Channel Myanmar

Saurabh Goyal

Chhorii 2 (2025)
Chhorii 2 (2025) Chhorii 2 2025 (မိန်းမပျိုလေး)၂၀၀၁ မှာထွက်ရှိခဲ့တဲ့ Chhorii ရဲ့ အဆက်လေး ထွက်ရှိလို့လာခဲ့ပါပြီ။ရှေ့ကားမှာတော့ ဆတ်ရှီတစ်ယောက် ကိုယ်ဝန်ကြီးနဲ့ ခက်ခက်ခဲခဲ ကလေးမွေးဖို့အတွက် ရုန်းကန်ရင်းနဲ့ ထိတ်လန့်ဖွယ်ရာတွေ ကြုံတွေ့ခဲ့ရတာကို မြင်တွေ့ခဲ့ရမှာပဲဖြစ်ပါတယ်။ဆတ်ရှီတစ်ယောက် ကလေးလေးကို ခက်ခဲစွာမွေးဖွားပြီးတဲ့နောက်မှာတော့ ဆတ်ရှီ့ကလေးလေးဟာ ထူးခြားစွာနဲ့ နေရောင်ကို မခံနိုင်ဘဲ နေရောင်နဲ့ထိတွေ့မိတာနဲ့ အသားတွေလောင်သွားတဲ့ ဓာတ်မတည့်မှုကြီးဖြစ်နေတဲ့အတွက် အိမ်ထဲမှာပဲ ပိုးလိုမွေးလာခဲ့ရပါတယ်။ဆတ်ရှီတို့ သားအမိကို အရာရှိဆမ်မာက ကူညီပေးထားပြီး ဆတ်ရှီ့အတွက် ကျောင်းတစ်ကျောင်းမှာ ဆရာမအလုပ်ပါ ရှာပေးထားလို့ အဆင်ပြေခဲ့ရပါတယ်။သို့ပေမဲ့လည်း ဆတ်ရှီတစ်ယောက် ကလေးလေးရဲ့ပညာရေးအတွက် သမီးလေးကျောင်းတက်နိုင်ဖို့ သူအလုပ်လုပ်ရာကျောင်းမှာ အိမ်ကနေပဲ စာသင်နိုင်ဖို့ ကြိုးစားနေရင်းနဲ့ သမီးလေးရဲ့ နေရောင်မခံနိုင်တဲ့ကိစ္စအတွက် ဘယ်လိုမျိုး အဖြေရှာသွားမလဲ .......အရာရှိဆမ်မာကရော ဘယ်လောက်ထိ အကူအညီရနိုင်မလဲ .......ဒီရဲ့နောက်ကွယ်မှာရော ဘယ်လောက်တောင်ကြောက်ဖို့ကောင်းတဲ့ကိစ္စတွေရှိနေမလဲဆိုတာကို ထိတ်လန့်စရာများနဲ့အတူ ဆက်လက်ကြည့်ရှုပေးကြပါဦး။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်) File size…2 GB / 1 GB Quality…WEB DL 1080p HEVC ...
movie

Chhorii 2 (2025)

