Channel Myanmar

Sean Maguire

Shadow Land (2024) 5.5
Shadow Land (2024)  လုပ်ကြံသတ်ဖြတ်မယ့် ရန်သူရဲ့အကြံအစည်ကြောင့်အိပ်မက်ဆိုးတွေနဲ့ နေ့စဉ်ခြောက်လှန့်ခံနေရတဲ့အမေရိကန်သမ္မတဟောင်း Wainwright ......နိုင်ငံတကာအစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့သူ့ရဲ့သမ္မတရာထူးကို အသရေဖျက်ဖို့ ပူးပေါင်းကြံစည်မှုကို ရှာဖွေတွေ့ရှိခဲ့တဲ့အခါမှာတော့......သူယုံကြည်စိတ်ချရတဲ့ အကြံပေးပုဂ္ဂိုလ်နှင့်အတူအမှန်တရားကို ဖော်ထုတ်မယ့် မစ်ရှင်တစ်ခု စတင်ပြီးအန္တရာယ်ရှိတဲ့လမ်းကြောင်းကို လျှောက်လှမ်းပြီးတိုက်ပွဲဝင်နေခဲ့ပါတယ်။အက်စ်တိုးဗီးယားစစ်ဆင်ရေးမှာ နျူကလိယလက်နက်တွေကို ရှာဖွေတွေ့ရှိခဲ့မှာလား၊ လုပ်ကြံဖန်တီးခဲ့ထားတဲ့ ထောက်လှမ်းရေးအစီရင်ခံစာတွေကသူ့ဘဝနဲ့ အမေရိကန်စစ်သားတွေအတွက် ဘယ်လောက်ထိအပြောင်းအလဲဖြစ်စေခဲ့သလဲ၊ စိတ်ဖောက်ပြန်နေပြီလို့စွပ်စွဲခံရတဲ့သမ္မတကြီးက သူ့ရဲ့ရန်သူတွေကို ဘယ်လိုကျော်လွှားသွားမလဲဆိုတာ ဇာတ်လမ်းအချိတ်အဆက်မိမိနဲ့ကြည့်ရှုခံစားကြရမှာပဲဖြစ်ပါတယ်။ File size…1.31GB / 583MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 29m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Zaw Myint
movie

Shadow Land (2024)

The Red Dress (2015) 4.7
The Red Dress (2015) The Red Dress (2015) ===============ဇာတ်လမ်းနာမည်အတိုင်း အနီရောင်၀တ်စုံတစ်စုံနဲ့ မီးပွားစတင်ခဲ့တဲ့ ဇာတ်လမ်းလို့ ဆိုရမယ်ထင်ပါတယ်။ Drama Thriller ဖြစ်ပြီး ကြည့် ရင်းကြည့်ရင်း ဒီလိုထင်ထားပေမဲ့ ဟိုလိုဖြစ်သွားမလား ဒီလိုဖြစ်နေမလား ဒွိဟတွေပွားရင်း အဆုံးထိဆွဲခေါ်သွားမယ့် ကားမျိုးပါ။ပတ်ထရစ်ရှာနဲ့ရိန်နာတို့ဟာ အများအမြင်မှာ အစစအရာရာပြည့်စုံနေတဲ့ ဇနီးမောင်နှံပေါ့။ တစ်နေ့မှာတော့ အိမ်မီးလောင်ပြီး ကလေးဆုံးသွားတာ ကစလို့ သူတို့ဘ၀ထဲ ဂြိုလ်ဆိုးကစမွှေပါတော့တယ်။ ကလေးဆုံးပြီးတဲ့ နောက်မှာ ပတ်ထရစ်ရှာတစ်ယောက် စိတ်ဓာတ်တွေအကျကြီးကျသွားခဲ့ သလို လင်မယားဆက်ဆံရေးလည်း ဝေးကွာလာခဲ့ပါတယ်။ အဲဒီဒဏ်ရာ တွေကို ကုစားဖို့အတွက် ရိန်နာနဲ့ပတ်ထရစ်ရှာဟာ လန်ဒန်မြို့ကြီးနဲ့ဝေးရာ၊ လှပတဲ့ မော်လ်တာကျွန်းဆီ ခေတ္တပြောင်းရွှေ့နေထိုင်ခဲ့ကြပါတယ်။အစပိုင်းမှာ ပတ်ထရစ်ရှာတို့လင်မယား ပြန်ပြေလည်သလိုဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အတိတ်ကအရိပ်တွေ ပြန်ပေါ်လာပြီး နှစ်ဦးသားရဲ့ကြည်နူးမှုဟာ ကြာရှည်မခံလိုက်ပါဘူး။ နောက်ပိုင်းမှာ ရိန်နာ၊ ပတ်ထရစ်ရှာ၊ ရိန်နာရဲ့ အခင်ဆုံးသူငယ်ချင်းဂျိမ်းစ်နဲ့ ရုံးစာရေးမလေး ကန်းဒစ်တို့ရဲ့‌ဖောက်ပြန်ရေး ဇာတ်ထုပ်တွေ၊ သံသယ၀င်စရာမီးလောင်မှုနဲ့ ပြင်းထန်တဲ့စိတ်ဒဏ်ရာတွေ အားလုံး ရောသောရှုပ်ထွေးလာပါတယ်။ ဒီလိုနဲ့ အနီရောင်၀တ်စုံတစ်စုံက စတင်ပြီး ကြောက်စရာကောင်းတဲ့ စိတ်ရဲ့ဖောက်ပြန်ပြောင်းလဲမှု‌က အေးချမ်း နေတဲ့ဘ၀တွေကို ဘယ်လိုဒုက္ခပေးသွားမလဲ၊ ဇာတ်လမ်းကို ဘယ်လိုဆွဲခေါ် သွားမလဲဆိုတာ ကြည့်ကြည့်လိုက်ရအောင်နော်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C'mon ဖြစ်ပါတယ်)File Size..........(1.8 ...
movie

