Channel Myanmar

Scott Nicholson

The Monkey (2025) 6.3
The Monkey (2025)  The Monkey (2025)IMDb Rating (6.3) / Rotten Tomatoes (79%) ဟော်ရာ စာရေးဆရာကြီး စတီဖင်ကင်းရဲ့ ဇာတ်လမ်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကြီးတစ်ကားထွက်လာပါပြီ။ မူရင်းရုံတင်တုန်းက အချို့နိုင်ငံတွေမှာ အရမ်းကြမ်းတမ်းလွန်းတဲ့အခန်းတွေကို ဆင်ဆာဖြတ်ထားပေးလိုက်ရပါတယ်။ အခု ဗားရှင်းကတော့ အကုန်ကွက်ကွက်ကွင်းကွင်းပါတဲ့ဗားရှင်းမို့ ဟော်ရာဖန်တွေ အဝကြည့်ရမှာပါ။ dark comedy, horror ဖြစ်လို့ ပိုးစက်ပက်စက်တွေ ရှောကုန်သလို ရယ်လည်းရယ်ရပါတယ်။ မင်းသားကတော့ Divergent ရုပ်ရှင်တွေနဲ့လူသိများတဲ့ Theo James ပါပဲ။ဇာတ်လမ်းအကျဉ်းဟဲလ်နဲ့ဘီလ်ရှယ်ဘွန်းတို့ဟာ အချိန် ၃ မိနစ်ပဲခြားတဲ့ အမြွှာညီအစ်ကိုတွေပါ။ သူတို့အမေရဲ့ ပြောစကားအရတော့ သူတို့ရဲ့ အဖေက ဆေးလိပ် သွားဝယ်ဦးမယ်လို့ ပြောထွက်သွားပြီး အိမ်ကို ပြန်မလာတော့ဘူးဆိုတာပါပဲ။ ဟဲလ်နဲ့ ဘီလ်က အမြွှာညီအစ်ကိုဆိုပေမဲ့ တခြားအမြွှာတွေလို ချစ်ချစ်ခင်ခင် မရှိပါဘူး။ ဘီလ်က ဟဲလ်ကို အခွင့်ရရင် ရသလို အနိုင်ကျင့်တတ်ပါတယ်။သူတို့အဖေရဲ့ ...
movie

The Monkey (2025)

2025
Longlegs (2024) 7.1
Longlegs (2024)  အောက်ကားတွေပဲ ရိုက်နေရာကနေ နာမည်ပြန်ပြန်ရလာပြီဖြစ်တဲ့နစ်ကလက်ကေ့ဂျ်ရဲ့ နောက်ဆုံးထွက် ဟော်ရာရုပ်ရှင်လာပါပြီ။ဒီရုပ်ရှင်က အင်ဒီ ဟော်ရာရုပ်ရှင်တွေထဲမှာ ဝင်ငွေအကောင်းဆုံးအဖြစ် သန်း ၁၀၀ ရပြီး စံချိန်တင်သွားခဲ့တာပါ။ ရုပ်ရှင်ရဲ့ ဘက်ဂျက်က၁၀ သန်းတောင်မပြည့်ခဲ့ပါဘူး။A24 ရဲ့ Talk To Me နဲ့ ၄၈ သန်းရခဲ့တဲ့ စံချိန်ကို နှစ်ဆ ချိုးသွားတာပါ။Neon ကုမ္ပဏီက ဖြန့်ချီပေးခဲ့ပြီး နစ်ရဲ့ Saturn Films productioncompany က ပရိုဂျူဆာအဖြစ် ပါဝင်ခဲ့တာပါ။ ဒါရိုက်တာကတော့ဟော်ရာဒါရိုက်တာ Osgood Perkins ပါပဲ။ဇာတ်လမ်းအမျိုးအစားကတော့ သဘာဝလွန် ဆိုက်ကို ဟော်ရာအမျိုးအစားပါပဲ။ဇာတ်လမ်းအကျဉ်း ***************အက်ဖ်ဘီအိုင် အေးဂျင့် လီဟာကာ ကို ကွင်းဆက်လူသတ်သမားတစ်ယောက်ကိုလိုက်ဖို့ တာဝန်ပေးခံခဲ့ရပါတယ်။အဲဒီလူသတ်သမားက နှစ် ၃၀ အတွင်း မိသားစု ၁၀ စုကို သတ်ခဲ့တာပါ။ဒါပေမဲ့ ပြဿနာက လူသတ်မှုတွေအားလုံးက မိသားစုဝင်အချင်းချင်းသတ်ပစ်ကြပြီး နောက်ဆုံးမှာ ကိုယ့်ကိုယ်ကိုယ်သတ်သေသွားတဲ့အမှုတွေချည်းဖြစ်နေတာပါပဲ။ သူ့လက်ချက်ပါလို့ သိသာစေတဲ့စာတစ်စောင်ချန်ခဲ့လို့သာ ...
movie

