Channel Myanmar

Satya Prakash

Ground Zero (2025) 7.5
Ground Zero (2025) Ground Zero (2025) "ဂရောင်းဇီးရိုး"Tiger 3 ထဲက ဇာတ်ပို့ အမ်ရန်ဟာရှ်မီ နဲ့ နာမည်ကြီးမာရသီရုပ်ရှင်နဲ့ ဟင်ဒီတီဗွီမင်းသမီး ဆိုင်တမ်ဟန်ကာ တို့ပါဝင်ထားတဲ့ အက်ရှင်ရုံကားအသစ်ကို တင်ဆက်လိုက်ပါတယ်ဖြစ်ရပ်မှန်အခြေခံစစ်ကားဆိုတော့ ထုံးစံအတိုင်း အိန္ဒိယနဲ့ ပါကစ္စတန်ဇာတ်လမ်းပဲပေါ့ ၂၀၀၁ ပါလီမန်တိုက်ခိုက်မှုကို အခြေတည်ထားတယ်လို့လည်း သိရပါတယ်ဇာတ်လမ်းအကျဉ်းကတော့ ကျောက်တုံးနဲ့ပေါက်ရုံတင် အားမရလို့ အကြမ်းဖက်တွေက ၁၆ နှစ်အရွယ်လောက် ကောင်လေးတွေကို လွတ်လပ်ရေးတရားဟောကာ သေနတ်ပေးကိုင်ပြီး လူစည်တဲ့နေရာတွေက အိန္ဒိယစစ်သားတွေကို လုပ်ကြံခိုင်းပါတယ်သူတို့ရည်ရွယ်ချက်အတိုင်း အကြောက်တရားဖြန့်ပြီးမှ မဟာအကြံအစည်ကြီးတစ်ခုကိုလည်း စီစဉ်လျက်ရှိရာမှာ အိန္ဒိယစစ်တပ်က BSF အရာရှိ ဒူဘေးတို့က ဘယ်သို့ဘယ်ပုံ တန်ပြန်ကာကွယ်သွားမှာလဲ ဒီအက်ရှင်ဇာတ်လမ်းထဲမှာ ကြည့်ရှုခံစားလိုက်ပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size… 7GB / 1.9 GB / 1 GB Quality…WEB DL 4k HEVC / 1080p / 720p Format…mkv/ mp4 Duration….2h 14m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM ...
movie

Ground Zero (2025)

4K HEVC
Saripodhaa Sanivaaram (2024) 7.6
Saripodhaa Sanivaaram (2024) Saripodhaa Sanivaaram (2024) "စနေကောင်"IMDB 7.6 တောင်းဆိုမှုလေးတစ်ချို့ရှိနေတဲ့ တေလဂူးအက်ရှင်ကားအသစ်စက်စက်ကို အမြန်ဆုံးတင်ဆက်ပေးလိုက်ပါတယ်ယင်ကောင်မင်းသား ခေါ်ကြတဲ့ Nani ရဲ့ ဈေးအကြီးဆုံးရုပ်ရှင်ဖြစ်ပြီး ရီဗျူးကောင်းလေးတွေလည်း အသင့်အတင့် ရထားတာပဲဖြစ်ပါတယ်ဇာတ်လမ်းအကျဥ်းကတော့ ဆူယာခေါ် စနေကောင်ဟာ "ဒေါသအင်မတန်ကြီးသူပါ ဒါကိုသိတဲ့ သူ့အမေက ဒေါသထိန်းချုပ်နည်းတစ်ခုကို သင်ပေးခဲ့တယ်ဘယ်လိုလဲဆိုတော့ တစ်ပတ်မှာခြောက်ရက် ဒေါသအတိုင်း စိတ်လိုက်မာန်ပါမလုပ်ဘဲ ဒေါသထွက်ရတဲ့အကြောင်းရင်းကို ရေးမှတ်ထားပြီး စနေနေ့မှာမှ အဲဒီလူကို ဒေါသထွက်နေတုန်းပဲဆိုရင် ကြိုက်တာသာလုပ်ပါလို့ သူ့အမေက ပြောခဲ့တာပါဒီလိုနဲ့ သူ့အမေသေပြီးနောက်ပိုင်း အဲဒီလမ်းစဥ်အတိုင်းလိုက်နာလာခဲ့ရာမှာ သူငယ်ငယ်က ချစ်ရတဲ့ကောင်မလေးကလည်း ရဲမေအဖြစ် ပြန်ရောက်လာပြီး သူတို့နယ်က အကျင့်ပျက်ရဲတစ်ယောက်ကို သူတို့ဘယ်လိုရင်ဆိုင်ဖြေရှင်းသွားမလဲ ဆိုတာကတော့……အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size… 3.04 GB / 1.55 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 46m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  CM Bollywood Team
movie

