Channel Myanmar

Scott Gibson

Dirty Work (1998)
Dirty Work (1998) ဒါကတော့ ဒါရိုက်တာ Bob Saget ရိုက်ကူးထားတဲ့ comedy film တစ်ခုဖြစ်ပါတယ် ။ဇာတ်ကြောင်းကတော့ မစ်ခ်ျဆိုတဲ့လူပျိုကြီးတစ်ဦးအကြောင်းပါပဲ ။ ငယ်ငယ်ကတည်းက ကိုယ့်အပေါ် မတရားခံရတိုင်း ကိုယ့်နည်းကိုယ့်ဟန်သုံးပြီး ပြန်လုပ်တတ်ခဲ့ပေမဲ့ အရွယ်ရောက်ချိန်မှာတော့ ဒါကပြောင်းလဲသွားခဲ့တယ် ။ အသက်က သုံးဆယ်ကျော်၊ အလုပ်တွေက မမြဲ၊ အသုံးတစက်မှမကျတာကြောင့် ရည်းစားကပါ အိမ်ကနေမောင်းထုတ်လိုက်တဲ့အခါ မစ်ခ်ျတစ်ယောက် သူ့အချစ်ဆုံးသူငယ်ချင်းဆမ်အိမ်မှာ သွားသောင်တင်တော့တယ် ။ မွေးကတည်းက အဖေဆိုတာ ဘယ်သူမှန်းမသိတဲ့မစ်ခ်ျအတွက်တော့ ပေါက်စကတည်းကဘေးမှာအမြဲရှိခဲ့တဲ့ဆမ့်အဖေက သူ့ဘ၀ထဲက အဖေလိုလူပေါ့ ။ဒါပေမဲ့ ဖြစ်ချင်တော့ အဖိုးကြီးနှလုံးဖောက်ပြီး ဆေးရုံတက်နေရချိန်မှာ သိလိုက်ရတာက အဲ့ဒီလူက အဖေလိုလူတင်မကပဲ သူ့တကယ့်အဖေရင်းဖြစ်နေတယ်ဆိုတာပဲ။ နှလုံးခွဲစိတ်ဖို့က လိုတာကလဲ ဒေါ်လာငါးသောင်း‌တောင်ဖြစ်နေတော့ ကြံရာမရတော့တဲ့ အဖေတူမအေကွဲညီအစ်ကိုနှစ်ဦးဟာ ပိုက်ဆံရှာဖို့လုပ်ရင်း ဂယက်ထပုံတွေကို ဟာဟနှောပြီး ကြည့်ရှု့သွားရမှာပါ ။File size…(1.6  GB)/(816 MB) Quality….Webrip HEVC 1080p / ...
movie

Dirty Work (1998)

The Hurricane (1999) 7.6
The Hurricane (1999) The Hurricane (1999) *************************** IMDb.....7.6<<<<<Rotten Tomatoes 83%   သူ့နာမည်က Rubin "Hurricane" Carter  ... ငယ်ငယ်လေးကတည်းက လူဖြူတွေနဲ့ ပြသနာတချို့ရှိခဲ့တယ်... ဒါကြောင့်ပဲ အချိန်တော်တော်များများ သူဟာ လူငယ်ပြုပြင်ရေးစခန်းတွေမှာပဲ အချိန်ကုန်နေတယ်... လူဖြူတချို့ကြောင့် ထောင်ထဲမှာ အချိန်ကုန်ရတဲ့လူငယ်လေး  Hurricane" ရဲ့ ရင်ထဲမှာ လူဖြူတွေအပေါ် အမုန်းတွေဟာ တစ်နေ့တခြားကြီးပွားလာတယ်.. လူမည်းတွေဟာ ထင်ပေါ်ကြော်ကြားဖို့ မဖြစ်နိုင်ဘူးဆိုတဲ့ အချက်ကို ခြေဖျက်ဖို့ သူ့ရဲ့အမုန်းတွေကို လက်သီးချက်တွေအဖြစ်ကူးပြောင်းလိုက်တယ်... ဒီလိုနဲ့ သူဟာ နာမည်ကျော်  လက်ဝှေ့သမား Hurricaneဖြစ်လာတယ်.. တစ်နေ့ လူမဲတွေမလာရဆိုတဲ့ ဘားမှာ ဆိုင်ရှင်လူဖြူ (၃)ယောက်အသတ်ခံလိုက်ရတယ်... ဖုန်းဆက်သတင်းပေးမှုကြောင့် ဖမ်းလိုက်တဲ့အချိန်မှာ Hurricane တို့ကားကိုမိသွားတယ်... မျက်မြင်သက်သေတွေကလည်း  Hurricane သတ်တယ်လို့ဆိုကြတယ်.. Hurricane ကိုယ်တိုင်ကတော့ သူမသတ်ဘူးလို့ငြင်းတယ်... ဘာတွေဆက်ဖြစ်မလဲဆိုတာကို ခံစားကြည့်လိုက်ပါဦးဗျို့...  ဒီကားက လက်ဝှေ့သမား Rubin "Hurricane" Carter ရဲ့  ဖြစ်ရပ်မှန်ဘဝဇာတ်ကြောင်းပေါ်မှာ အခြေခံပြီး ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်အတ္ထုပတ္တိကားဖြစ်ပါတယ် … မင်းသားကြီးကတော့ ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော်ကြီး Denzel Washington ပေါ့ဗျာ....ဒီကားက  ...
movie

