Channel Myanmar
Scott Eastwood
Tin Soldier (2025) 4.0
Tin Soldier (2025)   Tin Soldier (2025)Robert De Niro ၊Scott Eastwood နဲ့ Jamie Foxx တို့လို ဒိတ်ဒိတ်ကြဲမင်းသားတွေ Cast အဖြစ်ပါဝင်ထားတဲ့ အသစ်ထွက် Action, Thriller ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ဘိုကူရှီ(Jamie Foxx)ဟာ အမေရိကန်စစ်ပြန်တွေကို စုဆောင်းပြီး ဂရိုဂရမ်လို့ ခေါ်တဲ့အဖွဲ့တစ်ခု တည်ထောင်ထားပါတယ်။အစပိုင်းမှာ ပရိုဂရမ်ရဲ့ရည်ရွယ်ချက်ဟာ PTSD ဝေဒနာခံစားနေရတဲ့ စစ်ပြန်တွေကို ကူညီဖို့ဖြစ်ပေမယ့် နောက်ပိုင်းမှာ ဘိုကူရှီဟာ အစွန်းရောက်သွားပြီး စစ်ပြန်တွေကို အစိုးရကဂရုမစိုက်ဘူးဆိုပြီးပရိုဂရမ်အဖွဲ့ကို ဦးနှောက်ဆေးကာ အစိုးရကို တိုက်ခိုက်ဖို့လုပ်ပါတော့တယ်။နက်ရှ်ကာဗန်နာ့ (Scott Eastwood)ကတော့ အမေရိကန်စစ်ပြန်တစ်ယောက်ဖြစ်ပြီး PTSD ဝေ‌‌ဒနာကို ခံစား နေရသလိုကားမတော်တဆမှုတစ်ခုမှာ ဇနီးဖြစ်သူကို ဆုံးရှုံးခဲ့ရတာကြောင့် လေလွင့်ပြီး ဘဝကိုဖြစ်သလိုနေထိုင်နေသူဖြစ်ပါတယ် ။တစ်ရက်မှာတော့ သူ့ကို အီမန်နျူရယ်အက်ရှဘန်း(Robert De Niro)ဆိုသူက ချဉ်းကပ်လာပြီး ဘိုကူရှီရဲ့ခြံဝန်းကို ဝင်စီးမယ့်အစီအစဉ်မှာ ပါဝင်ဖို့ စည်းရုံးလာပါတယ်။အစပိုင်းမှာ နက်ရှ်ကငြင်းဆိုခဲ့ပမယ့် ...
movie
Tin Soldier (2025)
2025
Gran Torino (2008) 8.1
Gran Torino (2008) Gran Torino (2008) IMDb Rating (8.1) / Rotten Tomatoes (81%) Top Rated Movies #162Director:Clint Eastwood ကျွန်တော်ဟာ ရုပ်ရှင်အညွှန်းရေးတဲ့ဆရာတွေရေးသားတဲ့ ဒါရိုက်တာအကြောင်းတွေလိုက်ဖတ်စဉ်ကထဲက ဒါရိုက်တာ Clint Eastwood ကို သတိထားမိခဲ့ပါတယ်။ သူ့လက်ရာတွေကြည့်သင့်တဲ့စာရင်းထဲထည့်ထားပေမယ့် Million dollar baby ဆိုတဲ့ဇာတ်ကားကိုမှ စကြည့်ဖူးခဲ့တယ်။ သူ့ဘယ်လောက်တော်ကြောင်းညွှန်းဆိုမပြတတ်ပေမယ့် ခေတ်လူငယ်ပီပီ ဒီဘဲကြီးက ဂျလန်းကြီးဟလို့တော့ ရေရွတ်မိခဲ့ပါတယ်။ကြမ်းဆို Clint Eastwood ဆိုတာကလဲ အရင်ခေတ်က ဟောလိဝုဒ်ရဲ့ ကျော်ဟိန်းလို နာမည်ကြီးခဲ့တဲ့ လျှမ်းလျှမ်းတောက်မင်းသားကြီးကိုး။ The Good, the Bad and the Ugly (1966) လိုဂန္တဝင်ရုပ်ရှင်ကားကြီးတွေထဲက မင်းသားဆိုတော့လဲ ယနေ့ထိတိုင် လွှမ်းမိုးနိုင်စွမ်းကြီးမားတဲ့ အနုပညာရှင်ပါ။ မင်းသားကနေ ဒါရိုက်တာလုပ်ပြီး ရုပ်ရှင်တွေရိုက်တော့လဲ အလန်းတွေရိုက်ထားတာပါပဲ။သူ့ရဲ့ ဒီကား Gran Torino (2008) ရုပ်ရှင်ကားရဲ့ပိုစတာကိုကြည့်မိတော့ ကားတစ်စီးနဲ့သေနတ်ကိုင်ပြီး မှုန်ကုတ်ကုတ်မျက်နှာပေးနဲ့မတ်တပ်ရပ်ထားတဲ့ပုံနဲ့ ဇာတ်လမ်းအကျဉ်း ရေးထားတာကလည်း ...
