Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Sébastien Beaulac
4.9
Brain Freeze (2021)
Brain Freeze (2021) ----------------------------- IMDb rating -4.9/10 Rotten Tomatoes - 71%Genre - Zombie Horror, comedyဇာတ်လမ်းအကျဉ်း -သုံးမကုန်အောင် ပိုက်ဆံချမ်းသာနေပြီးတော့ ၊ လူပေါ်လူဇော်လုပ် ဂေါက် ရိုက်ရတာကြိုက်တဲ့ လူချမ်း သာတွေကတစ်နှစ်ပတ်လုံး လုပ်စရာမရှိ ဂေါက်ရိုက်ချင်ကြပါတယ်ဒါပေမဲ့ ဆောင်းတွင်းအခါ နှင်းတွေခဲတာကြောင့်မြေမှာ မြက်ပင်တွေ မပေါက်နိုင်တဲ့အခါ လူချမ်းသာတွေ ဟာ ဂေါက်ရိုက်ဖို့ မဖြစ်နိုင်ကြပါဘူးအဲ့ဒီအခါမှာ ဉာဏ်ကြီးရှင် စီးပွားရေး သမားတွေ ဟာအကြံထုတ်ကြပါတော့တယ်သူတို့အတွက် အကျိုးအမြတ်များစွာရရှိနေတဲ့ လူချမ်းသာ တွေအတွက်ဆောင်းတွင်း မှာပါ မြက်တွေပေါက်ဖို့ကို ပညာရှင်တွေနဲ့ စမ်းသပ် ပြီး ဓာတ်မြေဩဇာကို ဖန်တီးလိုက်ပါတယ်မျော်လင့်ထားသလို အလုပ်ဖြစ်ခဲ့ပေမဲ့ ဓာတုပစ္စည်းရဲ့ အန္တာယ်ဟာ ဘယ်လောက်တောင်ဆိုးကျိုးရှိပြီး လူတွေကို ဇွန်ဘီအဖြစ် ပြောင်းသွားစေလောက်အောင် ဖြစ်သွားမလဲဆိုတာ ဆက်လက်ခံစားကြည့်ရှုပေးကြပါခင်ဗျား။ File size… 1.2 GB / 600MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 32m Genre ...
movie
Brain Freeze (2021)
6.9
1995 (2024)
1995 (2024)IMDb Rating (6.9) 1995 ခုနှစ်ဆိုတဲ့ခုနှစ်က တချို့သောသူတွေအတွက် အမှတ်တရတွေ အောင်မြင်မှုတွေ ကျရှုံးမှုတွေ ဝမ်းနည်းစရာတွေ ဝမ်းသာစရာတွေရှိခဲ့ဖူးတဲ့ နှစ်တစ်နှစ်ဖြစ်နိုင်သလို အဲ့ဒီအချိန်ကာလမှာမမွေးဖွားသေးတဲ့လူတွေလည်းအများကြီးရှိပါတယ်။ဒါပေမယ့် ရီကာဒိုထရိုဂျီဆိုတဲ့ ကနေဒါ ရုပ်ရှင်ရိုက်ကူးသူတစ်ယောက်အတွက်ကတော့ အဲ့ဒီခုနှစ်က အထက်မှာပြောခဲ့သမျှအရာတွေအားလုံးဖြစ်ခဲ့ပြီး သူ့ဘ၀တစ်ဆစ်ချိုးခဲ့တဲ့ခုနှစ်ဖြစ်ခဲ့ပါတယ်။အဲ့ဒီအကြောင်းကိုပဲ သူကိုယ်တိုင် ဒါရိုက်တာလုပ် သူကိုယ်တိုင်ဇာတ်ညွှန်းရေးပြီး 1995 ဆိုတဲ့နာမည်နဲ့ပဲ Documentary ပုံစံမျိုးပေမဲ့ လုံး၀ကွဲထွက်နေပြီး စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းအသွားအလာမျိုးနဲ့တင်ဆက်ပေးခဲ့ပါတယ်။IMDb