Channel Myanmar

Sean McGinley

Gangs of New York (2002) 7.5
Gangs of New York (2002) Gangs of New York(2002) *************************ကားဟောင်းအများစုဟာ ဇာတ်လမ်းပြသချိန်ရဲ့ ၃ပုံ ၁ပုံလောက်ထိ သည်းခံပြီးကြည့်ရပါတယ်.. ပြီးမှ ကားရဲ့ဆိုလိုရင်းနဲ့ ဇာတ်လမ်းဇာတ်ကွက်ကို အနည်းငယ်ရိပ်မိလာတာပါ...ဒီလိုကားကောင်း ကားဟောင်းတွေကြားထဲမှာ Gangs of new york ကတော့ ဇာတ်လမ်းစစချင်းပဲ ခပ်သွက်သွက်နဲ့ မပျင်းမရိအောင် စထားတယ်...ပြီးတော့ မင်းသားတွေကလည်း နာမည်ကြီး Leonardo DiCaprioနဲ့ Daniel Day-Lewisတို့ ဖြစ်တဲ့အပြင် မင်းသမီးကလည်း , Cameron Diaz, ဗျ...ဒီဇာတ်ကားဟာ အမေရိကန် ပြည်တွင်းစစ် ဖြစ်နေတုန်းအချိန်က ရှိခဲ့တဲ့ နယူးယောက်မြို့ကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားခဲ့တာပါ။ နယူးယောက်ဟာ ဂိုဏ်းပေါင်းစုံ အဖွဲ့အသီးသီး နှင့် ရှိနေကြပြီး အဓိက ဂိုဏ်းကြီးနှစ်ခုဖြစ်သည့် ဒေသခံဂိုဏ်းနှင့် ယုန်သေဂိုဏ်းတို့ဟာ သမိုင်းကြွေးတွေ ရှိခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲ ခိုးဝင်လာတဲ့ အိုင်ရစ်တွေရဲ့ အရေးကလည်း ရှိပါသေးတယ်။ ဒါ့အပြင် ပြည်တွင်းစစ်အတွက် စစ်မှုမထမ်းမနေရ အမိန့်ကို မကျေနပ်တဲ့ သာမန်လက်လုပ်လက်စား ဆင်းရဲသား တွေကလည်း ရှိပါသေးတယ်။ပြဿနာပေါင်းများစွာနဲ့ လွန်ခဲ့တဲ့ ...
movie

Gangs of New York (2002)

That They May Face the Rising Sun (2023)
That They May Face the Rising Sun (2023)  IMDb - 7.3/10အိုင်ယာလန်အမျိုးသားစာ​ပေဆုရခဲ့တဲ့ စာရေးဆရာကြီး John McGahernရဲ့ ခြောက်အုပ်မြောက်လည်းဖြစ် နောက်ဆုံးလည်းဖြစ်တဲ့ ၀တ္ထုရှည်ကြီးကို ပုံဖော်တင်ဆက်ရိုက်ကူးထားခဲ့တဲ့ဇာတ်လမ်း။အို၊ နာ၊ သေဆိုတဲ့အတိုင်းပါပဲ အိုကြနာကြသေကြရတဲ့ ဖြစ်စဉ်မှာ အိုမင်းချိန်ရောက်လို့ နာမကျန်းဖြစ်နေကြတဲ့ လူအိုမောင်နှမတွေကြားကချစ်ခြင်းမေတ္တာသံယောဇဉ်နဲ့ ပဋိပက္ခတွေအကြောင်းတင်ပြထားတဲ့ဇာတ်လမ်း။လန်ဒန်မြို့ကြီးကနေထွက်ခွာလာပြီး ဘ၀ကို တစ်နေ့တာချင်းဆီ ရှင်သန်ဖြတ်သန်းရင်း ဘ၀ကိုရိုးရှင်းစွာနေကြတဲ့ ဂျိုးနဲ့ ကိတ်တို့ အနုပညာရှင်ဇနီးမောင်နှံနှစ်ဦးနဲ့ လူအိုကြီးတွေပတ်သက်ကြပုံ။ကျေးလက်ဒေသက ရေကန်ကြီးဘေးမှာ ဖြစ်ပျက်သဘောတရားတွေကိုရှုမြင်ရင်း စာရေးဖို့ကြိုးစားနေတဲ့ ဂျိုးတစ်ယောက် လူအိုကြီးတွေနဲ့အတွေးအခေါ်၊ အပြုအမူ၊ အနေအထိုင်အပြောအဆိုတွေကိုသင်ယူမှတ်သားရင်း သူ့ရဲ့၀တ္ထုရှည်ကို အဆုံးသတ်ဖို့ ကြိုးစားပါတော့တယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.9 GB)/(932 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre... Drama  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Thaw Ko Ko Zin 
movie