movie
Gran Torino (2008)
2008
4K HEVC
Alarum (2025) 6.2
Alarum (2025)   Alarum (2025)IMDb Rating (6.2) ရမ်ဘိုမင်းသားကြီး Sylvester Stallone နဲ့ မင်းသား Scott Eastwood အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ Action/Crime ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ တစ်ချိန်က စပိုင်လုပ်ခဲ့ဖူးတဲ့ ဂျိုးဟာ ဒီအလုပ်ကနေ ကင်းကင်းကွာကွာနေခဲ့တာ 5 နှစ်ရှိနေပါပြီ။ဒါပေမဲ့ သူ့ရဲ့ ဇနီးဖြစ်သူ လော်ရာကလည်း စပိုင်တစ်ယောက် ဖြစ်တဲ့အတွက် သူတို့နှစ်‌ယောက်ဟာ လူမသိသူမသိ နေထိုင်ရပါတယ်။တစ်နေ့ သူတို့ အပန်းဖြေခရီးထွက်တဲ့ နေရာမှာ ဟယ်လီကော်ပတာတစ်စင်း ပျက်ကျခဲ့ပါတယ်။ဒါကို စပိုင်ဟောင်းပီပီ စူးစမ်းမိတဲ့ ဂျိုးဟာ လေယာဉ်မှူးသေဆုံးမှုက သွေးရိုးသားရိုးမဟုတ်တာကို ချက်ချင်းသိလိုက်ပါတယ်။သို့ပေမဲ့ ပြဿနာက လေယာဉ်ပေါ်က ဆက်သွယ်ရေးကိရိယာက မပျက်စီးသေးတော့ ဂျိုးရဲ့ အသံကို တစ်ဖက်က ကြားလိုက်တာပါပဲ။ဒီလိုနဲ့ ပျောက်သွားပြီလို့ ယူဆရတဲ့ အာချီဘောလ်အမည်ခံ ဂျိုးတစ်ယောက် အသက်ရှိနေသေးတာကို သူ့ရဲ့ အေဂျင်စီဟောင်းက သိသွားပြီး ထွက်သွားသူကို အရှင်မထားတဲ့ သူတို့ ...
movie
Alarum (2025)
2025
4K HEVC
Pacific Rim: Uprising (2018) 5.6
Pacific Rim: Uprising (2018) Pacific Rim: Uprising (2018)Pacific Rim ရဲ့ ဒုတိယမြောက်ကားလေး ၅နှစ်ကြာတဲ့အခါ ပရိသတ်ရှေ့ ရောက်လာပါပြီ။ IMDb Ratinf  5.6/10 ရထားပြီးတော့ ဘတ်ဂျပ် $ ၁၇၀millionကျော် အကုန်အကျခံပြီး ရိုက်ကူးတင်ဆက်ထားတာပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ Pacifim Rim တုန်းက ကိုင်ဂျူးလို့ခေါ်တဲ့ ဂြိုလ်သားတွေရဲ့ ကျူးကျော်မှုကိုတိုက်ခိုက်မှုကို ယေဂါလို့ခေါ်တဲ့ ဧရာမစက်ရုပ်ကြီးတွေနဲ့ တန်ပြန်တိုက်ခိုက်လို့အောင်မြင်ခဲ့ပြီး ကမ္ဘာနှစ်ခုဆက်သွယ်ထားတဲ့ တွင်းပေါက်ကြီးကို ဖျက်ဆီးပစ်နိုင်ခဲ့တာ ၁၀ နှစ်ကျော်ကာလကို ရောက်ရှိနေပါပြီ။ဒါပေမယ့် ယေဂါတွေရဲ့ အားနည်းချက်ကတော့ စက်ရုပ်ရဲ့ တိုက်ခိုက်နိုင်စွမ်းဟာ သူ့ကိုမောင်းနှင်တဲ့ ပိုင်းလော့ဒ်နှစ်ယောက်ရဲ့ သဟဇာတဖြစ်မှု ပိုင်းလော့ဒ်တွေရဲ့ ကျွမ်းကျင်မှုအပေါ်မူတည်နေသလို ကျူးကျော်လာတဲ့ကိုင်ဂျူးဆီကို သွားတိုက်တဲ့အခါမှာ စက်ရုပ်အကြီးကြီးမို့ သယ်ယူပို့ဆောင်ရေးမှာ ကြံ့ကြာနေတဲ့အချက်ပါပဲ။ဒါကြောင့် ပိုင်းလော့ဒ်ကောင်းတွေရအောင် ငယ်စဉ်ကတည်းက လေ့ကျင့်ပေးရပါတယ်။ ဒါကြောင့် လူသားတွေအနေနဲ့ ဒါတွေကို ဖြေရှင်းနိုင်ဖို့နည်းလမ်းတွေ ကြံစည်လာပါတယ်။ဒီမှာ တရုတ်နိုင်ငံ “ရှောင်-စက်မှုလုပ်ငန်း” ကနေ နည်းပညာအသစ်တွေနဲ့ ရှာကြံပြီး လူတစ်ယောက်တည်းကသာ မောင်းနှင်နိုင်ပြီး အဝေးထိန်းနဲ့ ထိန်းချုပ်နိုင်တဲ့ ယေဂါဒရုန်းစက်ရုပ်ကြီးတွေကို ပိုင်းလော့ဒ်တွေရှာရတဲ့ဒုက္ခ ကိုင်ဂျူးတွေနဲ့ တိုက်ခိုက်ရင်း ပိုင်းလော့ဒ်တွေမသေအောင်ဆိုပြီး တီထွင်နိုင်လိုက်ပြီး တစ်ကမ္ဘာလုံးအနှံ့တပ်ဖြန့်ထားနိုင်အောင် ...