Longlegs (2024)

4K HEVC
The Devil’s Own (1997) 6.2
The Devil’s Own (1997) အင်ဒီယာနာဂျုန်းမင်းသားကြီး Harrison Ford နဲ့ Brad Pitt တို့ အပြိုင်ကြဲထားတဲ့ thriller/drama ရုပ်ရှင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်.. အရင်ရက်ကထွက်ထားတဲ့ The Banshees of Inisherinကို ကြည့်ထားရင် အချိတ်အဆက်ပိုမိပါတယ်.. အိုင်ယာလန်ပြည်တွင်းစစ်အပြီး နှစ်၅၀ကျော်အကြာ ၁၉၇၂မှာ ဇာတ်လမ်းစထားတာပါ.. ၁၉၆၀နှောင်းပိုင်းကနေ ၁၉၉၈အထိ နှစ်၃၀နီးပါးကြာခဲ့တဲ့ “မြောက်အိုင်ယာလန် ပဋိပက္ခကြီး” ဖြစ်ခဲ့ပါတယ်.. အိုင်ယာလန်သမ္မတစနစ်ထောက်ခံသူ (Republican)နဲ့ မြောက်အိုင်ယာလန်ကို ဗြိတိသျှနဲ့ပေါင်းပြီး ပြည်ထောင်စုဖွဲ့ချင်သူ (Loyalist)တွေကြား ဖြစ်ပွားခဲ့တာပါ.. မြောက်အိုင်ယာလန်လူ့အခွင့်အရေးဆန္ဒပြပွဲကို ဗြိတိသျှတပ်နဲ့ Loyalistတွေပေါင်းပြီး ဖြိုခွဲရာကစပါတယ်.. အဲဒီကနေဆန္ဒပြပွဲတွေ ထပ်ပွားလာပြီး နှစ်၃၀ကြာတဲ့ ဖွဲမီးလှိုက်လောင်ပါတော့တယ်.. လူပေါင်း ၄၈၀သေခဲ့တဲ့ ၁၉၇၂က ပဋိပက္ခရဲ့အဆိုးဆုံးနှစ်ပါပဲ.. ဒါတွေက ရုပ်ရှင်ထဲမှာမပါပါဘူးနော်.. ဇာတ်အိမ်တည်ထားတဲ့ ၁၉၇၂ နဲ့ ၁၉၉၃ကို အကြမ်းဖျင်းသိအောင် ပြောပြတာပါ..ဇာတ်လမ်းအကျဥ်း ၁၉၇၂မှာ ဖရန်ကီ(Brad Pitt)က ၈နှစ်သားပဲရှိပါသေးတယ်.. မြောက်အိုင်ယာလန်ရဲ့ ကမ်းရိုးတန်း အစွန်အဖျားမှာနေတဲ့ ...
movie

The Devil’s Own (1997)

