Channel Myanmar

Selvaraghavan

Devil’s Double Next Level (2025) 5
Devil’s Double Next Level (2025) DD Next Level 2025 "သတ္တိဗျတ္တိ" IMDb - 4.8/10Dhilluku Dhuddu ရုပ်ရှင်စီးရီးရဲ့ လေးကားမြောက်ရုပ်ရှင်ထွက်ရှိလာပါပြီ။ ရှေ့ကားတွေလိုပဲ အခွီတွေ လန့်စရာတွေနဲ့ ခပ်ဆန်းဆန်းပေါင်းဆက်ထားတဲ့ ရုပ်ရှင်ကားပါ။Kissa47ဆိုတဲ့နာမည်နဲ့ ရုပ်ရှင်တွေကို ဝေဖန်လေကန်တဲ့ နာမည်ကျော်ရီဗျူဝါကတော့ ခရစ်ရှ်နာ။ အိမ်မှာတော့ ဘာမှလက်ကြောမတင်းတဲ့ သောက်ဖျင်းလေးပေါ့။ရုပ်ရှင်ဆိုတာ လူတိုင်းချစ်ခင်နှစ်သက်သင့်တဲ့အရာ၊ အဲဒါကိုဘယ်သူမှ လှောင်ပြောင်ဝေဖန်တာမျိုး မလုပ်သင့်ဘူးဆိုတဲ့ ဒါရိုက်တာဟစ်ချ်ကော့။တစ်ရက်တော့ ဒါရိုက်တာ ဟစ်ချ်ကော့ဆီကနေ ခရစ်ရှ်နာဆီကို အထူးပွဲကြည့်ဖို့ တစ်မိသားစုလုံးကြွရောက်လာပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်။အဲဒီမှာပဲ ထင်မထားလောက်တဲ့ ဇာတ်လမ်းသွားရယ် အခွီတွေ လန့်စရာတွေအပြည့်မို့ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်) File size… 2.4 GB / 1.2 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Devil’s Double Next Level (2025)

Sorgavaasal (2024) 7
Sorgavaasal (2024) Sorgavaasal (2024) "ကောင်းကင်တံခါးဝ"IMDb 6.9အသစ်ထွက်ရှိထားတဲ့ တမီးလ် အကျဉ်းထောင် ဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်အိန္ဒိယနိုင်ငံက နာမည်ကျော် ရေဒီယိုတင်ဆက်သူနဲ့ သရုပ်ဆောင် RJ Balaji နဲ့ မင်းသမီး Saniya Iyappan တို့ပါဝင်တာဖြစ်ပြီး ဇာတ်လမ်းအကျဉ်းကတော့ ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ လူ ၄၅ ယောက်သေဆုံး၊ အကျဉ်းသား ၆ ယောက် လွတ်မြောက်သွားတဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးရန် အရာရှိတစ်ယောက်ရောက်လာပါတယ်အဖြစ်အပျက်အားလုံးနောက်ကွယ်မှာ လူသတ်မှုနဲ့ ထောင်ကျခဲ့တဲ့ ပါသီဘန်ဆိုတဲ့ ကောင်လေးရှိတယ်လို့ ပြောဆိုကြပြီး ဆစ်ဂါဆိုတဲ့ ထောင်တွင်းလူမိုက်တစ်ယောက်နဲ့ ပါသီတို့ပတ်သက်နေတယ်လို့လည်း ဆိုပါတယ်ပုံပန်းအသွင်အပြင်အရ လူသတ်သမားလို့ ထင်စရာမရှိဘဲ ပါသီဘန်ကတကယ်ပဲ ပြစ်မှုကျူးလွန်ခဲ့တာလား အပြစ်မရှိဘူးလား အကျဉ်းထောင်တွင်းက ဘဝအချိုးအကွေ့တွေကို ပရိသတ်ကြီးဆက်လက်ကြည့်ရှုကြပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size… 1.9 GB / 981 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

Sorgavaasal (2024)

