Channel Myanmar

Scout Taylor-Compton

Desert Fiends (2024) 5.2
Desert Fiends (2024)    Desert Fiends (2024)ဒီကားက Horror vibe နဲ့ Crime vibe ကို ကြိုက်တတ်တဲ့ လူတွေအတွက်တော့ မိုက်မယ်ထင်ပါတယ်။သွေးထွက်သံရဲတွေအများကြီးပါတာမို့ စိတ်ခိုင်မှကြည့်ဖို့ ပြောချင်ပါတယ်။18+ ဆိုပေမယ့် ကျွန်တော်ကတော့ 21+လို့တောင် ထားချင်ပါတယ်။ ဆဲဆိုတာတွေလည်းအများကြီးပါတော့ ကလေးတွေကြည့်လို့မသင့်တော်ပါဘူး။ဇာတ်ကားအကျဉ်းScottဆိုတဲ့ကောင်လေးရယ် သူ့ကောင်မလေးရယ် သူ့ကောင်မလေးသူငယ်ချင်းတွေရယ်က ကန္တာရထဲက Music Festival ကို သွားကြပါတယ်။ကံဆိုးစွာနဲ့ပဲ အဲ့ကန္တာရထဲ Psychoလိုလို Zombie လိုလို မိသားစုတစုနေထိုင်ပြီး လိုက်မကိုက်ပဲ လိုက်သတ်စားတာပါ။သူတို့ကရော ဘာလို့လိုက်သတ်နေကြတာလဲ။ သူတို့တွေရော လွတ်မြောက်လာကြမလား။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Phyu Thwe Zaw ဖြစ်ပါတယ်။) File size… (1.9 GB) / (930 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy, Horror Duration…. 01:47:07 Subtitle…. Myanmar Subtitle (Hardsub) Encoder…. ...
movie

Desert Fiends (2024)

2024
Into the Deep (2025) 5.5
Into the Deep (2025)  နာမည်ကျော်ငါးမန်းရုပ်ရှင် Jaws ရဲ့မင်းသားကြီး Richard Dreyfussပါဝင်သရုပ်ဆောင်ထားတဲ့ နောက်ထပ်ငါးမန်းရုပ်ရှင်တစ်ခုပဲဖြစ်ပါတယ်။ ငါးမန်းကားဆိုပေမယ့် အက်ရှင်ခန်းတွေ၊တိုက်ခိုက်တာတွေနဲ့ ပစ်ခတ်တာတွေကို အသားပေးရိုက်ကူးထားတဲ့အက်ရှင်ကားဖြစ်ပါတယ်။ကတ်ဆီဒီဟာ ကလေးဘဝတုန်းက မျက်စိရှေ့တင် ငါးမန်းကိုက်ခံရပြီးသေဆုံးခဲ့တဲ့ဖခင်ကြောင့် ရေကိုလုံးဝကြောက်သွားခဲ့သူဖြစ်ပါတယ်။ ဒါပေမဲ့ အဏ္ဏဝါဗေဒပညာရှင်ဖြစ်တဲ့ အဘိုးဖြစ်သူရဲ့လေ့ကျင့်ပေးမှုကြောင့် ကတ်ဆီဒီတစ်ယောက် ငါးမန်းတွေကိုလေ့လာတဲ့ အဏ္ဏဝါဗေဒပညာရှင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။တစ်ရက်မှာ လန်ဒန်အမျိုးသားပြတိုက်မှာအလုပ်လုပ်တဲ့ခင်ပွန်းဖြစ်သူဂရက်က သမုဒ္ဒရာအောက်က သမိုင်းဝင်ရွှေပြားတွေကိုဆယ်ယူဖို့ ပြင်သစ်ကိုခရီးထွက်လာတဲ့အခါ ကတ်ဆီဒီလည်းလိုက်ပါလာခဲ့ပါတယ်။ ကိုယ့်အကြောက်တရားကိုယ် ရင်ဆိုင်ကျော်လွှားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့လိုက်လာတဲ့ကတ်ဆီဒီတစ်ယောက်ဂရက်တို့အုပ်စုနဲ့အတူ လိုက်ရေငုပ်ချိန်မှာတော့ ငါးမန်းဖြူကြီးတွေနဲ့တည့်တည့်တိုးပါတော့တယ်။တစ်ချိန်တည်းမှာပဲ မှောင်ခိုသမားတွေရဲ့လှေက ကတ်ဆီဒီတို့ကိုဖမ်းထားလိုက်ပြီး ငါးမန်းတွေရှိနေတဲ့ ရေအောက်ကမူးယစ်ဆေးအထုပ်တွေကို အတင်းအကြပ်ဆယ်ယူခိုင်းချိန်မှာတော့ ငါးမန်းတွေအကြောင်းလေ့လာခဲ့တဲ့ကတ်ဆီဒီတစ်ယောက် သူလေ့လာထားတာတွေကိုအသုံးချပြီး ငါးမန်းဖြူကြီးတွေလက်ကနေ ဘယ်လိုလွတ်မြောက်အောင်လုပ်မလဲ။မှောင်ခိုသမားတွေလက်ကရော ဘယ်လိုရုန်းထွက်မှာလဲဆိုတာကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size… (1.88GB) / (1.04GB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 30m Genre ….. Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated ...
movie

Into the Deep (2025)