Die Hard: With a Vengeance (1995) Die Hard 3 7.6
Die Hard: With a Vengeance (1995) Die Hard 3 ခရစ်စမတ်နဲ့ နယူးရီးယားပိတ်ရက်တွေမှာ အက်ရှင်ပရိတ်သတ်တွေ ဘာရုပ်ရှင်ကြည့်ကြမလဲဆိုရင် မင်းသားကြီး Bruce Willis ရဲ့  John McClane ဇာတ်ကောင်ပါဝင်တဲ့ Die Hard ဇာတ်ကားတွေကိုပဲ အားလုံးကတော့ ညွှန်းကြမှာပါ။ Die Hard ရုပ်ရှင်က စုစုပေါင်း ၅ ကားထွက်ရှိခဲ့ပြီး ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.to/?s=die+hard ကြည့်ပါ။Die Hard 1 နဲ့ 2 မှာတော့ John McClane တစ်ယောက် ခရစ်စမတ်ပိတ်ရက်လေးမှာ ဇနီးသည်လေး Holly Gennaro နဲ့ Chill ဖို့ တက်ကြွစွာ ဇနီးသည်ကိုလာတွေ့ပေမယ့် ပြသနာပေါင်းသောင်းခြောက်ထောင်နဲ့ကြုံရပြီး သူမပါလို့မရတော့တဲ့ပြသနာတွေမလို့ ကိုယ်တိုင်ပါဝင် ကယ်တင်ရပုံတွေကို ကြည့်ရှုရမှာပါ။ Die Hard 3,4,5 တွေကတော့ ခရစ်စမတ်ပိတ်ရက်နဲ့ သူ့ရဲ့ဇနီး Holly Gennaro တို့နဲ့ တိုက်ရိုက်မပတ်သက်တော့ပေမယ့် သူတို့ရဲ့ သားနဲ့သမီးနဲ့ဆက်စပ်တာတွေ ဗီလိန်တွေက ဆက်စပ်နေတာတွေနဲ့ ရှေ့ကရုပ်ရှင်ကားတွေနဲ့ဆက်စပ်မှုတော့ရှိနေပါတယ်။Die Hard နဲ့ပတ်သက်ရင်တော့ John ...
movie

Die Hard: With a Vengeance (1995) Die Hard 3

1995
4K HEVC
Timecop(1994) 5.9
Timecop(1994) ဒီဇာတ်ကားလေးကတော့ လူတိုင်းသိကြတဲ့ ရုပ်ရှင်မင်းသားကြီး ဗန်ဒိမ်း ငယ်ရွယ်စဉ်က ရိုက်ကူးထားတဲ့ သည်းထိတ်ရင်ဖို အက်ရှင် ဇာတ်ကြမ်းကားလေးပဲဖြစ်ပါတယ် အက်ရှင်ကားတွေကို ကြိုက်နှစ်သက်သူတွေ သိပ္ပံကားတွေ ကြိုက်နှစ်သက်သူတွေ လက်မလွှတ်သင့်တဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းလေးကတော့ လူသားမျိုးနွယ်တွေ အချိန်ခရီးသွားခြင်းကို တီထွင်နိုင်တော့ အစိုးရက မသမာမှုတွေကို ကာကွယ်ဖို့ အေဂျင်စီ တစ်ခုကို ဖွဲ့စည်းခဲ့ပါတယ် အေဂျင်စီဖွဲ့တော့ ဗန်ဒိမ်း ပါဝင်ခဲ့ရပြီး မသမာမှုတွေကို တိုက်ခိုက်ရင်း ရှာဖွေတွေ့ရှိလာတဲ့ အမှန်တရားတွေကနေ သူချစ်ရတဲ့သူတွေကို ကာကွယ်ဖို့ ကြိုးစားတဲ့အကြောင်းကို သည်းထိတ်ရင်ဖို ရင် တလှပ်လှပ်နဲ့ ကြည့်ရမှာပဲဖြစ်ပါတယ် File size…1.68GB / 609.9MB Quality…Blu-Ray 1080p5.1CH / 720p Format…mp4 Duration….1h 39m Genre ..... Action , Crime , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Phone Myint Maw
movie

Timecop(1994)

