Channel Myanmar

Seth Barrish

The Friend (2024) 6.5
The Friend (2024)  Boulder နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ ဆုရရှိခဲ့တဲ့ The Friendကို ခရမ်းချဉ်သီးပုပ်ကလည်း rating 7/10 ပေးထားပါတယ်။လူသားနဲ့အိမ်မွေးခွေးကြားက နှစ်လိုဖွယ်ရာသံယောဇဉ်ကိုပူဆွေးသောကနဲ့တွဲဖက်ဖော်ကျူးထားပြီး မင်းသား၊ မင်းသမီးကြီးတွေဖြစ်တဲ့ Naomi Watts၊ Bill Murray တို့က ပါဝင်သရုပ်ဆောင်ပေးထားကြပါတယ်။The Friend ဟာ ခွေးပိုင်ရှင်တွေနဲ့ ချစ်ရသူတွေကိုလောလောလတ်လတ်ဆုံးရှုံးထားရသူတွေအတွက် ခံစားချက်တွေထပ်တူကျစေမယ့်ကားဖြစ်ပါတယ်။စာရေးဆရာမအိုင်းရစ္စဟာ မိတ်ဆွေဖြစ်သူဆုံးပါးသွားတာကြောင့်အဲဒီမိတ်ဆွေရဲ့ဆန္ဒအရ အပိုလိုဆိုတဲ့အသက်ကြီးနေပြီဖြစ်တဲ့Grate Dane ခွေးကြီးကို သူ့တိုက်ခန်းလေးထဲမှာ မွေးရဖို့ဖြစ်လာတဲ့အခါ အိုင်းရစ္စတစ်ယောက် အခက်အခဲတွေအများကြီးနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ ကိုယ်တိုင်က မိတ်ဆွေကိုဆုံးရှုံးရလို့ ပူဆွေးသောကရောက်နေတဲ့တိုင်အောင် အပိုလိုရဲ့ပူဆွေးသောကကပိုကြီးနေတဲ့အတွက် အပိုလိုကိုကယ်ဆယ်ရေးဂေဟာတွေကိုမပို့တော့ဘဲအိုင်းရစ္စဟာ အသက်ကြီးနေပြီဖြစ်တဲ့အပိုလိုရဲ့နောက်ဆုံးအချိန်တွေကိုအဖော်ပြုပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။နှစ်ကြိမ်တိုင်တိုင်စွန့်ပစ်ခံခဲ့ရတာကြောင့် အမြဲတမ်းဝမ်းနည်းနေပုံပေါက်တဲ့အပိုလိုဆိုတဲ့ခွေးကြီးရဲ့သရုပ်ဆောင်မှုတွေနဲ့အတူ စာရေးဆရာမပီပီ ပူဆွေးသောကနဲ့ပတ်သက်လို့ အိုင်းရစ္စရဲ့ပြောင်မြောက်တဲ့ခံစားချက်တွေကလည်း ရုပ်ရုပ်ခံစားမှုကိုပိုပြီးအသက်ဝင်စေတာမြင်တွေ့ရမှာဖြစ်ပါတယ်။  File size… (1.49 GB) / (869 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 59m Genre …..Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min ...
movie

The Friend (2024)