Raayan (2024) 6.9
Raayan (2024) Raayan (2024) "ရာယန်"IMDb 6.9CM ပရိသတ်ကြီးအတွက် အသစ်ထွက်ရှိလာတဲ့ တမီးလ် action ဇာတ်ကြမ်း ရုံကားအသစ်လေးကို မိုးလင်းလင်းချင်း မနှေး/အမြန် တင်ဆက်ပေးလိုက်ပါတယ်နာမည်ကျော် မင်းသား Dhanush ရဲ့ ကားငါးဆယ်ပြည့်ရုပ်ရှင်ဖြစ်ပြီး သူကိုယ်တိုင် ဇာတ်ညွှန်းရေးကာ ဒါရိုက်တာလုပ် အစွမ်းပြထားတဲ့ ဒီရုပ်ရှင်ဟာ ရုံတင်ငွေ ၁၅၈ ကုဋေ ရရှိထားပါတယ်ဇာတ်လမ်းအကျဥ်းကိုပြောရရင် ရာယန်ဟာ ညီငယ်နှစ်ယောက်ဖြစ်သူ မူတူးနဲ့ မာနီကမ်၊ အချစ်ဆုံး ညီမလေး ဒူရ်ဂါတို့ရဲ့ အစ်ကိုကြီးဖြစ်ပြီးအဖေအမေတို့စွန့်ပစ်သွားကတည်းက ရွာကနေမြို့ကို ညီလေးညီမလေးတွေ လက်ဆွဲခေါ်လာကာ ကြုံရာစား ရရာလုပ်ရင်း လူစည်ကားတဲ့ မုန့်ဆိုင်တစ်ဆိုင်ဖွင့်နိုင်တဲ့ ဘဝရောက်လာပါတယ်ညီလတ်ဖြစ်သူ မူတူးက အရက်မူး သွေးဆိုးကာ ပြဿနာရှာတတ်သူဖြစ်ပြီး ညီငယ် မာနီကမ်ကတော့ လိမ္မာတဲ့ ကောလိပ်ကျောင်းသားလေးပါတုန်နေအောင်ချစ်ရတဲ့ ညီမအငယ်ဆုံးလေးကို လက်ထပ်ပေးနိုင်ဖို့နဲ့ မူတူးစရိုက်ကို ပြုပြင်ပေးနိုင်ဖို့ပဲ ပဓာနထားတဲ့ ရာယန်...တစ်နေ့မှာတော့ ဒူရိုင်နဲ့ ဆီသူ ဆိုတဲ့ လူမိုက်ဂိုဏ်းခေါင်းဆောင်နှစ်ယောက်နဲ့ ပတ်သက်မိရာမှ ဖြူစင်ရိုးသားတဲ့ သူတို့ဘဝတွေ အကျင့်ပျက် ဒုစရိုက်ပတ်ဝန်းကျင်ကြောင့် အရောင်နွမ်းမယ့်အရေး... အစ်ကိုကြီးတစ်ယောက်အနေနဲ့ ဘယ်လိုကယ်ထုတ်သွားနိုင်မလဲ ဆိုတာကတော့ ...အညွှန်းနဲ့ ဘာသာပြန်ကတော့ ...
movie

Raayan (2024)