That They May Face the Rising Sun (2023)

Sixty Six (2006) 6.7
Sixty Six (2006)  ဒီကားလေးကတော့ ၂၀၀၆ခုနှစ်ကထွက်ခဲ့တဲ့ Comedy/ Sport အမျိုးအစား ဗြိတိန်ကားလေးဖြစ်ပါတယ်။ ဘာနီဘယ်ရွန်ဆိုတဲ့ ဂျူးလူမျိုးကောင်လေးက ကျောင်းမှာလည်းလူရာမ၀င် အိမ်မှာလည်း မိဘတွေကပါ ကမ်းခြေမှာမေ့ပြီး ထားခဲ့ခံရတဲ့အထိ အမေ့ပျောက်ခံလူတန်းစားလေးပါ။ဒါပေမဲ့ ဂျူးဘာသာရေးထုံးစံအရ ဘားမစ်ဇ်ဘက်ဆိုတဲ့ (၁၃)နှစ်ပြည့်အရွယ်ရောက်ပွဲ ကျင်းပရတော့မှာဖြစ်ပါတယ်။ အဲဒီနေ့ကျရင် ပါတီပွဲအကြီးကြီးပေးပြီး လူတွေသူ့ကိုဂရုစိုက်လာကြမယ် အာရုံစိုက်လာကြမယ်ဆိုပြီး ကလေးအတွေးနဲ့ အပျော်ကြီးပျော်နေပါတယ်။ ဒါပေမဲ့ သူ့ရဲ့ပွဲကျင်းပမယ့်နေ့က (8)ကြိမ်မြောက် ကမ္ဘာ့ဖလားဖိုင်နယ်ပွဲဖြစ်နေတဲ့အခါမှာ ဘာနီတစ်ယောက် စိတ်ဓါတ်တွေကျပြီး အင်္ဂလန်အသင်း ဖိုင်နယ်မရောက်ဖို့ ဆုတောင်းပါတော့တယ်။တစ်ကားလုံးက ပေါ့ပေါ့ပါးပါးနဲ့ရယ်မောနေရတဲ့အတွက် အပန်းဖြေကြည့်ချင်တဲ့သူတွေအတွက် ရွေးသင့်တဲ့ကားကောင်းလေးပါပဲ။ File size…(1.7 GB)/(970 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:33:00 Genre... Biography, Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Soe Thiri Swe
movie

Sixty Six (2006)