The Hurricane (1999)

The Skulls (2000) 5.6
The Skulls (2000)  The Skulls (2000)IMDb Rating (5.6) / Rotten Tomatoes (9%) ၂၀၀၀ ပြည့်နှစ်မှာ ထွက်​ရှိခဲ့တဲ့ ဒီရုပ်ရှင်က အမေရိကန်​ အိုင်​ဗီလိဂ် တက္ကသိုလ်​တွေရဲ့​ အထူး​လျှို့ဝှက်​အဖွဲ့အစည်း​တစ်ခု​ အကြောင်း​နဲ့ အဲဒီ​အဖွဲ့​မှာ ပါဝင်​ပတ်သက်​မိတဲ့ ကျောင်း​သား​တစ်ဦး​ အကြောင်း​ကို တင်ဆက်​ထားတာ​ဖြစ်ပါတယ်​။Fast and Furious ဇာတ်ကားတွေရဲ့ သရုပ်ဆောင်​တစ်ဦး​ဖြစ်​တဲ့ Paul Walker နဲ့ Joshua Jackson တို့က​ အဓိက​ပါဝင်ထားပါတယ်။ဇာတ်လမ်း​အကျဥ်းကတော့ Luke ဟာ ဆင်းရဲနွမ်းပါးပေမဲ့ ထူးချွန်​တဲ့ ကောလိပ်​ကျောင်းသား​တစ်ဦး​ဖြစ်ပြီး အိုင်​ဗီလိဂ်​လို့ခေါ်တဲ့​ အမေရိက အရှေ့မြောက်ပိုင်းက ထိပ်​သီး​တက္ကသိုလ်​ရှစ်ခုထဲက တစ်ခုမှာ တက်​ရောက်​နေသူ​ဖြစ်​ပါတယ်​။ကြီး​လေးတဲ့ ကျောင်း​စရိတ်​အတွက် စကောလားရှစ်တွေနဲ့ အချိန်​ပိုင်း​အလုပ်​တွေကို​ လုပ်​ကိုင်​ပြီး ရုန်းကန်​နေရ​သူဖြစ်ပါတယ်။ တစ်ညမှာတော့ Luke ကို Skulls​ လို့​ခေါ်​တဲ့ လျှို့ဝှက်​အဖွဲ့အစည်း​တစ်ခု​က အသင်း​ဝင်​အဖြစ် ကမ်း​လှမ်း​လာပါ​တယ်။Skulls အဖွဲ့​အစည်း​က တက္ကသိုလ်​ကျောင်းသား​တွေ​ကြား​မှာ ဒဏ္ဍာရီ​လိုလို​ ...
movie

The Skulls (2000)

