Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Scott Bigelow
Ready to Rumble (2000)
Ready to Rumble ဆိုတဲ့ "လုံးသတ်ဖို့အသင့်ပဲ" လို့အဓိပ္ပါယ်ရတဲ့ဒီဇာတ်ကားက Professional wrestling အတွင်းမှာ ပရိသတ်ရဲ့ စိတ်အားထက်သန်မှုနဲ့ အားကစားချစ်သူတို့ရဲ့ ခံစားချက်များကို ပြသဖို့ ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာတော့ ဂေါ်ဒီနဲ့ ရှန်တို့နှစ်ယောက် နပမ်းသမားလောကမှာ သူတို့စံ,ထားရတဲ့ ဂျင်မီကင်းဟာ ပွဲတစ်ပွဲမှာ မမျှမတ ရှုံးနိမ့်သွားတာကြောင့် ပွဲစဥ်ကနေ တသက်တာအနားယူခဲ့ရပါတယ်။ဇာတ်လမ်းထဲမှာ ပရိသတ်များက သူတို့နှစ်သက်ရာ နပမ်းသမား ကို အောင်မြင်စေဖို့ အားပေးကြပြီး နောက်တန်းထွက်ကစားသမားများ, ကမ္ဘာ့စံချိန်ပြိုင်ဆိုင်မှုများနဲ့ စိတ်လှုပ်ရှားဖွယ် အတွေ့အကြုံများကို ဖော်ပြထားပါတယ်။ ဟာသကားဖြစ်တာနဲ့အညီ ဇာတ်ကောင်တွေရဲ့ မတူညီတဲ့စွမ်းရည် ဟာသဉာဏ်ကွန့်မြူးမှုတို့ကို တစိမ့်စိမ့်ခံစားရင်း ကြည့်ရှုရမှာပါ။ အနားယူခံရတဲ့ ဂျင်မီကို သိမ်းသွင်းပြီး နပမ်းသမားလောကကို ပြန်ရောက်အောင် ဘယ်လိုဖြောင်းဖြသွားမလဲဆိုတာ......File size…(2.5 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Action, Comedy Subtitle….Myanmar Subtitle ...
movie
Ready to Rumble (2000)
5.5
Joe’s Apartment (1996)
Joe's Apartment (1996) =================ဂျိုးဟာ အိုင်အိုဝါနယ်သားလေးတစ်ယောက်ဖြစ်ပြီး အလုပ်ရှာဖို့ ရည်ရွယ် ချက်နဲ့နယူးယောက်ကိုတက်လာခဲ့တာဖြစ်ပါတယ်။ ရောက်ကတည်းက မြို့ကြီးသားတွေပညာပြတာကို အလီလီခံနေရပြီး အိမ်ကိုငွေပြန်ပို့ဖို့နေ နေသာ တစ်ချိန်လုံး သူ့အမေဆီကပဲချေးနေရပါတယ်။ နေဖို့ထိုင်ဖို့အတွက် ကျောတစ်ခင်းစာနေရာလိုက်ရှာရင်း ဆင်းရဲသားရပ်ကွက်ထဲက တစ်ခု တည်းကျန်နေတဲ့ တိုက်ကြီးတစ်လုံးက အခန်းတစ်ခန်းကိုစျေးချိုချိုနဲ့ရ ခဲ့ပါတယ်။တကယ်တော့ သူရသွားတဲ့တိုက်ခန်းနေရာကို လွှတ်တော်အမတ် ဒေါ်ဂါ တီက ထောင်ကြီးတစ်လုံးတည်ဆောက်ဖို့ရည်ရွယ်နေတာဖြစ်ပြီး နေထိုင် သူတွေကိုလူဆိုးတွေနဲ့ခြိမ်းခြောက်မောင်းထုတ်လေ့ရှိပါတယ်။ဂျိုးရောက် အပြီးမကြာခင်မှာပဲ သူ့ကိုခြိမ်းခြောက်ဖို့လာတဲ့ လူဆိုးနှစ်ယောက်ကို တိုက်ခန်းထဲမှာရှိတဲ့ ဂျိုးရဲ့အခန်းဖော်တွေက