Channel Myanmar

Seung Eui-yeol

The Yellow Sea (2010) 7.3
The Yellow Sea (2010) The Yellow Sea (2010)**********************IMDb....7.3 IMDb 7.3 အထိရရှိထားပြီး Ha Jung-woo, Kim Yoon-seok တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့Action thriller ရုပ်ရှင်ကားကြီး The Yellow Sea ကို တင်ဆက်ပေးလိုက်ပါတယ်နော်။တရုတ်ပြည် အရှေ့မြောက် ယန်ဘီယန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေမှာရှိတဲ့ ယန်ဂျီမြို့မှာနေတဲ့ဂျိုဆွန်းလူမျိုး (မြောက်ကိုရီးယားနဲ့ တရုတ်စပ်) ဂူနမ်က တောင်ကိုရီးယားကို ပြန်ချင်လွန်းလို့လူမိုက်တွေဆီက ပိုက်ဆံချေးပြီး မိန်းမကို အရင်ရောက်အောင် ပို့ပေးခဲ့တယ်။မိန်းမကလည်း  သူ တောင်ကိုးရီးယားကို ရောက်ရင် သူ့ဆီ ပိုက်ဆံပြန်ပို့ပေးမယ်ဆိုတဲ့ ကတိနဲ့ပေါ့။ဒါပေမဲ့ အဆက်အသွယ်ဖြတ်သွားတဲ့ မိန်းမကြောင့် အကြွေးနွံထဲ နစ်ပြီး ကြံရာမရဖြစ်နေတဲ့ ဂူနမ့်ကိုအဲဒီအချိန်မှာပဲ လူဆိုးဂိုဏ်းခေါင်းဆောင် တစ်ယောက်က တောင်ကိုရီးယားကို သွားပြီး လူတစ်ယောက်ကိုရှင်းပေးဖို့ပြောလာအခါ...ဆင်းရဲတွင်း နက်သထက်နက်နေတဲ့ ဂူနမ်တစ်ယောက် ရွေးချယ်စရာမရှိဘဲ လူဆိုးဂိုဏ်းခေါင်းဆောင်စေခိုင်းတဲ့အတိုင်းလုပ်မလား..။ အဆက်အသွယ်ပြတ်နေတဲ့ မိန်းမနဲ့ရော ပြန်ဆုံတွေ့မလား...။ဘယ်လိုမျိုး ကံကြမ္မာရဲ့ ကစားမှုကို ခံရမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲရှုစားလိုက်ကြပါဦး ...
movie

The Yellow Sea (2010)

Start-Up 2019 6.3
Start-Up 2019 Start Up (2019) အညွှန်း ******************** imdb 6.3 မင်းသားကြီး Ma Dong Seok ပါဝင်သရုပ်​ဆောင်ထားတဲ့ comedy-drama ကား​လေးတစ်ခုကိုတင်ဆက်​ပေးချင်ပါတယ် ဇာတ်လမ်းထဲမှာ ထယ်အီဆိုတဲ့​​ကောင်​လေးဟာ အထက်တန်း​ကျောင်းကထွက်ပြီး က​​လေက​ချေဖြစ်​နေတဲ့​ ဆယ်​ကျော်သက်အရွယ်​ကောင်​လေးတစ်​ယောက်ပါ ဒီအရွယ်မှာ ဖြစ်တတ်တဲ့သ​ဘာဝအတိုင်း မိခင်ဖြစ်သူနဲ့အဆင်မ​ပြေဖြစ်ကာ အိမ်ကသွားထွက်သွားခဲ့ပါတယ် နောက်​တော့ နေထိုင်စား​သောက်ဖို့အတွက် စား​သောက်ဆိုင်တစ်ဆိုင်မှာဝင်လုပ်ခဲ့ပါတယ် တစ်ချိန်ထဲမှာပဲ ထယ်အီ ရဲ့ မိုက်​ဖော်မိုက်ဖက်သူငယ်ချင်း ဆန်းပယ်ကလည်း အ​ကြွေးရှင်လုပ်ငန်းတစ်ခုမှာ အလုပ်ရသွားခဲ့ပါတယ် သူတို့နှစ်​ယောက် အလုပ်ခွင်မှာကြုံ​တွေ့ရမယ့် အဖြစ်အပျက်​တွေက သူတို့ရဲ့ဘဝကို ဘယ်လိုတည့်မတ်​ပေးသွားမလဲဆိုတာကို တွေ့ရမှာဖြစ်ပါတယ် ဒီကားမှာလူငယ်​တွေဖြစ်တတ်တဲ့သ​ဘာဝ​တွေကို​သေချာချပြသွားပြီး တစ်ချို့​ရိုက်ကွက်​လေး​တွေဆို တော်​တော်ကိုမှတ်သားစရာ​လေး​တွေရှိတာကို​တွေ့ရပါတယ် ဒီကားမှာ မင်းသားကြီးရဲ့​မြင်​နေကျဇာတ် ရုပ်​တွေနဲ့မတူညီတဲ့ သရုပ်​ဆောင်မှူ​တွေကို မြင်​တွေ့ရမှာဖြစ်ပြီးတော့ ရီရီ​မော​မောနဲ့ကြည့်ရှုရမှာမို့ သူ့ရဲ့ပရိသတ်​တွေဆိုရင်လက်လွှတ်ခံလို့မဖြစ်ပါဘူး​​နော် ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူက​တော့- Thet Hnin Hsu ပါ   Translator  - Thet Hnin Hsu Encoder - Thit San Khant File Size -1GB and 500MB Quality - 1080p and 720p
movie

Start-Up 2019

2019