An American Crime (2007) 7.2
An American Crime (2007) Tommy O’Haver ရိုက်ကူးတင်ဆက်ထားပြီးDecember 7, 2007 မှာ ရုံတင်ခဲ့တဲ့ အမေရိကန် တစ်နိုင်ငံလုံးကိုတုန်လှုပ်စေခဲ့တဲ့ ဖြစ်ရပ်မှန် မှုခင်း ရုပ်ရှင်ဖြစ်ပါတယ်…ဒီဇတ်ကားကို Channel Myanmar ရဲ့ Admin တစ်ဦးဖြစ်သူLittle Neo မှ အချိန်ပေး အသေးစိတ်က အစ ဘာသာပြန်ခဲ့တာဖြစ်ပြီးဘာသာပြန်နေစဉ် အချိန်အတွင်း ဇတ်ကားအတွင်းက ရက်စက်မှုတွေကြောင့်စိတ်မကောင်းဖြစ်ပြီး ရက်အနည်းငယ် အချိန်ထပ်ယူပြီးမှ ဘာသာပြန်ခဲ့ရပါတယ်အလွန်တရာ စိတ်ထိခိုက်စရာတွေ မြင်ရလို့ပဲ ဖြစ်ပါတယ်ဇတ်လမ်း အကျဉ်းနယ်လှည့်ပွဲစျေး ရောင်းသူ လင်မယား နှစ်ယောက်ရှိပါတယ်သူတို့မှာ သမီးကြီး ဆလ်ဗီယာ နဲ့ သမီးငယ် ဂျန်းနီ ဆိုတဲ့ သမီးနှစ်ယောက်ရှိပါတယ်သမီးကြီး ဆလ်ဗီယာ မှာ စိတ်ထားရိုးဖြောင့်လှသူဖြစ်ပြီး ခြေထောက်မသန် ပိုလီယို ဖြစ်နေသောညီမဖြစ်သူ ဂျန်းနီ အပေါ်တွင်လဲ အနွံတာ ခံသူ တစ်ယောက်ပါ…တစ်ရက်မှာတော့ သူမ တို့ မိဘ တွေနဲ့ မြို့တစ်မြို့က ခရစ်ယာန် ...
movie

An American Crime (2007)

247°F (2011)
247°F (2011)  survivalဆန်ဆန် သည်းထိတ်ရင်ဖိုဇာတ်လမ်းမျိုး ကြိုက်နှစ်သက်သူတွေအတွက် ဇာတ်ကားကောင်းတစ်ခု တင်ဆက်ပေးလိုက်ပါတယ်ဗျာ။ဒီရုပ်ရှင်ဟာ ဖြစ်ရပ်မှန်အပေါ် အခြေခံထားတယ်လို့လည်းပြောလို့ရပါတယ်။ ဘာလို့လဲဆိုတော့ ဒီဖြစ်ရပ်ဟာ ရုပ်ရှင်ဖန်တီးသူတွေနေထိုင်ခဲ့တဲ့ ဂျော်ဂျီယာမှာ တကယ်ဖြစ်ခဲ့လိုပါပဲ။ဂျန်နာ၊ ရီနေ၊ အီရန်နဲ့ မိုက်ကယ်တို့ သူငယ်ချင်းတစ်စုဟာ အားလပ်ရက်မှာအပန်းဖြေကြဖို့အတွက် အီရန်ရဲ့ ဦးလေးဖြစ်သူ ဝိတ်ဒ်ရဲ့ သစ်လုံးအိမ်လေးကို ငှားရမ်းခဲ့ကြပါတယ်။ ပွဲတော်ညတစ်ညမှာတော့သူငယ်ချင်းတစ်ဖွဲ့ ပျော်မြူးနေကြရာကနေ အိမ်ထဲမှာရှိတဲ့ ချွေးထုတ်ခန်းထဲမှာ ပိတ်မိသွားကြပါတော့တယ်။ အစကတော့ အချင်းချင်းစနောက်နေတယ်လို့ ထင်ရာကနေ အခြေအနေအမှန်ကို နားလည်သွားကြတဲ့အခါမှာတော့ အပူချိန်ကိုအံတုပြီး အသက်လုရတဲ့အဖြစ်ကိုကြည့်ရှုရမှာပါ။ ဖြည်းဖြည်းချင်းတက်လာတဲ့ အပူရှိန်ကို ကြံ့ကြံ့ခံရင်းသူတို့သူငယ်ချင်းတွေ ဘယ်လိုထွက်ပေါက်ရှာကြမလဲဆိုတာကိုသည်းထိတ်ရင်ဖို ကြည့်ရှုရမှာဖြစ်ပါတယ်ဗျာ။ကျဉ်းမြောင်းတဲ့နေရာတစ်ခုမှာ ပိတ်မိပြီး အသက်လု ထွက်လမ်းရှာရတဲ့ဇာတ်လမ်းမျိုးကြိုက်သူတွေအတွက် ကွက်တိဖြစ်မယ့် ဇာတ်လမ်းလေးပါပဲ။R ratedဖြစ်တာကြောင့် ရိုင်းပြတဲ့ စကားအသုံးအနှုန်းတွေပါဝင်တာကိုတော့အသိပေးလိုပါတယ်ဗျ။  File size… 815MB Quality…WEB-DL 1080p HEVC Format…mkv Duration….1h 28m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated ...
movie

247°F (2011)

