Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Seth Rogen
6.2
Like Father (2018)
Like Father 2018 IMDb 6.1/10 ရေချယ်ဟယ်မစ်တန်က အလုပ်ကြိုးစားလွန်းတဲ့သူတစ်ယောက်ပါခေါင်းထဲမှာအလုပ် အလုပ်ရာထူးတက်ရမယ်ဆိုတာကလွဲလို့ကျန်တာသိပ်မ စဉ်းစားတတ်သူပါ ဘယ်လောက်ထိအလုပ်ကိုဦးစားပေးလွန်းလဲဆိုရင်သူ့မင်္ဂလာပွဲဆင်နွှဲမယ့်နေ့မှာတောင် ဖုန်းတစ်လုံးနဲ့ညွှန်ကြားအလုပ်များနေသူပါသူ့သတို့လောင်းမှာဒီအကြောင်းကိုသိသွားတော့ သည်းမခံနိုင်တော့ပဲမင်္ဂလာပွဲကိုဆက်မလုပ်နိုင်တော့ဘူးဆိုပါလေရော ရေချယ်မသိခဲ့တာကသူ့မင်္ဂလာဆောင်မှာ သူမဖိတ်ခေါ်ထားတဲ့ဧည့် သည်တစ်ယောက်ရောက်နေတာကိုပါပဲတစ်ခြားသူတော့မဟုတ်ပါဘူး သူနဲ့သူ့အမေကို နှစ်ပေါင်းများစွာပစ်ထားခဲ့ပြီးအလုပ်ကိစ္စတွေနဲ့ကမ္ဘာ ပတ်နေတဲ့သူမ အဖေ ဟယ်ရီဟယ်မစ်တန်ပါပဲဟယ်ရီတစ်ယောက်သူ့သမီးမင်္ဂလာဆောင်ကိုတိုးတိုးတိတ်တိတ်တက်ရောက်ခဲ့ပေမယ့် မထင်မှတ်ထားတဲ့အဖြစ်အပျက်တွေကြောင့်ရေချယ်ကလဲသူ့ကိုမြင်သွားသလို သူကလဲသူ့သမီးလေးရဲ့ပျက်စီးသွားတဲ့မင်္ဂလာပွဲလေးကိုစိတ်မကောင်းစွာကြုံတွေ့လိုက်ရပါတယ်ဒီနောက်မှာတော့ ငယ်ငယ်ထဲကပစ်သွားရမလားဆိုပြီးဖခင်အပေါ်စိတ်နာနေတဲ့ ရေချယ်နဲ့ လောလောလတ်လတ်အသည်းကွဲနေတဲ့သမီးကိုနှစ်သိမ့်ပေးချင်တဲ့ ဟယ်ရီတို့၂ယောက်က စုံတွဲတွေအတွက်သီးသန့်ခရီးစဉ်ဖြစ်တဲ့ ဇိမ်ခံသဘောင်္ကြီးပေါ်မူးမူးနဲ့ရောက်သွားကျရောဆိုပါတော့(တကယ်က အဲ့ခရီးစဉ်ကရေချယ်နဲ့သတို့သားအိုဝင်တို့ ဟန်းနီးမွန်းထွက်ဖို့လုပ်ထားတဲ့ခရီးစဉ်ပါ)စုံတွဲတွေ လတ်လတ်ဆတ်ဆတ်လက်ထပ်ထားတဲ့ဇနီးမောင်နှံတွေကြားမတည့်အတူနေသားအဖ၂ယောက်ရောက်သွားတဲ့အခါမှာတော့....Like Fatherက အဖေကိုအထင်လွဲစိတ်နာနေတဲ့သမီးနဲ့အတိတ်ကအမှားတွေကိုပြင်ဆင်ဖို့ကြိုးစားနေတဲ့ဖခင်တို့ကြားကသံယောဇဉ် ချစ်ခြင်း မေတ္တာတို့အကြောင်းပေါ့ပေါ့ပါးပါးလေးတင်ဆက်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ပါဟာသလေးတွေလဲပါသလို မထင်မှတ်ထားတဲ့ဇာတ်လမ်းပုံစံလေးတွေနဲ့သင့်ရဲ့အချိန်ကိုပေါ့ပေါ့ပါးပါးလေးကုန်ဆုံးစေပါလိမ့်မယ်...ဒီရုပ်ရှင်ကားကို Wai Zin မှ ဘာသာပြန်ပေးထားပြီးအညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်
