လာပါတော့တယ်အကျင့်ပျက်နိုင်ငံရေးသမားတစ်ယောက်နဲ့ လူအများရဲ့ ကယ်တင်ရှင် ဆန်ဂျေးတို့ ဘယ်လောက်ထိ အားပြိုင်သွားကြမလဲ ဖိုက်တင်ကြမ်းကြမ်းနဲ့ ဒီရုပ်ရှင်လေးမှာ ဆက်လက်ရှုစားလိုက်ပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size…8.4 GB / 2.96 GB / 1.5 GB Quality…WEB DL 4k HEVC  / 1080p ...
movie

Sikandar (2025)

4K HEVC
Rang De Basanti (2006) 8.3
Rang De Basanti (2006) Rang De Basanti (2006)IMDb Rating (8.1) / Rotten Tomatoes (89%)ကဲ အခုတစ်ခါ တင်ဆက်ပေးမှာကတော့ IMDb rating (8.1/10) အထိ ရရှိထားတဲ့ အမီးရ်ခန်းနဲ့ ဆေ့ဖ်အလီခန်းရဲ့ညီမ ဆိုဟာအလီခန်းတို့ ပါဝင်သရုပ်ဆောင်ထားကြတဲ့ Political Drama အမျိုးအစား ဘောလိဝုဒ်ဇာတ်ကားလေးတစ်ကား ဖြစ်ပါတယ်။ 3 Idiots ရုပ်ရှင်မှာ အမီးရ်ခန်းနဲ့ တွဲဖက်ညီခဲ့တဲ့ ရာဂျူးတဖြစ်လဲ မင်းသား Sharman Joshi လဲ ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့... ဆူလ်ဆိုတဲ့ ဗြိတိသျှသူလေးဟာ အိန္ဒိယနိုင်ငံ ဗြိတိသျှအင်ပါယာလက်အောက်ရောက်‌ခဲ့စဉ် အရာရှိတစ်ယောက်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ရတဲ့ ဗိုလ်ချုပ် မက္ကလင်းရဲ့ မြေးဖြစ်ပါတယ်။ မစ္စတာမက္ကလင်းဟာ သူတာဝန်ထမ်းဆောင်ခဲ့စဉ်က ဗြိတိသျှအင်ပါယာကို တော်လှန်ပုန်ကန်ခဲ့တဲ့ တော်လှန်ရေးတပ်သား ၅ဦးအကြောင်းကို သူ့ရဲ့ ဒိုင်ယာရီထဲမှာ ရေးသားခဲ့ပါတယ်။ဆူလ်ဟာ သူ့အဖိုးဒိုင်ယာရီထဲက တော်လှန်ရေးတပ်သား ၅ယောက်ဖြစ်တဲ့ ဘဂတ်ဆင်းဂ်၊ ချန်ဒရာရှေခရ်အာဇားဒ်၊ ရားဂ်ျဂုရု၊ ဒူရ်ဂါဘာဘီနဲ့ ...
movie

Rang De Basanti (2006)