ပညာပြလွှတ်လိုက်တဲ့အတွက် အလဲလဲအကွဲကွဲထွက်ပြေးသွားကြရပါတယ်။အဲ့ဒီအခန်းဖော်တွေကတော့ သူ့အရင်အစဉ်အဆက်နေထိုင်ခဲ့ကြတဲ့ ပိုးဟပ် တွေဖြစ်ပြီး အဲ့ဒီပိုးဟပ်တွေအကုန်လုံးက စကားပြောတတ်ပါတယ်။ သူတို့ လိုပဲ ညစ်ပတ်ပျင်းရိတဲ့ ဂျိုးကို ချက်ချင်းသဘောကျသွားပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ဖို့ ကမ်းလှမ်းလာချိန်မှာတော့..။ဂျိုးတစ်ယောက်ပိုးဟပ်တွေနဲ့အတူယှဉ်တွဲနေထိုင်နိုင်သွားမလား၊ သူတို့ တိုက်ခန်းနေရာကိုလိုချင်နေတဲ့ လွှတ်တော်အမတ်နဲ့ တပည့်လူဆိုးတစ်သိုက် ကိုဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ၊ အစရှိတာတွေကို ဇာတ်ကားထဲမှာဆက်ပြီး အဖြေရှာလိုက်ကြပါ။တစ်ကားလုံးခွီနေရတဲ့ဇာတ်ကားဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(1.66 GB) / (986 MB) Quality............BLU-RAY 1080p / 720p Duration.........1Hr 20Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Fantasy, Musical Translator.......Alias Encoder..........SWM
movie
Joe’s Apartment (1996)
1996
5.5
Joe’s Apartment (1996)
ဂျိုးဟာ အိုင်အိုဝါနယ်သားလေးတစ်ယောက်ဖြစ်ပြီး အလုပ်ရှာဖို့ရည်ရွယ်ချက်နဲ့နယူးယောက်ကိုတက်လာခဲ့တာဖြစ်ပါတယ်။ ရောက်ကတည်းက မြို့ကြီးသားတွေပညာပြတာကို အလီလီခံနေရပြီး အိမ်ကိုငွေပြန်ပို့ဖို့နေနေသာ တစ်ချိန်လုံး သူ့အမေဆီကပဲ ချေးနေရပါတယ်။ နေဖို့ထိုင်ဖို့အတွက် ကျောတစ်ခင်းစာနေရာလိုက်ရှာရင်း ဆင်းရဲသားရပ်ကွက်ထဲက တစ်ခုတည်းကျန်နေတဲ့ တိုက်ကြီးတစ်လုံးက အခန်းတစ်ခန်းကိုစျေးချိုချိုနဲ့ရခဲ့ပါတယ်။တကယ်တော့ သူရသွားတဲ့တိုက်ခန်းနေရာကို လွှတ်တော်အမတ် ဒေါ်ဂါတီက ထောင်ကြီးတစ်လုံးတည်ဆောက်ဖို့ရည်ရွယ်နေတာ ဖြစ်ပြီး နေထိုင်သူတွေကိုလူဆိုးတွေနဲ့ခြိမ်းခြောက်မောင်းထုတ်လေ့ရှိပါတယ်။ဂျိုးရောက်အပြီးမကြာခင်မှာပဲ သူ့ကိုခြိမ်းခြောက်ဖို့လာတဲ့ လူဆိုးနှစ်ယောက်ကို တိုက်ခန်းထဲမှာရှိတဲ့ ဂျိုးရဲ့အခန်းဖော်တွေက ပညာပြလွှတ်လိုက်တဲ့အတွက် အလဲလဲအကွဲကွဲထွက်ပြေးသွားကြရပါတယ်။ အဲ့ဒီအခန်းဖော်တွေကတော့ သူ့အရင်အစဉ်အဆက်နေထိုင်ခဲ့ကြတဲ့ ပိုးဟပ်တွေဖြစ်ပြီး အဲ့ဒီပိုးဟပ်တွေအကုန်လုံးက စကားပြောတတ်ပါတယ်။ သူတို့လိုပဲ ညစ်ပတ်ပျင်းရိတဲ့ ဂျိုးကို ချက်ချင်းသဘောကျသွားပြီး ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ဖို့ ကမ်းလှမ်းလာချိန်မှာတော့..