Ghost House (2017) 4.7
Ghost House (2017)  ဒီရုပ်ရှင် ကားဟာ ထိုင်းနိုင်ငံတွင် ရိုက်ကူးထားတာ ဖြစ်ပြီး ယုံကြည်မှု တစ်ခုကိုအခြေခံထားတဲ့ ကြောက်မက်ဖွယ်ရာ ကျိန်စာသင့် အိမ်တွေ အကြောင်းဖြစ်ပါတယ်ဒါနဲ့ သက်ဆိုင်တဲ့ အနေအထား ပြောရရင် ကျနော်တို့ မြန်မာနိုင်ငံမှာသစ်ပင်တွေ အိမ်တွေမှာ နတ်စင်တွေ ထားရှိပြီး ယုံကြည်စွာကိုးကွယ်ကြပါတယ် ထိုင်းတွေမှာလဲ နတ်စင်တွေ ရှိပါတယ်ဒါပေမယ့် သူတို့ကတော့ နတ်စင် လို့ မသုံးနှုန်းပါဘူးသေတဲ့သူတွေ ခိုကိုးရာ ရဖို့ ဝိဉာဉ်အိမ် (Ghost House) တွေလို့သုံးနှုန်းတာကို အခုမှ ကျနော်လဲ သေချာသိပါတယ်ထိုင်းနိုင်ငံရဲ့ Shopping Mall တစ်ချို့မှာ ဆိုလျင် ထိုမြေပိုင်ရှင်များကိုနတ်ကွန်း (Ghost House ) များဖြင့် အမွှေးတိုင် ပူဇော် ဆီမီးပူဇော်အစားအသောက်များ ကပ်ရုံ မကပဲ သူတို့ ကြိုက်နှစ်သက်သောရှေးဟောင်း ထိုင်းသီချင်းများကိုပါ ဖွင့်ပေးထားရသည်ကို မျက်မြင်ကိုယ်တွေ့တွေ့ခဲ့ရဖူးပါတယ် ထို (Ghost House ) များအတွင်းတွင်လဲပုံတူ ရုပ်ထုများကို ထည့်သွင်းထားသည်ကို တွေ့ရှိရပါတယ်။သေချာ တွေးရင်တော့ သရဲမွေးထားတယ်လို့ စဉ်းစားမိပြီး ကျောချမ်းမိပါသေးတယ် :Dအခု တင်ပေးတဲ့ ...
movie

Ghost House (2017)

2017
Model House (2024) 4.8
Model House (2024) Model House (2024) ================Social Media မှာ ဖော်လိုဝါတွေများအောင် ကြိုးစားနေကြတဲ့ ခေတ်ကြီးထဲ အဲဒါဖော်လိုဝါတွေကြောင့်ပဲ ဘယ်လိုဒုက္ခအန္တရာယ် တွေ ကျလာလဲဆိုတာကို ဒီဇာတ်လမ်းက ရုပ်လုံးဖော်ပြသထား ပါတယ်။ဖော်လိုဝါအများကြီးရှိတဲ့ နာမည်ကြီးမော်ဒယ်လ်တွေ အလုပ်ကိစ္စနဲ့ အိမ်တစ်အိမ်မှာ တစ်ညနားပြီးတည်းကြတယ်။ မော်ဒယ်ကောင်မ လေးတွေ အပန်းဖြေအိမ်မှာ ပျော်ပါးနေကြတုန်းမှာပဲ အိမ်ဖောက်ပြီး ဓားပြတိုက်တဲ့သူတွေ ရောက်လာခဲ့တယ်။ ဒါပေမဲ့ လူဆိုးတွေ ဓားပြ တိုက်တာက မော်ဒယ်လ်တွေဆီကမဟုတ်ဘဲ မော်ဒယ်လ်​တွေကိုအ သုံးချပြီး သူတို့ရဲ့ဖော်လိုဝါတွေကို ငွေပို့ခိုင်းတာပဲဖြစ်ပါတယ်။ စစချင်း မှာတော့ ထိခိုက်မှုမရှိတဲ့ ငွေလိမ်လည်မှုသက်သက်ဆိုပေမဲ့ နောက်ပိုင်း မှာ ဘယ်လိုသွေးသံရဲရဲနဲ့ ကပ်ဆိုက်ပြီး မော်ဒယ်လ်တွေရော လွတ်မြောက် နိုင်ပါ့မလားဆိုတာကို သဲထိတ်ရင်ဖို စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(1.17 GB) / (500 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 25Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Thriller Translator.......Thwal Htoo Zin Encoder..........SWM
movie

Model House (2024)

