Channel Myanmar

Sean McBride

Bob Trevino Likes It (2024) 7.8
Bob Trevino Likes It (2024)  မိဘဆိုတာ ကိုယ်မွေးလာကတည်းက လက်ရှိအရွယ်ရောက်သည်အထိ ပြုစုပျိုးထောင်ကျွေးမွေးလာခဲ့ပေမဲ့လေးစားချစ်ခင်ရတဲ့ မိဘတွေဆိုတာရှိသလို ငရဲပေးတဲ့မိဘတွေလည်းရှိပါတယ်။ကိုယ့်ဖက်က ဘယ်လောက်ပဲကောင်းအောင်နေပြီး ချစ်ခင်နေပေမဲ့ ကိုယ့်အပေါ်မှာဆိုးသွမ်းတဲ့ အနိုင်ကျင့်တဲ့ မိဘတွေလည်းရှိနေတယ်ဆိုတာကတော့ ကြုံတွေ့ဖူးသူတွေမှသိနိုင်မဲ့ ငြင်းလို့မရတဲ့ခါးသီးတဲ့အမှန်တရားပါပဲ။အခုတင်ဆက်ပေးမဲ့ဇာတ်ကားလေးကလည်း အဲ့လိုမျိုးမိဘဆိုးနဲ့ ကြုံတွေ့ခဲ့ရတဲ့သမီးတစ်ယောက်ရဲ့ ဖြစ်ရပ်မှန်ဘ၀အပေါ်မှာ အခြေခံပြီးဒရာမာဆန်ဆန်ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဇာတ်ကားနာမည်ကတော့ Bob Trevino Likes It ဖြစ်ပြီးလက်ရှိ IMDb Rating 7.9 အထိရရှိထားတဲ့အတွက်တကယ်ကောင်းတဲ့ဇာတ်ကားလေးဆိုတာကတော့ငြင်းမရပါဘူး။အဓိကဇာတ်ဆောင်တွေအနေနဲ့လည်းNope တို့ Euphoria တို့လိုနာမည်ကြီး ရုပ်ရှင် ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးတဲ့ Barbie Ferreira နဲ့မျက်နှာချိုချိုနဲ့မင်းသားကြီး John Leguizamo တို့ကအဓိကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ဒီဇာတ်ကားရဲ့အဓိကဇာတ်ကောင်ကတော့ လီလီဆိုတဲ့ကောင်မလေးဖြစ်ပြီး သူ့အမေက ငယ်စဉ်ကတည်းကထွက်ပြေးသွားခဲ့တဲ့အတွက် အဖေဖြစ်သူနဲ့သာ ကျန်ခဲ့ရသူဖြစ်ပါတယ်။သူ့အဖေကလည်း အသက်ကြီးကာမှသူငယ်ပြန်ပြီး အားနေဆော်ကြောင်နေတဲ့အတွက် သူ့ကိုစိတ်ထဲတောင်မရှိဘူးလို့ထင်ရပါတယ်။ဒီလိုနဲ့ ဆော်ကိစ္စမှာပဲ လီလီနဲ့ပြဿနာထတက်ခဲ့ပြီး ကလေးတစ်ယောက်လိုစိတ်ကောက်ကာ လီလီ့ကိုအဆက်အသွယ်ဖြတ်လိုက်ပါတော့တယ်။ငယ်စဉ်ကတည်းက မိဘမေတ္တာအပြည့်အ၀မရခဲ့တဲ့ လီလီလည်း အဖေဖြစ်သူမခေါ်မပြောနိုင်ဖြစ်နေတာကို စိတ်ညစ်ပြီး Facebook မှာ လျှောက်မွှေနှောက်နေခဲ့ရင်းနဲ့မှ သူ့အဖေနဲ့နာမည်ချွတ်စွပ်တူနေတဲ့ဇာတ်ကားနာမည်ထဲကအတိုင်း ဘော့ဘ်ထရက်ဗီနိုဆိုတဲ့လူတစ်ယောက်ကိုသွားတွေ့ခဲ့ပါတော့တယ်။အဲ့ဒါကြောင့်ပဲသူနဲ့အမျိုးတော်နေမလားလို့ ...
movie

Bob Trevino Likes It (2024)

Mandao Returns (2022) 7.2
Mandao Returns (2022) Mandao Returns (2022) ================== IMDb Rating - 7.2/10 Genre - Comedy, Horrorဒီရုပ်ရှင်ကတော့ ၂၀၁၈ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ Mandao of the Dead ရဲ့ အဆက်ရုပ်ရှင်ဖြစ်ပါတယ်။ ဒီရုပ်ရှင်တွေမှာ အဓိက ဦးစားပေးထားတာကတော့ ကျွန်တော်တို့အရှေ့တိုင်း သားတွေနဲ့ မစိမ်းတဲ့ စိတ်ပြောင်းကိုယ်ခွာ ဒါမှမဟုတ် လိပ်ပြာ လွင့်တယ်ခေါ်မလား ဝိဉာဉ်လွှင့်တယ်ခေါ်မလား အဲဒီ အယူ အဆအပေါ် အခြေခံ ရိုက်ကူးထားတဲ့ ဟာသဆန်ဆန် ထိတ် လန့်သည်းဖိုပေါ့။၂၀၁၈ ရုပ်ရှင်ထဲမှာ ဂျေးတို့ အမျိုးတသိုက် ဟော်လိုဝေးပွဲထဲ လူတစ်ယောက်ကို အချိန်နောက်ပြန် ဝိဉာဉ်လွှင့်ပြီး ကယ်တင် ပြီးတဲ့နောက် ဂျက်ဆန်လုပ်လို့ အိမ်မီးလောင်ကာ ဝမ်းကဲဖြစ်တဲ့ အန်ဒီ့ဆီ ရောက်လာပါတယ်။ ဒီကားက ဒီမှာစတင်ပါတယ်။အန်ဒီ့ဆီမှာနေနေတုန်း ဂျေးတစ်ယောက် ထူးဆန်းတဲ့အိပ်မက် တွေ မက်ပါတယ် ဒီ ဝိဉာဉ်လွှင့်တာကို ဆက်ပြီး မလုပ်တော့ဖို့ ပေါ့။ အဲဒီအချိန်မှာ နာမည်ကြီးမင်းသမီးတစ်ယောက်ကလည်း မူးယစ်ဆေးလွန်ပြီး သေတဲ့အထိ ဖြစ်ပျက်သွားခဲ့တယ်။ တိုက် တိုက်ဆိုင်ဆိုင်ပဲဆိုသလို ဒီမင်းသမီးရဲ့ မန်နေဂျာဖြစ်သူဟာ အန် ဒီ့ဆီကို (သူကလည်း ...
movie

Mandao Returns (2022)

2022