Mark Antony (2023) 7.2
Mark Antony (2023) Mark Antony (သို့) မာ့ခ် အန်တိုနီ (2023) IMDb - 7.2/10Amazon Prime Videoက လတ်တလောထွက်ရှိထားတဲ့ မင်းသားကြီး ဗီရှယ်လ်ရဲ့ ရုံတင်ကားကြီးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဘတ်ဂျက်ရူပီး ၂၈ကုဋေသုံးထားပြီး ကုဋေတစ်ရာကျော်ပြန်လည်ရရှိခဲ့တဲ့ကားလည်းဖြစ်ပါတယ်။အချိန်ခရီးသွားတဲ့ကားတွေအများကြီးထဲကမှ ဒီကားမှာတော့ အတိတ်ကို ဖုန်းလှမ်းဆက်လို့ရတဲ့ဖုန်းတစ်လုံးနဲ့အစပြုခဲ့တယ်။ ဒီလို အတိတ်ကိုဖုန်းဆက်ပြီး ပစ္စုပ္ပန်ကိုလိုသလိုပြုပြင်လို့ရတဲ့ဖုန်းကို တီထွင်တဲ့သိပ္ပံပညာရှင်ကိုယ်တိုင်တောင် သူ့ရဲ့သေခြင်းတရားကိုတော့မလွန်ဆန်နိုင်ခဲ့။ ဒါပေမဲ့ အဲဒီဖုန်းကလူဆိုးဂိုဏ်းတစ်ခုဆီရောက်သွားတဲ့အခါမှာတော့။လူဆိုးဂိုဏ်းခေါင်းဆောင်နှစ်ယောက်ရဲ့ သူငယ်ချင်းသံယောဇဉ်ကြားမှာ အတိတ်ကိုဖုန်းခေါ်လို့ရတဲ့ ဒီလိုဖုန်းရောက်လာတဲ့အချိန်မှာ သူတို့ရဲ့ အနာဂတ်တွေဘယ်လိုပြောင်းလဲသွားမလဲဆိုတာ စောင့်မျှော်ကြည့်ရှုလိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)(CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>Click Here ) File size…10GB /  3.6GB / 1.7GB Quality…4k HEVC / 1080p WEB DL /720p Format…mp4 Duration….2h 20mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Mark Antony (2023)

2023
4K HEVC
Beast (2022) 5.8
Beast (2022) ကဲ သိပ်မကြာခင်ကမှ ရုံတင်သွားတဲ့ မင်းသားကြီး ဗီဂျေးရဲ့ Beast ကားသစ်လေးလာပါပြီဒီဇာတ်လမ်းမှာ ဗီဂျေးက Beast ဆိုတဲ့ နာမည်နဲ့လိုက်အောင် ဘယ်သူ့စကားမှနားမထောင် ကိုယ်မှန်တယ်ထင်တာကို လုပ်ပြီဟေ့ဆိုရင် ဝန်ကြီးချုပ်လည်းဂရုမစိုက်...အတော်လက်ရဲဇက်ရဲနိုင်ပြီး အသတ်အဖြတ်ရက်စက်တဲ့ သားရဲကြီး ရော(RAW)အေးဂျင့်ဟောင်းဗီရ်ရာဂဗ်.. တစ်ခါတုန်းက သူ့ဌာနက သူ့ကိုလှည့်စားလိုက်တာကို စိတ်နာပြီး တာဝန်ကနေ အနားယူသွားခဲ့တယ်...တစ်ရက် ချင်နိုင်းမြို့လည်ခေါင်က မောလ်တစ်ခုကို အကြမ်းဖက်သမားတွေက ဝင်စီးတယ်..ဖြစ်ချင်တော့ မောလ်ထဲမှာ ဗီရ်ရာဂဗ်ရှိနေတယ်...ဓါးစာခံရာကျော်ကို မောလ်အတွင်းမှာ ဖမ်းထားတဲ့အတွက် အစိုးရကယ်ဆယ်ရေးအဖွဲ့တွေက အထဲကိုဝင်ပြီး ကယ်လို့မရဘူးဖြစ်နေတယ်...အတွင်းမှာပိတ်မိနေတဲ့လူတွေထဲ ဗီရ်ရာဂဗ်ပါနေတယ်ဆိုတာ သိသွားတော့ သူ့ကိုလှမ်းအကူအညီတောင်းတယ်...ဒီလိုနဲ့ ဗီရ်ရာဂဗ်တစ်ယောက် အကြမ်းဖက်သမားတွေကြားထဲမှာ တစ်ပွေတည်း ဘယ်လိုတွေပွဲကြမ်းမလဲ....ဓါးစာခံတွေကို ဘယ်လိုကယ်ထုတ်မလဲဆိုတာကို အက်ရှင်ခန်းတွေ အများကြီးနဲ့ စိတ်ဝင်တစားရှုစားလိုက်ကြပါဦးရှင့်... File size…8GB / 3.3GB / 1.5GB Quality…  1080p NF WEBDL / 720p Format…mp4 Duration….2h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie

Beast (2022)

2022
4K HEVC
Farhana(2023) 6.4
Farhana(2023) Farhana (2023) IMDb 6.4/10 Drama/Thriller ဘာသာရေးအရမ်းကိုင်းရှိုင်းပြီး ရှေးရိုးစွဲလွန်းတဲ့ ဘိုင်ဟာ မိသားစုစီးပွားရေးအနေနဲ့ ဖိနပ်ဆိုင်လေးတစ်ဆိုင်ဖွင့်ထားပါတယ်။ ဒီဖိနပ်ဆိုင်ကြောင့်ပဲ သမီးတွေကို မင်္ဂလာဆောင်ပေးနိုင်ခဲ့ပေမယ့် အိမ်ထောင်အသီးသီးကျပြီး မြေးတွေထပ်ရလာတဲ့အခါမှာတော့ ဒီစီးပွားရေးကျဆင်းလာပြီး မလောက်ငှတော့ပါဘူး။ ချေးငွေယူတာကိုလည်း မကောင်းတဲ့အရာလို့ သတ်မှတ်ထားပါတယ်။အဲဒါကြောင့် သမီးဖြစ်သူ ဖာဟာနာဟာ ကလေးသုံးယောက်ရဲ့အနာဂတ်လည်းရှိသေးတာမလို့ အလုပ်ထွက်လုပ်ခွင့်ပေးဖို့ တောင်းဆိုပါတော့တယ်။ ရှေးရိုးစွဲလွန်းတဲ့အိမ်ကနေ ခက်ခက်ခဲခဲတောင်းဆိုပြီး အလုပ်ရလာတဲ့အခါ ဖာဟာနာတစ်ယောက် အစွမ်းကုန်ကြိုးစားပါတော့တယ်။ဒီလိုနဲ့တဖြည်းဖြည်းအဆင်ပြေလာခဲ့ပေမယ့် သမီးဖြစ်သူ အရေးပေါ်ခွဲစိတ်မှုနဲ့ကြုံလာတဲ့အခါ ဒီ့ထက်ပိုပြီးမက်လုံးပေးတဲ့ အလုပ်တစ်ခုကိုရဖို့ကြံပါတော့တယ်။ ဒါပေမဲ့ ဒီအလုပ်ကနေ မထင်မှတ်ထားတာတွေ ကြုံရ‌တဲ့အခါ ဖာဟာနာဘာတွေဆက်လုပ်မလဲ။ ဘယ်လိုစိတ်ဝင်စားစရာဇာတ်ကြောင်းတွေဖြစ်လာဦးမလဲဆိုတာကို ဆက်လက်ကြည့်ရှုပေးကြပါဦးနော်။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Cherry,Zwe,V,BpL,Yunni တို့ပဲဖြစ်ပါတယ်) File size…2.09GB / 858MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 20m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by  Cherry~Zwe~V~ BpL~ Yunni 
movie

Farhana(2023)