2024
Obsessed (2009)
Obsessed (2009) ဒီဇာတ်ကားလေးကတော့ ထူးထူးခြားခြား နာမည်ကျော်အဆိုတော် ဘီယွန်ဆေး ပါဝင်သရုပ်ဆောင်ထားပြီး ဘီယွန်ဆေးနှင့် လီဆာဖိုက်ရမယ့် ဇာတ်ကားလေးပါ။ဇာတ်လမ်းအကျဉ်းကတော့ ဒဲရက်ချားစ်ဟာ ကုမ္မဏီကြီးတစ်ခုမှာ ရာထူးလစာ ကောင်းကောင်းနှင့် အလုပ်လုပ်ကိုင်နေပြီး ရှာရွန်ဆိုတဲ့ဇနီးသည်ချောချောလေးနှင့်အတူ ကိုင်ဆိုတဲ့သားလေးတစ်ယောက် ပိုင်ဆိုင်ထားပြီး စိတ်သဘောထားကောင်းတဲ့အတွက် သွားလေရာမျက်နှာပန်းပွင့်ပြီး အဘက်ဘက်က ပြည့်စုံသူတစ်ဦးပါ။ဒီလိုသာယာနေတဲ့သူ့ဘဝကို မုန်တိုင်းစတင်ဝင်ရောက်တိုက်ခတ်လာတာကတော့ လီဆာဆိုတဲ့အမျိုးသမီးတစ်ယောက် အစမ်းခန့်ဝန်ထမ်းအနေနဲ့ သူတို့ကုမ္ပဏီကို ဝင်ရောက်လာတဲ့အချိန်ပါပဲ။ ဒဲရက်က လီဆာကို သဘောရိုးနဲ့ ပြောဆိုဆက်ဆံလိုက်ပေမယ့် လီဆာတစ်ယောက်ကတော့ တစ်ယောက်တည်းရူး စိတ်ကူးတွေယဉ်ပြီး ဒဲရက်ကို မရမကပိုင်ဆိုင်အောင် ကြိုးစားလာပါတော့တယ်။ ဘာမှမဖြစ်လောက်ပါဘူး ပြီးသွားမှာပါလို့ ဒဲရက်တစ်ယောက်ထင်ထားခဲ့ပေမယ့် လီဆာက လက်မလျှော့ဘဲ မထင်ထားတာတွေလုပ်လာတဲ့အခါ ဒဲရက်တစ်ယောက် ဘယ်လိုဒုက္ခလှလှတွေ့မလဲ သူနှင့်သူမိသားစု ဒီဒုက္ခကနေရော ရုန်းထွက်မလဲဆိုတာ ရင်တမမ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.8 GB)/(884 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre...Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Matteo
movie

Obsessed (2009)

A Creature Was Stirring (2023)
A Creature Was Stirring (2023)  မင်းသမီးချောလေး Annalise Basso ပါဝင်သရုပ်ဆောင်ထားတဲ့ Horror ဇာတ်ကားလေးတစ်ကားပါLouisville ဆိုတဲ့ မြို့လေးတစ်မြို့ရဲ့ ခရစ္စမတ်ကာလမှာ နှင်းမုန်တိုင်းတွေအပြင်းအထန်တိုက်နေတဲ့ကြားကနေ ဘာသာရေးယုံကြည်သက်ဝင်တဲ့ မောင်နှမနှစ်ယောက်ဟာ သာသနာပြန့်ပွားရေးအတွက်ခရီးထွက်လာကြရင်းနဲ့ ခိုလုံဖို့အိမ်တစ်အိမ်ကို ကျူးကျော်ဝင်ရောက်ခဲ့ကြတယ်အိမ်ရှင်ဖြစ်တဲ့ ဖိတ် ဆိုတဲ့ Nurse တစ်ယောက်ဟာ သူ့သမီးနဲ့အတူနေထိုင်တာပေါ့ သူ့ရဲ့သမီးဖြစ်တဲ့ ချမ် မှာ ထူးဆန်းတဲ့ ရောဂါတစ်ခုဖြစ်နေတာကို အမေဖြစ်သူက ကြိတ်ကုနေတာပေါ့ ရောဂါကတော့အဆန်းပဲ Body Temperature တစ်ခုကိုရောက်သွားရင် ထူးဆန်းတဲ့ သတ္တဝါတစ်ကောင်အဖြစ် ပြောင်းလဲသွားတာပါပဲ ဒါကိုလူသိမခံချင်တဲ့ သားအမိနှစ်ယောက်နဲ့ အိမ်ဖောက်ပြီးရောက်လာတဲ့ မောင်နှမနှစ်ယောက်ကြားမှာ ဘယ်လိုကြောက်စရာဖြစ်ရပ်တွေနဲ့ သည်းထိတ်ရင်ဖိုတွေဖြစ်ကြဦးမလဲဆိုတာကိုတော့.....ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(1.6 GB)/(748 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre... Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leo
movie

A Creature Was Stirring (2023)