movie
Pacific Rim: Uprising (2018)
2018
4K HEVC
An American Crime (2007) 7.2
An American Crime (2007) Tommy O’Haver ရိုက်ကူးတင်ဆက်ထားပြီးDecember 7, 2007 မှာ ရုံတင်ခဲ့တဲ့ အမေရိကန် တစ်နိုင်ငံလုံးကိုတုန်လှုပ်စေခဲ့တဲ့ ဖြစ်ရပ်မှန် မှုခင်း ရုပ်ရှင်ဖြစ်ပါတယ်…ဒီဇတ်ကားကို Channel Myanmar ရဲ့ Admin တစ်ဦးဖြစ်သူLittle Neo မှ အချိန်ပေး အသေးစိတ်က အစ ဘာသာပြန်ခဲ့တာဖြစ်ပြီးဘာသာပြန်နေစဉ် အချိန်အတွင်း ဇတ်ကားအတွင်းက ရက်စက်မှုတွေကြောင့်စိတ်မကောင်းဖြစ်ပြီး ရက်အနည်းငယ် အချိန်ထပ်ယူပြီးမှ ဘာသာပြန်ခဲ့ရပါတယ်အလွန်တရာ စိတ်ထိခိုက်စရာတွေ မြင်ရလို့ပဲ ဖြစ်ပါတယ်ဇတ်လမ်း အကျဉ်းနယ်လှည့်ပွဲစျေး ရောင်းသူ လင်မယား နှစ်ယောက်ရှိပါတယ်သူတို့မှာ သမီးကြီး ဆလ်ဗီယာ နဲ့ သမီးငယ် ဂျန်းနီ ဆိုတဲ့ သမီးနှစ်ယောက်ရှိပါတယ်သမီးကြီး ဆလ်ဗီယာ မှာ စိတ်ထားရိုးဖြောင့်လှသူဖြစ်ပြီး ခြေထောက်မသန် ပိုလီယို ဖြစ်နေသောညီမဖြစ်သူ ဂျန်းနီ အပေါ်တွင်လဲ အနွံတာ ခံသူ တစ်ယောက်ပါ…တစ်ရက်မှာတော့ သူမ တို့ မိဘ တွေနဲ့ မြို့တစ်မြို့က ခရစ်ယာန် ...
movie
An American Crime (2007)
Trouble with the Curve (2012)
Trouble with the Curve (2012)  IMDb - 6.8ဂန္တဝင်မင်းသားကြီး Clint Eastwood, လူးဝစ် လိန်းသရုပ်ဆောင် Amy Adams နဲ့ Justin Timberlake တို့ ပါဝင်သရုပ်‌ဆောင်ထားတဲ့ အားကစား ဒရာမာရုပ်ရှင်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဂတ်စ် လိုဘယ် (Clint Eastwood) ဟာ ဘေ့စ်ဘောကင်းထောက်တစ်ယောက်ဖြစ်ပြီး ဘရေ့ဗ်အသင်းမှာ အလုပ်လုပ်ပါတယ်။ ငယ်တုန်းကတော့ အသင်းအတွက် ကစားသမားကောင်းတွေ သေချာရှာပေးနိုင်ပေမဲ့ ဇရာရလာပြီဖြစ်လို့ အမြင်အာရုံကလည်း ချို့ယွင်းစပြုလာခဲ့ပြီး ကစားသမားကောင်းရွေးနိုင်စွမ်းလည်းကျလာခဲ့ပါတယ်။ မိတဆိုး သမီးလေးဖြစ်သူ မစ်ကီ (Amy Adams) နဲ့လည်း အခေါ်အပြောဆက်ဆံရေးလောက်ပဲရှိပြီး ရင်းနှီးတဲ့ဆက်ဆံရေးမရှိခဲ့ပါဘူး။ မစ်ကီကတော့ အဖေနဲ့ နီးစပ်ချင်လို့ကြိုးစားခဲ့ပေမဲ့လည်း ဂတ်စ်ကိုယ်တိုင်ကရှောင်နေခဲ့တာပါ။တနေ့မှာတော့ ဂတ်စ်တယောက် မြောက်ကယ်ရိုလိုင်းနားက နာမည်ကြီးနေတဲ့ ဘို ဂျန်ထရီဆိုတဲ့ ကစားသမားကို ကင်းထောက်သွားဖို့ရင်း မိတ်ဆွေဖြစ်သူ ပိပ်ရဲ့ အကူအညီတောင်းမှုကြောင့် သမီးဖြစ်သူ မစ်ကီလည်းလိုက်လာပြီး ကင်းထောက်တာကို ကူညီပေးရင်းနဲ့ အဖေနဲ့ သမီးနှစ်ယောက်ကြားက ...