movie
Like Father (2018)
2018
7.4
The Disaster Artist (2017)
The Disaster Artist (2017) IMDb - 7.4/10_____Rotten - 91% နိုင်ငံတိုင်းမှာ ရုပ်ရှင်လောကတိုင်းမှာ ပေါကားဆိုတာရှိစမြဲပါ။ပေါတဲ့ခံယူချက်ကတော့ တူကြမှာမဟုတ်ပါဘူး။သရုပ်ဆောင်မကောင်းလို့၊ ဇာတ်အိမ်မကောင်းလို့၊ ကိုယ့်အနုပညာကို ပရိသတ်မြင်လာအောင်မချပြနိုင်လို့ပေါကားဖြစ်သွားကြတာတွေရှိသလို သူများနဲ့မတူအောင် ရိုက်ရာကနေ ပေါသွားတာမျိုး၊ ပိုက်ဆံရရင်ပြီးရော ပရိသတ်ကိုနားလည်ပါးရိုက်လုပ်နေတဲ့ ပေါကားတွေလဲ ဒုနဲ့ဒေးပါပဲ။ဒီ Disaster Artist ဆိုတဲ့ရုပ်ရှင်ကားကတော့၂၀၀၃ ခုနှစ်မှာထွက်ရှိခဲ့တဲ့ ကမ္ဘာ့အဆိုးဆုံးရုပ်ရှင်၊ အပေါဆုံးရုပ်ရှင်ဆိုတဲ့ ဂုဏ်ပုဒ်တွေရယူထားနိုင်တဲ့ The Room ဇာတ်ကားရဲ့ပဲ့ကိုင်ရှင် Tommy Wiseau အကြောင်းကို ရိုက်ကူးပြထားတာပဲဖြစ်ပါတယ်။ဘယ်ကလာတယ်၊ အသက်ဘယ်နှနှစ်လဲ၊ ဘယ်မှာမွေးတာလဲ၊ ပိုက်ဆံတွေဘယ်လိုရလာသလဲဆိုတဲ့ နောက်ကြောင်းရာဇဝင် ဘာဆိုဘာမှမသိရတဲ့ Tommy Wiseau နဲ့ သရုပ်ဆောင်ဖြစ်ရရင်၊ အောင်မြင်ရရင် ကျေနပ်ပါပြီဆိုတဲ့ Greg။သူတို့နှစ်ယောက် လော့အိန်ဂျလိစ်ရဲ့လမ်းမထက်မှာ အိပ်မက်ကိုယ်စီမက်ခဲ့ကြတယ်။တစ်ယောက်ကိုတစ်ယောက် အားပေးဖို့၊ ကိုယ့်အိပ်မက်ကို ဘယ်တော့မှလက်မလျှော့ဖို့ ကတိပေးခဲ့ကြတယ်။ဟောလိဝုဒ်မှာ နေရာတစ်နေရာရလာဖို့ အမျိုးစုံကြိုးစားခဲ့ပေမယ့် ဟောလိဝုဒ်က သူတို့ကိုငြင်းပယ်လာတဲ့အခါ.....သူတို့နှစ်ယောက်မှာ ကမ္ဘာ့အဆိုးဆုံးရုပ်ရှင်တစ်ကားဖြစ်လာဖို့ ကမ္ဘာ့အကောင်းဆုံးအကြံတစ်ခုထွက်လာကြပါတယ်။အဲ့ဒါကတော့ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ...