2006
Golmaal – Fun Unlimited (2006) 7.5
Golmaal – Fun Unlimited (2006) Golmaal: Fun Unlimited (2006)"ပရမ်းပတာ" ==================================Mumbai Cop Universe ရဲ့ ပဲ့ကိုင်ရှင် ဆရာကြီးရိုဟစ်ရှက်တီ ရိုက်ကူးထားပြီး မင်းသားကြီး အဂျေး၊ 3 idiots ထဲက ရာဂျူးသရုပ်ဆောင် ရှာမန်ဂျိုရှီ၊ ဒါ့အပြင် တခြား နာမည်ကြီးဟာသ သရုပ်ဆောင်တွေလည်းပါဝင်တဲ့ Indian classic vibe ရမယ့် ဟာသကားဟောင်းလေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်ထဲမှာတော့ အဂျေးတို့အဖွဲ့ဟာ ဘရုတ်ကျလွန်းလို့ ကောလိပ်ကနေ နှင်ထုတ်ခံထားရတဲ့ ကျောင်းသားဟောင်းတွေဖြစ်ပါတယ်။ကျောင်းထုတ်ခံထားရပေမဲ့ နေစရာအိမ်မရှိတဲ့အတွက် ကျောင်းထုတ်မခံရတဲ့ သူငယ်ချင်းအခန်းမှာ ကုပ်ကပ်နေရင်း ဘရုတ်ကျမှုတွေကို မရပ်နိုင်တဲ့အတွက် အဲဒီသူငယ်ချင်းပါ ကျောင်းထုတ်ခံလိုက်ရပါတယ်။အဲဒီလို ကျောင်းထုတ်ခံရလို့ နေစရာမရှိ ကြောင်ပျောက်နေတဲ့ သူငယ်ချင်းလေးယောက်ဟာ အကြွေးရှင်လိုက်လို့ ပြေးရင်းလွှားရင်း မျက်မမြင် အဘိုးကြီးအဘွားကြီးစုံတွဲနေတဲ့အိမ်ကို ရောက်သွားခဲ့ပြီး အဲဒီအဘိုးကြီးအဘွားကြီးစုံတွဲက မတွေ့ရတာ နှစ် ၂၀ ကျော်ပြီဖြစ်တဲ့ မြေးဖြစ်သူကို စောင့်နေမှန်းသိသွားတဲ့အချိန်မှာတော့ သူတို့အဖွဲ့ ဘယ်လိုတွေ အယောင်ဆောင်ပြီး ဘယ်လိုဘရုတ်ဆက်ကျကြမလဲဆိုတာကို ဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာပါ...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size… 3.8 GB / 1.96 GB Quality…WEB ...
movie

Golmaal – Fun Unlimited (2006)

Sab Moh Maya Hai (2023) 7
Sab Moh Maya Hai (2023) Sab Moh Maaya Hai (2023) "အတုအယောင်"3idiots(2009)မှာ ရာဂျူးအဖြစ်နဲ့ ဘောလိ၀ုဒ်ပရိသတ်တွေနှစ်သက်ခဲ့ရတဲ့ ရှာမန်ဂျိုရှီရဲ့ ဟာသဒရာမာရုပ်ရှင်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ပီယုရှ်ကူမားမီရှရာ...။ရုံးစာရေးကြီး မီရှရာရဲ့ တစ်ဦးတည်းသောသား။ ပီယုရှ်မှာ ဇနီးသည်နဲ့ရှစ်နှစ်အရွယ် သမီးလေးရှိပေမဲ့ ဘာအလုပ်မှ မယ်မယ်ရရမရှိ။ ဖခင်ကြီးနဲ့အတူနေပြီး အလုပ်ရဖို့အရေး ဟိုသွားဒီသွားလုပ်ရင်း ယောင်ခြောက်ဆယ်ဖြစ်နေသူတစ်ယောက်။ပင်စင်နီးပြီဖြစ်တဲ့ ဖခင်ကြီးကလည်း လက်ကြောကမတင်း လုပ်လိုပ်တဲ့အလုပ်တိုင်းကလည်းအရင်မထင်တဲ့ သားဖြစ်သူကို မိုးလင်းမိုးချုပ် တဗြစ်တောက်တောက်ပြောရင်း သားဖနှစ်ယောက် နေ့စဉ်နဲ့အမျှ ပြဿနာတက်နေရတာပေါ့။ဒီလိုနဲ့တစ်နေ့ စည်ပင်ရုံးမှာ ကွန်ပျူတာအော်ပရေတာခေါ်တဲ့အကြောင်း ဘော်ဒါတစ်ယောက်ကပြောပြီး အလုပ်ရဖို့ သုံးသိန်းပေးရမယ်ဆိုတဲ့အခါမှာတော့...။ သားဖနှစ်ယောက်ကြားက အလွဲလွဲအချော်ချော်ဖြစ်ရပ်တွေနဲ့ ဘ၀ထဲကဘ၀တွေကို ခံစားကြည့်ရှုကြရမှာပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… 1.6 GB / 832 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  CM Bollywood Team
movie