The Astronaut’s Wife (1999)
The Astronaut’s Wife (1999) သိပ္ပံရုပ်ရှင်တွေကို ကြိုက်နှစ်သက်ကြတဲ့သူတွေအတွက် 1999 ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ The Astronaut's Wife ဆိုတဲ့ Sci-fi, Thriller ရုပ်ရှင်နဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်မှာတော့ ပရိသတ်တို့ရဲ့ အသည်းကျော် ပဲလှော် Johnny Depp က Commander Spencer Armacost အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။နိုင်ငံတော်ကစေလွှတ်တဲ့ အာကာသမစ်ရှင်တစ်ခုကို ထမ်းဆောင်ဖို့ Commander Spencer နဲ့ Captain Alex တို့နှစ်ဦးဟာ အဖွဲ့သားတွေနဲ့အတူ ဂြိုဟ်ပတ်လည်ကြောင်းတစ်ခုဆီ သွားခဲ့ကြပါတယ်။ အဲဒီမစ်ရှင်မှာ မတော်တဆတစ်ခုဖြစ်ပွားခဲ့ပြီးတဲ့နောက် သူတို့နှစ်ဦးကို အသက်ရှင်လျက် ကမ္ဘာမြေပေါ် ပြန်လည်ခေါ်ဆောင်ခဲ့ပြီးတဲ့အခါမှာတော့ ပုံမှန်မဟုတ်တဲ့ဖြစ်စဉ်တွေ လွဲမှားနေတဲ့ပုံစံတွေဖြစ်လာခဲ့ပါတော့တယ်။အဲဒါကို သတိထားမိလာတဲ့ Spencer ရဲ့ အမျိုးသမီး Jillian တစ်ယောက်ဟာ ပဟေဠိဆန်တဲ့အဖြစ်အပျက်တွေကြား အဖြစ်မှန်ကိုသိရှိသွားမလား။ အဲဒီမတော်တဆမှုရဲ့‌နောက်ကွယ်မှာ ဘာတွေရှိနေနိုင်မလဲ။ ဖြစ်လာမယ့်အန္တရာယ်တွေကို Jillian တစ်ယောက် အဆုံးထိရင်ဆိုင်သွားနိုင်ပါ့မလားဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမယ့်သိပ္ပံရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။File size…(1.7  GB)/(1 GB) Quality….Webrip HEVC ...
movie

The Astronaut’s Wife (1999)

Margot at the Wedding (2007) 6.0
Margot at the Wedding (2007) ဒီဇင်ဘာအားလပ်ရက်တွေထဲ ပေါ့ပေါ့ပါးပါးကြည့်စရာ ဟာသဒရာမာ ဇာတ်လမ်းရှာနေသူတို့အဖို့ (၂၀၀၇)ခုနှစ်က ထွက်ရှိထားတဲ့“Margot at the Wedding” ဆိုတဲ့ ဇာတ်လမ်းလေးကို CM ကနေ တင်ဆက်ပေးလိုက်ပါပြီ။ပရိတ်သတ်တွေ အကြိုက် ဟာသသရုပ်ဆောင် Jack Black လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်မာဂေါ့တစ်ယောက် သူ့သားလေး ကလော့နဲ့ သူ့ညီမလက်ထပ်ပွဲကို သွားရာကနေ အစပျိုးလိုက်တဲ့အဖြစ်အပျက်တွေကို ကြည့်ရှုခံစားနိုင်မယ့် ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ညီအစ်မတွေဖြစ်ကြတဲ့ မာဂေါ့နဲ့ ပေါလ်လင်းတို့ဟာ ပြဿနာတွေကြောင့် အချင်းချင်း စကားမပြော၊ အဖတ်မလုပ်ကြတာ နှစ်တော်တော်ကြာနေပြီ ဖြစ်ပါတယ်။တစ်ယောက်ကိုတစ်ယောက် ယောင်လို့တောင် မခေါ်ကြပေမယ့်လည်း ညီအစ်မစိတ်ဆိုတာ ရှိသေးတာကြောင့်မာဂေါ့တစ်ယောက် ပေါလ်လင်းလက်ထပ်ပွဲ ကျင်းပမယ့်ဆီကို သွားပါတော့တယ်။တစ်ယောက်နဲ့တစ်ယောက် အမြင်စောင်းနေကြပေမယ့်လည်း အစ်မဖြစ်သူ မာဂေါ့ဟာပေါလ်လင်းလက်ထပ်မယ့်သူကို အဖြစ်မရှိသူလို့ သတ်မှတ်ထားပြီး မျက်မုန်းကျိူးနေပါတော့တယ်။ဒါတင်မကသေး ဒီလက်ထပ်ပွဲကို အစပြုပြီးတော့ မထင်မှတ်ထားတဲ့ ဇာတ်ကောင်းတွေရဲ့ ပြဿနာတွေကလည်း ပေါ်လာပါတော့တယ်။ညီအစ်မကြား၊ သားသမီးတွေနဲ့ မိဘတွေကြား စတဲ့ ဆက်ဆံရေးတွေကြားက နားလည်မှုမရှိတာ၊ပြဿနာဖြစ်တာတွေအပြင် ...
movie

Margot at the Wedding (2007)

