Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Scott William Winters
6.3
Bonhoeffer: Pastor. Spy. Assassin (2024)
Bonhoeffer: Pastor. Spy. Assassin (2024)IMDb Rating (6.3) / Rotten Tomatoes (64%) ဒီဇာတ်ကားကတော့ ဒုတိယကမ္ဘာစစ်မစမှီ စစ်ပွဲအစချီလာတဲ့ ကာလကို မှီငြမ်းပြီးရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ပေါ်အခြေခံထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်း ဒုတိယကမ္ဘာစစ်ဆိုတာကတော့ ဟစ်တလာရဲ့ ဒိဌိတွေကြားကနေ အစပျိုးလာတာပေါ့။ဒီဇာတ်လမ်းထဲမှာတော့ ဂျာမနီမှာ ဟစ်တလာ အာဏာရလာပုံကို လူငယ်တစ်ယောက်နဲ့ ဇာတ်အိမ်တည်ပြီးတော့ ရိုက်ကူးတင်ဆက်ထားတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ---------------------ဒီထရစ်ဆိုတဲ့ လူငယ်လေးတစ်ယောက်ဟာ ငယ်ငယ်လေးကတည်းက အဆော့သန်တဲ့သူပါ။ အစ်ကိုကို အရမ်းချစ်တဲ့ဒီထရစ်ဟာ တစ်နေ့မှာ သူ့အစ်ကို စစ်မှုထမ်းဖို့အကြောင်းဖန်လာတာကိုတွေ့ခဲ့ပါတယ်။စစ်ပွဲကနေ ပြန်မရောက်လာခဲ့တဲ့ ဒီထရစ်ဟာ သူ့အစ်ကိုအတွက် စိတ်မကောင်းဖြစ်ပြီး စစ်ပွဲတွေအကြောင်းကို လေ့လာခဲ့ပါတယ်။အချိန်အတော်အတန်ကြာသွားတဲ့အချိန်မှာအမေရိကကိုရောက်သွားတဲ့ ဒီထရစ်ဟာ ဂျာမနီမှာ ဟစ်တလာတဖြည်းဖြည်းအာဏာရလာတာကိုသိသွားပါတယ်။ဒီလိုနဲ့ အမေရိကမှာ ခရစ်ယာန်စစ်ဖြစ်သွားပြီး ဂျာမနီကို ပြန်ရောက်သွားတဲ့ ဒီထရစ်ဟာ ဂျာမနီမှာ ခရစ်ယာန်ဘာသာကိုတောင် မှားယွင်းတဲ့ဝါဒီကိုဖြန့်ပြီး လွှမ်းမိုးသွားတဲ့ ဟစ်တလာဝါဒကို ဘယ်လိုတိုက်ဖျက်မလဲဆိုတာကို ဒီဇာတ်ကားထဲမှာတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။)File size…(1.8 GB) ...
movie
Bonhoeffer: Pastor. Spy. Assassin (2024)
2024
7.3
The People vs. Larry Flynt (1996)
တစ်လောကလုံးနဲ့တစ်ယောက်ဖြစ်နေရင် ခွင့်လွှတ်လိုက်ကြပါ။ "လိင်ကိစ္စမှာတောင် တားမြစ်ချက်တွေရှိနေရင် ကျုပ်တို့မှာ ပြဿနာတွေများနေတာ အံ့သြစရာမရှိဘူး။ ကျုပ်တို့လူမျိုးတွေ စိတ်ဆတ် ၊ အကြမ်း-ဖ(က်)တတ်ပြီး လူမျိုး-(တုံး) သ-(တ်)ဖြတ်တတ်ကြတာ အံ့သြစရာမရှိဘူး" ဒီစကားတွေကိုဆိုခဲ့တဲ့ လယ်ရီဖလန့်ဟာ ငယ်ငယ်ကတည်းက အရက်ပုန်းရောင်းပြီး အသည်းအသန် ငွေရှာချင်ခဲ့တဲ့ကလေးတစ်ယောက်ပါ။ အရွယ်ရောက်လာချိန်မှာတော့ ဖော်ချွတ်မယ်တွေနဲ့ ကလပ်တစ်ခုဖွင့်ထားတဲ့လူတစ်ယောက်ဖြစ်လာခဲ့ပေမဲ့လည်း မအောင်မြင်ဘဲ ရုန်းကန်နေရဆဲဖြစ်ပါတယ်။ ကြံရည်ဖန်ရည်ကောင်းတဲ့ လယ်ရီဟာ သူ့ကလပ်ရဲ့လုပ်ငန်းတွေအဆင်ပြေစေဖို့ ၊ လူများများရောက်လာဖို့အတွက် ဖော်ချွတ်မယ်တွေရဲ့ကိုယ်လုံးတီးပုံတွေနဲ့ စာစောင်တွေထုတ်ပြီး ကြော်ငြာခဲ့ပါတယ်။ တစ်ရက်မှာတော့ လူတစ်ယောက်ဟာ လယ်ရီနဲ့တော်တဆတွေ့ခဲ့ပြီး ဒီမဂ္ဂဇင်းကို ဘယ်လိုထပ်ဝယ်လို့ရမလဲလို့ မေးခဲ့ရာကနေ လယ်ရီဟာ အပြာမဂ္ဂဇင်းထုတ်ဖို့ အကြံဉာဏ်ရသွားခဲ့ပါတယ်။ စစချင်းမှာ မဂ္ဂဇင်းဟာ ဝက်ဝက်ကွဲ ရှုံးခဲ့တယ်။ နောက်တော့ အောင်မြင်တယ်။ အဲဒီနှစ်ကာလများရဲ့ ခရစ်ယာန်ဘာသာဝင်တွေနဲ့ လူကြီးလူကောင်းများရဲ့ ကန့်ကွက်ထုတ်ဖော်မှု၊ ဝေဖန်တိုက်ခိုက်မှု ၊ တရားစွဲဆိုမှုတွေကြောင့်နဲ့ လယ်ရီဟာ တရားရုံးလည်း ရောက်ခဲ့ပါတယ်။ ဒီဇာတ်ကားမှာ လယ်ရီ ...
movie
The People vs. Larry Flynt (1996)
8.3
Good Will Hunting(1997)
Good Will Hunting(1997) IMDb....8.3,,,,Rotten ...97 ဒီဇာတ်ကားက IMDB- 8.3/10 နဲ့ RT- 97% တောင် Rating ရထားတဲ့ ဇာတ်ကားပါ..ရုပ်ရှင်ပရိတ်သတ်တွေကတော့ “Good doesn't describe” (ကောင်းတယ် ဆိုတဲ့စကားလောက်နဲ့ မပြည့်စုံဘူး)လို့ပြောကြတဲ့ဇာတ်ကားပါ ထူးခြားတာက ဒီကားရဲ့ဇာတ်ညွှန်းကိုဇာတ်ကားရဲ့ အဓိကနေရာက သရုပ်ဆောင်ထားကြတဲ့ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်ကြီးမက်ဒေမွန်(Matt Damon)နဲ့ ဘန်အဲဖလက်(Ben Affleck)ကိုယ်တိုင် ရေးထားတာပါ...သူတို့နှစ်ယောက်က ဇာတ်ညွှန်းအကယ်ဒမီဆုရ၊ Robin Williams ကအကယ်ဒမီဇာတ်ပို့ဆုနဲ့အတူ အခြားရုပ်ရှင်ဆု ၂၂ ဆု ဆွတ်ခူးထားတဲ့ ဇာတ်ကားပါ -------- ကမ္ဘာကျော်သင်္ချာပါရဂူကြီးတွေ နှစ်နဲ့ချီပြီး သက်သေပြဖို့ကြိုးစားရတဲ့သင်္ချာပုစ္ဆာမျိုးတွေကို တစ်ထိုင်တည်းနဲ့ သက်သေပြနိုင်တဲ့ ဆယ်ကျော်သက်အရွယ် ဂျစ်ကန်ကန်ကောင်လေးတစ်ယောက် မိဘမဲ့ ခြေဦးတည်ရာမဲ့ဆိုးဖော်ဆိုးဖက်တွေနဲ့မူးအောင်သောက် ဘဝကို ကြုံသလိုဖြတ်သန်း ဒါပေမယ့်သူဟာ ဂျီးနီးယက်စ်တစ်ယောက် သူ့ရဲ့ဦးနှောက်က Genius-level IQ နဲ့ သူဟာသူ့အင်ပါယာမှာ သူ့ဥပဒေနဲ့ နေထိုင်တဲ့သူ သံယောဇဉ်တွယ်ရမှာကိုကြောက်တယ်...လူတွေရဲ့ သမားရိုးကျအတွေးအခေါ်တွေကို ...
movie
Good Will Hunting(1997)
1997