Sab Moh Maya Hai (2023)

3 Idiots (2009) 8.4
3 Idiots (2009) IMDb (8.4/10) /Rotten Tomatoes (100%)December 23, 2009 (USA) မှာ ရုံတင်ပြသခဲ့ပြီး Director: Rajkumar Hirani ရိုက်ကူးထားတဲ့ 3 Idiots အမည်ရှိ India ဟာသ ရုပ်ရှင်ကားလေးဟာ ဟာသ တစ်ခုထဲတင်မကပဲ Aamir Khan ရိုက်ကူးလေ့ရှိသော ဇာတ်ကောင်များအတိုင်း ပရိတ်သတ်ကို အတွေးသစ်အမြင်သစ်နဲ့ ထိုးထွက်လာသော ရုပ်ရှင်ကားကောင်းတစ်ခုဖြစ်ပါတယ်...မိဘတွေဟာ သားသမီးတွေအပေါ် ငယ်စဉ်ကတည်းက အရမ်းမျှော်လင့်ချက် ရှိကြတယ် လမ်းမှားမသွားအောင်လို့ ပဲ့ပြင်ဆုံးမကြတယ်...ဒါ့အပြင် အရှေ့တိုင်းမိဘတော်တော်များများမှာ သူတို့သားသမီးကို ဆရာဝန်ကြီး အင်ဂျင်နီယာကြီး စတဲ့ လူကြိုက်များတဲ့ပညာရပ်ကိုသာလေ့လာစေချင်ကြတယ်။ဒါပေမယ့် ကလေးတွေဖက်ကနေ သူတို့ ဘာဖြစ်ချင်ပါတယ်ဆိုတာကို ဘယ်သူမှ မတွေးပေးကြသလို မေးလဲ မမေးကြပါဘူး....သိလဲ မသိချင်ကြသလို စိတ်လဲမဝင်စားကြပါဘူး ကလေးတွေဟာ စက်ရုပ်တွေလိုပဲ မိဘတွေ ဖြစ်စေချင်တဲ့ စီးပွားရေးသမား အစိုးရဝန်ထမ်း ဆရာဝန် အင်ဂျင်နီယာ ရှေ့နေတွေ ဖြစ်လာကြပေမယ့် သူတို့ဝါသနာပါပြီးထူးချွန်နိုင်မယ့် အားကစားလို အနုပညာလို ဘာသာရပ်တွေမှာ မှေးမှိန်ခဲ့ကြရပါတယ်။ဒီအကြောင်းတွေကို ...
movie