The Last Rifleman (2023) 7.2
The Last Rifleman (2023)  The Last Rifileman ဇာတ်ကားကြီးရဲ့ အဓိကသရုပ်ဆောင်ကတော့တစ်ခေတ်တစ်ခါက နာမည်ကြီး ဒိတ်ဒိတ်ကြဲ ဂျိန်းဘွန်းမင်းသားကြီးPierce Brosnan ပဲ ဖြစ်ပါတယ်။ ၂၀၂၃ အသစ်ထွက်တဲ့ ဇာတ်ကားဖြစ်လို့ဘာဆုညာဆုတွေတော့ မရှိသေးပေမဲ့ ဆုတွေ ဆန်ကာတင်စာရင်းတွေအတွက်ဖြစ်လာနိုင်တဲ့ ဇာတ်ကားကောင်းတစ်ခု ဖြစ်ပါတယ်။အာတီခရောဖို့ဒ်ဆိုတာ ဒုတိယကမ္ဘာစစ်က နာမည်ကြီး နော်မန်ဒီကမ်းခြေတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ စစ်သားတစ်ယောက်ဖြစ်ပါတယ်။ စစ်ကြီးပြီးအသက်တွေကြီးလာပြီး အသက် ၉၂ နှစ်အရွယ် လူအိုရုံမှာ နေထိုင်နေတုန်းဇနီးဖြစ်သူ ဆုံးပါးသွားတဲ့အခါမှာ အာတီတစ်ယောက် အတိတ်ရဲ့ ဖြစ်ရပ်တွေကြောင့်ဘယ်လိုဆုံးဖြတ်ချက်တွေချပြီး ဘာတွေလုပ်မှာလဲ ဘယ်လိုလုပ်မှာလဲ။ အဲ့ချိန်မှာပဲတိုက်တိုက်ဆိုင်ဆိုင် နော်မန်ဒီကမ်းခြေတိုက်ပွဲ ဒီဒေး ၇၅ နှစ်ပတ်လည်နေ့အထိမ်းအမှတ်အစီအစဥ်ကို ပြင်သစ်မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။အိုင်ယာလန်မှာ နေထိုင်နေတဲ့ အာတီတစ်ယောက် ကျန်းမာရေးမကောင်းတော့တဲ့စစ်သားဟောင်းတစ်ယောက်က သူ့ဘော်ဒါတွေကို တွေ့ချင်စိတ်နဲ့ ပွဲကျင်းပရာပြင်သစ်နိုင်ငံထိ ခရီးနှင်နိုင်ပါ့မလား ဘာအခက်အခဲတွေ ကြုံတွေ့ရမလဲဘယ်လိုကျော်ဖြတ်မှာလဲ အဆုံးသတ်မှာကော သူလိုချင်တာ ဖြစ်မှာလားစတာတွေကို တစ်ကားလုံး ဇာတ်ရှိန်မကျဘဲ ကြည့်ရှူခံစားရမှာ ဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်ကို ...
movie

The Last Rifleman (2023)

Michael Collins(1996) 7.1
Michael Collins(1996) Michael Collins(1996)********************သမိုင်းကြောင်းကိုပြန်ရိုက်ကူးထားတဲ့ Biography-Warဇာတ်လမ်းကောင်လေးဖြစ်တာနဲ့အညီမင်းသားကြီး လီယံနယ်ဆန်ကလည်းပီပီပြင်ပြင်သရုပ်ဆောင်ထားပါတယ်။ဒီဇာတ်ကားဟာ အိုင်ယာလန်နိုင်ငံ လွတ်လပ်‌ရေးရအောင် ကြိုးပမ်းပေးခဲ့တဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့Michael Collinsရဲ့ အကြောင်းကိုရိုက်ကူးထားတာပါ။ ဗြိတိသျှတို့ ကိုလိုနီလုပ်ပြီး နယ်ချဲ့အုပ်ချုပ်ခဲ့တဲ့နိုင်ငံတွေထဲမှာ အိုင်ယာလန်နိုင်ငံလည်းပါခဲ့ပြီး နှစ် ၇၀၀ကျော် အုပ်စိုးခံခဲ့ရပါသတဲ့။Michael Collinsရဲ့ထူးခြားတဲ့အချက်ကတော့ ဗြိတိသျှတွေစစ်ပြေငြိမ်းရေးကမ်းလှမ်းချိန်အထိMichael Collinsဟာဘယ်သူလဲဆိုတာမသိအောင် သိုသိုဝှက်ဝှက်နေသွားနိုင်တဲ့ ထူခြားတဲ့အတွေးအခေါ်ရှိတာပါပဲ။သိုသိုဝှက်ဝှက်နေတယ်ဆိုလို့ပုန်းနေတာမဟုတ်ဘူးဗျ။ ဆုကြေးထုတ်ထားတဲ့ကြားကနေDublinမြို့ပေါ်မှာ ဝတ်စုံပြည့်ဝတ် စက်ဘီးကိုမှင်သေသေစီးပြီး ဗြိတိသျှတွေမျက်စိအောက်တင်ရှိနေခဲ့တာပါ။သူ့ရဲ့တော်လှန်ရေးလမ်းစဥ်အတွင်း ပျောက်ကျားစစ်ကိုစတင်နိုင်ခဲ့သလို အိုင်ယာလန်ကိုလည်းလွတ်လပ်တဲ့ပြည်နယ်အဖြစ်ဖော်ဆောင်ပြီး ငြိမ်းချမ်းရေးရယူနိုင်ပေးခဲ့သူပါ။ နိုင်ငံရေးဆိုတာထင်သလောက်မရိုးရှင်းမလွယ်ကူသလို ပေးဆပ်ရတဲ့အရင်းအနှီးကလည်းကြီးမားကြောင်းပြသထားတဲ့ဇာတ်ကားကောင်းလေးပါပဲ။ File Size :(2.6GB) and (1.1GB) Quality : Blu-Ray 1080p,720p Format…mp4 Duration…02:13:00 Genre : Biography, Thriller , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  Themes Encoded by Phyo Pyae
movie