Halloween (2007) 6.0
Halloween (2007)  ဒီတစ်ကြိမ်မှာတော့ ဟောလိုးဝင်းရုပ်ရှင်တွေကိုကြည့်ရှုရတာကြိုက်နှစ်သက်တဲ့ကြည့်ရှုသူပရိတ်သတ်ကြီးကို Hallowen horrorဇာတ်ကားကောင်းလေးတစ်ကားဖြစ်တဲ့Hallowen(1)ဆိုတဲ့ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေဒီဇာတ်ကားကိုမူလဟောလိုးဝင်းရုပ်ရှင်ရဲ့အစဒါရိုက်တာလည်းဖြစ်သူယခုဟောလိုးဝင်းရုပ်ရှင်ရဲ့တွဲဖက်စာရေးဆရာဖြစ်တဲ့ Jhon Carpenterကသူကြုံတွေ့ခဲ့ရတဲ့တကယ့်ဖြစ်ရပ်မှန်အပေါ်ကိုအခြေခံရေးသားထားပြီး ဒါရိုက်တာDavid Gordenကရိုက်ကူးပုံဖော်ထားတဲ့ rating 6.5/10ရရှိထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်ဒီဇာတ်ကားမှာမင်းသားJames Jude Courtney နဲ့မင်းသမီးJamie LeeCurtisအဓိကပါဝင်သရုပ်ဆောင်ထားပြီး ဒီဇာတ်ကားမှာ မင်းသမီး Jamie LeeCurtisကအကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုကိုရရှိထားပါတယ် ဒီဇာတ်လမ်းအစမှာငယ်ငယ်ကတည်းကလိင်တူစိတ်ဝင်စားသူလို့ထင်ခံနေတဲ့ရတဲ့ အဓိကဇာတ်ဆောင်Michael Myersကငါးနှစ်သားအရွယ်မှာ ဘယ်သူမှထင်မှတ်မထားတာတွေကိုလုပ်ထားတာကိုတွေ့လိုက်ပါတယ် အဲ့တာကတော့သူက အိမ်မွေးတိရစ္ဆာန်လေးတွေကိုညဉ်းပန်းနှိပ်စက်တာကိုသဘောကျနေတာဖြစ်ပါတယ် ဒီလိုနဲ့ဟောလိုးဝင်းညရောက်တဲ့အခါMichael Myersဆိုတဲ့ ငါးနှစ်သားအရွယ်ကောင်လေးတစ်ယောက်က ဘယ်သူမှထင်မှတ်ထားတာကိုလုပ်လိုက်ပါတယ် အဲ့ဒီအဖြစ်အပျက်ပြီးတဲ့နောက်မှာMichael Myersရဲ့ ဘဝဟာဘယ်လိုမျိုးတစ်ဆစ်ချိုးပြောင်းလဲသွားမှာလဲဘာတွေဆက်ဖြစ်ကြမှာလဲဆိုတာကို ဒီဇာတ်ကားလေးထဲမှာစီးမျောကြည့်ရှုလိုက်ပါဦးတကယ့်ဖြစ်ရပ်မှန်ကိုအခြေခံပြီး ရိုက်ကူးထားတာဖြစ်တဲ့အတွက် ကြည့်ရှုသူပရိတ်သတ်ကြီးအတွက် အချိန်ကုန်ရကျိုးလည်းနပ်စေမယ့်ဇာတ်ကားတစ်ကားဖြစ်ပါတယ်ဒီဇာတ်ကားဟာ Crime,Horror&Thriller အမျိုးအစားကိုမှကြိုက်နှစ်သက်တဲ့သူတွေမလွတ်စတမ်းကြည့်ရှုသင့်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်  File size…1.77GB / 845MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 49m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eh Phaw
movie

Halloween (2007)

Captive (2023)
Captive (2023) "Night of the living dead" ဆိုတဲ့ဇာတ်ကားကို မှီငြမ်းရိုက်ကူးထားပြီး horror ဆိုပေမဲ့ horror အရမ်းမဆန်တဲ့ပေါ့ပေါ့ပါးပါး ဗန်ပိုင်းယားဇာတ်ကားတစ်ကားဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်း..... Horror ကားတွေထုံးစံအတိုင်း လူငယ်တစ်စုဟာ ပိုင်ရှင်မရှိတဲ့အိမ်ထဲခိုးဝင်ကြရာကနေ ဇာတ်လမ်းစပါတော့တယ် ပိတ်ရက်မှာ အိမ်ပိုင်ရှင်တွေခရီးသွားနေတုန်း အိမ်ထဲခိုးဝင်ပြီး‌အေးအေးဆေးဆေး ဇိမ်ခံကြမယ်လို့တွေးထားပေမဲ့ မမျှော်လင့်ပဲ မြေအောက်ခန်းထဲမှာအချုပ်ခံထားရတဲ့လူတစ်ယောက်ကို တွေ့လိုက်ရပါတော့တယ် သူ့ရဲ့သရုပ်မှန်နဲ့ သူဘာလို့ဒီအိမ်မှာအချုပ်ခံထားရတာလဲဆိုတာကိုမသိ‌ပေမဲ့ သူငယ်ချင်းအုပ်စုကသူ့ကိုလွှတ်ပေးလိုက်ကြပြီး ပုံမှန်အတိုင်းပဲ သတိလက်လွှတ်ထားလိုက်ပါတော့တယ် တကယ်တမ်းအဲဒီလူက သွေးစုတ်ဖုတ်ကောင်တစ်ကောင်ဖြစ်နေပြီး သူတို့သူငယ်ချင်းတွေကို စားဖို့ချောင်းနေတာပါ ကံမကောင်းတဲ့လူငယ်လေးတွေ သွေးစုတ်ဖုတ်ကောင်စာမိသွားမလား သူတို့ဘယ်လိုထွက်ပြေးလွတ်မြောက်ကြမလဲဆိုတာကိုကြည့်ရှုရမှာပါ File size…(1.2 GB)/(626 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:20:00 Genre...Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn
movie

Captive (2023)