movie
Trouble with the Curve (2012)
1992 (2023) 6.0
1992 (2023)  ဒီဇာတ်ကားလေးကတော့ 2024 မှာထွက်ရှိခဲ့တဲ့ အက်ရှင်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။မာဆာ က လူမည်းဂိုဏ်းလောကအသိုင်းအဝိုင်းမှာ လူလေးစားခံရသူတစ်ယောက်ပါ။သူ့မှာ အန်တွိုင်းလို့ခေါ်တဲ့ သားတစ်ယောက်ရှိပြီး သားအဖနှစ်ယောက်ဆက်ဆံရေးကအဆင်မပြေလှပါဘူး။ မာဆာ က ထောင်ထွက်တစ်ဦးဖြစ်ပြီး သတ္တုစက်ရုံတစ်ခုမှာအလုပ်လုပ်ရင်း ဘဝကို အေးဆေးဖြတ်သန်းနေသူပါ။တစ်ချိန်တည်းမှာပဲ ဓားပြအဖွဲ့တစ်ဖွဲ့က မာဆာ အလုပ်လုပ်နေတဲ့စက်ရုံကဒေါ်လာသန်းနဲ့ချီတဲ့ ပလက်တီနမ်ချောင်းတွေကို ဝင်ပြီး ဓားပြတိုက်ဖို့အတွက်ကြံစည်နေတယ်။ အဲဒီအချိန်မှာပဲတိုက်တိုက်ဆိုင်ဆိုင် အမေရိကန်နိုင်ငံမှာလူမည်းဆိုင်ကယ်သမားကို ရဲတွေက ရိုက်နှက်မှုကြောင့် ဆန္ဒပြပွဲတွေအကြီးအကျယ်ဖြစ်ပြီး ဆူပူအုံကြွမှုတွေဖြစ်လာပါတော့တယ်။ဒီဇာတ်ကားမှာတော့ သားဇောနဲ့ မာဆာ၊ ဆူပူမှုကိုအခွင့်ကောင်းယူကြမဲ့ ဓားပြအုပ်စုတို့ကို အက်ရှင်အခန်းတွေအပြည့်နဲ့ ကြည့်ရှုကြရမှာဖြစ်ပါတယ်။ File size…1.22GB / 698MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 37m Genre ….. Action , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil
movie
1992 (2023)
The Longest Ride (2015) 7.0
The Longest Ride (2015) " လူတစ်ယောက်ကို အမှန်တကယ်ချစ်မိသွားရင်သူ့ရဲ့ ပျော်ရွှင်မှု မှာ ကိုယ်မပါရင်တောင် လက်လွှတ်ပေးသွားနိုင်တယ် "ကျနော် တို့ အချစ်အကြောင်း ပြောကြတဲ့ အခါအမျိုးအမျိုး ပြောကြပါလိမ့်မယ်ရိုးရှင်းလွန်းတဲ့ အချက်ကတော့ချစ်ရတဲ့သူပျော်နေရင် ကိုယ်တိုင်ကလဲပျော်ရွှင်ရတာပါပဲ....The Longest Ride ကို ကြည့်မိတဲ့ အခါနွားကျောင်းသားလေး လုခ် နဲ့ ဆိုဖီယာ တို့ အတွဲရယ်အိုင်ရာ နဲ့ ရုဒ် တို့ အတွဲရဲ့ အချစ်ဇာတ်လမ်း နှစ်ခုလုံးကို တွေ့ရမှာပါလူတွေဟာ တစ်ခါတစ်လေကျရင် ကိုယ်က ဘယ်လောက်ချစ်ပေးရတယ်ကိုယ်က ဘယ်လောက် အနစ်နာ ခံရတယ် ဆိုပြီး တွေးကြပေမဲ့တစ်ဖက်က စွန့်လွှတ်လိုက်ရတဲ့ အရာတွေကိုတော့ မသိခဲ့ကြပါဘူး...ဒီဇာတ်လမ်းမှာဆိုရင် လုခ် ဟာ နွားရိုင်းစီးတဲ့ နွားကျောင်းသားလေးပါနွားရိုင်းစီးတဲ့ ပွဲကို လာကြည့်တဲ့ ဆိုဖီယာ နဲ့ ဆုံကြပြီး ဒိတ်ဖြစ်သွားကြတယ်အပြန်မှာတော့ လမ်းတစ်နေရာမှာ မှောက်နေတဲ့ ကားထဲ ကနေအိုင်ယာ လို့ ခေါ်တဲ့ လူကြီးရယ် ...
