Channel Myanmar

Scott Franklin

Pi (1998) 7.3
Pi (1998)  Pi (1998)IMDb Rating (7.3) / Rotten Tomatoes (88%) ဒီဇာတ်ကားလေးကတော့ ၁၉၉၈ခုနှစ်မှာထွက်ရှိခဲ့ပြီး IMDbမှာလည်းမခေလှတဲ့ သိပ္ပံဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။ Psychological Thriller တွေကိုကြိုက်တတ်သူတွေအနေနဲ့တော့လက်မလွတ်တမ်းစောင့်ကြည့်သင့်တဲ့ဇာတ်ကားလေးပါ။ဇာတ်လမ်းလေးထဲမှာတော့ Max လို့ခေါ်တဲ့သင်္ချာပညာရှင်တစ်ယောက်ကိုဦးတည်ထားပါတယ်။ သူဟာ သင်္ချာကိန်းတစ်ခုကိုရှင်းရင်း ကွန်ပြူတာမှာ ကိန်းဂဏန်းစဉ်တစ်ခုကိုတွေ့ရှိခဲ့ပါတယ်။သူ့ဆရာကိုမေးကြည့်တဲ့အခါ သူ့ဆရာကလည်း တိုက်တိုက်ဆိုင်ဆိုင် ကိန်းလုံးရေ ၂၁၆လုံးရှိတာလားလို့မေးလိုက်ပြန်ပါတယ်။ ဒါနဲ့ပဲ Max တစ်ယောက်ခေါင်းစားနေတုန်း ဂျူးဘာသာရေးသမားတစ်ယောက်က ဟီဘရူးဘာသာနဲ့ပတ်သက်ပြီးလာပြောပြရာကနေ ကိန်းလုံးရေ ၂၁၆လုံးအကြောင်းထပ်ပါလာပြန်ပါတယ်။ဆိုတော့ Max အနေနဲ့ဒီအကြောင်းကိုတအားသိချင်လာပေမဲ့ သူ့ဆရာကတော့ ကွန်ပြူတာကြောင်တာပါလို့အကြောင်းပြပြီး သူ့ကိုတားမြစ်ပါတော့တယ်။ အဘိုးကြီးကလည်းမူမမှန်တာကြောင့် Max အနေနဲ့ဒီအရာကိုမသိသိအောင်စုံစမ်းပါတော့တယ်။ဆိုတော့ဒီကိန်းတန်း ၂၁၆လုံးကဘာတွေလဲ…ဘာရဲ့အဓိပ္ပာယ်ဖြစ်မလဲ…သိပ္ပံနဲ့ဘာသာရေးကိုပါယှဉ်တွဲပြသထားတဲ့ဒီဇာတ်ကားလေးကတော့ တကယ်ကိုပဲစိတ်ဝင်စားစရာကောင်းပြီး ကိုယ်တိုင်ပဲကြည့်ရှု့လိုက်ဖို့အကြံပြုချင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ S4L ဖြစ်ပါတယ်။)File size…(3.1 GB) / (1.8 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Mystery,Thriller Duration….01:25:06 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by S4L
movie

Pi (1998)

1998
Requiem for a Dream (2000) 8.3
Requiem for a Dream (2000) Requiem for a Dream (2000)IMDb - 8.3/10, RT - 79%တစ်ချို့က Requiem For A Dream ကို ကြည့်ရအခက်ဆုံးရုပ်ရှင်တစ်ကားလို့ ဆိုကြတယ်။ တခြားတော့မဟုတ်ပါဘူး။ စိတ်ညစ်စရာတော်တော်ကောင်းတဲ့ ဇာတ်ဝင်ခန်းတွေကြောင့်ပါပဲ။ နာမည်ကျော်ဝေဖန်ရေးဆရာ ရော်ဂျာအတ်ဘတ်ကတော့ ဒီလိုပြောထားတယ်။" Requiem for a Dream ဟာ အတော်လေးလက်တွေ့ကျတဲ့ စိတ်ဓာတ်ကျစရာအတော်ကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်ဆိုလည်း မမှားပါဘူး။ Requiem for a Dream နဲ့ ပတ်သက်ပြီး စွဲမက်စရာကောင်းတဲ့အချက်က... ဒါရိုက်တာက ဆေးစွဲနေတဲ့ဇာတ်ကောင်တွေရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေကို ပြောင်ပြောင်မြောက်မြောက် ပုံဖော်သွားတဲ့အချက်ပါပဲ။ ဆေးသုံးနေတဲ့အချိန်မှာ... ဆေးဟာ ဘာမဆိုဖြစ်နိုင်တဲ့ ကမ္ဘာတစ်ခုထဲကို ပြတင်းတံခါးခဏဖွင့်ပြပေးပြီး... အဲဒီတံခါးပိတ်ကျသွားတဲ့အခါမှာ... ဘဝက အဲဒီပြတင်းတံခါးကိုပြန်ဖွင့်ဖို့ ငွေနဲ့ဆေးကိုရှာဖို့ ကြံမိကြံရာရှာနေရတဲ့ အခြေအနေကို ဆိုက်ရောက်သွားတော့တယ်" တဲ့။ဒီရုပ်ရှင်ဟာ ဆေးစွဲနေတဲ့သူရဲ့ စိတ္တဗေဒကို အစစ်အမှန်ပြသထားတဲ့ ...
movie

