Channel Myanmar

Saptagiri

Dear Uma (2025) 6.7
Dear Uma (2025) Dear Uma (2025) "ချစ်ရပါသော အူမာ"တေလဂူး ဖန်စီအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်အူမာဆိုတာ ဝေးလံတဲ့ရွာလေးမှာ မွေးပေမဲ့ ထိပ်တန်းဆေးကျောင်းကို တက်ခွင့်ရပြီး လူတကာချစ်ကြတဲ့ မိန်းကလေးဒေ့ဗ်ကတော့ အူမာနဲ့ဆန့်ကျင်ဘက် တော်လှန်လိုစိတ်ရှိပြီး ဘဝမှာ အငြင်းခံရတွေချည်းကြုံနေရတဲ့ ရော့ခ်စတားဖြစ်ချင်သူတစ်ယောက်မတည်ငြိမ်တဲ့သူ့ဘဝကို တည်ငြိမ်အေးချမ်းအောင်လုပ်ပေးနိုင်မယ့် မိန်းကလေးကိုရှာရင်း အူမာနဲ့ဆုံခဲ့ရာကနေသူတို့ရဲ့ ကြည်နူးစရာအချစ်ဇာတ်လမ်းလေး ဘယ်လိုဖြစ်လာမှာလဲ ထင်သလောက်ပဲ ရိုးစင်းမလား အလှည့်အပြောင်းတွေ ဖြစ်လာဦးမှာလား ဆိုတာကတော့အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size…2.6 GB / 1.3 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 34min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Dear Uma (2025)

Laggam (2024) 7.6
Laggam (2024) Laggam (2024) "အိမ်ထောင်တစ်ခု"တေလဂူးစကားပြော ဟာသဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်ချိုင်တန်ယာက အောင်မြင်တဲ့ ဆော့ဝဲလ်အင်ဂျင်နီယာတစ်ယောက်ဖြစ်ပြီး သဘောမနောလည်းကောင်း၊ လစာရော အလုပ်ရော လူနေမှုဘဝပါ ပြီးပြည့်စုံတဲ့လူ ဒါ့အပြင် မာနာဆာဆိုတဲ့ ရည်ရည်မွန်မွန်မိန်းကလေးနဲ့လည်း မိဘတွေက သဘောတူထားကြပြီး အစစအရာရာ လိုက်ဖက်ညီမယ့် လက်ထပ်ပွဲတစ်ခုကို အားလုံးကမျှော်မှန်းထားကြသလို တကယ်ဖြစ်လာမှာလား ဘယ်လိုပြဿနာလေးတွေရှိနေမှာလဲဆိုတာကို ပရိသတ်ကြီးကပဲ ဆက်လက်ကြည့်ရှုပေးကြပါဦးအညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size… 1.9 GB/ 989 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Laggam (2024)

Prathinidhi 2 (2024) 6.7
Prathinidhi 2 (2024) Prathinidhi 2(2024) အမှန်တရားဘက်တော်သားဒီတစ်ခါမှာတော့ IMDB 8.7/10 ရထားတဲ့အပြငိ ပရိသတ်အကြိုက်တွေ့စေမယ့် ဘောလီးဝုဒ်နိုင်ငံရေး ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။အကျင့်ပျက်ခြစားမှုတွေ အာဏာကို အလွဲသုံးစားလုပ်မှုတွေ အနိုင်ကျင့်မှုတွေရဲ့အောက်မှာ ပြားပြားဝပ်နေရတဲ့ အိန္ဒိယပြည်သူတွေရဲ့ဘဝ... ကလောင်ရှိပေမယ့် ရေးချလို့ရမယ့်စာရွက်မရှိ.... စာရွက်ရှိသော်လည်း ချရေးပေးမယ့် ကလောင်မရှိဆိုသလို အမှန်တရားကိုဖော်ထုတ်မယ့်သူမရှိလို့ အောက်ခြေမှာဖြစ်ချင်တိုင်းဖြစ်နေတဲ့ အိန္ဒိယနိုင်ငံ ....ဒီနိုင်ငံအတွက် အမှန်တရားအတွက် ဘာမဆိုလုပ်ရဲပြီး အကြောက်အရွံ့မရှိတဲ့ ရုပ်သံလိုင်းတစ်ခု... ဒါမှမဟုတ် အမှန်တရားဘက်တော်သားတစ်ယောက်ရှိလာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာကြည့်ရှူသွားလှည့်ပါဦး။(အညွှန်းနဲ့ဘာသာပြန်ကိုတော့ CM Bollywood Team ကပဲရေးသားပေးထားပါတယ်) File size… 1.8 GB / 946 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Prathinidhi 2 (2024)