2023
Bakasuran (2023) 6.3
Bakasuran (2023) Bakasuran (2023) ************************** IMDb-6.3/10Mohan G. Kshatriyan ရဲ့ ဘဝမှာ တကယ်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုကို ကိုယ်တိုင် ဇာတ်ညွှန်း‌ရေး ဒါရိုက်တာလုပ် ထုတ်လုပ်ရိုက်ကူးခဲ့တာဖြစ်ပါတယ်အာရူလ်ဗာမာဆိုတာ စစ်မှုထမ်းအငြိမ်းစား Crime YouTuber တစ်ယောက် နိုင်ငံအတွင်းကဖြစ်ပျက်သမျှကို YouTube မှာသူ့ရဲ့ သဘာတွေဝါတွေပါပေါင်းပြီး တင်ဆက်ပညာပေးနေသူပါ ရဲအမှုတွေကိုလည်း မကြာမကြာဝင်ကူတတ်ပါသေးတယ်တစ်နေ့တော့ သူ့ရဲ့တူမအရင်းသတ်သေတယ်ဆိုတဲ့သတင်းရပါတော့တယ် ပေးစားတဲ့သူကိုမလိုချင်လို့ သတ်သေတယ်ယူဆရာက သူ့လက်ထဲဖုန်းရောက်လာချိန်မှာတော့ WhatsApp ကနေ သိလာရ‌တာတွေကတော့ ရိုးရှင်းမနေပါဘူးဇာတ်လမ်းဆန်ဆန် အပြင်မှာဖြစ်ခဲ့ကြတာတွေကို ရိုက်ကူးပြထားတာမို့ မှုခင်းကားကြိုက်သူတွေ အပျင်းပြေတာထက်ပိုတဲ့ ခံစားမှုရစေမဲ့ကားလေးဖြစ်ပါတယ်အညွှန်းရေးသားသူကတော့ BpL ဖြစ်ပြီး ဘာသာပြန်သူတွေကတော့ Bpl,Yunni,Thaik San,Nyein, Zwe Yanနဲ့ chiclon3တို့ပဲ ဖြစ်ပါတယ်။ File size…3.6GB  / 1.3GB Quality…1080p AMZ WEB DL  / 720p Format…mp4 Duration….2h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Bpl~ Yunni~ Thaik San~ Nyein ~ Zwe Yan ~chiclon3
movie

Bakasuran (2023)

2023
Naane Varuvean (2022) 6.7
Naane Varuvean (2022) Naane Varuven 2022 6.7/ 10 IMDb ဒီတစ်ခါတော့အားလုံးရဲ့အချစ်တော် ဒါနုရှ်(Dhanush) ရဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားသစ်လေးလာပါပြီ... ပရာဘူ (Dhanush) နဲ့ကာသီရ်တို့က အမွှာညီအကိုနှစ်ယောက်ပါ အမွှာလို့ဆိုပေမယ့် ပရာဘူကစိတ်ထားနူးညံ့သလောက် ကာသီရ်ကတော့ဆိုးသွမ်းတဲ့ကလေးတစ်ယောက်ပါ...အဲ့တာကြောင့်ကာသီရ်ရဲ့အပြုအမူတွေက ပရာဘူ့အပေါ်လွမ်းမိုးလာမှာကို သူတို့အဖေကစိုးရိမ်နေခဲ့ပါတယ်.. သူတော်စင်တစ်ပါးကလဲ သူတို့ညီအကိုဟာအတူတူရှိမနေသင့်ဘူးဆိုပြီးပြောတော့ မိခင်ဖြစ်သူက ကာသီရ်ကိုဘုရားကျောင်းမှာစွန့်ပစ်ပြီး ပရာဘူနဲ့အတူထွက်ပြေးခဲ့ကြပါတယ်နှစ်တွေအတော်ကြာပြီးနောက်မှာ ပရာဘူက ဇနီးဖြစ်သူနဲ့အတူ ချစ်စရာကောင်းတဲ့သမီးလေးတစ်ယောက်ရခဲ့ပါတယ်.. တစ်ဦးတည်းသောသမီးလေးမို့သည်းသည်းလှုပ်အချစ်တွေပိုခဲ့တာပေါ့.. ဒီလိုနဲ့တစ်နေ့ကြတော့ သမီးလေးရဲ့ထူးဆန်းတဲ့အပြုအမူကို အဖေဖြစ်သူပရာဘူသတိထားမိခဲ့ပါတယ်..သမီးဖြစ်သူက တစ်ယောက်ယောက်နဲ့စကားပြောနေသလို သူတစ်ယောက်တည်းစကားပြောနေတာကိုသိရှိသွားချိန်မှာ...သမီးလေးကဘာကြောင့်ဒီလိုထူးဆန်းတဲ့အပြုအမူတွေလုပ်နေတာလဲ... သူနဲ့စကားပြောနေတာကရော ဘယ်သူလဲ.... ဒီလိုအရာတွေရဲ့နောက်ကွယ်ကအကြောင်းရင်းကရော ဘာများဖြစ်မလဲဆိုတာကို ဒါနုရှ်ပရိတ်သတ်ကြီးက ရင်တမမနဲ့စောင့်မျှော်ကြည့်ရှုအားပေးလိုက်ကြပါဦး... File size…1.5GB / 700MB Quality…1080p HQ WEB DL /720p Format…mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko & HayMan & Poe & OeliuJ
movie