Requiem for a Dream (2000)

2000
The Wrestler(2008) 7.9
The Wrestler(2008) The Wrestler(2008) IMDb...7.9,,,,,Rotten....98% ခင်ဗျားတို့ ကျွန်တော်တို့အားလုံး WWE channel က ပြသတဲ့ smack down ပွဲတွေကို ကြည့်ဘူးကြမှာပါ.... ပြောရရင် ကြိုတင်ပြဆင်ထားတဲ့အစီအစဉ်တစ်ခုကို လာကြည့်တဲ့ပရိတ်သတွေကို ရသ အပြည့်အ၀ပေးနိုင်မယ့် သတ်ပုတ်မှုမျိုးတွေကို  ချပြရပါတယ်... ကြိုတင်ပြင်ဆင်ထားတဲ့အစီအစဉ်ဆိုပေမယ့် ထိုးသတ်တဲ့နေရာမှာ ပရိတ်သတ်ထောင်ပေါင်းများစွာသော မျက်လုံးတွေ့ရှေ့မှောက်မှာတော့ တကယ့်ပျင်းထန်တဲ့ရိုက်ချက်တွေနဲ့ သတ်ပုတ်ပြရပါတယ်.. ဒါ့ကြောင့်လည်း ဒီပြိုင်ပွဲတွေဟာ အတုအယောင်လို့ဆိုရပေမယ့် ကမ္ဘာကျော်နေရတာပဲဖြစ်ပါတယ်.... ၂၀၀၈ ခုနှစ်မှာ ဒါရိုက်တာ Aronofsky ရိုက်ကူးခဲ့ပြီး အဓိကဇာတ်ဆောင် နပမ်းသမား Randy the Ram (Mickey Rourke)အကြောင်းကိုရိုက်ကူးထားတာပဲဖြစ်ပါတယ်... ဒီကားက သူ့ဘ၀ရဲ့ အနိမ့်အမြင့် အတက်အကျကို  ရိုက်ပြထားပြီး သူတို့ဘ၀ရဲ့ခက်ထန်ကြမ်းတမ်းပုံတွေကိုအကောင်းမွန်ဆုံးပုံဖော်ထားပါတယ်... ကြမ်းတမ်းခက်ထန်လွန်းတဲ့ လူ့ဘီးလူးကြီးတွေရဲ့ နောက်ကွယ်က နူးညံတဲ့နှလုံးသားကိုလည်းတွေ့နိုင်ပါလိမ့်မယ်... ဒါ့ကြောင့်လည်း ဒီကားဟာ ချီးကျူးမှုပေါင်းများစွာရရှိထားသလို အော်စကာဆန်ကာတင် (၂)ဆုနဲ့ အခြားဆုပေါင်း (၅၈)ဆု ရရှိထားပါတယ်.... ပြီးတော့ ဒီကားဟာ သတ်ပွဲပေါင်းများစွာပါသလို သွေးထွက်သံယိုခန်းတွေလည်းပါတာမို့ သတိထားကြည့်စေလိုပါတယ်.... ရုပ်ရှင်ရဲ့ Rating က R ဖြစ်တာကြောင့် အဖော်အချွတ်ခန်းတွေ ပါတဲ့အတွက် မိသားစုနဲ့ အတူကြည့်ဖို့မသင့်တဲ့ ကားတကားလို့ ပြောပါရစေ.... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Chan Myae Thu ...
movie

The Wrestler(2008)

2008