Channel Myanmar

Shahin Karimi

My Favourite Cake (2024) Keyke mahboobe man 7.5
My Favourite Cake (2024) Keyke mahboobe man   My Favorite Cake ( 2024)IMDb Rating (7.5) / Rotten Tomatoes (100%) အနောက်တိုင်းနာမည်ကြီးမဂ္ဂဇင်းများပါမှာပါ ဖော်ပြခံရတဲ့ထိနာမည်ကြီးနေတဲ့ အီရန်ဇာတ်ကားကောင်းတစ်ခုအသက်၇၀အရွယ် “မဟင်း” (Lili Far -adpour)ဟာသားသမီးများနိုင်ငံခြားကိုထွက်ခွာသွားကြပြီးတဲ့နောက်အိမ်ထဲမှာတစ်ယောက်တည်းအဖော်မရှိနေနေရပါတယ်။သူငယ်ချင်းများနဲ့လည်းတစ်နှစ်မှတစ်ခါလောက်ဆုံရပြီး အထီးကျန်စွာနေရတဲ့ရက်တွေများလာတဲ့အခါ နှစ်သုံးဆယ်လုံးအဖော်မရှာပဲနေလာတဲ့“မဟင်း”တစ်ယောက်သူငယ်သူချင်းတွေရဲ့တိုက်တွန်းတာကြောင့်အဖော်ရှာဖို့တွေးလာတဲ့အခါ တက္ကစီကားမောင်းတဲ့ဖာရမ်မာ့ဇ်(Esmae-el Mehrabi)ကို ပင်စင်စားစားသောက်ဆိုင်မှာအမှတ်မထင်တွေ့ရာကနေသူ(မ)ကပဲစုံစမ်းစမိတ်ဖွဲ့ပြီးသူ့အိမ်ကိုလိုက်လည်ဖို့ခေါ်ရာမှမထင်မှတ်တဲ့အလှည့်အပြောင်းတွေကြုံရတာကိုရိုက်ပြထားတာဖြစ်ပါတယ်။အသက်ကြီးလာတဲ့အခါ အထီးကျန်ရတဲ့အခြေအနေနဲ့ သက်ကြီးရွယ်အိုတွေရဲ့ စိုးရိမ်နေတဲ့အချက်တွေလူသားတွေပဲမို့အချစ်နဲ့ရော ရာဂနဲ့ပါမကင်းနိုင်တဲ့ပုထုဇဥ်လူသားတွေရဲ့သဘာဝကိုလည်း ရဲရဲတင်းတင်းချပြထားတာတွေ့ရပါတယ်။သဘာဝဆန်ဆန်နဲ့တကယ့်အပြင်ကလူတွေရဲ့စရိုက်ကိုရိုက်ပြထားနိုင်တာသဘောကျစရာကောင်းပါတယ်။ဒီဇာတ်ကားမှာ အီရန်နိုင်ငံရဲ့ နိုင်ငံရေးအခြေအနေစီးပွါးရေးအခြေအနေနဲ့တင်းကျပ်ထားတဲ့အခြေအနေတစ်ချို့ကို ခပ်ပါးပါးချပြထားတာတွေ့ရပါတယ်။ဇာတ်ကားကိုအီရန်မှာဖြန့်ချီတာမဟုတ်ပဲဇာတ်ကားကို ကော်ပီတစ်ခုကူးထားပြီးဂျာမဏီနီရုပ်ရှင်ပွဲတော်မှာစပြသပြီး ဂျာမဏီနိုင်ငံမှာဖြန့်ချီတာဖြစ်ပါတယ်။အီရန်နိုင်ငံက ဒါရိုက်တာနှစ်ယောက်နဲ့အဓိက အမျိးသမီးသရုပ်ဆောင် လီလီဖာရက်ပူးကိုခရီးသွားခွင့်တားမြစ်ထားပါတယ်။အီရန်နိုင်ငံအတွင်းမှာတော့ဒီရုပ်ရှင်ဟာအမျိုးသမီးတွေ ဆံပင်ကိုဖော်ထားတာဝိုင်သောက်တာနဲ့ ကတာအတွက်အငြင်းပွားစရာဖြစ်နေတယ်လို့ဆိုပါတယ်။ဆင်ဆာစည်းမျဥ်းအရဒါတွေကိုပြလို့မရပဲ ယခုဇာတ်ကားကဒါတွေကိုဖောက်ထွက်လာတာဖြစ်ပါတယ်။ဒါရိုက်တာက Maryam Moghadamနဲ့ Behtash Sanaeehaတို့ဖြစ်ပါတယ်။ Rotten Tomato မှာကြည့်ရူသူ rating 100% ရထားပါတယ်။ရုပ်ရှင်ပွဲတော်တွေမှာလည်းဆုရရှိထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Khin Sakar Khin ဖြစ်ပါတယ်။)File size…(1.8 GB) / (850 MB) Quality….WEB-Rip 1080p ...
movie

My Favourite Cake (2024) Keyke mahboobe man

2024
A Dragon Arrives! (2016) 6.6
A Dragon Arrives! (2016) A Dragon Arrives! (2016) ================== IMDb Rating - 6.6/10Nominations 11ခုဝင်ထားပြီး Cinematography, costume design နဲ့ music ပိုင်းဆိုင်ရာ ဆု6ဆုရထားတဲ့ အီရန် Horror, mystery ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ဖြစ်ရပ်မှန်ကို အခြေခံထားပါတယ်လို့ ပြောထားပြီး ဇာတ်လမ်း ကိုလည်း documentary တစ်ခုရိုက်နေသလိုမျိုး ဒါရိုက်တာအပါ အဝင် ရိုက်ကူးရေးအဖွဲ့ဝင်တွေနဲ့ ဇာတ်လမ်းမှာ ပတ်သက်သူတွေ ကို မေးမြန်းထားတဲ့ စကားပြောခန်းတွေကနေ ဖြစ်စဉ်ကိုချပြထား တာပါ။ ဒါပေမဲ့ ဒီစကားပြောခန်းတွေတင်မကဘဲ လွန်ခဲ့တဲ့နှစ်ငါး ဆယ်က ဖြစ်ခဲ့တဲ့ ဖြစ်ရပ်ကိုပါ ပြန်ရိုက်ပြထားတဲ့အတွက် ကြည့် ရတာ ပျင်းမသွားစေပါဘူး။ဇာတ်လမ်းကတော့ ဘာဘက်ဆိုတဲ့စုံထောက်က ခဲ့ရှမ်ကျွန်းမှာ ထောင်သားတစ်ယာက် သေကြောင်းကြံတဲ့အမှုကို စုံစမ်းဖို့သွား ရာကနေ သင်္ချိုင်းတစ်ခုပဲကွက်ပြီး ငလျင်လှုပ်တဲ့ကိစ္စနဲ့ ကြုံလိုက် ရပါတယ်။ ဒီသင်္ချိုင်းကို ရွာသားတွေက ဝေးဝေးရှောင်ကြောင်း၊ သင်္ချိုင်းမှာ အလောင်းမမြှုပ်တာ နှစ် 100 ကြာပြီ ဖြစ်ကြောင်း၊ အလောင်းတစ်လောင်းမြှုပ်တိုင်း ငလျင်လှုပ်တတ်ကြောင်းကို သိလိုက်ရတဲ့ ဘာဘက်ဟာ ဒီကိစ္စကို အထက်ကိုမတင်ပြဘဲ သူ့ ဘာသာသူပဲ လူနှစ်ယောက်နဲ့အတူ စုံစမ်းပါတော့တယ်။ ...
movie

A Dragon Arrives! (2016)

2016