Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Sebastian Billingsley-Rodriguez
7.0
Three Wiser Men and a Boy (2024)
Three Wiser Men and a Boy (2024)IMDb Rating (7.0) ဒီဇင်ဘာလခရစ်စမတ်ပွဲတော်ရက်လည်းနီးလာပါပြီ ဘာကျွေးကြမလဲ ဘာတွေလက်ဆောင်ပေးကြမလဲဆိုပြီး ကြိုပျော်တဲ့သူတွေလည်းကြိုပျော်ကုန်ကြပါပြီ ။ဒီအချိန်မှာ ခရစ်စမတ်အကြောင်းအထူးပြုရိုက်ထားတဲ့ ဇာတ်ကားလေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။လုခ် ဘရန်နာ( အင်ဒရူးဝေါ့ကာ) တေလာဘရန်နာ( တိုင်လာဟိုင်းစ်)နဲ့စတီဖန်ဘရန်နာ(ပေါလ်ကမ်ဘဲလ်)တို့က ညီအကိုသုံးယောက်ဖြစ်ပါတယ်။လုခ်ကမီးသတ်ဌါနအကြီးအကဲဖြစ်ပြီးသူနဲ့သူ့ဇနီးကယ်ရိုလင်းမှာချစ်စရာကောင်းတဲ့သားလေးသောမတ်စ်ရှိပါတယ်။သောမတ်စ်က ကျောင်းမှာ ခရစ်စမတ်အတွက်ကပြမယ့် ပြဇာတ်ထဲမှာပါနေပါတယ်။စတီဖန်မှာချစ်သူ ဆူဇီ ရှိပြီးစတီဖန်ကစိတ်ဖိစီးမှုလျော့ချနိင်မယ့်နည်းလမ်းတွေအကြောင်းရေးတဲ့စာရေးဆရာဖြစ်ပါတယ်။တေလာကတော့ ဂိမ်းတွေကိုဖန်တီးသူဖြစ်ပြီး သူ့ရဲ့ဂိမ်းကိုအပြတ်လာဝယ်ပေမယ့်မရောင်းလိုက်တဲ့အခါ ငွေကြေးပြတ်လပ်ပြီးနေတဲ့ တိုက်ခန်းကပါထွက်ပေးရတဲ့အခြေအနေဆိုက်နေပါတယ်။သူတို့အမေဘာဘရာ(မာဂရက်ကောလင်း)ကသူတို့ကို သူ့အိမ်မှာညစားဖို့ခေါ်လိုက်ပါတယ်။မထင်မှတ်ထားတဲ့ဟာကသူ့အမေကသူတို့ကို ချစ်သူရွိုင်နဲ့မိတ်ဆက်ပေးလိုက်တာပါ။နေစရာပျောက်နေတဲ့တေလာတိုက်တွန်းတာနဲ့ ညီအကိုသုံးယောက်နဲ့သောမတ်စ်တို့ဘာဘရာ့အိမ်မှာ တစ်ပါတ်နေဖို့အကြောင်းဖန်လာပါတယ်။သောမတ်စ်ဆီကိုကွတ်ကီးမုန့်တွေဝယ်လာပို့တဲ့တေလာကကျောင်းကစန္ဒယားဆရာမလေးနဲ့ရင်းနှီးသွားပါတယ်။မထင်မှတ်ပဲ တေလာနဲ့စတီဖန်ကြောင့်ကျောင်းက ခရစ်စမတ်အထိမ်းအမှတ်ပြဇာတ် အခင်းအကျင်းနဲ့အဝတ်အစားတွေကိုဖျက်ဆီးသလိုဖြစ်သွားပါတယ်။သူတို့ငယ်ကတည်းကြောက်ရတဲ့ကြောက်ရတဲ့ကျောင်းအုပ်ကြီးက သူတို့ညီအကိုသုံးယောက်ကိုပြဇာတ်ကိုအောင်မြင်အောင်ပြန်လုပ်ဖို့ တာဝန်ပေးလိုက်ပါတယ်။ညီအကိုသုံးယောက်ဘာတွေလုပ်ကြမလဲပြဇာတ်ကအောင်မြင်မလား ဘယ်သူတွေကသူတို့ကိုကူညီမလဲ ညီအကိုနှစ်ယောက်ရဲ့အချစ်ရေးနဲ့မိခင်ကြီးရဲ့အချစ်ရေးအဆင်ပြေမလားဆိုတာတော့ဆက်ကြည့်ရှုနိုင်ပါတယ်။အတွေးအခေါ်ပါတဲ့ဒိုင်ယာလော့တွေကလည်း ဆွဲဆောင်မှုရှိပါတယ်။မိသားစုရဲ့ ခရစ်စမတ်ရိုးရာကိုလည်းတွေ့ရမှာဖြစ်သလိုခရစ်စမတ်မှာလုပ်တတ်ကြတဲ့အနောက်နိုင်ငံတွေရဲ့ ရိုးရာလေးတွေကိုပါသိရမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်က ၂၀၂၂ ကရိုက်ကူးခဲ့တဲ့ ThreeWise Men and a Boy ဇာတ်ကားရဲ့အဆက်ဖြစ်ပါတယ်။ဒါရိုက်တာက တယ်ရီအင်ဂရမ်ဖြစ်ပါတယ်။Hallmark Channel ကထုတ်လွှင့်တာဖြစ်ပြီးချန်နယ်ပရိသတ်တွေကြိုက်ကြတဲ့မိသားစုဇာတ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ khin sakar khin ဖြစ်ပါတယ်။)File size…(1.8 GB) ...