2000
Yes, Chef! Christmas (2024) 6.3
Yes, Chef! Christmas (2024)  Yes, Chef! Christmas (2024)IMDb Rating (6.3) / Rotten Tomatoes (50%) ခရစ္စမတ် ဟင်းချက်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဟင်းချက်တော်တဲ့ အယ်လီရှာဟာ မွေးစားအဖေနဲ့အတူနေထိုင်ပြီး ကျောင်းတစ်ကျောင်းမှာပဲ ဟင်းချက်သင်နေပါတယ်။သူ့ရဲ့ စားဖိုမှူးဘဝဟာ အကြောင်းတစ်စုံတစ်ရာကြောင့် နိဂုံးချုပ်သွားခဲ့ပြီးကတည်းက စားသောက်ဆိုင်မီးဖိုချောင်နဲ့ အဆက်ပြတ်နေခဲ့ရာမှာတစ်ရက်တော့ နာမည်ကြီးဟင်းချက်ပြိုင်ပွဲ Kringle-Cookoff က ပြိုင်ပွဲဝင်ခွင့်ရကြောင်း ဖိတ်စာရလာတဲ့အခါ သူကိုယ်တိုင် အံ့သြသွားရတယ်။အစကတည်းက မလျှောက်ထားဘဲ သူ့ကို ဒီလိုနာမည်ကြီးပြိုင်ပွဲမှာ ဘယ်သူက ဝင်ပြိုင်စေချင်ခဲ့တာလဲ?ပြိုင်ပွဲအဖွဲ့အစည်းက သူနဲ့ တွဲပေးတဲ့ ဘုကလန့်နည်းပြနဲ့ ဘယ်လိုနှစ်ပါးသွားကြမှာလဲ ကြည့်ရှုခံစားလိုက်ပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Sike Tan ဖြစ်ပါတယ်။) File size…(1.5 GB) / (800 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Romance Duration….01:28:04 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Sike Tan
movie

Yes, Chef! Christmas (2024)

2024
Our Mother’s Secret Affair (2024) 6
Our Mother’s Secret Affair (2024) Our Mothers Secret Affair ( 2024 )မိသားစုတစ်ခုရှိတယ်။ ကျိကျိတက်ချမ်းသာလို လုပ်ငန်းကြီးထူထောင်ထားတဲ့ မိသားစုပေါ့။ သူတို့မိသားစုမှာ အမေရယ် သမီးရယ် သူ့မောင်ရယ်ရှိတယ်။ သူ့သမီးယောက်ျားကတော့ လုပ်ငန်းရှင်။ သူတို့လင်မယားရဲ့အိမ်ထောင်ရေးက ကျန်တာတွေတော့ အဆင်ပြေပေမဲ့ ကလေးမရနိုင်ခဲ့ကြဘူး။ ဒီလိုနဲ့ သူ့ယောက်ျားက လမ်းသွားရင် ကားတစ်စီးးကို နောက်ကနေ ဝင်ကြုံးလိုက်မိတယ်။ ကားက စုတ်ပြတ်သတ်သွားတယ်။ ဟိုဘက်ကားပိုင်ရှင် မိန်းကလေးကို နောက်နေ့မှာ သူက ကားအသစ်တစ်စီးပို့ပေးလိုက်တယ်။ ဒီလိုနဲ့ သူတို့ရဲ့ဇာတ်လမ်းလေးက စခဲ့တယ်။ သူ့မိန်းမနဲ့မရနိုင်ခဲ့တဲ့ ကလေးတွေကိုလည်း ဒီမိန်းကလေးနဲ့ ရခဲ့တယ်။ ဒီနောက် ဒါကိုသူ့မိန်းမသိသွားတယ်။ ဗုံးဗုံးလဲသွားတယ်။ သူ့မိန်းမရဲ့မောင်နဲ့အမေကလည်း သူ့မိန်းကလေးကို ခြိမ်းခြောက်လာတယ်။ သူ့မိန်းကလေးက နောက်ဆုတ်ပေးလိုက်ရတယ်။ ဒီလိုနဲ့ မွေးလာတဲ့ကလေးနှစ်ယောက်မှာ တစ်ယောက်ကို သူနဲ့သူ့မိန်းမကယူ တစ်ယောက်ကို အဲဒီမိန်းကလေးကယူ ။ ကလေးတစ်ယောက်စီယူထားလိုက်ကြတယ်။ ဒီလိုနဲ့ ကလေးတွေကြီးလာတဲ့တစ်နေ့ ကလေးတွေသိသွားတဲ့အခါ သူတို့အိမ်တွင်းရေး ဇာတ်လမ်းမှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ဒီဇာတ်အဖွင့်မှာ စပြထားတယ်။ ဘယ်လိုဆုံးမလဲတော့ အကောက်တွေအကွေ့တွေကြား ကိုယ်တိုင်သွားကြည့်လိုက်အညွှန်း နဲ့ ဘာသာပြန်ကတော့ M ပဲ ...
movie