3 Idiots (2009)

2009
4K HEVC
Super Nani (2014) 4.8
Super Nani (2014) Super Nani (2014)"တုနှိုင်းမဲ့မေတ္တာ" =============================3 idiots ထဲက ရာဂျူးနေရာမှာသရုပ်ဆောင်ခဲ့တဲ့ မင်းသား ရှာရ်မန်ဂျိုရှီရဲ့ ၂၀၁၄ တုန်းက ထွက်ရှိခဲ့တဲ့ မိဘမေတ္တာဖွဲ့ရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ကမ္ဘာပေါ်မှာ ၂၄ နာရီ ၇ ရက် တစ်နှစ်ပတ်လုံး နားရက်မယူ နားချိန်မထားဘဲ အလုပ်တွေလုပ်နေရပြီး လစာမရဘဲ အလုပ်လုပ်နေရတဲ့သူပေါင်း သန်းနဲ့ချီပြီးရှိတယ်လို့ စစ်တမ်းတွေက ဆိုပါတယ်။ သူတို့ကတော့ မိခင်တွေဖြစ်ပါတယ်။မိခင်တွေဟာ သူတို့ရဲ့ဘဝသက်တမ်းတွေကို မိသားစုအတွက်ပဲ အချိန်ပြည့်ပေးဆပ်ထားပေမဲ့ များသောအားဖြင့်တော့ သူတို့ထိုက်တန်သလောက် အသိအမှတ်ပြုမခံကြရပါဘူး။ဒီရုပ်ရှင်ထဲမှာလည်း မာနိုရာရဲ့ အဘွားဖြစ်သူ ဘာတီဟာ ငယ်ရွယ်ချိန်ကတည်းက မိသားစုအတွက်ပဲတွေး၊ မိသားစုအတွက်ပဲ အကောင်းဆုံး လုပ်ကိုင်ပေးခဲ့ပေမဲ့ လင်ယောက်ျားကနေစပြီး သား၊ သမီး၊ ချွေးမတွေအထိ သူ့ကို အနှောင့်အယှက်လို့ပဲမြင်ပြီး အသိအမှတ်မပြုခဲ့ကြပါဘူး။အဲဒီလို သူ့အဘွားကို မလေးမစားလုပ်နေတာတွေကို မျက်လုံးထဲ ကန့်လန့်ဖြစ်နေတဲ့ မာနိုရာဟာ သူ့အဘွားရဲ့တန်ဖိုးကို သူတို့မိသားစုဝင်တွေသိဖို့အတွက် သူ့အဘွားကို ပုံစံပြောင်းပေးပြီး အခွင့်အလမ်းအသစ်တွေလည်း ရှာပေးခဲ့ပါတယ်။သူတို့တွေ ဘာတီရဲ့တန်ဖိုးကို နားလည်လာကြမှာလား၊ အပြင်မှာရော အဲဒီလို ထိုက်သင့်သလောက် အသိအမှတ်အပြုမခံရတဲ့မိခင်တွေ ဘယ်လောက်တောင်ရှိနေလဲ၊ မိခင်တွေရဲ့ ပေးဆပ်မှုတွေက ဘယ်လောက်ကြီးမြတ်လဲဆိုတာတွေကို ဒီရုပ်ရှင်ထဲမှာ ...
movie

Super Nani (2014)

2014
Music School (2023) 7.7
Music School (2023) Music School (2023) IMDb-9/10IMDbကတော့ နိုင်းလောက်ရှိသဗျို့။ the sound of music ဆိုတဲ့ ဂန္တဝင်တေးဂီတကားကြီးကို အခြေခံထားတဲ့ဇာတ်လမ်း။3Idiotsထဲက အဆောင်တွေလက်ဖွဲ့တွေယုံကြည်သူ ရာဂျူး ခေါင်းဆောင်ပါဝင်ထားတဲ့ဇာတ်လမ်း။ ဂီတကားဖြစ်တဲ့အတွက် ဂီတကိုချစ်မြတ်နိုးတဲ့သူတွေ နှစ်သက်သဘောကျစေမှာပါ။သားသမီးတွေကို ပညာရေးပဲအာရုံစိုက်စေချင်ပြီး အင်ဂျင်နီယာကြီး ဆရာဝန်ကြီးတွေဖြစ်စေချင်ပေမယ့် လူငယ်တွေရဲ့ ရင်ထဲကရူးသွပ်တဲ့ ဂီတအနုပညာကိုနားလည်မပေးကြ။ငါ့သား ငါ့သမီးလေးက အတန်းထဲမှာ အဆင့်တစ် ထိပ်ဆုံးကဆိုပြီး လက်မထောင်ချင်ကြတဲ့မိဘတွေ။ ဒီလိုမိဘတွေရဲ့ဖိနှိပ်ချုပ်ချယ်မှုတွေကြားကနေပဲ ရင်ထဲကပေါက်ဖွားလာတဲ့အနုပညာကို ပုံဖော်ကြတဲ့ လူငယ်လေးတွေရဲ့ကြိုးစားအားထုတ်မှုတွေ ဖန်တီးတင်ဆက်နိုင်ပုံတွေကို တေးဂီတဆရာမနဲ့ ပြဇာတ်ဆရာတို့က ဦးဆောင်လမ်းပြပြီး ဂန္တဝင်တေးဂီတပြဇာတ်တစ်ပုဒ်ကို ဖန်တီးတင်ဆက်ထားပါတယ်။စာကြွင်းအနေနဲ့ ကျွန်တော်က နာမည်ကြီးသီချင်းတွေ ဘာတွေကို ဇာတ်ဝင်တေးယူသုံးထားရင် သဘောကျတဲ့ထဲပါပါတယ် တိုက်ဆိုင်သွားတတ်တာပေါ့ ဒီဇာတ်ကားလေးက အိန္ဒိယကားဆိုပေမဲ့ အပိတ်သီချင်းလေးက " so long farewell auf wiedersehen goodbye" ဆိုတဲ့ The sound of music ဂန္တဝင်တေးကိုပဲ အကနဲ့ဖျော်ဖြေထားတဲ့ပုံက ကျွန်တော်သိပ်ကြိုက်ခဲ့တဲ့ Ted Lasso စီးရီးထဲက နည်းပြကြီး Ted Lasso ကို နှုတ်ဆက်ခန်းကို ပြန်သတိရသွားတာမို့ မျက်ရည်လေးများတောင့်စို့မိတဲ့ ပီတိအရသာလေးရတာမို့ ရင်ဘတ်ချင်းတူမဲ့ ဘော်ဒါတွေအတွက် ...
movie