movie
Three Wiser Men and a Boy (2024)
2024
7.2
The Best Christmas Pageant Ever (2024)
ခရစ္စမတ်မှာ ရုပ်ရှင်သစ်ကြည့်ဖို့ရှာနေတဲ့ ပရိသတ်ကြီးအတွက်ရုံတင်ဇာတ်ကားသစ်လေးကို တင်ဆက်ပေးလိုက်ချင်ပါတယ်။ဟာ့ဒ်မန်းမောင်နှမတွေဟာ အဆိုးဆုံးကလေးတွေလို့ သမုတ်ခံရလောက်အောင်ကို ဆိုးရွားလွန်းလှတဲ့ ပြဿနာအိုးလေးတွေပါ။ဟာ့ဒ်မန်းတွေ လာပြီဟေ့လို့ ကြားလိုက်တာနဲ့ ကလေးလူကြီးအစခွေးတိရစ္ဆာန်အဆုံး ဝေးဝေးကရှောင်ကြရတဲ့အထိ လက်ဖျားခါအောင်ဆိုးကြပါတယ်။ အဲဒီမောင်နှမတွေထဲက အဆိုးတကာ့ထိပ်ခေါင် ကလေးခေါင်းဆောင်ကတော့ အင်မိုဂျင်းဟာ့ဒ်မန်းပါ။မြို့ရဲ့ဘုရားကျောင်းကတော့ ခရစ္စမတ်ရာသီမှာ နှစ်စဉ်ကျင်းပနေကျခရစ္စမတ် ပြဇာတ်ပွဲကျင်းပဖို့စီစဥ်နေကြတဲ့အချိန်ပါ။ဘုရားကျောင်းမှာ မုန့်အလကားစားရတယ်ဆိုတဲ့ သတင်းကြားလို့တိုက်တိုက်ဆိုင်ဆိုင် ဘုရားကျောင်းရောက်ချလာတဲ့ ဟာ့ဒ်မန်းမောင်နှမတွေဟာ ခရစ္စမတ်ပြဇာတ်ထဲ ပါဝင်သရုပ်ဆောင်ကြဖို့အတွက်ဖြစ်လာပါတော့တယ်။ပြဿနာအိုး ဟာ့ဒ်မန်းမောင်နှမတွေ ဒီခရစ္စမတ်ပြဇာတ်ကြီးမှာဘယ်လိုအလွဲတွေနဲ့ပါဝင်သွားမလဲဆိုတာကို ဟာသလေးတွေနဲ့ကြည့်ရှုရမှာပါ။rating အနေနဲ့လည်း ခရမ်းချဉ်သီးပုပ်မှာ 91%အထိရရှိထားတဲ့ကားမို့ ဒီရုပ်ရှင်ကားလေးကိုခရစ္စမတ်အမီ watchlist ထဲထည့်ထားဖို့ တိုက်တွန်းလိုက်ချင်ပါတယ်။အချိန်ပေးကြည့်ရတာနဲ့ တန်မှာဖြစ်ပြီး ခရစ္စမတ်နေ့နဲ့ပတ်သတ်ပြီးလည်း မြင်နေကျမဟုတ်တဲ့ ရှုထောင့်အသစ်ကနေအတွေးအမြင်သစ်တွေပေးစွမ်းနိုင်မဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ကြောင်း ညွှန်းဆိုလိုက်ပါရစေ။ File size… (3.2GB) / (1.27GB) / (696MB ) Quality… WEB-DL 4K HEVC 1080 / 720p Format…mkv / mp4 Duration….1h 39m Genre ….. Adventure ...