movie
The Disaster Artist (2017)
2017
7.0
Paul (2011)
CM ပရိတ်သတ်အတွက် ဒီတခေါက်တင်ဆက်ပေးချင်တဲ့ ဇာတ်လမ်းကတော့ "Paul" ဖြစ်ပါတယ်...ဒီဇာတ်လမ်းကတော့ 2011 က ထွက်ရှိခဲ့တာဖြစ်ပါတယ်...လူတိုင်းမှာ ဝါသနာအမျိုးမျိုးရှိပါတယ်..သီချင်းဆိုတာစိတ်ဝင်စားတာ.. ကွန်ပြူတာစိတ်ဝင်စားတာ...စသဖြင့် ဝါသနာကိုယ်စီရှိကြပါတယ်...ကလိုက်ဗ် နဲ့ ဂရမ်းဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ကတော့ ဂြိုဟ်သားရှိတာကိုယုံကြည်ပြီး ဂြိုဟ်တွေအကြောင်းကို စိတ်ဝင်စားကြပါတယ်..ဝါသနာတူသူငယ်ချင်းနှစ်ယောက်အမေရိကန်မှာကျင်းပတဲ့ သိပ္ပံရုပ်ပြပွဲကို သွားချိန်မှာဇာတ်လမ်းစတော့တာပါပဲ....သူတို့နှစ်ယောက်ဟာ ဥက္ကာပျံတွေပျက်ကျတယ်ဆိုပြီး လူသိများတဲ့ နေရာတစ်ခုကို သွားရောက်လည်ပတ်ခဲ့ကြပါတယ်..အဲ့အချိန် Paul လို့ အမည်ရတဲ့ ဂြိုဟ်သားဟာ FBI ကနေ ထွက်ပြေးလာချိန်ဖြစ်ပါတယ်...Paul ဟာ လွန်ခဲ့တဲ့ နှစ် ၆၀ လောက်တည်းက ကမ္ဘာမြေပေါ်ယာဉ်ပျက်ကျကာ အစိုးရခိုင်းစေတဲ့ တာဝန်တွေကို အကြံပေးနေရသူပါ...တစ်နေ့ သူ့ကိုသတ်မယ်ဆိုတဲ့ သတင်းကြားပြီးနောက် ထွက်ပြေးတိမ်းရှောင်ရပါတော့တယ်...Paul ဟာ ဂရမ်း ကလိုက်ဗ်တို့နဲ့ ပတ်ပင်းတိုးပါတော့တယ်...သူငယ်ချင်းနှစ်ယောက်ဟာ Paul ကို သူ့နေရပ်ကို ပြန်နိုင်ဖို့ ကူညီပေးခဲ့ပါတယ်...ဒီအပြန်ခရီးမှာတော့ ကြုံရတဲ့အလွဲတွေ.. ဟာသနှောထားတဲ့ အဖြစ်အပျက်လေးတွေ..FBI ...
movie
Paul (2011)
2011
7.1
Kung Fu Panda: Secrets of the Scroll (2016)________IMDb - 7.1/10 ဒီ ၂၃ မိနစ်စာပဲရှိတဲ့ ကွန်ဖူး ပန်ဒါကားလေးက ပန်ဒါဇာတ်ကားအားလုံးရဲ့အနှစ်ချုပ်ပါပဲ IMdb rating 7.1 ရထားပြီး Animation ကြိုက်သူတွေလက်မလွှတ်သင့်ပါဘူး ဒီဇာတ်လမ်းလေးက ညီနောင်ငါးဦး ဘယ်လိုဖြစ်ပေါ်လာသလဲဆိုတာ ဖေါ်ညွှန်းထားတာပါ ကွန်ဖူး ပန်ဒါဆိုရင် ကလေးလူကြီးသိနေကြပြီးဖြစ်လို့ အထွေအထူး မညွှန်းတော့ပါဘူး ကွန်ဖူး ပန်ဒါ သုံးကားစလုံးကြည့်ဖူးတယ်ဆိုရင်တော့ဒီကားလေးက မဖြစ်မနေကြည့်ရမဲ့ ကားထဲပါသွားပါပြီ..... (ဘာသာပြန်သူ Aye Min Oo ပါ) File Size - 134 MB Quality - 1080p Duration - 23 min Translator - Aye Min Oo Encoder - Littleneo
movie
Kung Fu Panda: Secrets of the Scroll (2016)
1
2
3
Previous