Naane Varuvean (2022)

2022
Saani Kaayidham(2022) 7.6
Saani Kaayidham(2022) Saani Kaayidham 2022ဒဏ်ရာတွေကပျောက်ကွယ်သွားနိုင်တယ် မှတ်ဉာဏ်တွေကလည်း‌အရောင်မှိန်သွားနိုင်ပေမယ့် ဒီနာကျင်မှုကတော့ ဘယ်တော့မှပျောက်မသွားဘူး..ဒီတစ်ခါမှာတော့ IMDb 7.7ရရှိထားပြီး ဖြစ်ရပ်မှန်လူကြိုက်များခဲ့တဲ့ ဇာတ်ကားလေးကိုတင်ဆက်ပေးထားပါတယ်အထက်လူကြီးနဲ့ အခက်မသင့်ဘဲအလုပ်ထွက်လာခဲ့တဲ့ ယောကျာ်းဖြစ်သူမာရီအား ပွန်နီကအထက်လူကြီးကိုပြန်တောင်းပန်ဖို့ကြိုးစားခိုင်းပေမယ့် ကိစ္စတွေကစီစဉ်ထားသလိုဖြစ်မလာဘဲ လူကြီးရဲ့မျက်နှာကိုတံတွေးနဲ့ထွေးလိုက်မိပါတယ်ဒါကိုအထက်ကရန်ငြိုးထားပြီးသူတို့မိသားစုကိုပြန်ကလဲ့စားချေပါတော့တယ် ပွန်နီကိုမုဒိမ်းကျင့် ယောကျာ်းနဲ့သမီးဖြစ်သူကိုအရှင်လတ်လတ်မီးရှို့ပြီး ရက်ရက်စက်စက်သတ်ပစ်ခဲ့ပါတယ် ပွန်နီကတခြားသူမဟုတ်ဘဲ ရဲမေပါဒါပေမယ့် ရဲဌာနကလည်းပွန်နီ့ဘက်မှာရှိမနေခဲ့ပါဘူး ဒီကိစ္စအမှန်အတိုင်းပေါ်သွားခဲ့ရင် ရဲဌာနသိက္ခာကျတယ်ဆိုပြီး ဖုံးဖိထားခိုင်းခဲ့ပါတယ်။ ရာထူး ပိုက်ဆံ အင်အားတစ်ခုမရှိတဲ့ ပွန်နီတို့ကိုအဖက်ဖက်ကဖိအားပေးလာခဲ့ပါတယ် ဒါ့အပြင်ရာထူးမြင့်လူတစ်ယောက်ရဲ့အကူအညီနဲ့ မုဒိမ်းကောင်တွေလွတ်သွားတဲ့အခါမှာတော့.....ပွန်နီတစ်ယောက် ဘယ်လိုလက်စားချေမလဲ အမှန်တရားကအနိုင်ရမှာလားဆိုတာ အားရပါးရကြည့်ရှုရမှာဖြစ်ပါတယ် ဒီကားကသွေးသံရဲရဲနဲ့သတ်ခန်းဖြတ်ခန်းတွေပါတာကြောင့် လူသတ်ကားကြိုက်တဲ့ပရိတ်သတ်ကြီးတို့အတွက် ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်ရှင်   File size…2.67GB / 1.14GB /  Quality…1080p TRUE WEB DL AAC5.1CH / 720p /  Format…mp4 Duration….2h 16m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni & Lai Lai & Honey
movie

Saani Kaayidham(2022)

2022