movie
The Longest Ride (2015)
Pride (2007) 6.3
Pride (2007) ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတဲ့ ၁၉၇၄ ခုနှစ်နောက်ခံ အားကစားဒရမ်မာ ဇာတ်ကားလေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ ဖယ်လာဒဲဖီးယားပြည်နယ်က ရေကူးနည်းပြ ဂျင်မ်အဲလစ်စ်ရဲ့ ဘဝဇာတ်လမ်းဆိုလည်း မမှားပါဘူး။ ၁၉၇၄ ခုနှစ်မှာ ကောလိပ်ဘွဲ့ရ ဂျင်မ်အဲလစ်အတွက် အလုပ်ရှာရခက်ခဲတဲ့ အခြေအနေတစ်ခုကို ရင်ဆိုင်နေရချိန် ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ မြို့တော်ဌာနကနေ ဖယ်လာဒဲဖီးယားက ရပ်ကွက်ငယ်လေးတစ်ခုက အပန်းဖြေစင်တာတစ်ခုကို ပိတ်သိမ်းပေးဖို့ ကမ်းလှမ်းတလာတဲ့ အလုပ်တစ်ခုကို လက်ခံခဲ့ပါတယ်။ အဆိုပါစင်တာမှာ အလုံးစုံပျက်ဆီးနေတဲ့ ရေကူးကန်တစ်ခုကို ဂျင်မ်အနေနဲ့ ပြန်လည်အသုံးပြုလို့ရတဲ့အထိ ပြင်ဆင်ခဲ့ပါတယ်။ ရပ်ကွက်ထဲက လူမည်းဆယ်ကျော်သက် ယောကျ်ားလေးတွေကို ရေကူးဖို့ ဖိတ်ခေါ်ခဲ့ပြီးနောက်မှာတော့ ရေကူးအသင်းတစ်ခု တည်ထောင်ဖို့အထိ စည်းရုံးနိုင်ခဲ့ပြီး တက္ကသိုလ်အဆင့် ပြိုင်ပွဲတွေထိပါ ခြေဆန့်နိုင်ဖို့ အိပ်မက်ကိုယ်စီ ပိုင်ဆိုင်နိုင်ခဲ့ကြပါတယ်။ ယောကျ်ားလေးတွေပဲ ရှိတဲ့ ရေကူးအသင်းထဲကို ဝီလီဆိုတဲ့ ပါရမီရှင်ရေကူးသမား အမျိုးသမီးငယ်လေး ပါ ပူးပေါင်းလာချိန်မှာတော့ တခြားလူဖြူရေကူးအသင်းတွေတန်းတူ အစွမ်းပြလာနိုင်ခဲ့ပါတယ်။ လူမည်း ရေကူးသမားတွေကို နေရာတိုင်းမှာ နှိမ့်ချဆက်ဆံလူမျိုးရေးခွဲခြားခံနေရတဲ့ အချိန်ကာလကြီးမှာ ဂျင်မ်အဲလစ်စ်က သူ့ရဲ့ရေကူးသမားဘဝက မပြီးဆုံးနိုင်ခဲ့တဲ့အိပ်မက်ကို ဆက်လက်အကောင်အထည်ဖော်ဖို့ မျှော်လင့်ချက် ရောင်ခြည်သမ်းလာခဲ့ပါတယ်။ ရေကူးအသင်းသားတွေရဲ့ ရေကူးကန်အတွင်းနဲ့ အပြင်ဘဝကိုပါ ထိန်းကျောင်းပေးရင်းနဲ့ပဲ ဂျင်မ်အဲလစ်စ်ရဲ့ ရေကူးအသင်းလေးဟာ ဘယ်လ်တီမိုးတက္ကသိုလ် အမျိုးသားရေကူးပြိုင်ပွဲဗိုလ်လုပွဲအထိပါ တက်ရောက်လာနိုင် ခဲ့ပါတယ်။ ...
movie
Pride (2007)
Suicide Squad (2016) 6.0
Suicide Squad (2016) DCEU လို့ သိကြတဲ့ DC Extended Universe ဟာ Aquaman and the Lost Kingdom ရုပ်ရှင်အပြီး ၂၀၂၃ ခုနှစ်မှာတော့ ပိတ်သိမ်းသွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒါရိုက်တာ Zack Snyder နဲ့အစပြုခဲ့တဲ့ DCEU ဟာ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Warner Bros. နဲ့ အနုပညာရှင် ဒါရိုက်တာတွေကြားက အဆင်မပြေမှုတွေအပြင် အခြားကိစ္စရပ်များကြောင့်ပါ ဝိဝါဒကွဲပြဲတဲ့ အစီအစဉ်တွေနဲ့ မတည်ငြိမ်တဲ့ Universe တစ်ခုဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် DCEU ဟာ Superman, Batman, Wonder Woman,Aquaman,Flash တို့လို ပရိတ်သတ်သဘောကျတဲ့ဇာတ်ကောင်တွေကိုလဲ တင်ဆက်နိုင်ခဲ့တာမလို့ DC ဖန်တွေအတွက် ကျေနပ်စရာကိစ္စရပ်တွေလဲ ရှိခဲ့ပြီး ထိုက်သင့်တဲ့အောင်မြင်မှုတွေလဲ ရရှိခဲ့ပါတယ်။ဒါကြောင့်မလို့ ပြီးဆုံးခဲ့ပြီဖြစ်တဲ့ DCEU ရုပ်ရှင်အားလုံးကို BluRay 4K Quality နဲ့သိမ်းထားလို့ရအောင်တင်ဆက်လိုက်ပါတယ်.....DCEU ရုပ်ရှင်အားလုံးကို ဒီမှာ ...
movie
Suicide Squad (2016)
2016
4K HEVC
Invictus (2009) 7.3
Invictus (2009)  IMDB 7.3/10, RT 76 %, ဆု ၁၂ ဆုနဲ့ ဇကာတင် (အော်စကာဆုအပါအဝင်) ၃၈ ခု ဝင်ခဲ့တဲ့ Sport/Drama အမျိုးအစား ဖြစ်ရပ်မှန်ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဝါရင့်သရုပ်ဆောင်ကြီးတွေဖြစ်တဲ့ Morgan Freeman (The Shawshank Redemption)နဲ့ Matt Damon (The Martian)တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပြီး တောင်အာဖရိကရဲ့ပထမဆုံး လူမည်းသမ္မတ နယ်လ်ဆင်မန်ဒယ်လာရဲ့ လူဖြူ၊ လူမည်း ပြည်သူတစ်ရပ်လုံးကချစ်တဲ့သမ္မတအဖြစ် ကြိုးပမ်းပုံကို ပုံဖော်ရိုက်ကူးထားတာပါ။ဇာတ်လမ်းရဲ့ စ လယ် ဆုံး သုံးပါးလုံးက ခိုင်မာတဲ့ ဖြစ်ရပ်မှန် သမိုင်းနောက်ခံဖြစ်တယ်ဆိုတာနဲ့ အရည်အချင်းပြည့်ဝပြီး ပီပြင်အောင် သက်ဝင်ခံစားနိုင်တဲ့ သရုပ်ဆောင်တွေရယ်၊ ပါဝင်တဲ့ဇာတ်ကောင်တိုင်းက အပြင်လောကမှာ တကယ်ရှိတဲ့ဇာတ်ကောင်တွေကို ပုံဖော်ထားတာရယ်၊ ခမ်းနားကြီးကျယ်တဲ့ ပြိုင်ပွဲရိုက်ချက်တွေရယ်ကြောင့် review ကောင်းများစွာကို ရရှိထားတဲ့ ကားကောင်းတစ်ကားလည်း ဖြစ်ပါတယ်။ဇာတ်ကားရဲ့နာမည် Invictus ...