Our Mother’s Secret Affair (2024)

2024
My Husband’s Worst Mistake (2023) 5.5
My Husband’s Worst Mistake (2023) My Husband's Worst Mistake (2023)မိန်းမကို တစ်ခါလေး သစ္စာမရှိလိုက်တာက လူသတ်မှုနဲ့ အဖမ်းခံရတဲ့အထိပါ ဖြစ်သွားနိုင်တာလား? ကန့် နဲ့ ဆာရာတို့ လင်မယားက လူစီဆိုတဲ့ သမီးလေးတစ်ယောက်ရှိပေမယ့် ကန့်က အလုပ်ကိုပဲအမြဲဦးစားပေးနေလို့ အိမ်ထောင်ရေးက အေးတိအေးစက်ဖြစ်နေတာ ကြာပါပြီ။ တစ်ရက်တော့ ကန့်တစ်ယောက် မထင်မှတ်ထားဘဲ အလုပ်ကဝန်ထမ်းအငယ်မလေး အေမီနဲ့ တစ်ညအိပ်မိသွားတယ်ပေ့ါ။ ဖြစ်ချင်တော့ သူအိပ်မိလိုက်တဲ့ ဝန်ထမ်းမလေးကလည်း မထင်မှတ်ဘဲ ဆုံးသွားပြီး သူ့ရဲ့ အလုပ်က ပြိုင်ဖက် မီဂူရယ်ကလည်း သူနဲ့ ဝန်ထမ်းမလေးဓာတ်ပုံတွေနဲ့ သူ့ကိုပြန်ခြိန်းခြောက်လာတော့ မိန်းမကို ဖောက်ပြန်မိတဲ့အကြောင်းပြောပြလိုက်ရပါတော့တယ်။ အရင်ကတည်းက စိတ်ပျက်နေတဲ့ မိန်းမဖြစ်သူက ဒီကိစ္စပါ ဖြစ်လာတော့ ကန့်ကို အိမ်ခွဲနေခိုင်းဖို့ဆုံးဖြတ်လိုက်ပါတယ်။ အိမ်ခွဲနေတုန်းမှာ ဆာရာက ရှေ့နေတစ်ယောက်ဖြစ်တဲ့ ဘရက်နဲ့ရင်းနှီးလာပါတယ်။ တစ်ဖက်မှာလည်း လူတစ်ယောက်က ရည်ရွယ်ချက်ရှိရှိ ကန့်နဲ့ ဆာရာမကွဲကွဲအောင် ဓာတ်ပုံတွေ ပို့လာတော့ ကန့်လည်း အလုပ်က ပြိုင်ဖက် မီဂူရယ်ထင်ပြီးပြဿနာသွားရှာတော့တာပေါ့။ သူပြဿနာသွားရှာခဲ့တဲ့ မီဂူရယ်တစ်ယောက် မထင်မှတ်ဘဲ ဆုံးသွားပြီး ကန့်တစ်ယောက် သံသယရှိတဲ့လူသတ်သမားအနေနဲ့ အဖမ်းခံရတာကြောင့် ဆာရာက သူတွဲနေတဲ့ ရှေ့နေဖြစ်သူဘရက်ကို ...
movie

My Husband’s Worst Mistake (2023)