Saripodhaa Sanivaaram (2024)

Bhari Taraganam (2023) 7.5
Bhari Taraganam (2023) Bhari Taraganam (2023) "လောကဇာတ်ခုံ" IMDb - 7.5/10ဇာတ်အိမ်ကြီးကြီးနဲ့ ဖန်တီးရိုက်ကူးထားတဲ့ တလေဂူးလ်ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်ဗျ။မတူညီတဲ့ ဇာတ်ကောင်တွေရဲ့ ဇာတ်ကြောင်းအသီးသီးကို ချပြရင်းနဲ့ ဇာတ်ကောင်တွေ အချင်းချင်းကိုချိတ်ဆက်ပေးထားတဲ့ ဇာတ်လမ်းမျိုးပေါ့။ မင်းသမီးက လူ့ဂျစ်ကန် တစ်ရွာလုံးရဲ့ချဉ်ဖတ် အပေအတေလေး။ သူ့ကြောင့် အဖေလုပ်သူ ပြောခံ ဝိုင်းရိုက်ခံရတာလည်း ခဏခဏ။မင်းသားကကျ မိန်းကလေးတစ်ယောက်ကို မြင်မြင်ချင်း ချစ်တာမျိုးမဟုတ်။ မြင်မြင်ချင်းမုန်းတာတဲ့။ အဲဒီအမုန်းကနေမှ တစိမ့်စိမ့်နဲ့ချစ်လာတတ်တဲ့ ရှားပါးလူစားပေါ့လေ။ ဒါပေမဲ့ အသဲကွဲလို့ မြို့ကနေပြန်လာတဲ့အချိန် မိဘတွေပေးစားတဲ့ ရွာ့ချဉ်ဖတ် မင်းသမီးလေးနဲ့ယူဖို့ စီစဉ်တာကစလို့ တခြားဇာတ်ကောင်တွေနဲ့ အဆက်အစပ်မိမိ ချိတ်ဆက်သွားတာကို ခံစားကြည့်ရှုကြပါဦးဗျ။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size…2.23GB / 1.03GB Quality…WEB DL 1080p /720p Format…mp4 Duration….2h 22m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Bhari Taraganam (2023)

2023
Suvarna Sundari (2023) 7.8
Suvarna Sundari (2023) Suvarna Sundari 2023 "မရဏရုပ်တု" IMDb - 7.9/10လွန်ခဲ့တဲ့ ၁၅ရာစုလောက်ကပေါ့ ကာလာကယ်တိုင်းပြည်ကို အုပ်စိုးရတဲ့ ရာဂျာမဟာဒေ့ဗ်ရတ်ဒီဘုရင်ဟာ သူ့ဆရာရဲ့အမိန့်အရ တိုင်းပြည်သာယာဝပြောပြီး နတ်ဆိုးတို့ရန်ကနေ ကာကွယ်နိုင်အောင် လှပတဲ့နတ်ဘုရားမှ ထရီနထရီရုပ်တုကို ကိုးကွယ်ခဲ့တယ်။ ဒါပေမဲ့လည်း အဲဒီကိုးကွယ်ခဲ့တဲ့ ရုပ်တုက မကောင်းတဲ့စွမ်းအင်တွေကို စုပ်ယူပြီး သွေးဆာနေတဲ့ရုပ်တုဖြစ်နေခဲ့ပါတယ်။ဒီရုပ်တုကို လက်ဝယ်ပိုင်ဆိုင်ထားတဲ့သူမှန်သမျှဟာ အသေဆိုးနဲ့ သေရတာကြည့်ပါပဲ။ ဒီလိုနဲ့ ဒီရုပ်တုကို ဖျက်စီးဖို့ ကြိုးစားရင်း ဖျက်စီးလို့မရနိုင်ဖြစ်ပြီး ခေတ်တွေအလီလီပြောင်းလာခဲ့ပါတော့တယ်။ဒီလိုရုပ်တုမျိုးကိုမှ ကံကောင်းတယ်ဆိုပြီးတော့ ရှေးဟောင်းပစ္စည်းရောင်းဝယ်ရေးသမားတွေက ငွေကို ကုဋေနဲ့ချီပြီး လိုက်ဝယ်နေရာကနေ ဘယ်သူတွေက ဘယ်လိုအဖြစ်ဆိုးတွေနဲ့ ကြုံတွေ့ရမလဲ ....... ဒီရုပ်တုကြောင့်နဲ့ ဘယ်သူတွေက ဘယ်လိုဒုက္ခတွေနဲ့ ကြုံတွေ့ရမလဲဆိုတာကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alex~V~ToMo~Yunni တို့ပဲဖြစ်ပါတယ်) File size…2.21GB / 1.1GB Quality…WEB DL 1080p /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Alex~V~ToMo~Yunni
movie