မှာလည်း လက်ရှိ Rating 6.9 အထိရရှိထားပြီး သူကိုယ်တိုင်ကလည်းအရည်အချင်းရှိတဲ့ရိုက်ရှင်ရိုက်ကူးရေးသမားတစ်ယောက်ဖြစ်တဲ့အတွက် ကြည့်လို့ကောင်းပြီး ကိုယ့်ဘ၀အတွက် စိတ်ခွန်အားတက်ကြွစရာတစ်ခုခုကိုပေးစွမ်းနိုင်မယ်ဆိုတာကတော့အမှန်ပါပဲ။ရီကာဒိုထရိုဂျီက ငယ်ငယ်လေးကတည်းက အနုပညာကိုဝါသနာပါခဲ့ပေမဲ့ အနှောင့်အယှက်တွေများပြီး ဝင်ရောက်ဖို့ဆိုတာကလည်းခက်ခဲတဲ့လောကတစ်ခုဖြစ်နေတဲ့အတွက် အသက် ၂၀ ကျော်အထိ သူလိုချင်တဲ့ဘ၀ကိုမရရှိနိုင်ဘဲ သာမန်လူတွေထဲကသာမန်လူတစ်ယောက်အဖြစ် သာမန်အလုပ်လေးပဲလုပ်ပြီး နေခဲ့ရပါတယ်။ဒါပေမယ့် ပတ္တမြားမှန်ရင်နွံမနစ်ဘူးဆိုတဲ့အတိုင်း အဲ့ဒီခေတ်အခါက ရုပ်ရှင်ရိုက်ကူးသူတွေရဲ့အိပ်မက်လိုဖြစ်နေတဲ့ နာမည်ကြီး The Race ဆိုတဲ့ ရှိုးပွဲကနေ သူ့ကိုအင်တာဗျူးလာဖြေဖို့ဆက်သွယ်လာပါတော့တယ်။အဲ့ဒီအချိန်မှာတင် ရီကာဒိုရဲ့ဘ၀က စတင်တစ်ဆစ်ချိုးပြောင်းလဲသွားပြီး သူချစ်တဲ့အလုပ်ကို ...
movie
1995 (2024)
2024
7.2
Humanist Vampire Seeking Consenting Suicidal Person (2023)
Humanist Vampire Seeking Consenting Suicidal Person (2023)~ IMDb - 7.2/10, Rotten Tomatoes - 82% ~"ရိုးရှင်းခြင်း၌ အလှတရားရှိ၏" တဲ့။အိုင်ဒီယာလည်းမဆန်းဘူး။ တင်ပြပုံလည်းမဆန်းဘူး။ ဆန်းတာက ဒီလိုတင်ပြသွားလို့ လှသွားတဲ့အချက်ပဲ။ တခြားကားတွေမှာဆိုရင်တော့ ဒါက သိပ်မဆန်းဘူး။ ဒီမှာဆန်းတာက ဇာတ်က အိုင်ဒီယာမဆန်းပေမဲ့ ဆန်းဆန်းပဲတင်ပြကြတတ်ကြတဲ့ဇာတ်မျိုး။ ဒါကို ရိုးရိုးလေးပြသွားတော့ ဆန်းသွားတယ်။ဇာတ်က Vampire ဇာတ်။ ဒါမဲ့ Vampire ဇာတ်လို့ မထင်ရအောင် ရိုးရှင်းတယ်။ ဗင်ပိုင်းယားမလေးရဲ့မွေးနေ့မှာ သူ့မိသားစုဝင်တွေက သူ့ကို သွေးသောက်စရာလူတစ်ယောက်ရှာလာပေးတယ်။ ပထမဆုံးသွေးသောက်ဖို့ပေါ့။ ဒါပေမဲ့ ကောင်မလေးက သနားတတ်လွန်းတော့ မသောက်ရက်သလို သူ့အစွယ်ကလည်း ထွက်မလာဘူး။ ဒီတော့ ဗင်ပိုင်းယားဆရာဝန်တွေဆီ သွားပြတယ်။ စိတ်ရောဂါဖြစ်မယ်လို့ ထင်ကြေးပေးလိုက်ကြတယ်။ ဒီနောက် သူ့ကို လူ့သွေးသောက်တတ်အောင် သင်ပေးဖို့ သူ့အစ်မဝမ်းကွဲဆီ ပို့ထားလိုက်ကြတယ်။ဒီကားရဲ့ ...