2023
The Sentinel(2006) 6.1
The Sentinel(2006) ဒီဇာတ်ကားက ဂန္ဓ၀င်မင်းသားကြီး Michael Douglas ရဲ့ဇာတ်ကားလေးပါ။ ပိထ်ဂါရစ်ဆန် နဲ့ ဘရက်ကင်ရစ်ခ်ျ တို့ဟာ သမ္မတ လုံခြုံရေးတပ်ဖွဲ့မှာ တာ၀န်ထမ်းဆောင်လာခဲ့တာ နှစ်ပေါင်းများစွာရှိနေပါပြီ။ သူတို့နှစ်ယောက်ဟာ ခင်မင်တာကြာပြီဖြစ်တဲ့ သူငယ်ချင်းနှစ်ယောက်ဖြစ်ပေမယ့် ပုဂ္ဂိုလ်ရေးကိစ္စကြောင့် စိတ်၀မ်းကွဲနေကြတဲ့သူတွေဖြစ်ပါတယ်။ တစ်ရက်မှာတော့ လုံခြုံရေးအဖွဲ့ရဲ့ အဖွဲ့၀င်တစ်ဦးဟာ သမ္မတကိုလုပ်ကြံဖို့စီစဉ်‌နေတာသိလိုက်ရတော့ လုံခြုံရေးအဖွဲ့တစ်ခုလုံး သို့လော သို့လော ဖြစ်ကုန်ကြပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ယုံမရတော့တဲ့အနေအထားကြောင့် မုသားဖော်စက်နဲ့ တစ်ဦးချင်းစစ်ဆေးရာမှာ ပိထ် လိမ်နေတယ်လို့သိလိုက်ရပါတယ်။ ဒါပေမယ့် ပိထ်ကအဖမ်းမခံဘဲ အကွက်ချခံရကြောင်းပြောပြီး တရားခံအစစ်ကိုရှာဖို့ကြိုးစားပါတော့တယ်။ ပိထ်ဟာ သူပြောသလို အကွက်ချခံရတာလား ကိုယ်တိုင်ကပဲလုပ်ကြံရေးသမားဖြစ်နေတာလား.... File size…1.69GB / 708.9MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 48m Genre ..... Action , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka
movie

The Sentinel(2006)

Lucky Number Slevin (2006)
Lucky Number Slevin (2006) Lucky Number Slevin 2006===================IMDB rating – 7.7 / 10#Unicodeဒီဇာတ်ကားကတော့ Thriller , Drama , Action ပဲဖြစ်ပါတယ် မြင်းလောင်းပြိုင်ပွဲတစ်ခုကနေအစပြုပြီးတော့ မိသားစုတွေအကုန်အသတ်ခံရတယ် အဲ့ဒါကိုမကျေနပ်လို့ပြန်လက်စားချေတာပါ ဇာတ်ညွှန်းကိုအများကြီးမရေးတော့ပါဘူး ဇာတ်ကားမှာ Trick တွေအများကြီးပါလို့ပါ ပြောလိုက်ရင် ဇာတ်လမ်းအရသာ ပျက်သွားမှာသေချာပါတယ် ဇာတ်လမ်းကောင်းလားမကောင်ဘူးဆိုတာ Rating ကသက်သေပါပဲ ဇာတ်ကောင်တွေကတော့ နာမည်ကြီးမင်းသားကြီး Bruce Willis, Chinese-American သရုပ်ဆောင် Lucy liu အော်စကာဆုရှင် ဂရမ်မီဆုရှင် စတဲ့ဆုတွေရထားတဲ့ Ben Kingsley , နောက်တစ်ယောက်ကတော့ လူတိုင်းသိတဲ့ Morgan Freeman စတဲ့နာမည်ကြီးသရုပ်ဆောင်တွေပါတဲ့အတွက် ထပ်ညွှန်းဖို့တောင်မလိုတော့ပါဘူး မင်းသားကြီး Bruce Willis ကတော့ အခုနောက်ပိုင်းထွက်တဲ့ကားတွေမှာ သိပ်မအောင်မြင်ပေမယ့် အရင်တုန်းကရိုက်တဲ့ဇာတ်ကားတွေမှာ သိတဲ့အတိုင်းပါပဲ အဲ့တော့ ပေးလိုက်ရတဲ့အချိန်နဲ့ ထိုက်တန်တဲ့ဇာတ်ကားကောင်းတစ်ကားမို့လို့တင်ဆက်ပေးလိုက်ပါတယ်။#Zawgyiဒီဇာတ်ကားကတော့ Thriller , Drama , Action ပဲဖြစ်ပါတယ် မြင်းလောင်းပြိုင်ပွဲတစ်ခုကနေအစပြုပြီးတော့ မိသားစုတွေအကုန်အသတ်ခံရတယ် အဲ့ဒါကိုမကျေနပ်လို့ပြန်လက်စားချေတာပါ ဇာတ်ညွှန်းကိုအများကြီးမရေးတော့ပါဘူး ...
movie


2006