Michael Collins(1996)

The Wind That Shakes the Barley(2006) 7.5
The Wind That Shakes the Barley(2006) The Wind That Shakes the Barley(2006)**************************************အိုင်ယာလန်နိုင်ငံရဲ့ လွတ်လပ်ရေးတိုက်ပွဲအကြောင်း၊ပြည်တွင်းစစ်အ‌ကြောင်း ကို နောက်ခံထားရိုက်ကူးထားတာဖြစ်ပြီး ဇာတ်ကားခေါင်းစဉ် The wind that shakes the barleyဆိုတာက အိုင်းရစ်ရှ်လူမျိုးသူပုန်လေးရဲ့အကြောင်းသီဆိုထားတဲ့ သီချင်းကနေယူထားတာပါ။ဇာတ်ဝင်ခန်းတစ်ခန်းမှာတော့ ဒီသီချင်းကိုသုံးပြထားပါတယ်။ ဒီဇာတ်ကားထဲမှာနယ်ချဲ့အင်္ဂလိပ်တွေရဲ့ ဖိနှိပ်မှု နှိပ်စက်မှုတွေကို မခံနိုင်တဲ့နောက်မှာတော့အိုင်ယာလန်လူငယ်လေးတွေဟာ ပြန်လည်တိုက်ခိုက်ပုန်ကန်ကြပါတယ်။အချို့ပြည်သူတွေကလည်း အင်္ဂလိပ်တွေကို အကူအညီမပေးတာမျိုး၊ကိုယ့်လူမျိုးတော်လှန်ရေးသမားတွေကို စားစရာ၊နေစရာပေးတာမျိုး စတဲ့အမျိုးသားရေးစိတ်ဓာတ်တွေလည်းတွေ့မြင်ရမှာပါ။ လွတ်လပ်ရေးပေးမယ့်ပေးတော့လည်း နယ်ချဲ့တို့ ထုံးစံအတိုင်း ရွှေရည်စိမ်ပဲပေးပြန်တယ်။ဒီလိုနဲ့ အချင်းချင်း နိုင်ငံရေးသ‌ဘောထားတွေမတူဘဲ ငြင်းကြခုံကြနဲ့ ပြည်တွင်းစစ်ဖြစ်တာတွေကို မြင်တွေ့ရမှာပါ။ကိုယ့်ရဲဘော်ဆိုပေမယ့် အခြေအနေအမျိုးမျိုးကြောင့် ကိုယ်တိုင်ကွပ်မျက်ရတာမျိုး စတဲ့ရင်နာစရာဇာတ်ကွက်တွေလည်းပါပါသေးတယ်။ ဇာတ်လိုက်ညီအစ်ကိုတွေဟာလည်း အိုင်ယာလန်နိုင်ငံဖွားသရုပ်ဆောင်တွေဖြစ်ကြပြီး peaky blinders မင်းသားကြီး Cillian Murphyရဲ့ပီပြင်တဲ့သရုပ်ဆောင်ချက်တွေကိုလည်းတွေ့မြင်ရဦးမှာပါ။File Size :(2.2GB)(978 MB) and (380 MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…02:07:00 Genre : War, Drama Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie

The Wind That Shakes the Barley(2006)