movie
The Best Christmas Pageant Ever (2024)
4K HEVC
Peter Pan & Wendy (2023)
PeterPeter Pan & Wendy (2023)ပီတာပန်က J.M.Barrie ဖန်တီးထားတဲ့ဇာတ်ကောင်လေးဖြစ်ပြီး ပြဇာတ်ကနေစပြီး ရုပ်ရှင်ပေါင်းများစွာရိုက်ကူးထားတာမို့ ရုပ်ရှင်ချစ်ပရိသတ်တွေနဲ့ တစ်ခုမဟုတ်တစ်ခုမှာရင်းနှီးပြီးသားနေမှာပါ။ အခြေခံအားဖြင့်ဇာတ်ကားတွေမှာ ပီတာပန်က မကြီးပြင်းချင် အရွယ်မရောက်ချင်တဲ့ကောင်လေး၊ နဲဗားလန်းမှာသူ့လိုကလေးတစ်သိုက်နဲ့အတူနေတယ်။ သူ့ရန်သူကတော့ ပြောစရာမလိုပါဘူး ကပ္ပတိန်ဟုခ်ပေါ့။ သူကတစ်နေ့မှာဝင်ဒီ့ကို ကလေးငယ်တွေရဲ့မိခင်ဖြစ်ပေးဖို့လာခေါ်တယ်။ အဲ့လိုပေါ့။J.M.Barrie ရဲ့ မူရင်းပြဇာတ်နဲ့ဝတ္ထုမှာတော့ ပီတာပန်က ဗီလိန်ပါ။ တကယ်ဆိုနဲဗားလန်းကလုံးဝမကြီးပြင်းတာမျိုးမဟုတ်ပဲ ကြီးပြင်းမှုနှေးတာပါ။ အဲ့တော့ ပီတာပန်က ကြီးပြင်းတဲ့ကလေးတွေကို ပြဿနာရှာတယ်။ တစ်ခါတလေ သူ ပျင်းရင် အချင်းချင်းပြန်သတ်ကြတယ်။ ပီတာပန်က ဂျစ်တစ်တစ်ငဆိုးလေးပေါ့။ နောက်ပိုင်းမှာမှကလေးတွေကြားမှာ ပင်လယ်ဓားပြတွေရေပန်းစားလာတာကြောင့် စာရေးဆရာက ကပ္ပတိန်ဟုခ်ကိုဗီလိန်အနေနဲ့ထည့်ခဲ့တာပါ။ဒီ Peter Pan & Wendy ဇာတ်လမ်းမှာတော့ အပေါ်ကပြောခဲ့တဲ့ဇာတ်လမ်းသွားနှစ်ခုကြားမှာ မယုတ်မလွန်စည်းချထားတယ်ပြောရမယ်။ ပီတာပန့်ကို လူဆိုးဇာတ်မသွင်းသလို ဟီးရိုးအဖြစ်လဲပုံမဖော်ထားပါဘူး။ ပြီးတော့ ဝင်ဒီ။ တကယ်ဆိုပီတာပန်ဇာတ်လမ်းက အဓိကဝင်ဒီ့ရဲ့ဇာတ်လို့ပြောလို့ရတယ်။ လောကကြီးထဲကိုဝင်ရတော့မယ့် ကလေးတစ်ယောက်ရဲ့အကြောက်တရား မကြီးပြင်းချင်စိတ်တွေကနေ နဲဗားလန်းဆိုတဲ့အယူအဆကဖြစ်တည်လာတာပါပဲ။ ဒီဇာတ်လမ်းမှာ ဝင်ဒီ့ကိုလဲ တော်တော်အသားပေးထားသလို အရင်ကားတွေမှာမပါခဲ့တဲ့ ကွက်လပ်တွေကိုလဲဖြည့်ပေးထားပါသေးတယ်။ ရှေးရှေးကလက်ရာကောင်းများစွာလဲရှိတော့ အခုထွက်ရှိတဲ့ Peter Pan & Wendy ပေါ်ဝေဖန်သံ ...
movie
Peter Pan & Wendy (2023)
2023
5.5
Love, Guaranteed (2020)
အခုတင်ဆက်ပေးမှာကတော့ Sept 3ရက်နေ့ကမှ Netflix ထွက်ရှိထားတဲ့ ဇာတ်ကားသစ်လေးပါစိတ်ရင်းကောင်းပြီး အားနည်းတဲ့သူတွေကိုကူညီတတ်လွန်းလို့ သူ့ရုံးခန်းပါပိတ်ပစ်ရတော့မယ့်အခြေအနေဖြစ်နေတဲ့ရှေ့နေမလေး ဆူဇန်Online Dating ပေါင်း 986ခု ဒိတ်ခဲ့ပေမယ့် ခုထိလက်တွဲဖော်ရှာမတွေ့သေးလို့Dating Website ကိုတရားစွဲချင်နေတဲ့ နစ််ခ်သူတို့နှစ်ဦးတွေ့ကြတဲ့အခါ ဆူဇန် က နစ်ခ်ကို ဘယ်လိုတွေအထင်လွဲမှာလဲနစ်ခ်ကရော ဘာလို့ 986 ကြိမ်တောင် ချိန်းတွေ့ခဲ့ရတာလဲနစ်ခ် က သူ့အချစ်ကိုရော ရှာတွေ့သွားမှာလားတရားစွဲတဲ့ကိစ္စကော ဘယ်လိုဖြစ်သွားမှာလဲဆိုတာတော့ ဇာတ်လမ်းထဲမှာ ကြည့်လိုက်ကြပါဦးနော်ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရမယ့် အချစ်ဟာသကားလေးပါအညွှန်းနဲ့ ဘာသာပြန်ကတော့ Alicia ပဲဖြစ်ပါတယ် File Size : ( 855 MB , 278 MB) Quality : WEBRip 720p Running Time : 1 hr 30 min Format : ...
movie
Love, Guaranteed (2020)