Sarfira (2024) 7.9
Sarfira (2024) Sarfira 2024 အိပ်မက်များနဲ့ကျွန်တော်IMDb -7.9/10မင်းသားကြီး Akshay Kumarနဲ့Paresh Rawalတို့ရဲ့ အသစ်ထွက်ဇာတ်ကားကောင်းလေးကို CMချစ်ပရိသတ်တို့အတွက် အခုပဲ တင်ဆက်ပေးလိုက်ပါပြီ။အိပ်မက်တွေသိပ်ကြီးလွန်းရင် လူတွေက အရူးလို့ သတ်မှတ်ကြတယ်တဲ့။ ဒါဟာ စွန့်ဦးတီထွင်သူတိုင်းအတွက် ကြားနေကြစကားတစ်ခွန်းပေါ့။ အခုဒီကားလေးထဲမှာလည်း ကြီးမားတဲ့အိပ်မက်တစ်ခုနဲ့ လူငယ်လေးတစ်ယောက်က သူ့ရဲ့အိပ်မက်ကို အကောင်အထည်ဖော်နိုင်ဖို့ ဘယ်လိုရုန်းကန်ခဲ့ရလဲဆိုတာ ရှုစားရမှာပါ။ဗီရ်ဟာ ခေါင်ပါးတဲ့ရွာငယ်လေးက လေတပ်လေယာဉ်မှူးဟောင်းတစ်ယောက်၊ လျှပ်စစ်မီးရဖို့တောင် အနိုင်နိုင်ဖြစ်နေတဲ့ရွာငယ်လေးကပေမဲ့ ဗီရ်ရဲ့အိပ်မက်က သာမန်လူတွေပါစီးနိုင်မယ့် တန်ဖိုးနည်းလေကြောင်းလိုင်းတစ်ခု တည်ထောင်ချင်တာပါ။ သူ့ရဲ့မြေဆီဩဇာမရှိတဲ့ မြေကွက်နဲ့ လည်ပင်းနစ်နေတဲ့အကြွေးတွေနဲ့ အလုပ်လက်မဲ့အခြေအနေနဲ့ သူ့ရဲ့အိပ်မက်က အများသူငှာအမြင်မှာတော့ ရယ်စရာကြီးပါ။ ဒါပေမဲ့သူ့ရဲ့အိပ်မက်ကို အသိအမှတ်ပြုတဲ့သူကတော့ ကြင်ဖက်လာတွေ့တဲ့ရာနီပါပဲ။ရာနီကလည်း ကြင်ဖက်လာတွေ့တဲ့သူ အယောက် 20 ရဲ့အငြင်းခံထားရတဲ့သူ၊ သူ့ဘက်ကချို့တဲ့နေတာတော့မဟုတ်ပေမဲ့ ရဲတင်းလွန်းတဲ့ သူ့ရဲ့စရိုက်က ဖိုဝါဒီကြီးစိုးတဲ့ပတ်ဝန်းကျင်နဲ့ မကိုက်ညီနေတဲ့သူ၊ ဒီလိုနဲ့ ထိုးဖောက်ချင်တဲ့စိတ်ရှိတဲ့ ရာနီနဲ့ဗီရ်တို့နှစ်ယောက် သူတို့ရဲ့အိပ်မက်တွေကို ဘယ်လိုအကောင်အထည်ဖော်ကြမလဲ ရှုစားရအောင်ပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်) File size… 2.3 GB / 1.2 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h ...
movie

Sarfira (2024)

Chhorii (2021) 8.1
Chhorii (2021) Chhorii (2021)Horrorကြိုက်သူတွေ အကြိုက်‌တွေ့စေမယ့် အိန္ဒိယကားလေးတစ်ကားကို တင်ဆက်ပေးပါ့မယ်။ကလေးချစ်တတ်ပြီး မိဘမဲ့ဂေဟာNGOမှာ ဦးစီးဦးဆောင်လုပ်နေတဲ့ဆာ့ခ်ရှီဟာကိုယ်ဝန်၈လရနေပြီဖြစ်တဲ့ ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦးပါ။ယောက်ျားဖြစ်သူ ဟယ်မန့်က စီးပွားရေးအတွက်ရင်းနှီးငွေတွေ အလိမ်ခံလိုက်ရပြီးအကြွေးရှင်တွေရဲ့ ခြိမ်းခြောက်မှုနဲ့ကြုံတွေ့လာချိန်.....တစ်နေရာမှာ ပုန်းရှောင်နေဖို့အတွက်အကြောင်းဖန်လာပါတော့တယ်။စိုက်ခင်း‌တွေကြားထဲမှာရှိတဲ့ ရွာငယ်လေးတစ်ရွာကအိမ်မှာ ခဏရှောင်နေကြရင်းက ဒီဇာတ်လမ်းက အစပြုလာပါတယ်။ပုံမှန်မဟုတ်တဲ့ အငွေ့အသက်တွေနဲ့ ပြည့်နှက်နေတဲ့ နေရာမှာဆာ့ခ်ရှီက သူနဲ့ သူ့ရဲ့မမွေးသေးတဲ့ကလေးကို ကာကွယ်ဖို့ လွတ်မြောက်အောင် ကြိုးစားရင်းဇာတ်လမ်းရဲ့မြှုပ်ထားတဲ့ ဇာတ်ကွက်တွေက တဖြည်းဖြည်းရုပ်လုံးပေါ်လာပါတယ်။ထူးဆန်းတဲ့ကလေး၃ဦးနဲ့ မီးလောင်ကျွမ်းနေတဲ့ အမျိုးသမီးတစ်ဦးရဲ့ ဝိဉာဉ်က ဘာအတွက် မကျွတ်မလွတ်ဖြစ်နေရတာလဲ????ဘာကိုအငြိုးကြီးနေခဲ့လို့ ဒီစိုက်ခင်းကြီးကကိုယ်ဝန်သည်တွေအတွက် ကျိန်စာတစ်ခုလိုဖြစ်နေရတာလဲ????မေးခွန်းတစ်ခုပြီးတစ်ခု ပေါ်လာရင်းက ဆာ့ခ်ရှီရဲ့ ရုန်းကန်မှုတွေနဲ့အတူဇာတ်လမ်းရဲ့လှည့်ကွက်တွေကို ရင်တထိတ်ထိတ်ကြည့်ရှုရမှာပါ။မိခင်မေတ္တာကြီးမားပုံကိုလည်းခံစားရမယ့်အပြင်ဇာတ်လမ်းရဲ့ ဇာတ်ကွက် လှည့်စားမှုအနည်းငယ်ကလည်း ကြည့်နေတဲ့လူကို အံ့အားသင့်စေဦးမှာပါ။နောက်ဆုံးအနေနဲ့ တကယ့်ကားကောင်းလေးမို့လို့ လက်လွှတ်မခံပါနဲ့လို့ ညွှန်းလိုက်ပါတယ်နော်။အညွှန်းကိုတော့ Milkeux က ရေးသားထားပြီးတော့ဘာသာပြန်ထားတာကတော့ Milkeux နဲ့ Lai Laii ပဲ ဖြစ်ပါတယ်။Genre.....Drama, Horror, Thriller Quality….WEB-DL 1080p and 720p File size… 1.8GB ...
movie