Music School (2023)

2023
Life in a Metro (2007) 7.4
Life in a Metro (2007) Life in a Metro (2007) *********************** ဒီဇာတ်ကားလေးကတော့ ပရိတ်သတ်တို့ရဲ့ အချစ်တော်မင်းသားကြီး အီရ်ဖားန်ခန်းနဲ့ မင်းသမီး ရှီလ်ပါးရှတ်သီးတို့ပါဝင် သရုပ်ဆောင်ထားတဲ့ Romance/Drama အမျိုးအစား ဘောလိဝုဒ်ဇာတ်ကားလေး တစ်ကားဖြစ်ပြီး IMDb ratingကလည်း 7.4အထိရရှိထားပါတယ်။ဇာတ်လမ်းအကျဉ်း အရည်အချင်းပြည့်ဝတဲ့ အကမယ်တစ်ယောက်ဖြစ်တဲ့ ရှီခါဟာ သူမရဲ့ ကလေးနဲ့ အိမ်ထောင်ရေးအတွက် သူ့ရဲ့ပညာရေးနဲ့ သူ့ဘဝတက်လမ်းတွေကို စွန့်လွှတ်ခဲ့ပါတယ်။၇နှစ်လောက် ကြာလာတဲ့အခါမှာတော့ သူတို့ရဲ့ အိမ်ထောင်ရေးအခြေအနေဟာ ယိုယွင်းစဖြစ်နေမှန်း သူမသတိထားမိလာခဲ့တယ်။ ရှီခါဟာ ပြဇာတ်မင်းသားတစ်ယောက်ကို စွဲလမ်းမိသွားပြီး သူမရဲ့ ယောကျာ်းဟာလည်း သူ့ရုံးက ကောင်မလေးတစ်ယောက်နဲ့ ငြိငြိတွယ်တွယ် ဖြစ်လာပါတော့တယ်။ရာဟုလ်ဆိုတဲ့ ဉာဏ်များတဲ့ သူကတော့ သူ့ရဲ့အခန်းကို ခိုးချိန်းကြတဲ့အတွဲတွေကို ငှားလေ့ရှိသတဲ့။ ဒီဇာတ်ကားထဲမှာ အဓိကဇာတ်ကောင် ၉ယာက်ပါဝင်ပြီး သူတို့၉ယောက်ဟာ အချင်းချင်း သိကျွမ်းကြပြီး အားလုံးဟာ မွမ်ဘိုင်းမြို့မှာ အလုပ်လုပ်ကြပါတယ်။တစ်နေ့မှာတော့ သူတို့ ၉ယောက်ရဲ့ ကံကြမ္မာအလှည့်အပြောင်းကြီး ဖြစ်ပေါပြီး တစ်ယောက်နဲ့တစ်ယောက် ကံကြမ္မာချင်းရောယှက်သွားကြ‌ပြီး စိတ်ခံစားချက်ကို အနိုင်ယူဖို့ ကြိုးစားကြတဲ့အခါ ... အရမ်းကောင်းတဲ့ Old but Goldဇာတ်ကားကောင်းလေးတစ်ကား ဖြစ်တာမလို့ ဘောလိဝုဒ်ချစ်သူများ လုံးဝ လက်မလွှတ်သင့်ပါကြောင်း ... ဘာသာပြန်သူတွေကတော့ ...
movie