We Own the Night(2007)
We Own the Night(2007)  ဘဝကို ပေါ့ပေါ့ပါးပါးပျော်ပျော်ရွှင်ရွှင်ပဲ ဖြတ်သန်းလာတဲ့ နယူးယောက်မှ နာမည်ကြီး အဒ်ကာဘီဘားကိုကြီးကြပ်ရသူ ဘော်ဘီဂရင်း။ကောင်မလေးဖြစ်သူ အမန်ဒါနဲ့ နေ့ရက်တိုင်းအချိန်းဖြုန်း၊ လည်ပင်းဖက်ပေါင်းတဲ့ဘော်ဒါဖြစ်တဲ့ ဂျန်ဘိုတို့နဲ့ ပါတီလုပ်လိုက်ပျောက်လိုက်ပါးလိုက်နဲ့နေလာခဲ့သည်။ထို့အပြင် ဘားပိုင်ရှင်ဖြစ်သူ ရုရှားလူမျိုးမစ္စတာဘူရှိုင်းရာ့ဗ်နဲ့လည်း မိသားစုလိုမျိုး ဆက်ဆံရေးကောင်းမွန်ပြီး သူကလည်း ဘော်ဘီရဲ့လုပ်ရည်ကိုင်ရည်ကိုသဘောကျသည်။လုပ်ငန်းတိုးချဲဖို့ကြံစည်နေသော ဘူရှိုင်းရာ့ဗ်နှင့် နဂိုကတည်းက ဘားကို မန်ဟတ်တန်ဘက်အထိထိုးဖောက်ချင်နေသော ဘော်ဘီ။ အရာရာအဆင်ပြေသလိုလိုရှိနေစဉ်မှာပင် ဘော်ဘီ့ဆီမမျှော်လင့်တာတွေဖြစ်လာသည်။တကယ်တော့သူ့နာမည်အရင်းက ဘော်ဘီဂရင်းမဟုတ်ဘဲ အရင်မျိုးရိုးနာမည်မှာ အဖေဖြစ်သူမြို့တော်ရဲ့ရဲချုပ်ညွှန်ကြားရေးမှူးနဲ့ အစ်ကိုဖြစ်သူ ရဲအရာရှိတို့အတိုင်း ရူဇင်စကီဖြစ်လေသည်။သူ့အစ်ကိုမှာ မူးယစ်ဆေးဝါးနှိပ်နင်းရေးမှာတာဝန်ယူရစဉ် ရုရှားမူးယစ်ရာဇာတစ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့တော့သည်။ ထိုအဖွဲ့က သူ့အစ်ကိုဖြစ်သူကိုလုပ်ကြံခဲ့ပြီး သူ့အဖေကိုပါကြံစည်နေတာကို သူ သိသွားတဲ့အခါ ရဲဌာနနဲ့ပူးပေါင်းပြီး မူးယစ်ဆေးဝါးမှုကို သူကိုယ်တိုင် ဘယ်လိုပေါ်အောင်လုပ်မလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။File size…(1.9GB)  / (`981GB) / (741.04MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:57:00 Genre...  Drama / Crime / ...
movie

We Own the Night(2007)