Chhorii (2021)

2021
Mosagallu (2021) 8.3
Mosagallu (2021) Mosagallu (2021)IMDb - 8.3/10အာဂျွန်ဟာ ဇာတ်လမ်းအစမှာတော့ ကောစင်တာတစ်ခုရဲ့ သာမန်ဝန်ထမ်းလေးပါ။ဒါပေမဲ့ သူ့ဆီဖုန်းဆက်သူတိုင်းရဲ့ သိရတဲ့ ဒေတာတွေကိုတော့ မှတ်သားထားတတ်တယ်။ ဒါကို သူ ပြန်ပြီး ရောင်းချတဲ့ နေရာတစ်ခုလည်း ရှိတယ်။ အာဂျွန်အနေနဲ့ သူတပါးရဲ့ ပါဆင်နယ်ဒေတာတွေကို ရောင်းတဲ့ နေရာက Dark Webတဲ့။အိန္ဒိယတွေဟာ အဲ့ဒီနယ်ပယ်တွေမှာ တော်တော် လှုပ်ရှားနေတာ သိကြမှာပါ။ဝယ်ယူသူတွေက ဘာအတွက် ဝယ်ကြမလဲ။ အဲ့ဒီUser Nameနဲ့ Passwordတွေမှာ ဘဏ်အကောင့်ဆိုင်ရာ အချက်အလက်တွေပါလာမယ်။ လူသိမခံဝံ့တဲ့ ကိစ္စတွေ ပါလာမယ်။ဒါတွေကို အသုံးချပြီး ကီးဘုတ်ပေါ် လက်တင်ရုံနဲ့ ငွေကြေးရှာဖွေနေသူတွေ အဖို့ ရွှေတွင်းပဲ။အာဂျွန်ဟာ ဒီလို အသေးအမွှား ငွေကြေးရှာဖွေရာကနေ သူအလုပ်လုပ်တဲ့ ကောစင်တာက ဘောစ့်နဲ့ ရင်းနှီးနေတော့ သူတို့ ၂ယောက်အတူ တရားမဝင် စီးပွားတစ်ခု စပ်တူလုပ်ဖို့ အကြံရခဲ့ပါတယ်။သူတို့ရဲ့ ပြစ်မှတ်က အခွန်ကို သေလောက်အောင် ကြောက်တဲ့ အမေရိကန်တွေပေါ့။"ရိုးရိုးသားသားရှာတဲ့ ငွေကပဲ ကိုယ့်ပိုက်ဆံ"တဲ့၊ မရိုးမသားနဲ့ ရတဲ့ပိုက်ဆံဟာ မြွေလှေကား ကစားပွဲထဲက လှေကား တက်ရသလိုပေါ့ဗျာ။မတော်ရင် ဘေးက မြွေပါးစပ်ထဲ အံဝင်ခွင်ကျ ရောက်သွားတတ်တာပဲမလား။သူတို့ရဲ့ ...
movie

Mosagallu (2021)

2021