Channel Myanmar

Sean Gullette

Pi (1998) 7.3
Pi (1998)  Pi (1998)IMDb Rating (7.3) / Rotten Tomatoes (88%) ဒီဇာတ်ကားလေးကတော့ ၁၉၉၈ခုနှစ်မှာထွက်ရှိခဲ့ပြီး IMDbမှာလည်းမခေလှတဲ့ သိပ္ပံဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။ Psychological Thriller တွေကိုကြိုက်တတ်သူတွေအနေနဲ့တော့လက်မလွတ်တမ်းစောင့်ကြည့်သင့်တဲ့ဇာတ်ကားလေးပါ။ဇာတ်လမ်းလေးထဲမှာတော့ Max လို့ခေါ်တဲ့သင်္ချာပညာရှင်တစ်ယောက်ကိုဦးတည်ထားပါတယ်။ သူဟာ သင်္ချာကိန်းတစ်ခုကိုရှင်းရင်း ကွန်ပြူတာမှာ ကိန်းဂဏန်းစဉ်တစ်ခုကိုတွေ့ရှိခဲ့ပါတယ်။သူ့ဆရာကိုမေးကြည့်တဲ့အခါ သူ့ဆရာကလည်း တိုက်တိုက်ဆိုင်ဆိုင် ကိန်းလုံးရေ ၂၁၆လုံးရှိတာလားလို့မေးလိုက်ပြန်ပါတယ်။ ဒါနဲ့ပဲ Max တစ်ယောက်ခေါင်းစားနေတုန်း ဂျူးဘာသာရေးသမားတစ်ယောက်က ဟီဘရူးဘာသာနဲ့ပတ်သက်ပြီးလာပြောပြရာကနေ ကိန်းလုံးရေ ၂၁၆လုံးအကြောင်းထပ်ပါလာပြန်ပါတယ်။ဆိုတော့ Max အနေနဲ့ဒီအကြောင်းကိုတအားသိချင်လာပေမဲ့ သူ့ဆရာကတော့ ကွန်ပြူတာကြောင်တာပါလို့အကြောင်းပြပြီး သူ့ကိုတားမြစ်ပါတော့တယ်။ အဘိုးကြီးကလည်းမူမမှန်တာကြောင့် Max အနေနဲ့ဒီအရာကိုမသိသိအောင်စုံစမ်းပါတော့တယ်။ဆိုတော့ဒီကိန်းတန်း ၂၁၆လုံးကဘာတွေလဲ…ဘာရဲ့အဓိပ္ပာယ်ဖြစ်မလဲ…သိပ္ပံနဲ့ဘာသာရေးကိုပါယှဉ်တွဲပြသထားတဲ့ဒီဇာတ်ကားလေးကတော့ တကယ်ကိုပဲစိတ်ဝင်စားစရာကောင်းပြီး ကိုယ်တိုင်ပဲကြည့်ရှု့လိုက်ဖို့အကြံပြုချင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ S4L ဖြစ်ပါတယ်။)File size…(3.1 GB) / (1.8 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Mystery,Thriller Duration….01:25:06 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by S4L
movie

Pi (1998)

1998
Requiem for a Dream (2000) 8.3
Requiem for a Dream (2000) Requiem for a Dream (2000)IMDb - 8.3/10, RT - 79%တစ်ချို့က Requiem For A Dream ကို ကြည့်ရအခက်ဆုံးရုပ်ရှင်တစ်ကားလို့ ဆိုကြတယ်။ တခြားတော့မဟုတ်ပါဘူး။ စိတ်ညစ်စရာတော်တော်ကောင်းတဲ့ ဇာတ်ဝင်ခန်းတွေကြောင့်ပါပဲ။ နာမည်ကျော်ဝေဖန်ရေးဆရာ ရော်ဂျာအတ်ဘတ်ကတော့ ဒီလိုပြောထားတယ်။" Requiem for a Dream ဟာ အတော်လေးလက်တွေ့ကျတဲ့ စိတ်ဓာတ်ကျစရာအတော်ကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်ဆိုလည်း မမှားပါဘူး။ Requiem for a Dream နဲ့ ပတ်သက်ပြီး စွဲမက်စရာကောင်းတဲ့အချက်က... ဒါရိုက်တာက ဆေးစွဲနေတဲ့ဇာတ်ကောင်တွေရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေကို ပြောင်ပြောင်မြောက်မြောက် ပုံဖော်သွားတဲ့အချက်ပါပဲ။ ဆေးသုံးနေတဲ့အချိန်မှာ... ဆေးဟာ ဘာမဆိုဖြစ်နိုင်တဲ့ ကမ္ဘာတစ်ခုထဲကို ပြတင်းတံခါးခဏဖွင့်ပြပေးပြီး... အဲဒီတံခါးပိတ်ကျသွားတဲ့အခါမှာ... ဘဝက အဲဒီပြတင်းတံခါးကိုပြန်ဖွင့်ဖို့ ငွေနဲ့ဆေးကိုရှာဖို့ ကြံမိကြံရာရှာနေရတဲ့ အခြေအနေကို ဆိုက်ရောက်သွားတော့တယ်" တဲ့။ဒီရုပ်ရှင်ဟာ ဆေးစွဲနေတဲ့သူရဲ့ စိတ္တဗေဒကို အစစ်အမှန်ပြသထားတဲ့ ...
movie

Requiem for a Dream (2000)

2000