Indrani – Epic1: Dharam vs Karam (2024) 7.1
Indrani – Epic1: Dharam vs Karam (2024) Indrani: Epic-1 Dharam vs Karam ( 2024 ) "စူပါဂဲလ်အင်ဒရာနီ"CM ပရိသတ်ကြီးအတွက် အိန္ဒိယ time travel ကားလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ် ၂၁၂၂ ခုနှစ်မှာ တရုတ်တွေက အိန္ဒိယနဲ့ကမ္ဘာကြီးကို ကျူးကျော်ဖျက်စီးဖို့ သွေးတိုးစမ်းလာပါတယ်..သူတို့မှာ ရန်သူ့လေယာဉ်တွေကို ခြေရာခံထောက်လှမ်းလို့မရအောင် တားဆီးပေးတဲ့ Material တစ်ခုကို အောင်မြင်စွာ စမ်းသပ်ထုတ်လုပ်နိုင်ခဲ့တာကြောင့် ပြဿနာကြီးဖြစ်လာပါတယ်..အဲဒီပြဿနာကိုဖြေရှင်းဖို့ အဲဒီ Material အကြောင်းသိဖို့လိုလာတဲ့အတွက် အချက်အလက်ရှာဖွေရာကနေ ဒီ Material ကို အောင်မြင်စွာစတင်စမ်းသပ်နိုင်ခဲ့တာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ က အိန္ဒိယလူမျိုးသိပ္ပံပညာရှင်တွေဖြစ်ကြောင်းကို သိရှိသွားပါတော့တယ်..ဒါပေမဲ့ သူတို့ဟာ ပရောဂျက်အောင်မြင်ကြောင်းကြေညာပြီးနောက်တစ်ရက်ကစပြီး တစ်ယောက်ပြီးတစ်ယောက်သေဆုံးသွားကြတာမလို့ သုတေသနကြီးဟာလည်း သူတို့နဲ့အတူ ပျောက်ဆုံးသွားရပါတယ်.. ဒီလိုနဲ့ လက်ရှိအိန္ဒိယနဲ့ကမ္ဘာကြီးကို ကာကွယ်ကယ်တင်ဖို့ လွန်ခဲ့တဲ့ နှစ် ၁၀၀ ကိုသွားပြီး ဘာတွေဖြစ်ခဲ့တာလဲဆိုတာ စုံစမ်းဖော်ထုတ်ဖို့ဖြစ်လာပါတယ်..လွန်ခဲ့တဲ့နှစ်တစ်ရာက ဘာတွေဖြစ်ခဲ့သလဲနဲ့ ဘာတွေဆက်ဖြစ်ဦးမှာလဲဆိုတာကိုတော့ ပရိသတ်ကြီးဆက်လက်ကြည့်ရှုပေးပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni ~ ToMo ~ Alex ~ KKKZ ~ Linn ...
movie

Indrani – Epic1: Dharam vs Karam (2024)