movie
Invictus (2009)
Chasing Mavericks(2012) 7.1
Chasing Mavericks(2012) Chasing Mavericks(2012)************************လှိုင်းကြီးလှေအောက် တောင်ကြီးဖဝါးအောက် စကားဟာ လူသားတွေရဲ့ အားမာန်ကိုပြသတဲ့စကား ဖြစ်ပါတယ်။ဒါပေမယ့် ဒီစကားဟာ ကယ်လီဖိုးနီးယားပြည်နယ်မြောက်ဘက်ကမ်းခြေက မားဗရစ်ခ်(Mavericks) လှိုင်းလုံးကြီးတွေကိုစီးနင်းဖို့ ကြိုးစားတဲ့ လှိုင်းစီးသမားတွေအတွက် အမြဲတမ်းမမှန်ကန်ပါဘူး။ဂျေးမော်ရီယာတီ ဟာ ဖခင်ရဲ့ စွန့်ပစ်မှုကြောင့် သောကရောက်နေတဲ့ မိခင်နဲ့ အတူနေထိုင်သူဖြစ်ပြီးရေလွှာလှိုင်းစီးရတာကို ကလေး ကတည်းက နှစ်သက်သူဖြစ်ပါတယ်။ တစ်ရက်မှာ သူရဲ့အိုင်ဒေါဖြစ်တဲ့လှိုင်းစီးသမား ဖရော့စ်တီတို့ လှိုင်းစီးသွားတာ လိုက်ချောင်းရင်း ဧရာမကြီးမားတဲ့ မားဗရစ်ခ်ရေလှိုင်းတွေကိုဖရော့စ်တီစီးလေ့ရှိတာကို သိသွားပါတယ်။ ဒါနဲ့ပဲ ဖရော့စ်တီ့ဆီမှာ အပူကပ်ပြီး သူ့ကို မားဗရစ်ခ်ရေလှိုင်းကိုစီးနိုင်တဲ့အထိသင်ပေးဖို့ ပူဆာပါတော့တယ်။ တစ်ဖက်မှာ လည်း ဖရော့စ်တီဟာ သူ့မိန်းမဖြစ်သူကိုအန္တရာယ်ရှိတဲ့ရေလှိုင်းတွေ ထပ်မစီးတော့ဘူးလို့ ကတိပေးထားပြီးသား ဖြစ်နေပါတယ်။ဂျေးမော်ရီယာတီကတော့ ဘယ်လိုဖြစ်နေနေ မားဗရစ်ခ်ရေလှိုင်းတွေကို စီးဖို့ စိတ်ပိုင်းဖြတ်ပြီးသား ဖြစ်ပါတယ်။မားဗရစ်ခ်ရေလှိုင်းတွေကို သူတကယ်စီးနင်းနိုင်ပါ့မလား၊ ဘယ်လိုအခက်အခဲတွေ သူရင်ဆိုင်ခဲ့ရလဲ၊သူဖြစ်ချင်တဲ့ရေလွှာလှိုင်းစီးသမားဘဝကို လွယ်လွယ်ကူကူတက်လှမ်းနိုင်ပါ့မလားဆိုတာကို ခံစားကြည့်ရှုရမှာပါ။ ဒီဇာတ်ကားဟာ ရေလွှာလှိုင်းစီးသမား ဂျေးမော်ရီယာတီ(Jay Moriarity)ရဲ့ အတ္ထုပ္ပတ္တိဖြစ်ပါတယ်။သူ့ဘဝအနိမ့်အမြင့်၊ အတက်အကျနဲ့ အချစ်ရေးကိစ္စတွေကို ...