။ဂျိုးတစ်ယောက်ပိုးဟပ်တွေနဲ့အတူယှဉ်တွဲနေထိုင်နိုင်သွားမလား? သူတို့တိုက်ခန်းနေရာကိုလိုချင်နေတဲ့ လွှတ်တော်အမတ်နဲ့ တပည့်လူဆိုးတစ်သိုက်ကိုဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ? အစရှိတာတွေကို ဇာတ်ကားထဲမှာဆက်ပြီး အဖြေရှာလိုက်ကြပါ။တစ်ကားလုံးခွီနေရတဲ့ဇာတ်ကားဖြစ်ပါတယ်။( ဘာသာပြန််ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(2GB)/(1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:20:00 Genre_Comedy, Fantasy, Sci-Fi Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias
movie
Joe’s Apartment (1996)
6.3
Major Payne (1995)
Major Payne (1995) Genre – Adventure, Comedy, Family IMDB – 6.3/10 မေဂျာပိန်းဆိုတာက အမေရိကန်စစ်တပ်က အားထားရတဲ့ အထူးရှယ် လူသတ်လက်နက်ကြီးပေါ့။ ဒါပေမဲ့ နောက်ထပ် စစ်မြေပြင်တွေ မရှိတော့တဲ့အခါမှာ မေဂျာပိန်းအတွက် အလုပ်လက်မဲ့ ဖြစ်ခဲ့ရပါတော့တယ်။ အရပ်သားဘဝနဲ့ ကြိုးစားနေကြည့်တော့လည်း အဆင်မပြေမှုပေါင်းများစွာနဲ့ ဖြတ်သန်းနေရရော။ ဒီလိုနဲ့ အထက်အရာရှိကို တောင်းပန်ပြီး စစ်တပ်နဲ့ သက်ဆိုင်ရာ အသတ်အဖြတ်အလုပ်လေး တောင်းကြည့်တော့ အကယ်ဒမီကျောင်းတစ်ခုက ပရိုဂရမ်နဲ့ ဗိုလ်လောင်းလေးတွေကို နည်းပြလုပ်ရမယ်ဆိုပြီး အလုပ်တစ်ခု ရသွားခဲ့တယ်။ ဖြစ်ချင်တော့ ဗိုလ်လောင်းတွေဆိုတာက တကယ့်ကို နှပ်ချေးတွဲလောင်း ၆ နှစ်သားလောက်ကစပြီး ဆယ်ကျော်သက်အရွယ်ထိ အရွယ်စုံ လူစုံ ပေါင်းစုံ စုဝေးထားတဲ့ မျှော်လင့်ချက်မဲ့ ဗရုတ်သုတ်ခ ကလေးတစ်သိုက် ဖြစ်နေပါတယ်။ အဲဒီမှာတင် စည်းကမ်းတင်းကြပ်လွန်းတဲ့ မေဂျာပိန်းတစ်ယောက် ကလေးတစ်သိုက်ကို ဘယ်လိုတွေ ပြုစုပျိုးထောင် လေ့ကျင့်ပေးသွားမလဲ၊ အကြံပေးဆရာမလေးရဲ့ အကူအညီကို ဘယ်လိုယူပြီး ပြောင်းလဲသွားမလဲ၊ သံမဏိစိတ်ဓာတ်နဲ့ အသည်းမာတဲ့ မေဂျာပိန်းတစ်ယောက် သူ့တပ်ဖွဲ့မှာ ဘုနဲ့ဘောက် ဘယ်လိုတွေ ဆက်ဖြစ်မလဲဆိုတာကို ရယ်မောစရာလေးတွေနဲ့ တင်ဆက်ထားတဲ့ ၉၀ ခုနှစ် ကာလရဲ့ မိသားစု ဟာသကားလေးပဲ ဖြစ်ပါတယ်။ File size… ...
movie
Major Payne (1995)
1995