2024
Salaar: Part 1 – Ceasefire (2023) 6.6
Salaar: Part 1 – Ceasefire (2023) Salaar: Part 1 – Ceasefire (2023) ==========================WEB DLအကြည်ဗားရှင်းကိုပဲ တင်ဆက်ထားပါတယ်သွေးသောက်ညီနောင်သစ္စာတရား CM တောင်ပိုင်းချစ်ပရိသတ်ကြီးတို့ မျှော်လင့်နေတဲ့ ဇာတ်ကားလေးကတော့ အကြည်WEB DL ဗားရှင်းထွက်ရှိလာခဲ့ပါပြီ၂၀၂၃ ဒီဇင်ဘာမှာ ရုံတင်ခဲ့တဲ့ ဒီဇာတ်ကားဟာ ၂၇၀ ကုဋေရင်းခဲ့ပြီး ၇၅၀ ကုဋေထိအမြတ်ရကာ အတော်လေးအောင်မြင်ခဲ့ပါတယ် ဦးဆောင်ပါဝင်ထားတဲ့မင်းသားကတော့ တောင်ပိုင်းရဲ့ကမ္ဘာသိမင်းသား ဘာဟုဗလီမင်းသားလို့ မြန်မာမှာ နာမည်ကြီးတဲ့ Prabhas နဲ့ ကားရိုက်ကျဲပေမယ့် ပါတဲ့ကားတိုင်းပေါက်တဲ့ မင်းသမီးချောလေး ရှရူသီအပြင် အခြားတောင်ပိုင်းနာမည်ကြီး ဇာတ်ပို့များစွာပါဝင်ထားပါတယ်ဇာတ်လမ်းအကျဉ်းကို မညွှန်းခင်မှာ ပထမဆုံးချီးကျူးလိုတာကတော့ တောင်ပိုင်းကားတွေဟာ အက်ရှင်ခန်းရိုက်တဲ့နေရာမှာ တော်တော်ကို ကောင်းမွန်နေပြီဆိုတာပါပဲ စလိုးမိုးရှင်းတွေ အနီးကပ်ရိုက်ချက်တွေကို သူ့နေရာနဲ့သူသုံးထားပြီး အရမ်းကြီးအိုဗာမဖြစ်ပဲ မင်းသားရော ဗီလိန်တွေပါ သွေးသံရဲရဲနဲ့ ဖိုက်နေကြတာ တကယ်အားရစရာပါပဲဇာတ်လမ်းကတော့ ကန်ဆာပြည်နယ်လို့ခေါိတဲ့ စိတ်ကူးယဉ်ပြည်နယ်တစ်ခုမှာ ဇာတ်အိမ်တည်ထားပါတယ် ပဒေသရာဇ်စနစ်နဲ့ မျိုးရိုးစဉ်ဆက်အုပ်စိုးတဲ့ နေရာမှာ မင်းသားဖြစ်တဲ့ ဗာရာဒါနဲ့ သာမန်လူ ဒေဗာ(ဘာဟုဗလီမင်းသား) က အသက်ပေးချစ်ကြတဲ့ ငယ်သူငယ်ချင်းတွေပါတစ်နေ့မှာ ဒေဗာက အဲ့နေရာကနေ ထွက်ခွာခဲ့ရပေမယ့် သူ့သူငယ်ချင်းလိုအပ်ချိန်တိုင်းမှာ ပြန်လာကူညီမယ်လို့ ...
movie

Salaar: Part 1 – Ceasefire (2023)