Life in a Metro (2007)

2007
Mumbai Saga (2021) 5
Mumbai Saga (2021) Mumbai Saga (2021) မြန်မာစာတန်းထိုးဂျွန်အေဗရာဟမ် ၊ ကာဂျဲလ် ၊ အီမ်ရန်းတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဘောလိဝုဒ်ကားလေးထွက်လာလို့ အခက်အခဲတွေကြားက မရရအောင် တင်ပေးလိုက်ပါတယ်။1980 ခုနှစ်နောက်ပိုင်း ဘုံဘေမြို့ ( ယခု မွန်ဘိုင်း) ကို အခြေတည် ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ဟာ ဖြစ်ရပ်မှန်ရဲ့ တစ်စိတ်တစ်ပိုင်းကို မှီငြမ်းထားတယ်လို့ သိရပြီး ၊ အဲ့ဒီခေတ် အဲ့ဒီအခါ ဂိုဏ်းစတားတွေ ကြီးစိုးတဲ့ အချိန် ၊ နိုင်ငံရေးအရှုပ်အထွေးတွေကို နောက်ခံထားပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ဘာသာပြန် နဲ့ အညွှန်းကတော့ Myint Thu ပဲ ဖြစ်ပါတယ်။Encoder - AugustFile size… 3.7 GB and 1.3 GB Quality…. 1080p HEVC 5.1 and 720p Format…mp4 Duration…. 2h 15min Subtitle….Myanmar Subtitle (Hardsub) Translator ..... Myint Thu Encoder ..... August
movie

Mumbai Saga (2021)

2021
HEVC 1080p 5.1
Mission Mangal(2019) 6.6
Mission Mangal(2019) Mission Mangal(2019)အညှှနြး************************(Zawgyi)မိုဘိုင်းဖုန်းဆိုတာ ဘာမှန်းမသိသေးတဲ့အချိန်တစ်ခုကို ကျွန်တော်တို့ ပြန်သွားကြည့်ရအောင်... အဲ့လိုအချိန်တစ်ခုရဲ့ စကားဝိုင်းတစ်ခုမှာ "နောင်ကျရင် လူတွေက ရန်ကုန်နဲ့ မန်းလေး ဆက်သွယ်စကားပြောဖို့ကိုငါးလက်မလောက်ပဲရှိတဲ့ ပစ္စည်းလေးရှိရုံနဲ့ စကားပြောလို့ရတော့မှာ" လို့ ကျွန်တော် ပြောလိုက်ရင်ခင်ဗျားတို့အကုန်လုံး ဝိုင်းလှောင် ဝိုင်းဟားကြမှာပါ "သိပ္ပံအောင်မြင်မှုဆိုတာ တစ်ချိန်တုန်းကတော့ ဟာသတစ်ပုဒ်လိုပါပဲ" တဲ့ISRO ဆိုတဲ့ အိန္ဒိယအာကာသ သုတေသနအဖွဲ့က သိပ္ပံပညာရှင် ရာကိရှ်ဒါဝမ်မှ သူ့ကို ဝေဖန်လာတဲ့သူကို ပြန်ချေပလိုက်တဲ့စကားပါ...ဒါဆို သူက ဘယ်လိုဟာသတွေ ပြောလိုက်တာပါလိမ့် မားစ်ဂြိုဟ်ကိုလေ့လာဖို့ ဂြိုဟ်တုလွှတ်တင်မယ်လို့ ပြောလိုက်တာပါ... အဲ့ဒီအချိန်တုန်းက မားစ်ကိုသွားဖို့ ကြိုးစားရာမှာ ကမ္ဘာ့ထိပ်သီးနိုင်ငံတွေဖြစ်တဲ့ ရုရှားနဲ့ အမေရိကန်လည်း ပါဝင်ပါတယ်...သူတို့တွေ အောင်မြင်ခဲ့လားဆိုတော့ မအောင်မြင်ခဲ့ပါဘူး...ရုရှားဟာ ရှစ်ကြိမ်တိုင်တိုင် ကျရှုံးခဲ့ပြီး အမေရိကန်ဟာလည်း လေးကြိမ်တိုင်အောင် ကျရှုံးထားတာပါ... ဒါကို အိန္ဒိယသိပ္ပံပညာရှင် ရာကိက ဘာပြောလဲဆိုတော့ "ပထမဆုံးအကြိမ်မှာကို အောင်မြင်အောင် လုပ်ပြမယ်" တဲ့ဒီလိုစကားပြောရအောင်သူ့မှာ ဘယ်လိုယုံကြည်ချက်တွေ ...
movie