The Best Man (2023) 4.3
The Best Man (2023) The Best Man (2023) ===============ဒီတစ်ခါမှာတော့ CM ပရိတ်သတ်ကြီးတို့ကို "The Best Man"ဆိုတဲ့အက်ရှင်ကားသစ်တစ်ကားနဲ့ မိတ်ဆက်ပေး ပါရစေ။သူဌေးကြီးတစ်ဦးရဲ့သမီးပြန်ပေးဆွဲခံရရာကနေ ပြန်ကယ်ဖို့ တပ်ဖွဲ့တစ်ဖွဲ့ငှားလိုက်ပါတယ်။ အဖွဲ့သားဆုံးရှုံးမှုတွေရှိပေမဲ့ သူဌေးသမီးကိုတော့ ပြန်ကယ်လာနိုင်ခဲ့ပါတယ်။ အဲဒီနောက် အချိန်တစ်ခုကြာပြီး ကယ်ပေးတဲ့တပ်ဖွဲ့ထဲက အသက်ရှင်ကျန် ရစ်သူအဖွဲ့သားနဲ့ သူဌေးသမီးတို့ ချစ်ကြိုးသွယ်ပြီး လက်ထပ် ကြတော့မယ်ပေါ့လေ။ငွေကို‌ရေလိုသုံးနိုင်တဲ့ သူဌေးတွေဆိုတော့ မင်္ဂလာပွဲအတွက် ဟိုတယ်ကြီးတစ်ခုလုံးအပြတ်ငှားထားတာပေါ့။ အဲဒီမင်္ဂလာပွဲကို အကြမ်းဖက်သမားတွေ ဝင်စီးတော့ အရင်ကအသက်ရှင်ကျန်ရစ်တဲ့ မင်းသားတို့အဖွဲ့ကလူတွေနဲ့ အကြမ်းဖက်သမားတွေ ဘတစ်ပြန် ကျားတစ်ပြန် ဖိုက်ကြတာကိုကြည့်ရှုရမှာဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(1.58 GB) / (560 MB) / (325 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 33Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Thriller Translator.......Ngwe Zin Encoder..........SWM
movie

The Best Man (2023)

2023
Allegoria (2022) 4.6
Allegoria (2022) Allegoria 2022မိုးအေးအေးမှာ စောင်ခြုံကွေးပြီး Horror Thriller ကားကြည့်ချင်ကြတဲ့ ပရိသတ်တွေအတွက် Allegoria ဆိုတဲ့ ရုပ်ရှင်ကားလေးကို တင်ဆက်ပေးလိုက်ပါပြီဒီဇာတ်လမ်းလေးရဲ့ အဓိက ဇာတ်ကွက်တော့ Art ဆိုတဲ့ "အနုပညာ" ကို အခြေခံပြီးရိုက်ကူးပုံဖော်ထားတာပါ ။ " အနုပညာက ထိတ်လန့်တုန်လှုပ်မှု ဖြစ်သလို ကြောက်ရွံ့ တုန်လှုပ်မှုကလည်း အနုပညာတစ်ရပ်ဖြစ်နိုင်ပါတယ် " ဒါကတော့ ဒီကားလေးကနေ ပေးချင်တဲ့ message ပါဇာတ်ကားထဲမှာဆိုရင် ပရိသတ်ကြီးအနေနဲ့ အနုပညာ အမျိုးမျိုးဖြစ်တဲ့ သရုပ်ဆောင်တာ ပန်းချီဆွဲတာ စာရေးတာ သီချင်းဆိုတာ နောက်ပြီးပန်းပုထုတာ စတာတွေကို အပိုင်းလိုက် မြင်ရမှာပါ ။ အနုပညာကို ရူးသွပ်ကြတဲ့ သူတွေ ....... သူတို့ရဲ့ဘ၀မှာ စွဲလမ်းမှုတွေ မလုံခြုံမှုတွေက အမှုမဲ့ အမှတ်မဲ့ ရစ်ပတ်လာတဲ့အခါ ... အဲဒီစွဲလမ်းမှုတွေကနေ တဆင့် နတ်ဆိုးတွေ သေခြင်းတရားတွေ မကောင်းဆိုးဝါးတွေကိုပါ ရင်ဆိုင်လာရတဲ့အချိန် ...... ဘာတွေ ဆက်ဖြစ်ကြမလဲ သူတို့ဘယ်လို ရင်ဆိုင်သွားကြမလဲ ဆိုတာတော့ ဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုခံစားပေးကြပါဦးနော် File ...
movie

Allegoria (2022)

2022
The Long Night (2022)
The Long Night (2022) The Long Night (2022) ငယ်စဉ်ကလေးဘဝတည်းကမွေးစားခံရပြီး နယူးယော့ခ်ကိုရောက်သွားခဲ့တဲ့ဂရေစ့်တစ်‌‌ ယောက်မိဘတွေကိုရှာဖွေဖို့ ကလေးဘဝကနေခဲ့တဲ့မြို့လေးကိုပြန်လာဖို့အကြောင်းဖန်လာတဲ့အခါ...ထူးဆန်းတာက မြို့ထဲမှာလူတစ်ယောက်မှရှိမနေခဲ့ပါဘူး ဒါ့အပြင်ကိုမြွေတွေက နေရာတိုင်းလိုလိုရှိနေခဲ့ပါတယ်အိမ်မက်လိုလိုတကယ်လိုလိုနဲ့သူမ မြင်နေတဲ့ အရိုးစုခေါင်းစွပ်နဲ့လူတွေကဘာတွေလဲမြင်နေရတဲ့အရာတွေကထူးဆန်းလာတာဖြစ်လို့ ရှောင်ပြေးထွက်ဖို့ကြိုးစားပေမယ့်အိမ်ထဲကနေထွက်လို့မရတဲ့အပြင် ကူညီဖို့လာတဲ့လူကပါသေဆုံးသွားတဲ့အခါ...အိမ်ထဲမှာပဲရှာဖွေရင်းနဲ့ ဒီအရိုးစုမျက်နှာဖုံးလူတွေရဲ့ ဇာတ်ကြောင်းစာအုပ်ကိုတွေ့သွားတဲ့အခါမှာတော့ သူမမိဘ‌တွေကဘယ်သူဆိုတာကိုပါ ဖော်ထုတ်နိုင်မှာလားဒီလူထူးဆန်းတွေကသူမနဲ့ဘယ်လိုပတ်သက်နေမလဲ ဒီမြို့ထဲကနေသူမတို့လွတ်မြောက်နိုင်မလားဆိုတာသည်းထိပ်ရင်ဖိုကြည့်ရှုရမယ့် Horror ဇာတ်လမ်းဖြစ်တာကြောင့်တံခါးပိတ်မီးမှိတ်ပြီးရင်တစ်လှပ်လှပ်နဲ့ ခံစားကြည့်ရှုဖို့တင်ဆက်ပေးလိုက်ရပါတယ်ရှင်ဇာတ်ကားအညွှန်းနဲ့ဘာသာပြန်က Yunni ဖြစ်ပြီး တင်ဆက်ပေးသူက YK ဖြစ်ပါတယ်  File size…1.03Gb / 520MB Quality…1080p WEB RIP AAC 5.1CH / 720p Format…mp4 Duration….1h 31mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni
movie