The Red Dress (2015)

2015
Meet the Spartans (2008)
Meet the Spartans (2008) Meet the Spartans (2008)ဒီဇာတ်ကားကတော့ နာမည်ကျော် 300 ဇာတ်ကားကြီးရဲ့ Parody ဗားရှင်းပဲဖြစ်ပါတယ်။ Parody ဆိုတာကတော့ နာမည်ကျော်ဇာတ်ကားကြီးတွေကို ကျောရိုးတည်ပြီး ဟာသတွေလုပ်ပစ်တာမျိုးပါပဲ။ Horror ဟာသကားတွေအနေနဲ့ နာမည်ကြီးတဲ့ Scary Movie 1,2,3,4,5 ဟာဆိုရင်လည်း တစ်ခေတ်တစ်ခါကနာမည်ကျော်ဇာတ်ကားတွေ ဇာတ်ဝင်ခန်းတွေကို ရောသမမွှေပြီး ဟာသလုပ်ထားတဲ့ Parody ကားတွေပဲဖြစ်ပါတယ်။ဘီစီ ၄၈၀မှာ စပါတာဘုရင် လီယိုနိုင်းဒတ်စ်ဟာ အင်အားသုံးရာထဲနဲ့ ဇာဆီရဲ့အင်အားအဆမတန်ကြီးမားတဲ့ ပါရှန်တပ်ကိုရင်ဆိုင်ခဲ့ပါတယ်။ ဒီသမိုင်းဝင်စစ်ပွဲကို သာမိုပလေစစ်ပွဲလို့ခေါ်ကြပြီး ၂၀၀၆ ခုနှစ်မှာတော့ နာမည်ကျော်ဒါရိုက်တာကြီး Zack Snyder က ရုပ်ရှင်အဖြစ် ပြောင်မြောက်စွာ အသက်သွင်းနိုင်ခဲ့ပါတယ်။ အခုတင်ဆက်လိုက်တဲ့ Parody ဗားရှင်းကတော့ 2008 ခုနှစ်မှာထွက်ရှိလာတာဖြစ်ပြီး အဲဒီခေတ်က ရေပန်းစားနေတဲ့ အနုပညာရှင်တွေကစလို့ တီဗီအစီအစဥ်တွေ၊ ရုပ်ရှင်တွေအပြင် နိုင်ငံရေးသမားတွေအဆုံး တစ်ခုမကျန်သရော်ပြထားတာကိုမြင်ရမှာပါ။အခုခေတ်နဲ့ကြည့်ရင် အဲဒီတုန်းကနာမည်ကြီးခဲ့တဲ့ ဟောလီးဝုဒ်ဆယ်လီရပ်ကွက်သတင်းတွေဟာ ခေတ်နောက်ကျသွားပြီဆိုပေမယ့် အသက်အရမ်းမငယ်တော့ဘူးဆိုရင်တော့ ...
movie

Meet the Spartans (2008)

2008