2023
4K HEVC
Ramabanam (2023) 5.6
Ramabanam (2023) Ramabanam 2023 IMDb 5.9/10 Action/Dramaအခုတစ်ခါတင်ဆက်ပေးမယ့် တေလဂူးရုပ်ရှင်ကတော့ အက်ရှင်အကြမ်းစားတွေအပြင် မိသားစုတွေကြားထဲက ၅၂၈မေတ္တာ ချစ်သူတွေကြားက ၁၅၀၀မေတ္တာကိုပါ ကြည့်ရှုခံစားရမယ့် ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ရိုးသားမှုကို အရင်းခံပြီး သမာအာဇီဝကျကျနဲ့ စီးပွားရေးလုပ်ကိုင်နေတဲ့ ရာဂျာရမ်မှာ ဗစ်ကီလို့ခေါ်တဲ့ ညီလေးတစ်ယောက်ရှိပါတယ်။ ရန်ကိုရန်ချင်းမတုံ့နှင်းဖို့ အစ်ကိုဖြစ်သူက အမြဲဆုံးမလေ့ရှိပါတယ်။ ဒါပေမဲ့ တစ်နေ့မှာ ဗစ်ကီတစ်ယောက် အစ်ကိုဖြစ်သူ မတရားသဖြင့် ဒုက္ခခံနေရတာကို မြင်ရပြီးနောက် လက်တုံ့ပြန်ခဲ့ပါတယ်။အစ်ကိုဖြစ်သူသိသွားပြီး ဗစ်ကီနဲ့ အချေအတင်ဖြစ်ကြတဲ့အခါ ဗစ်ကီတစ်ယောက် အိမ်ကနေ ထွက်ပြေးသွားခဲ့ပါတယ်။ ကာလကတ္တားမြို့ကို လက်ဗလာနဲ့ရောက်သွားတဲ့ဗစ်ကီတစ်ယောက် လုပ်ငန်းရှင်တစ်ဦးနဲ့ချိတ်ဆက်မိပြီး ယုံကြည်အားကိုးရတဲ့သူတစ်ယောက်ဖြစ်လာပါတယ်။ ထင်ထားသလောက်မရိုးရှင်းတဲ့စီးပွားရေးလုပ်ငန်းမှာ ဗစ်ကီတစ်ယောက် အစ်ကိုဖြစ်သူမကြိုက်တဲ့ ဒုစရိုက်မှုတွေလုပ်ပြီး ကြီးပြင်းလာခဲ့ပါတယ်။အချိန်တန်အရွယ်ရောက်လို့ ချစ်ရတဲ့သူတွေ့လာတဲ့အခါ လက်ထပ်ထိမ်းမြားဖို့ မိသားစုက အရေးပါတယ်ဆိုတာ ဗစ်ကီသိရတဲ့အခါ အစ်ကိုဖြစ်သူနဲ့မိသားစုဝင်တွေရှိရာဆီကို ပြန်လာခဲ့ပါတယ်။ မိသားစုတွေ ပြန်လည်ပေါင်းစည်းကြမိပေမယ့် ဖုံးကွယ်ထားရတဲ့အခက်အခဲကိုယ်စီလည်း ရှိနေကြပါတယ်။ ဗစ်ကီနဲ့အစ်ကိုဖြစ်သူ ဘာတွေဆက်ဖြစ်ကြမလဲ။ အခက်အခဲတွေကရော ဘာတွေဖြစ်မလဲ။ မိသားစုတွေ ပျော်ပျော်ရွှင်ရွှင်နေသွားရမလားဆိုတာကို ဒီဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V, BpL, Zwe Yan, Dee နဲ့ Cherryတို့ဖြစ်ကြပါတယ်။) File size…3.2GB / ...
movie

Ramabanam (2023)

2023
Slum Dog Husband (2023) 8.2
Slum Dog Husband (2023) Slum Dog Husband (2023) IMDb-8.2/10အက်ရှင်ကားတွေ ကြည့်ရတာ ပျင်းနေမှာစိုးလို့ အခုတစ်ခေါက်တော့ CMပရိသတ်ကြီးအတွက် အပြောင်းအလဲအနေနဲ့ ဟာသကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ချင်ပါတယ်"777 Charlie "ဆိုတဲ့ဇာတ်ကားလေးပြီးကတည်းက ခွေးလေးတွေပါတဲ့ ဇာတ်ကားလေးတွေ ကြည့်ချင် နေတဲ့ ပရိသတ်ကြီးအတွက် ဒီကားလေးက Charlie ကို ပြန်ပြီး သတိတရဖြစ်စေဦးမှာပါဇာတ်ကားက ဟာသကားဖြစ်သလိုပဲ ဇာတ်ကွက်တွေကလည်း ဟာသဆန်ဆန်ပါပဲ ဒီကားထဲမှာ လာချီဆိုတဲ့ ဇာတ်လိုက်ကျော်မင်းသားက သူ့ကောင်မလေးဖြစ်သူ မွန်နီကာနဲ့ သမီးရည်းစားဘဝနဲ့နေရတာ အိမ်မှာလည်း အမေဖြစ်သူက လွတ်လွတ်လပ်လပ် ဖုန်းပြောချင်တာတောင် ခွင့်မပြု၊ အပြင်ကိုသွားပြန်‌တော့လူမြင်ကွင်းမှာ မဖွယ်မရာလုပ်တယ်ဆိုပြီး "ရဲတွေက အမှုဆင်ပြီးဖမ်း အဲဒီလိုကိစ္စတွေကြောင့် လာချီနဲ့မွန်နီကာတို့ သူတို့ရဲ့အိမ်တွေကို သူတို့နှစ်ယောက်ကို လက်ထပ်ပေးကြဖို့တောင်းဆိုကြပါတော့တယ်နှစ်ဖက်စလုံးက မိဘတွေက ငယ်သေးလို့ လက်မထပ်ပေးချင်ကြပေမဲ့လက်မထပ်ပေးရင် နှစ်ယောက်စလုံးက ခိုးပြေးကြမယ် ဆိုလို့ ဘုန်းကြီးနဲ့တိုင်ပင်ပြီး မင်္ဂလာဆောင်ပေးဖို့ ရက်ရွေးကြတဲ့အခါ မိဘတွေက မင်္ဂလာဆောင်ကြမဲ့ ဇာတ်လိုက် ကျော် လာချီနဲ့မွန်နီကာတို့ရဲ့ မွေးနေ့တွေကို မမှတ်မိတာကြောင့် လက်ထပ်မဲ့ရက်ရွေးဖို့ အဆင်မပြေဖြစ်ကြပြန်တယ် ၊ ဒါနဲ့ တခြားဘယ်လိုနည်းလမ်းရှိသေးလဲလို့ မေးတော့ ဘုန်းကြီးက မွေးနေ့၊မွေးရက်တွေမသိဘဲ လက်ထပ်ချင်တယ်ဆိုရင်တော့ ...
movie