movie
Chasing Mavericks(2012)
Texas Chainsaw 3D (2013) 4.8
movie
Texas Chainsaw 3D (2013)
2013
I Want You Back (2022) 6.7
I Want You Back (2022) ပီတာနဲ့ အမ်မာတို့ဟာ တတိုက်ထဲမှာအလုပ်တူတူလုပ်ပေမယ့် အချင်းချင်းမသိကြပါဘူး။တစ်ရက်မှာ မတော်တဆတွေ့မိရာကနေ သူတို့နှစ်ယောက်လုံး နှစ်ရှည်ကြာတွဲခဲ့တဲ့ရည်းစားတွေက မကြာသေးခင်ကပဲ ထားပစ်ခြင်းခံကြရမှန်းသိသွားကြပါတယ်။ဒီလိုနဲ့ပဲ သူတို့ရဲအရင်ရည်းစားတွေကိုပြန်ရနိုင်အောင် အချင်းချင်းကူညီပေးဖို့သဘောတူလိုက်ကြပါတယ်။သူတို့အကြံအစည်အတိုင်းလုပ်ကြရာမှာ ဟာသတွေ၊တလွဲတွေဖြစ်လာသလို နာကျင်ရမှုတွေ၊အချင်းချင်းလည်းနီးစပ်လာမှုတွေလည်း ဖြစ်လာပါတော့တယ်။အမ်မာနဲ့ပီတာတို့နှစ်ယောက်သူတို့ဘ၀ရဲ့အချစ်စစ်ကိုရှာတွေ့နိုင်မှာလား။ဒီကားက Romantic Comedy လေးဖြစ်ပြီး Romance အပိုင်းရော Comedyအပိုင်းကိုပါ ပိုင်နိုင်‌အောင်ရိုက်ပြထားပါတယ်။ဒါရိုက်တာ Jason Orley ကရိုက်ကူးထားပြီး Jenny Slate,Charlie Day,Scot Eastwood,Gina Rodriguezတို့ပါ၀င်ထားပါတယ်။Rotten tomatoမှာ 89%,Imdb 6.7/10 ရထားပါတယ်။ File size…(1.96 GB)/(820.33 MB)/(482.88 MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:56:00 Genre...Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP 
movie
I Want You Back (2022)
Dangerous (2021)
Dangerous (2021) အန္တရာယ်ကောင်ဆိုတဲ့ ဇာတ်လမ်းလေး ကြည့်လိုက်ရအောင်။ ဒီ ဖော်ရက်စတာဆိုတဲ့ လူတစ်ယောက်ဟာ လူတွေရဲ့ခံစားချက်ကို နားမလည်တတ်တဲ့ စိတ်ရောဂါတစ်မျိုးနဲ့လူပါ။ ဝမ်းနည်းတာတွေ ကြောက်တာတွေကို မခံစားတတ်ဘူး။ အထူးတပ်ဖွဲ့မှာ အထက်အရာရှိကို သတ်မိမလိုဖြစ်ပြီး တပ်က ထွက်လာခဲ့ရတယ်။ ပြီးတော့ လူဆိုးဂိုဏ်းတစ်ခုနဲ့ ပေါင်းမိပြီး သွေးအေး လူသတ်သမားဖြစ်လာတယ်။ ထောင်ထဲမှာ စိတ်ဆရာဝန်တွေပြပြီး သူ့ရဲ့ အရင်အကျင့်ဟောင်းနဲ့ စိတ်တွေကို ပြင်ဖို့ ကြိုးစားနေတဲ့ လူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ သူ့မှာ သမိုင်းပါမောက္ခ လူရိုးလူဖြောင့် ရှောင် ဆိုတဲ့ ညီတစ်ယောက်ရှိတယ်။ ဇာတ်လမ်းက အဲဒီက စတာပါ။ ရှောင်ဟာ ကွှန်းတစ်ကျွန်းကိုဝယ်ပြီးမိသားစုနဲ့အတူနေထိုင်ရင် တစ်နေ့မှာ ရုတ်တရက် သေဆုံးသွားခဲ့တယ်။ အဲဒီစျာပနကို အစ်ကိုဖြစ်သူ ဒီ ရောက်လာရင်းနဲ့ ကျွန်းပေါ်မှာ လူဆိုးအဖွဲ့တွေနဲ့ အရှုပ်အရှင်းတွေကြားထဲကို ရောက်သွားပါတယ်။ သူ့မိသားစုကိုလည်း ကာကွယ်ရင်း အရင်လိုလည်း လူမသတ်မိအောင်ထိန်းနေရတဲ့ ဒီ တစ်ယောက်ဘယ်လို ရုန်းကန်ရမလဲဆိုတာ.....File Size : (1.5 GB) & (800 MB) Quality : Bluray rip 1080p & 720 p Running Time ...
movie
Dangerous (2021)
Wrath of Man (2021) 7.4
Wrath of Man (2021) Wrath Of Man (2021) Web-Dl 720p & 1080p Web rip x264အကြည်ရပါပြီ --------------------------------(ခဏနေ 1080p ထပ်တင်ပေးပါ့မယ်)ဂျေဆန် စတေသန်ကြီးရဲ့ အက်ရှင်ကား အကြမ်းတစ်ခု လာပါပြီ။ ဒီကားကတော့ အတော်ကောင်းပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့လော့စ်အန်ဂျလိမှာ ဖော်တီကိုဆိုတဲ့ ကုမ္ပဏီတစ်ခုရှိတယ်။ သူတို့တွေက ကာစီနိုတွေ၊ ကုန်တိုက်တွေကနေ ငွေတွေ သယ်ပို့ပေးတာတွေကို ဝန်ဆောင်မှုပေးတာပါ။ငွေသယ်ကားတွေနဲ့ လုံခြုံရေးကုမ္ပဏီတစ်ခုပေါ့။ အမြဲတမ်း ဒေါ်လာ သန်းချီပြီးသယ်နေရတာဖြစ်တော့ ဓားပြတွေ မျက်စိကျတဲ့ ကားတွေပါပဲ။ တစ်နေ့မှာ ကားတစ်စီး ဓားပြတိုက်ခံရပြီးအစောင့်နှစ်ယောက် သေသွားခဲ့တယ်။ အဲဒီနောက်မှာ လူသစ်ဝင်လာတာကတော့ ကျွန်တော်တို့ရဲ့ ဖိုက်တာကတုံးပေါ့။ ကတုံးဝင်လာပြီးပြီးချင်းဓားပြခြောက်ယောက် မသာပေါ်သွားအပြီးမှာ ကတုံးလည်း သူရဲကောင်းဖြစ်သွားတာပေါ့။ ဒါပေမယ့်သူဝင်လာရတဆက ရည်ရွယ်ချက်တွေ၊ ဓားပြမှုတွေ နဲ့ ဓားပြတွေ ဘယ်လိုဆက်စပ်နေသလဲဆိုတာကို ဇာတ်လမ်းထဲမှာ အဖြေရှာကြည့်ရမှာပါပဲ။...Translated by : ...