The Yards (2000)
The Yards (2000) Leo တစ်ယောက် ထောင်က အိမ်ကို ပြန်လာတဲ့ အခန်းနဲ့ဇာတ်လမ်းကိုစဖွင့်ထားပါတယ်။ သူ လူတောသူတောတိုးပြီး အလုပ်တစ်ခု ဖြစ်ဖြစ်မြောက်မြောက်လုပ်နိုင်ဖို့က သူ့ရဲ့တစ်ခုတည်းသောဆန္ဒဖြစ်ပါတယ်။အဲတော့ သူ့အဒေါ်ရဲ့ ခင်ပွန်းအသစ်ဖြစ်သူ Frank ဦးစီးလုပ်ကိုင်နေတဲ့ မီးရထားအပိုပစ္စည်းအမျိုးမျိုး ထုတ်လုပ်တဲ့ ကုမ္ပဏီမှာ အလုပ်သွားလုပ်ဖို့ လုပ်ပါတယ်။ ဒါပေမဲ့ အဲမှာအလုပ်လုပ်နိုင်ဖို့ဆို သင်တန်းကျောင်းတစ်ခုခု တက်ပြီး နှစ်အနည်းငယ်ကြာမှ အလုပ်ဝင်လို့ရနိုင်မယ်လို့ သိလိုက်ရတဲ့ပါတယ်။မုဆိုးမသူ့အမေကို ပြန်ထောက်ပံ့ပေးဖို့ ချက်ချင်းငွေရှာနိုင်ဖို့လိုနေတဲ့ သားလိမ္မာလေး Leo ဟာ သူ့သူငယ်ချင်း Willie လုပ်နေတဲ့ အဲကုမ္ပဏီရဲ့ ဝယ်သူတွေနဲ့ အဆက်အဆံလုပ်ရတယ်လို့ အမည်ခံထားတဲ့ မရှုပ်မရှင်းအလုပ်ကို ဝင်လုပ်ဖို့ပဲ စိတ်ပိုယိုင်သွားတဲ့အခါ အဲအလုပ်လုပ်ဖို့ကြိုးစားရင်း ဘာတွေဆက်ဖြစ်သွားဦးမလဲ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။အခြေအနေ၊ အကြောင်းတရားတွေကိုလိုက်ပြီး လူတွေလုပ်ကြတဲ့ ရွေးချယ်မှုတွေအကြောင်း၊ နိုင်ငံရေးနဲ့ စီးပွားရေးသမားလို့ ကိုယ့်ကိုအမည်တပ်ပြီး လောဘသားကောင်ဖြစ်နေကြသူတွေ အကြောင်းပေါ်လွင်အောင် ရိုက်ထားတဲ့ရုပ်ရှင်ကားတစ်ကားလို့ ပြောရင်လည်း မှားမယ်မထင်ပါဘူး။ဒီဇာတ်ကားလေးမှာ Leo အဖြစ် Mark Wahlberg ( ...
movie

The Yards (2000)

Safe (2012) 6.5
Safe (2012) Safe (2012)မိုင် လို့ခေါ်တဲ့ တရုတ်မလေးက တစ်ခါမြင်ထားလိုက်ရင် ဘယ်တော့မှ မမေ့တော့အောင်အထိကို မှတ်ဉာဏ်တအားကောင်း လွန်းတဲ့သူပါ။ ဒီလို ဉာဏ်ကောင်းတဲ့အတွက်လည်း ဒုစရိုက်ဂိုဏ်းအချို့နဲ့ လုပ်ငန်းရှင်အချို့က မိုင်ကို အပြိုင်အဆိုင် အလို ရှိနေကြပါတယ်။တစ်ရက်မှာတော့ တရုတ်လုပ်ငန်းရှင်ကြီးတစ်ယောက် က မိုင်ကို ပြန်ပေးသွားပြီး သူ့ရဲ့ ဒုစရိုက်လုပ်ငန်းတွေမှာ အသုံးချဖို့ နယူးယော့ခ်မြို့က တရုတ်တန်းဆီကို ခေါ်သွားခဲ့ပါတယ်။တစ်ဖက်မှာတော့ လုခ်ရိုက် က ရုရှားမာဖီယားတွေ နဲ့ တိုက်ခိုက်ရင်း တစ်ဖက်လူကို သတ်မိလိုက်တာကြောင့် မာဖီယားတွေက လုခ် ရဲ့ ဇနီးသည်ကိုသတ်ပြီး လက်စားချေသွားပါတယ်။ ဇနီးသည်ဆုံးရှုံးလိုက်ရတဲ့ လုခ်လည်း အရက်သမားလုံးလုံးဖြစ်ပြီး အိမ်ခြေယာမဲ့အနေနဲ့ လေလွင့်နေပါတော့တယ်။ဒီလိုနဲ့ တစ်နေ့မှာ တရုတ်လုပ်ငန်းရှင်ကြီး က မိုင်ကို နံပါတ်တွဲအရှည်ကြီးတစ်ခု မှတ်ခိုင်းပြီး သိပ်မကြာခင်မှာပဲ ရုရှားမာဖီးယားတွေက မိုင့်ကို ထပ်ပြီး ပြန်ပေးဆွဲသွားခဲ့ပါတယ်။အခွင့်အရေးရတုန်း မာဖီးယားတွေလက်ကနေ ပြေးလာတဲ့ မိုင် နဲ့ လုခ်တို့ ...
movie

Safe (2012)

2012