Slum Dog Husband (2023)

2023
Rangabali (2023) 5.4
Rangabali (2023) Rangabali(2023) IMDb-5.5/10သူ့နာမည်က ရှိုး။တစ်ရွာလုံးရဲ့ အော်ကြောလန် အကုန်လုံးလက်မြှောက်ထားရတဲ့ ရှိုး။'ရှိုး'ဆိုတဲ့ဖဲကစားနည်းသိတယ်မလား။ဖိန့်ရတာလေ။ဒီထဲက မင်းသားချောရှိုးတယောက်ကလည်း ဖိန့်တဲ့နေရာ တော်ကီထုတဲ့နေရာမှာတော့ ယှဉ်နိုင်သူမရှိ သူ့ကိုသတိမထားမိရင်လည်း မကြိုက်။ရွာထဲကရန်ပွဲတိုင်း သူမပါရင်မပြီး။သူ့အဖေက ဆေးဆိုင်ပိုင်ရှင်၊ သားဖြစ်သူကို ဆိုင်ဦးစီးခိုင်းစေချင်ပေမယ့် ဝမ်းချူဆေးနဲ့ ရာသီအကိုက်အခဲပျောက်ဆေးမှားပေးပြီးကတည်းက အယုံအကြည်မရှိတော့လို့ မြို့တက်ပြီး စာသင်ခိုင်းတော့တာ၊ အဲဒီမှာစတွေ့တာပဲ၊ဘယ်သူနဲ့လဲဆို သိမ်သိမ်မွေ့မွေ့ဆရာဝန်မလေးတယောက်နဲ့ပေါ့။ရွှေခြေကျင်းဝတ်ထားတောင် ဘာသံမှမမြည်အောင် ဘယ်သူမှသတိမထားမိအောင်ဝတ်ထားမယ့် ဆရာဝန်မလေးနဲ့ လည်ပင်းကဆွဲကြိုးကို လူတကာမြင်စေချင်လို့ ကြယ်သီးဟထားတဲ့ ဆရာကြီးရှိုးတို့တွေ့တဲ့အခါမှတော့။တော်ကီကြွယ်တဲ့ ဆရာရှိုးတယောက် ဆရာဝန်မလေးကိုလည်း ရွာပင့်ပြီး သေတပန်သက်ဆုံး ဆေးပေးမီးယူလုပ်နိုင်မလားဆိုတာ တော်ကီလည်းသင် ပျော်လည်းရွှင်စွာနဲ့ ကြည့်လိုက်ရအောင်လေ။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Yunni~V~Saii~BpLတို့ပဲဖြစ်ပါတယ်) File size…2.95GB / 1.37GB Quality…1080p  WEB DL /720p Format…mp4 Duration….2h 17m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~V~Saii~BpL
movie