True Story (2015) 6.3
True Story (2015)  127 Hours တို့ Rise of the Planet of the Apes တို့လိုမျိုးနာမည်ကြီးရုပ်ရှင်တွေရဲ့မင်းသားဖြစ်ခဲ့တဲ့ James Franco နဲ့နာမည်ကြီးဟာသရုပ်ရှင်မင်းသားကြီး Jonah Hill တို့ပါဝင်သရုပ်ဆောင်ထားတဲ့ 2015 ကထွက်ရှိခဲ့တဲ့နာမည်ကြီးဇာတ်ကားတစ်ကားဖြစ်တဲ့ ဖြစ်ရပ်မှန်ဇာတ်ကား True Story ကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကို ကြားကတည်းက ထူးထူးဆန်းဆန်းဖြစ်ရပ်မှန် ဇာတ်လမ်းဆိုတဲ့အတိုင်း နယူးယောက်တိုင်းမ်သတင်းစာက သတင်းထောက် မိုက်ကယ်ဖင်ကယ်နဲ့သူ့နာမည်ကို ယူသုံးခဲ့တဲ့ခရစ်ယာန်လွန်ဂိုဆိုတဲ့ လူသတ်သမားတို့ကြားကဖြစ်ရပ်မှန် အကြောင်းအရာတွေကို တွေ့ရမှာပဲဖြစ်ပါတယ်။IMDb Rating 6.3 ရရှိထားပြီး ကြည့်ရှုသူကို ဇာတ်ကားအစကနေအဆုံးအထိ ဆွဲငင်ညှို့ယူထားနိုင်မဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။မိုက်ကယ်ဖင်ကယ်ဆိုတဲ့ သတင်းထောက်တစ်ယောက်က ခရီးဝေးတွေသွားပြီး သတင်းတွေလိုက်ယူကာ သတင်းရေးတဲ့ သတင်းထောက်တစ်ယောက်ဖြစ်ပါတယ်။သူရေးတဲ့ သတင်းဆောင်းပါးတွေကလက်ရာကောင်းမွန်ပြီးတော့ သေသပ်တဲ့အတွက် သူ့အနေအထားနဲ့သူတစ်နေရာတော့ ရောက်နေတဲ့ သတင်းထောက်တစ်ယောက်ပဲဖြစ်ပါတယ်။ဒါပေမယ့် တစ်နေ့မှာအမှားတစ်ခုကြောင့် အလုပ်ပြုတ်ခဲ့ပြီး ရှေ့ဆက်ဘာလုပ်ရမလဲ မသိဘဲလမ်းပျောက်နေပါတော့တယ်။အဲ့ဒီအချိန်မှာ ကိုယ့်မိသားစု တစ်ခုလုံးကိုသတ်ခဲ့တဲ့လူသတ်သမားတစ်ယောက်က သူ့နာမည်ကိုယူသုံးခဲ့တယ်ဆိုတာကိုသိလိုက်ရတဲ့အချိန်မှာ အဲ့ဒီလူသတ်သမားနဲ့ ကိုယ်တိုင်သွားတွေ့ခဲ့ပါတယ်။သူတို့နှစ်ယောက် စကားပြောပြီးတဲ့ ...
movie

True Story (2015)