movie
Humanist Vampire Seeking Consenting Suicidal Person (2023)
2023
7.4
Red Rooms (2023)
Red Rooms (2023)~ IMDb - 7.4/10, Rotten Tomatoes - 100% ~Award - 4 wins, 7 nominationsအင်တာနက်အသုံးပြုသူအများစုအနေနဲ့ Deep Web တို့၊ Dark Web တို့ကို မသုံးဖူးကြရင်တောင် တိုးတိုးတဖုံ ကျယ်ကျယ်တမျိုး ကြားဖူးကြပါလိမ့်မယ်။ ဆရာ့ဆရာကြီးတွေကလည်း မယောင်မလည် လက်တည့်စမ်းလို့မကောင်းတဲ့အရာလို့လည်း သတိပေးကြတာကိုကြားဖူးကြမှာပါ။ ကိုယ်တွေလက်ရှိသုံးနေတဲ့ အင်တာနက်၀က်ဘ်ဆိုဒ်တွေကို Surface Web လို့ခေါ်ပါတယ်။ အဲဒါနဲ့ ဆန့်ကျင်ဖက်ကတော့ Deep Web ပါပဲ။Deep Web က သူ့ဟာသူကောင်းကျိုးရှိပေမဲ့ လူသားတွေထုံးစံနဲ့အညီ မကောင်းမှုမှာမွေ့လျော်တတ်တဲ့နောက် အနက်ဆုံး Dark Web ဆီကိုရောက်သွားတတ်ကြပါတယ်။ အဲဒီမှာတော့ လူသတ်မုဒိမ်းထိတ်လန့်စရာဗီဒီယိုတွေ လက်နက်ရောင်း၀ယ်ရေးကစလို့ လူရဲ့အသားအရောင်းအ၀ယ်တွေ မကောင်းမှုမှန်သမျှအကုန်ရတဲ့ ဒစ်ဂျစ်တယ်မှောင်ခိုဈေးကွက်ကြီးရှိတာပါပဲ။ဒီကားလေးကတော့ အဲဒီ Deep Web ကို အခြေခံထားတဲ့ ...
movie
Red Rooms (2023)
2023
6.1
Crisis (2021)
Crisis (2021)===========IMDb Rating - 6.1/10ဘိန်းစကားလုံးတစ်လုံးလေးပေမယ့် တစ်လောကလုံးကို ချုပ်ကိုင်ပစ်နိုင်တယ်။ဒီဘိန်းကြောင့် အမေရိကန်ပြည်ထောင်စု ဒေသတစ်ခုမှာနေထိုင်သူ မိခင်တစ်ယောက် သူချစ်ရတဲ့သားကို ရုတ်တရက်ဆုံးရှုံးလိုက်ရတယ်၊ဒီဘိန်းကြောင့် တက္ကသိုလ်က ဇီဝဗေဒပညာရှင်တစ်ယောက် ရာထူးပြုတ်ပြီး အလုပ်လက်မဲ့ဖြစ်လုနီးပါးအခြေအနေကို ကြုံနေရတယ်၊ဒီဘိန်းကြောင့် လူဆိုးဖမ်းချင်တဲ့ အက်ဖ်ဘီအိုင်အေးဂျင့်တစ်ယောက် ဘိန်းကုန်သည်ယောင်ဆောင်ပြီးအသက် အန္တရာယ်ရှိတဲ့ဘ၀ကို နေထိုင်နေရတယ်၊ဒီဘိန်းကြောင့် မိန်းကလေးတစ်ယောက်ရဲ့ ဘ၀ဟာ လမ်းပျောက်လုနီးပါးဖြစ်နေရတယ်၊ဒီဘိန်းကြောင့် လောဘသားတွေ အတောမသတ်နိုင်သလို အပြစ်မရှိတဲ့သူတွေပါ သေဆုံးနေရတယ်၊ဒီအကြောင်းအရာတွေအားလုံးရဲ့ တစ်ခုတည်းသော တရားခံက ဘိန်းပဲ . . .ဒီတော့ ဒီပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲလူ ၃ ယောက် ကြုံရတဲ့ မတူညီတဲ့ အခြေအနေတွေကို ချိတ်ဆက်ရိုက်ပြထားပြီး အင်မတန်မှ စိတ်၀င်စားဖို့ကောင်းပါတယ်။− မင်းသားကြီး Gary Oldman− Social Network , Call Me by Your Name တို့နဲ့ လူသိများတဲ့ Armie Hammer− ...
movie
Crisis (2021)
2021