Rangabali (2023)

2023
Unstoppable(2023) 7.8
Unstoppable(2023) Unstoppable (2023) IMDb 7.8ဘဝကို အပူအပင်ကင်းကင်းနဲ့ ပျော်ပျော်ကြီး ဖြတ်သန်းနေကြတဲ့ စိတ်တူကိုယ်တူ သူငယ်ချင်း၃ယောက်ရှိပါတယ် အလုပ်တစ်ခုကို လုပ်မယ်ဆိုရင် တိုင်ပင်စရာမလို တက်တက်ကြွကြွနဲ့ အောင်မြင်အောင်လုပ်တတ်ကြတဲ့ လူငယ် ၃ယောက်ပေါ့တစ်နေ့...သူတို့သုံးယောက် ငွေရှာဖို့ ဖြတ်လမ်းနည်းသုံးခဲ့မိတယ် အဲဒါကတော့ သူတို့၃ယောက်ထဲက ကောင်လေးတစ်ယောက်ကို မိသားစုတစ်စုက လာတင်တောင်းပါတယ် တင်တောင်းငွေက သိန်း၂၀နဲ့ ရွှေတွေဆိုတော့ ဒီ၃ယောက်က သိန်း၂၀နဲ့ IPL လောင်းကြမယ်ပေါ့ နိုင်ရင် ၁၀ဆို ၂၀ဖြစ် ၂၀ဆို ၄၀ဖြစ်ဆိုပြီး သူဌေးဖြစ် ခွေးဖြစ် လောင်းဖို့ကြံရာကနေ ဘယ်လိုတွေဆက်ဖြစ်သွားမလဲ နာမည်ကိုက Unstoppable ဆိုတော့ကာ သူတို့ဘယ်လောက်အထိ မရပ်တန့်နိုင်ဖြစ်ကြမလဲဆိုတာ Plot Twist တွေနဲ့ ဆက်လက်ရှုစားလိုက်ကြပါရှင်အချိန်တွေပိုနေမယ်ဆိုရင်တော့ ကြည့်ပျော်လောက်တဲ့ ဇာတ်လမ်းတစ်ခုပါပဲ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni~Zwe Yan~V~Cherry~BpL~Moon တို့ပဲ ဖြစ်ပါတယ်) File size…2.5GB / 1.3GB Quality…1080p WEB DL /720p Format…mp4 Duration….1h 50m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~Zwe ...
movie

Unstoppable(2023)