movie
Wrath of Man (2021)
2021
The Outpost (2020) 6.6
The Outpost (2020) The OutpostRotten Tomato 91% IMDB 6.6 Metacritic 72%စစ်ကား ကောင်းကောင်းလေးတွေ မထွက်တာကြာနေတဲ့အချိန်မှာRating ကောင်းကောင်းနဲ့ စစ်ကားလေး ထွက်လာပါတယ် ကြည့်ကိုကြည့်သင့်တဲ့ဇာတ်ကား အစပိုင်းနည်းနည်းအေးပေမယ့်တိုက်ပွဲခန်းတွေကတော့ တကယ်ကြမ်း။ကြည့်နေရင်းလည်း စိတ်တိုစရာရှိတဲ့သူတွေကို စိတ်တိုမိလိမ့်မယ်။ဖြစ်ရပ်မှန်ရိုက်ထားတာဖြစ်လို့ နောက်ပိုင်းမှာ အင်တာဗျူးလေးတွေပါတာကိုပါ ကြည့်လို့ရပါတယ်။စစ်တပ်မှာ သုံးတဲ့စကားလုံးတွေတော့ အတတ်နိုင်ဆုံးရှာပြီးကိုက်ညီအောင် ဘာသာပြန်ပေးထားပါတယ်။မှားတာလေးများတွေ့ရင် သည်းခံပေးပါအုံး။မင်းသားတွေကလည်း နာမည်ကြီးတွေပဲ။Scott Eastwood ဆို တချို့ကတော့ The longest rideထဲက မင်းသားလို့သိကြမယ်။သူ့အဖေ Clint Eastwood နဲ့ နှိုင်းယှဉ်လို့မရသေးပေမယ့်သရုပ်ဆောင်ကောင်းတယ်ဆိုတာတော့ ငြင်းမရနိုင်ဘူး။နောက် သူကအရင်ကလည်း စစ်ကားတကားရိုက်ဖူးပါတယ်။အဲထဲမှာတော့ သူ့မှာ ကလေးမလို့ မပစ်လိုက်ရတာနဲ့လက်နက်ချတဲ့ရန်သူကိုမသတ်ချင်လို့ သူ့ပဲသတ်ပါလို့ ပြောရတာနဲ့ ...
movie
The Outpost (2020)
Fury(2014) 7.6
Fury(2014) Fury(2014) Blu-Ray 1080p 5.1 CH,720P IMDB rating .....7.6 ၁၉၄၅ ခုနှစ်၊ ဧပြီလ။  ဒုတိယကမ္ဘာစစ် ဥရောပစစ်မြေပြင်။  အင်အားကြီးစစ်နိုင်ငံဖြစ်တဲ့နာဇီ ဂျာမနီနိုင်ငံအား အမေရိကန်မှ နောက်ဆုံးထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အချိန်။ အမေရိကန်စစ်တပ် တပ်မဟာ ၆၆၊ တပ်ခွဲ ၂မှ တပ်ကြပ်ကြီး ကော်လီရာ ( Collier ) က ယင်းစစ်မြေပြင်မှာ ဖျူရီ (fury)  လို့ခေါ်တဲ့တင့်ကား ကိုဦးဆောင်ကာ တိုက်ပွဲဝင်နေသူဖြစ်ပါတယ်။ ဖျူရီ ရဲ့ တခြားတပ်ဖွဲ့ဝင်တွေဖြစ်တဲ့  သေနတ်သမား ဘိုင်ဘယ် (Bible) ၊လက်နက်ကြီးကျည်ဖြည့်တာဝန် ကွန်းအက်စ် (Coon-Ass) ၊ တင့်ကားမောင်းသူ ဂေါ်ဒို (Gordo) တို့ဟာ စစ်စကတည်းက တွဲဖက်ညီညီ နဲ့တိုက်ပွဲဝင်ခဲ့ကြတဲ့ ဝါရင့်စစ်သားတွေပဲဖြစ်ပါတယ်။အလန်းစားတင့်တိုက်ပွဲတွေတွေ့ရမြင်ရမှာဖြစ်သလို၊ရဲဘော်ရဲဘက်စိတ်၊စစ်အတွင်း လူသားအချင်းချင်း တစ်ယောက်နဲ့တစ်ယောက်သဘောထားတွေကိုအကောင်းဆုံးရိုက်ပြနိုင်တဲ့ကားဖြစ်ပါတယ်... ခံစားကြည့်လိုက်ပါဦးFile Size : (2.7GB)၊(950MB) Quality : Blu-Ray 1080p 5.1 CH,Blu-Ray ...
movie
Fury(2014)
2014