Suvarna Sundari (2023)

2023
Masooda (2022) 7.8
Masooda (2022) Masooda ( 2022 ) IMDb 7.8/10အခုတစ်ခေါက်မှာတော့ ရုံတင်၀င်ငွေခန့်မှန်းခြေ ဆယ်ကုဋေကျော်လောက်ရရှိထားတဲ့ သဘာ၀လွန် Horrorရုပ်ရှင်အမျိုးအစား ရုံတင်ကားသစ်ကြီးကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်...။ဇာတ်လမ်းအကျဉ်းကတော့ နီလမ်ဟာ Single motherတစ်ယောက်ဖြစ်ပြီးတော့ သမီးဖြစ်သူနာဇီယာနဲ့အတူ တိုက်ခန်းလေးတစ်ခန်းငှားကာနေထိုင်ပါတယ်။သူတို့အခန်းနဲ့မနီးမဝေးမှာ ဂိုပီလို့ခေါ်တဲ့ အိမ်နီးချင်းကောင်လေးတစ်ယောက်နေထိုင်ပြီးတော့ နီလမ်တို့သားအမိအကူအညီ လိုအပ်ရင်လည်း လက်မတွန့်ပဲကူညီပေးတတ်တဲ့ အိမ်နီးချင်းကောင်းတစ်ယောက်ဖြစ်ပါတယ်...။တစ်ညမှာတော့ နီလမ်တစ်ယောက် ဂိုပီ့အခန်းကိုတံခါးလာခေါက်ကာအကူအညီတောင်းပါတော့တယ်... ဂိုပီလိုက်သွားကြည့်တဲ့အခါမှာတော့ တစ်စုံတစ်ယောက်၀င်ပူးနေသလိုဖြစ်နေတဲ့ နာဇီယာကိုတွေ့လိုက်ရပါတယ်။နီလမ်နဲ့ဂိုပီတို့နှစ်ယောက် နာဇီယာကိုဆရာ၀န်နဲ့ပြပေမဲ့ မသက်သာတဲ့အဆုံးမှာတော့ အပနှင်ဆရာတွေလိုက်ရှာဖွေရင်း သိရှိလာတာက ဒီပူးကပ်နေတဲ့နတ်ဆိုးဟာ အင်မတန်မှအငြှိုးကြီးပြီး သူ့ကိုသတ်နိုင်မယ့်လက်နက်ကလည်း သီးသန့်ရှိနေကြောင်းသိရှိလိုက်ရတဲ့အခါမှာတော့....နာဇီယာကိုကုသလို့ရနိုင်ပါ့မလား ... နာဇီယာကို၀င်ပူးနေတဲ့ အငြှိုးကြီးတဲ့ဝိဉာဥ်ကရောဘယ်သူဖြစ်မလဲ... ဘယ်လိုအကြောင်းကြောင့်၀င်ပူးနေတာလဲဆိုတာကို တော့ ကျောတချမ်းချမ်းနဲ့ဆက်လက်ကြည့်ရှုရမှာပါ။ Horror ရုပ်ရှင်ကြိုက်သူ‌တွေအတွက် လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ခုပဲဖြစ်ပါတယ်။ File size…2.17GB  / 1.03GB Quality…1080p  True WEB DL / 720p Format…mp4 Duration….2h 40m Subtitle….Myanmar Subtitle  (Hard Sub) Encoder….YK Translated by BpL ~ OeliuJ ~ Yunni
movie

Masooda (2022)

2022