2023
Meter (2023) 8.0
Meter (2023) Meter (2023) IMDb 8.1/10ယခုတစ်ခါအလှည့်ကျလာတဲ့ဇာတ်ကားလေးကတော့ အားလုံးနဲ့မစိမ်းတဲ့ မင်းသားချောလေး Kiran Abbavaram နဲ့ မင်းသမီးလေး Athulya Ravi တို့ပါဝင်သရုပ်ဆောင်ထားကြတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ဒီကားမှာဆိုရင် Rating ကလည်းအမိုက်စားမို့ သဘာဝဆန်ဆန်အမှုလိုက်ပုံလိုက်နည်းတွေနဲ့ ကြည့်ကောင်းနေမှာအမှန်ပါပဲ...ဖြောင့်မတ်တည်ကြည်တဲ့ရဲကို ဖခင်အဖြစ်ပိုင်ဆိုင်ထားရတဲ့ အာဂျွန်ကလျန် .. အဖေ့အတွက်ဆိုအမြဲဂုဏ်ယူနေတတ်သူလေးပေါ့ ဒါပေမဲ့ သူ့အ‌ဖေကတော့ ဖြောင့်မတ်မှုကြောင့်နဲ့ပဲ ခဏခဏ ရွှေ့ပြောင်းခံရပါတယ် လမ်းမှားနေရင်အထက်လူကြီးအလိုကိုတောင်မလိုက်တတ်လို့ အငြိုးထားခံရသူပေါ့ ဒီလိုဒုက္ခတွေခံရပေမဲ့လည်း သားဖြစ်သူအာဂျွန်ကလျန်က သူ့လမ်းစဉ်လိုက်နင်းပြီး ဖြောင့်မတ်တည်ကြည်တဲ့ရဲအရာရှိတစ်ယောက်ဖြစ်သွားတာကို မြင်ချင်တာကသူ့အိပ်မက်.. ဒီလိုနဲ့တစ်နေ့ အာဂျွန်တို့လမ်းလျှောက်ထွက်ရင်း အမတ်တစ်ယောက်က အဖေဖြစ်သူကိုပါးရိုက်နေတာတွေ့လိုက်ပါတယ် ဖြောင့်မတ်ပေမဲ့လည်းရာထူးကွာရင် ဘာမှမလုပ်နိုင်တာကိုမြင်တော့ သူဒီရဲဆိုတာကိုမုန်းတီးလာပါတယ်ဖခင်အိပ်မက်ကလည်း အာဂျွန့်ကိုဖြောင့်မတ်တဲ့ရဲဖြစ်လာစေချင်တာဆိုတော့... ဒီအလုပ်ကိုမုန်းကြောင်းထုတ်မပြောရဲတဲ့အပြင် သူတလွဲတွေလုပ်တိုင်း အကောင်းဘက်ချည်းရောက်ရောက်သွားတဲ့အခါမှာတော့ .... ဖခင်အိပ်မက်ကိုသူဖြည့်ဆည်းပေးနိုင်မှာလား အလုပ်ကထွက်ရအောင် ဘယ်လိုဉာဏ်နီဉာဏ်နက်တွေသုံးပြီးခွီနေရမလဲဆိုတာ ကြည့်ရှုလိုက်ပါရှင် File size…1080p WEB DL / 720p Quality…2.2GB / 1GB Format…mp4 Duration….2h 7m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Yunni~Sai~Khin Khin
movie

Meter (2023)

2023
Organic Mama Hybrid Alludu (2023) 8.1
Organic Mama Hybrid Alludu (2023) Organic Mama Hybrid Alludu(2023)IMDb-8.1/10တေလဂူးရဲ့ အကောင်းဆုံးဒါရိုက်တာ Flimfare ဆုရဖူးတဲ့ S.V Krishna Reddy ရိုက်ကူးထားတဲ့ တေလဂူး အချစ်ဇာတ်‌လမ်းပေါ့ပေါ့ပါးပါးလေးနဲ့ CM ပရိသတ်ကြီး အပန်းပြေနိုင်ဖို့တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းအညွှန်းဒါရိုက်တာဖြစ်ရဖို့ရူးသွပ်လွန်းတဲ့ ဗီဂျေးဟာသူ့ရဲ့ပွဲဦးထွက်နှစ်ကားမှာပဲ အရှုံးပေါ်ခဲ့လို့ မိသားစုကယုံကြည်မှုမရပဲ မိသားစုစီးပွားရေးကိုပဲလုပ်ဖို့ဖိအားပေးနေရတဲ့လူငယ်လေးပါ ဗီဂျေးကလည်း ဒါရိုက်တာပဲလုပ်ချင်တဲ့ခေါင်းမာပြီး ပါးနပ်ထက်မြတ်တဲ့လူငယ်တစ်ယောက်ဆိုတော့ အိမ်နဲ့အတိုက်အခံပေါ့ တစ်နေ့အဖေစိတ်ချမ်းသာဖို့ဆိုပြီး ကြယ်ငါးပွင့်ဟိုတယ်မှာ ကွန်ဒါပီလီအရုပ်တွေတက်ရောင်းပေးရင်းကနေ မင်းသမီးလေးနဲ့ဆုံပါတော့တယ်မင်းသမီးလေးကလည်း သူကြွယ်သူဌေးမြေရှင်ကြီးရဲ့ တစ်ဦးတည်းသောချစ်မ၀သမီးလေးပေါ့ တွေ့ရာလူနဲ့ကြိုက်သွားမှာဆိုးလို့ ကျောင်းတောင်မထားရက်လောက်အောင် အချစ်ခံရတဲ့သမီးလေး သူဌေးသမီးလေး ဟာစီနီနဲ့ ရိုးသားကြိုးစားဖိုးသခွားဒါရိုက်တာလေးဗီဂျေး ရှေ့ဆက်ပေါင်းစည်းနိုင်မလား ဗီဂျေးကရောအိမ်မက်အတိုင်းအောင်မြင်တဲ့ဒါရိုက်တာကြီးဖြစ်နိုင်မလား ခံစားကြည့်ပါဦး File size…2.5GB / 1.26GB Quality…1080p WEB DL /720p Format…mp4 Duration….2 h 22 min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Cherry~Yunni~NyeinAye
movie

