Channel Myanmar

Sarunyu Wongkrachang

13: Game of Death (2006) 6.4
13: Game of Death (2006) 13: Game of Death (2006) ************************ငွေဆိုတာ ဒုတိယဘုရားသခင်တဲ့...ငွေဟာအရာရာကိုမဝယ်နိုင်ပါဘူးလို့ပြောနေပေမဲ့ဒီငွေဆိုတဲ့အရာဟာ လူတိုင်းရဲ့ဘဝမှာ မရှိမဖြစ်လိုနေတဲ့အရာတစ်ခုပါပဲ...တစ်ဘဝလုံး ငွေနောက်လိုက်ရင်း ငွေရဲ့ကျေးကျွန်ဘဝ ရောက်မှန်းမသိရောက်သွားရသူတွေလည်းဒုနဲ့ဒေးရယ်ပေါ့လေ...ဒီငွေဆိုတာ စကားလုံးအရရိုးရှင်းသလောက် လက်တွေ့ဘဝမှာတော့ဘယ်လောက်ထိလွှမ်းမိုးနိုင်လဲဆိုတာကို ရိုက်ကူးတင်ဆက်ထားတဲ့ Old But Gold ထိုင်း Thriller13 Game of Deathဆိုတဲ့ဇာတ်ကားလေးကို တင်ဆက်ပေးချင်ပါတယ်...ဒီဇာတ်ကားကို လူတွေသိပ်မသိရင်တောင် သူ့ရဲ့ Remake versionဖြစ်တဲ့13 Sinsဆိုတဲ့ဇာတ်ကားကိုတော့ Thriller hardcore fanတွေက သိကြမယ်ထင်ပါတယ်...ဒီတော့ ဒီဇာတ်လမ်းလေးက ဘယ်လိုဖြစ်တည်လာလဲဆိုတာ ဆက်လက်ရှုစားကြပါဦး...ဇာတ်လမ်းအကျဉ်း -------------တစ်ခါတလေမှာ ရိုးသားကြိုးစားတဲ့သူတွေအတွက် လောကကြီးမှာ နေရာမရှိဘူးဆိုတဲ့စကားဟာဖူချစ်အတွက်တော့ ကွက်တိကိုမှန်နေတဲ့စကားတစ်ခွန်းပေါ့...အလုပ်လည်းအဆင်မပြေ အိမ်ကလည်းနှင်ချခံရကားလည်းသိမ်းခံရတဲ့အပြင် ဖောက်သည်ကိုပါ လုပ်ဖော်ကိုင်ဖက်ကဖျံကျသွားခဲ့ပါတယ်...ချစ်သူကလည်း ငမွဲမလို့ စွန့်ပစ်တာခံလိုက်ရတဲ့ဖူချစ်တစ်ယောက် ဘဝရဲ့ဟိုးအောက်ဆုံးကိုရောက်နေချိန်မှာထူးဆန်းတဲ့ဖုန်းကောလ်တစ်ခု ဝင်လာပါတယ်...စိန်ခေါ်မှု ၁၃ခုနဲ့အတူ စိန်ခေါ်မှုတစ်ခုချင်းစီတိုင်းအတွက်မက်လောက်စရာဆုကြေးငွေနဲ့ နောက်ဆုံးအထူးဆုဖြစ်တဲ့ ဘတ်သန်း ၁၀၀ကို ရယူပိုင်ဆိုင်နိုင်ခွင့်ရှိပါမယ်တဲ့...ဘဝရဲ့အောက်ဆုံးရောက်နေတဲ့ဖူချစ်အတွက် ဘတ်သန်း ၁၀၀ဆိုတာ ခြုံကြားကနေ ဘုံဖျားကိုပို့ပေးနိုင်မဲ့အခွင့်အရေးတစ်ခုဆိုတော့ ရရာကောက်ရိုးတစ်မျှင်ကိုဆွဲဖို့ ဆုံးဖြတ်လိုက်ပါတယ်...အဲဒီလိုမျိုး ကြီးမားလှတဲ့မက်လုံးတစ်ခုရဲ့နောက်ကွယ်က ပေးဆပ်ရမယ့်တန်ကြေးက ...
movie

13: Game of Death (2006)

Legend of King Naresuan: Hostage of Hongsawadi (2007) Part 1
Legend of King Naresuan: Hostage of Hongsawadi (2007) Part 1 Part 1 =========== ဒီဇာတ်လမ်းကတော့ ထိုင်းဘုရင် နရဲစွမ်ရဲ့အကြောင်းကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။ ဒီကားမှာတော့ ဟံသာဝတီပြည်ကို ဓားစာခံအနေနဲ့ အခေါ်ခံခဲ့ရတဲ့ မင်းသားလေး နရဲစွမ် ရဲ့ အကြောင်းပါပဲ။ ဘုရင့်နောင်ဟာ နရဲစွမ်မင်းသားလေးကို ဟံသာဝတီပြည့်ကို ခေါ်ပြီး မင်းသားတို့ တတ်သင့်တတ်အပ်တဲ့ အဋ္ဌာရဿ ပညာရပ်တွေကို ဘုန်းကြီးကျောင်းမှာ သင်ယူစေခဲ့တဲ့ အကြောင်းပါ။ ဆုပန်ကလျာ နဲ့ ဘုရင့်နောင်တို့ရဲ့ အချစ်ဇာတ်လမ်းကိုလည်း မြင်တွေ့ ခံစားရမှာဖြစ်ပါတယ်။ နရဲစွမ် နဲ့ မင်းရဲကျော်စွာတို့ရဲ့ ငယ်ဘဝအားပြိုင်မှုတွေကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။ ထိုင်း-မြန်မာ သမိုင်းမှာ ရာဇဝင်တွင်ခဲ့တဲ့ ဖြစ်ရပ်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားပဲ ဖြစပ်ါတယ်။ Translator - August Encoder - Thit San Khant
movie

Legend of King Naresuan: Hostage of Hongsawadi (2007) Part 1

2007