The Long Night (2022)

2022
An Intrusion (2021) 6.9
An Intrusion (2021) An Intrusionလျှို့ဝှက်သည်းဖို ဇာတ်လမ်းမျိုးနှစ်သက်သူတို့ ကြည့်ကို ကြည့်သင့်တဲ့ကားလေးပါ ခရစ်စမတ်လည်း နီးလာပြီဆိုတော့ ခရစ်စမတ်ကာလနောက်ခံဇာတ်လမ်းမျိုးလည်း ကြည့်ချင်မှာပေါ့ ဒါဆိုရင်တော့ ဒီဇာတ်လမ်းလေးကို ကြည့်ရှုလိုက်ပါခရစ်စမတ်အားလပ်ရက်... ခရစ်စမတ်အားလပ်ရက်ဆိုတာ ချမ်းအေးတဲ့ ဆောင်းရာသီမှာ မိသားစုတွေ ပျော်ပျော်ရွှင်ရွှင်နွေးနွေးထွေးထွေး နေရမယ့် အချိန်လေးပေါ့ ခရစ်စမတ်သီချင်းတွေ သီဆိုရင်း ဘုရားကျောင်းတက်ရင်း ခရစ်စမတ်လက်ဆောင်တွေ အပြန်အလှန်ပေးရင်း မိသားစုတွေ စုံစုံညီညီပျော်ပျော်ပါးပါး နေရမယ့် အချိန်ပေါ့ ။ဒါပေမယ့် .... ဆမ်တို့မိသားစုရဲ့ ခရစ်စမတ်ကတော့ ပျော်စရာကောင်းရမယ့်အစား စိတ်ခြောက်ခြားစရာကောင်းလွန်းတယ် အမည်မသိ ထူးဆန်းတဲ့ stalker တစ်ယောက်က သမီးဖြစ်သူ ရေဘက်ကာကို စနှောင့်ယှက်ရာကနေ စပါတယ် ဘာကြောင့်လဲမသိ ဘယ်သူလဲမသိနဲ့ ဆမ်တစ်ယောက် မိသားစုကို ဘယ်လိုကာကွယ်သွားမှာလဲ ? ဆမ်ကရော stalker ကို ရှာဖွေရင်း ဘယ်လိုအမှားတွေကျူးလွန်မိမလဲ ? Stalker ကရော ဘာကြောင့်လိုက်နှောင့်ယှက်နေသလဲဆိုတာကို စိတ်ဝင်စားဖွယ်ရာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ် ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Oleander ပါ )File Size__(1.75GB) / (950MB) Quality__1080p, ...
movie

An Intrusion (2021)

Star Light 2020 3.7
Star Light 2020 ဆယ်ကျော်သက်ကောင်လေး ဒေလန်တစ်ယောက် မိခင်ဖြစ်သူက ချစ်သူခေါ်လာပြီး ညစာစားတဲ့အချိန်မှာ မိခင်ရဲ့ချစ်သူကိုဒေါသထွက်ပြီး သူငယ်ချင်းဖြစ်သူ နစ်ခ်ရဲ့ပါတီကိုထွက်သွားခဲ့ပါတယ် အဲ့မှာခဏအနားယူရင်း စကိတ်စီးနေတုန်း မိန်းကလေးတစ်ယောက် သူ့ရှေ့ကိုရောက်လာတာတွေ့ရပါတော့တယ် ထိုမိန်းကလေးကို နစ်ခ်အိမ်ထဲကိုခေါ်သွားခဲ့ရာကနေ ဘာမှန်းမသိတဲ့ ကံဆိုးမိုးမှောင်ကျမှုတွေနဲ့ စပြီးကြုံတွေ့ရပါတော့တယ် ဘယ်ကမှန်းမသိတဲ့ကောင်မလေးတစ်ယောက်ကို ဒေလန်တစ်ယောက် ခေါ်လာခဲ့မိရာကနေ သူ့သူငယ်ချင်းဖြစ်သူတွေ တစ်ယောက်ပြီးတစ်ယောက် ဒုက္ခရောက်ကုန်ပါတော့တယ် ကောင်မလေးရဲ့ဇာစ်မြစ်ကဘာလဲ သူ့နောက်ကလိုက်နေတဲ့လူကရော ဘယ်သူလဲ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ရင်တထိတ်ထိတ်နဲ့ခံစားကြည့်ရှုလိုက်ကြပါ File Size : 600 Mb / 300 Mb Quality :WEB-DL 720p Format…mp4 Duration…01:30:00 Genre : Horror Subtitle : Myanmar Subtitle (Hard Sub) Translated by Shoon Thu Thu Chain Encoded by Littleneo
movie