Somewhere in Queens (2022) 7.0
Somewhere in Queens (2022) Somewhere in Queens (2022) ===================== IMDb Rating - 7.0/10ဒီဇာတ်ကားလေးကတော့ နာမည်ကြီး stand-up comedian တစ်ယောက်ဖြစ်တဲ့ Ray Romano ရိုက်ကူးပြီး ကိုယ်တိုင်သရုပ် ဆောင်ထားတဲ့ မိသားစုဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ လီယို နဲ့ သူ့မိန်းမ အန်ဂျလာရူဆို တို့က အီတလီ-အမေရိကန်မိသားစုတစ်ခုဖြစ်တဲ့ ရူဆိုမိသားစု ကပါ။ လီယို ကတော့ရူဆိုမိသားစုရဲ့ဆောက်လုပ်ရေးလုပ်ငန်း မှာပဲအလုပ်လုပ်ပါတယ်။ လီယို မှာဘတ်စကတ်ဘောကစား တာထူးချွန်တဲ့ စတစ် လို့‌ခေါ်တဲ့သားတစ်ယောက်လည်းရှိပါ တယ်။ တစ်နေ့တော့ လီယို ကကျောင်းကဘတ်စကတ်ဘော ပြိုင်ပွဲအပြီးမှာ ကင်းထောက်တစ်ယောက်နဲ့တွေ့ပြီး သူ့သား အတွက်ဘတ်စကတ်ဘောဆော့ရင်း ကောလိပ်တက်နိုင်မယ့် စကောလားရှစ်အခွင့်အရေးကိုတွေ့ရှိခဲ့ပါတယ်။လီယို ကတော့အဲဒါကိုအရမ်းစိတ်လှုပ်ရှားနေပြီး သူ့သားကို ဖြစ်မြောက်စေချင်တာပါ။ ရူဆိုမိသားစုကတော့အပျက်ဘက် ကပဲမြင်ပါတယ်။ ဒါပေမယ့် စတစ် ကစကောလားရှစ်အတွက် မလေ့ကျင့်ခင်မှာပဲ သူ့ရဲ့ကောင်မလေးကဖြတ်သွားလို့ depression တွေ၀င်ပြီး မစားနိုင်မသောက်နိုင်ဖြစ်သွားခဲ့ပါတယ်။ အဲဒါကို လီယို ကသိတော့မနေနိုင်တော့ပဲ သူ့သားကိုအစွမ်းကုန်မြေ တောင်မြှောက်ပေးတဲ့အခါမှာတော့ ဆက်ပြီးဘာတွေဖြစ်မလဲ ဆိုတာကိုစိတ်၀င်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ ဖခင် တစ်ယောက်က သားတစ်ယောက်အပေါ်မှာထားတဲ့မျှော်လင့် ချက်ကိုကွက်ကွက်ကွင်းကွင်းမြင်တွေ့ရမှာဖြစ်တဲ့အတွက် ဒီကား လေးကိုကြည့်ဖို့ recommend ပေးပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Theo Kat ဖြစ်ပါတယ်)File Size..........(2.11 GB) / (850 MB) / ...
movie

Somewhere in Queens (2022)

2022
Isn’t It Romantic (2019) 6.1
Isn’t It Romantic (2019) ဇာတ်လမ်းအကြောင်းအကျဉ်းချုပ်ပြောရရင်တော့အချစ်ဇာတ်မြူးကားမကြိုက်တဲ့ကောင်မလေးတစ်ယောက်အချစ်ဇာတ်မြူးကားထဲ ပိတ်မိသွားတဲ့ အချစ်ဇာတ်မြူးကားလို့ ပြောရမှာပဲ..ရှုပ်များသွားသလား မသိဘူး။ငယ်ဘဝမှာ မိခင်ဖြစ်သူသွင်းပေးလိုက်တဲ့ အတွေးခေါ်တွေကြောင့်အချစ်ဟာသကားတွေကို မုန်းတဲ့ နာတာလီဆိုတဲ့ပုံ့ပုံ့ဖိုင့်ဖိုင့်ဗိသုကာပညာရှင်မလေး ...စိတ်ကူးယဉ်ဆန်တာတို့ ချစ်ခြင်းတို့ဆိုတာတွေဟာသူ့လိုမိန်းကလေးတွေအတွက် မအပ်စပ်တဲ့အရာလို့တစ်ယူသန်မှတ်ထားတဲ့ လက်တွေ့ဆန်မလေးတစ်ယောက်တစ်ညမှာ ရိုက်လုခံရပြီး အစစအရာရာ မထင်မှတ်ထားတဲ့အပြောင်းအလဲကြီးနဲ့ ရင်ဆိုင်လိုက်ရတဲ့အခါမှာပေါ့..နာတာလီလေးတစ်ယောက် လက်တွေ့ဘဝထဲပြန်ထွက်လာမလား..သူမုန်းတယ်ထင်ခဲ့ဖူးတဲ့ အစစအရာရာပြည့်စုံနေတဲ့ဘဝမှာ ပျော်မလားဆိုတာတော့ကြည့်လိုက်ကြပါဦးလို့Translated by Sane Khet Encoded by sithu
movie

Isn’t It Romantic (2019)