Mission Mangal(2019)

2019
The Least of These(2019) 6.6
The Least of These(2019) The Least of These(2019)IMDb.....6.6ကျွန်တော်တို့အာရှနိုင်ငံတော်တော်များများဟာ အနာကြီးရောဂါသည်တွေကို ရွံစရာလူတွေအဖြစ် သတ်မှတ်ပြီး လူ့အဖွဲ့အစည်းကနေ ကျဉ်ထားလေ့ရှိပါတယ်..... အဲဒီထဲမှာ အိန္ဒိယနိုင်ငံလည်း အပါအ၀င်ဖြစ်ပြီး ဒီဇာတ်ကားအခြေခံထားတဲ့ ၁၉၉၀ ပြည့်လွန်နှစ်လို အခြေအနေမှာဆို ကုသပျောက်ကင်းပြီးတာတောင် စက်ဆုတ်စရာလူတန်းစားလို့ သတ်မှတ်ထားကြပုံရပါတယ်...ပြီးတော့ အိန္ဒိယဟာ ရှေးရိုးစွဲနိုင်ငံတနိုင်ငံလည်းဖြစ်တာနဲ့အညီ ဒီနိုင်ငံမှာ ခရစ်ယန်သာသနာလာပြုဖို့ဆိုတာ တကယ်ကို မလွယ်ကူတဲ့အနေအထားပါဒီလို အခြေအနေမှာ ဩစတေးလျနိုင်ငံသား ခရစ်ယာန်သာသနာပြု ဒေါက်တာဂရေဟမ်းစတိန်းဆိုတဲ့ အမျိုးသားဟာ အိန္ဒိယမှာရှိတဲ့ ရောဂါသည်တွေကို လာပြုစုကုသပေးနေတာ ၃၅ နှစ်ကြာခဲ့ပါပြီအဲဒီအချိန်မှာ News Orrisa သတင်းစာတိုက်က သတင်းထောက် မန်နေ့ ဟာ စားဝတ်နေရေးအတွက် သတင်းတပုဒ်ရဖို့ သတင်းစုဆောင်းရတဲ့အခါ ဂရေဟမ်စတိန်းဟာ ဒီသတင်းစာတိုက်ရဲ့ သားကောင်ဖြစ်လာပါတော့တယ်အဲဒီနောက်မှာတော့ သတင်းမုဆိုးရဲ့သားကောင်ဖြစ်လာတဲ့ ဂရေဟမ်စတိန်းနဲ့ သတင်းထောက် မန်နေ့တို့ရဲ့ ဆက်နွယ်မှုတွေ ဘာဆက်ဖြစ်လာမလဲဆိုတာတော့ ဒီ The least of these မှာ ကြည့်ရှုခံစားပေးကြပါခင်ဗျာဒီဇာတ်ကားကို ဒါရိုက်တာ Aneesh Daniel က ရိုက်ကူးထားပြီး ယခုနှစ်မှ ထွက်ရှိထားတဲ့ ကားတကားဖြစ်ပါတယ်အဓိက ...
movie

The Least of These(2019)

2019