Star Light 2020

Eternal Code (2019) 7.1
Eternal Code (2019) ဒီကားလေးကတော့ IMDb 6.9 ရထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားပါအသက်ရှင်နေတဲ့လူတစ်ယောက်ရဲ့ဦးနှောက်ကိုဦးနှောက်သေနေတဲ့လူရဲ့ခန္တာကိုယ်ထဲကိုထည့်လိုက်ရင်အဲဒီဦးနှောက်ပိုင်ရှင်ကထာဝရအသက်ရှင်နေနိုင်မယ်ဆိုတဲ့စမ်းသပ်ချက်ကိုသိပ္ပံစမ်းသပ်မှုတွေလုပ်တဲ့ကုမ္ပဏီတစ်ခုကရှာဖွေတွေ့ရှိသွားတယ်ဒါပေမယ့်ဒီလုပ်ဆောင်ချက်ကိုဆက်လုပ်ဖို့အစိုးရဘက်ကနေခွင့်ပြုချက်မပေးတာကြောင့်ကုမ္ပဏီသူဌေးဖြစ်သူကအဲဒီစမ်းသက်ချက်ကိုရပ်ဆိုင်းလိုက်ပေမယ့်ဒါရိုက်တာအဖွဲ့ဝင်တွေကဆက်လုပ်ဖို့ဖိအားပေးလာတဲ့အခါမှာ(စမ်းသပ်မှုကိုလုပ်ဖို့သူဌေးကြီးတွေကတန်းစီပြီးစောင့်နေပြီလေ)သူဌေးကလည်းလုံးဝကိုသမာသမတ်ကျတဲ့မိန်းမတစ်ယောက်ဖြစ်နေတာကြောင့်သူတို့လိုချင်တာကိုမရရအောင်ကြိုးစားရင်းနဲ့သူဌေးမိသားစုကိုနောက်ဆုံးပြန်ပေးဆွဲတဲ့အထိတွေဖြစ်လာပါတော့တယ်ကံကောင်းချင်တော့သမီးဖြစ်သူလွတ်မြောက်သွားပြီးအိမ်ခြေမဲ့စစ်သားဟောင်းတစ်ယောက်နဲ့ဆုံမိတဲ့အခါသူတို့တွေကောင်မလေးမိဘတွေကိုဘယ်လိုကယ်တင်မလဲစမ်းသပ်မှုကြီးကိုရောတားဆီးနိုင်မလားဆိုတာတွေကိုစိတ်ဝင်တစားနဲ့ကြည့်ရမယ့်ကားကောင်းလေးပါ File Size : (991 MB , 233 MB)Quality :  WEB-DL 720pRunning Time : 1 hr 45 minFormat : Mp4Genre : ActionSubtitle : Myanmar Subtitle (Hard Sub)Translated by  PhueEncoded by Moe Myint Lwin
movie

Eternal Code (2019)

2019
Feral (2017) 4.1
Feral (2017) Feralရုပ်​ရှင်​ဇာတ်​ကားဟာ ၂၀၁ရခုနှစ်​ထွက်​ Horror အမျိုးအစား ဇာတ်​ကားတစ်​ကားဖြစ်​ပါတယ်​Imdb rating 4.1/10 ရှိထားပြီး ဇာတ်​လမ်​းကြာမြင့်​့ချိန်​က​တော့ တစ်​နာရီခွဲပါပါဝင်​သရုပ်​​ဆောင်​ထားသူ​တွေက​တော့ Scout Taylor-Compton,Olivia Luccardi,Renee Olstead စတဲ့ မင်​းသမီး​ချော​တွေဖြစ်​ပါတယ်​ဇာတ်​လမ်​းအကျဉ်​းက​တော့ အားလပ်​ရက်​မှာ အပန်​း​ဖြေ ခံရသူ​တွေတစ်​​ယောက်​ပြီးတစ်​​ယောက်​ ဗိုင်​းရပ်​စ်​ပိုးအကူးခံရပြီး ​သွေးဆာ​လောင်​​နေတဲ့သူ​တွေအဖြစ်​​ပြောင်​းလဲသွားပါ​တော့တယ်​....ဒီ​ကြောက်​စရာဖြစ်​ရပ်​ဆိုးက​နေ ဘယ်​သ1တွတစ်​​ယောက်​ပြီးတစ်​​ယောက်​ ဗိုင်​းရပ်​စ်​ပိုးအကူးခံရပြီး ​သွေးဆာ​လောင်​​နေတဲ့သူ​တွေအဖြစ်​​ပြောင်​းလဲသွားပါ​တော့တယ်​....ဒီ​ကြောက်​စရာဖြစ်​ရပ်​ဆိုးက​နေ ဘယ်​သူ​တွေလွတ်​​မြောက်​လာမလဲ....ဘယ်​လိုရှင်​သန်​ရုန်​းထွက်​လာနိုင်​မလဲဆိုတာ ပရိသတ်​ကြီး​စောင်​့ကြည်​့လိုက်​ပါဦး(ဘာသာပြန်သူကတော ကွီးရဲခံပါ) File Size : (700 MB) and (293 MB) Quality : AMZN WEB-DL 720p Running Time : 1hr 30min Format : Mp4 Genre : Action, Drama, Horror Subtitle : Myanmar Subtitle (Hard Sub) Source : 720p.AMZN.WEBRip.DDP5.1.x264-NTG Translated by Ye Khant Min Encoded by Thanhtike Zaw
movie

Feral (2017)

2017