2019
Going in Style (2017) 6.6
Going in Style (2017) Going in Style (2017)_______IMDb - 6.6/10    ဒီကားလေးကဘယ်လိုကားလေးလဲဆိုတာမမေးခင်ပါဝင်သရုပ်ဆောင်ထားတဲ့သူတွေကိုပဲအရင်ကြည့်လိုက်ပါ။ စိတ်ဝင်စားစရာဖြစ်မယ်ဆိုတာသိသာပါတယ်ဗျာ။ Now You See Meဇာတ်ကားတွေမှာအပြင်ဇာတ်ကားတော်တော်များများမှာပါဝင်တဲ့ဝါရင့်သရုပ်ဆောင်ကြီးMorgan Freeman၊ အဲဒီNUSMကားထဲမှာပဲMorganနဲ့အတူပါဝင်ခဲ့တဲ့Micheal Caineနှင့် နောက်ထပ်ဝါရင့်သရုပ်ဆောင်Alan Arkinတို့ပါဝင်ပါတယ်။ အဖိုးကြီးသုံးယောက်ပေါင်းလောင်းကျော်ပွဲကြမ်းထားကြတဲ့2017ထွက်ဟာသကားကောင်းလေးဖြစ်ပါတယ်။ ဇာတ်ကြောင်းလေးကတော့အသက်အရွယ်ထောက်လာပြီဖြစ်တဲ့ဝီလီ၊ဂျိုးနဲ့အယ်ဘာ့တ်တို့ သူငယ်ချင်းတတွေငွေကြေးအခက်အခဲတွေနဲ့ရင်ဆိုင်လာရပြီးဘဏ်တွေရဲ့နှိပ်စက်မှုတွေကိုခံနေရပါတယ်။ အဲဒီနောက်သူတို့နှစ်ပေါင်းများစွာအလုပ်လုပ်ပေးခဲ့တဲ့companyဟာပိုင်ရှင်အသစ်လက်ထဲရောက်ပြီးနောက် သူတို့ခံစားနေရတဲ့ပင်စာလစာလေးတွေကိုပါဖျက်သိမ်းတော့မယ်လို့သိလိုက်ရတဲ့အခါမှာတော့ သူတို့ချစ်တဲ့မိသားစုတွေအပေါင်းအသင်းတွေဒုက္ခနဲ့လှလှနဲ့တွေ့ရတော့မယ်ဆိုတာသဘောပေါက်လာကြပါတယ်။ အဲဒီတော့အဖိုးကြီးသုံးယောက်သားဘဏ်ကိုဓါးပြတိုက်ဖို့ဆုံးဖြတ်လိုက်ကြပါတော့တယ်။ အသက်အရွယ်တွေကြီးနေကြပြီဆိုပေမယ့် သုံးယောက်သားဘယ်လိုအချက်ကျကျသေချာစီစဉ်ပြီးပွဲကြမ်းကြမလဲဆိုတာကတော့စိတ်ဝင်စားစရာပါပဲ။ အဲတော့သူတို့သုံးယောက်ဘယ်လိုအခက်အခဲတွေကိုတူတူရင်ဆိုင်ကြမလဲ။ ဘယ်လိုဖြေရှင်းကြမလဲ။ သူတို့လုပ်ဆောင်မယ့်အကြံအစည်တွေအောင်မြင်ပါ့မလား။ ရဲတွေစုံထောက်တွကိုဘယ်လိုနှစ်ကျပ်ကွက်နင်းသွားမလဲဆိုတာကိုဟာသအမြူးလေးတွေနဲ့ရှုစားရမှာဖြစ်ပါတယ်။ တကယ်ကြည့်လို့ကောင်းပြီးစိတ်အမောပြေစေမယ့်ကားကောင်းလေးဖြစ်မယ်ဆိုတာအသေအချာပဲဖြစ်တာမို့ လက်မလွတ်စေဖို့တိုက်တွန်းချင်ပါတယ်။ Ratingအနေနဲ့လဲ6.6 ထိရထားပြီးရုံဝင်ငွေဒေါ်လာ82.1သန်းထိရရှိထားတဲ့ကားလေးဖြစ်ပါတယ်။ ကဲအဖိုးကြီးတွေလေးတေးတေးနဲ့ဘယ်လိုလက်စွမ်းပြကြမလဲဆိုတာတော့ရယ်ရင်းမောရင်းကြည့်လိုက်ရအောင်ဗျာ။ (ဘာသာပြန် သူကတော့ May Tharaphi Twinlay ပါ)   File Size : (702 MB) Quality : Webrip 720p Running Time : 1hr 36minutes Format : Mp4 Genre : Comedy,Crime Translated By May Tharaphi Twinlay Encode By Thanhtike Zaw
movie

Going in Style (2017)

2017