Organic Mama Hybrid Alludu (2023)

2023
Amigos (2023) 6.9
Amigos (2023) Amigos (2023)IMDb - 7/10အခုတင်ဆက်​ပေးမှာ​ကတော့ အက်ရှင်ဇာတ်ကား​တွေနဲ့လူသိများတဲ့ မင်းသားNandamuri Kalyan Ramက သုံးကိုယ်ခွဲအဖြစ်သရုပ်​ဆောင်ထားပြီး လှည့်ကွက်အများကြီးနဲ့ရိုလာကိုစတာစီးသလိုခံစားချက်​တွေနဲ့ ကြည့်ရှု့ရမယ့် Amigosဆိုတဲ့အက်ရှင်ဇာတ်ကား​ကောင်းတစ်ကားဖြစ်ပါတယ်ကမ္ဘာကြီးမှာကိုယ်နဲ့​​သွေးသားမ​တော်စပ်ဘဲ ရုပ်တူတဲ့သူ​​တွေကအနည်းဆုံးသုံး​ယောက်က​နေ အများဆုံး​ခုနှစ်​ယောက်အထိရှိနိုင်ပြီး အဲ့လူ​တွေနဲ့​တွေ့နိုင်ဖို့ကိုယ့်မှာလည်း အခွင့်​ရေး​တွေရှိလာနိုင်ပါတယ်ဒီကားထဲမှာ​တော့ဆဒ်ဒူးဆိုတဲ့လူငယ်​လေးကရိုးသားထက်မြက်ပြီး မိဘစီးပွား​ရေး​တွေကိုခန့်ခွဲ​နေသူတစ်​​ယောက်ပါ တစ်​​နေ့မှာ​တော့ အခွင့်အ​​ရေးတချို့​ကြောင့် ဝဘ်ဆိုဒ်တစ်ခုက​နေ သူနဲ့ရုပ်တူတဲ့မန်ဂျူးနဲ့ မိုက်ကယ်ဆိုသူ လူနှစ်​ယောက်ကို​တွေ့ဆုံပြီး သူငယ််ချင်း​တွေဖြစ်သွားကြ​ပြီး အတူတူခရီး​တွေထွက်ကာ​ပျော်ရွှင်ခဲ့ကြပါတယ် ဒါ​ပေမဲ့သူတို့သုံး​ယောက်ထဲကမိုက်ကယ်ဆိုသူဟာ ဆဒ်ဒူးနဲ့မန်ဂျူးတို့လိုသာမန်လူ​မဟုတ်ဘဲ နိုင်ငံ့အလိုရှိရာဇဝတ်​သားတစ်​ယောက်ဖြစ်​နေပြီး ရုပ်တူတာကိုအသုံးချကာထွက်ပြေးဖို့ကြံစည်လာတဲ့အခါ မိုက်ကယ့်ရဲ့လှည့်ကွက်ထဲကိုသူတို့ဘယ်လို​တွေဝင်သွားမိပြီး ပြန်​ဖြေရှင်းဖို့ကြိုးစားကြမလဲ ​သွေးသားမ​တော်ပဲရုပ်တစ်​ထေရာတည်းတူညီ​နေတဲ့ အကျိုးဆက်​ကြောင့်ဘယ်လိုအ​မွှေဇယား​တွေဖြစ်လာမလဲဆိုတာ ရင်ခုန်စွာနဲ့ကြည့်ရှုရမှာဖြစ်ပါတယ် File size…2.6GB /1.13GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 19m Subtitle….Myanmar Subtitle (Hard Sub) Encoder…. YK Translated by BpL~Yunni~ Khin Khin
movie

Amigos (2023)

2023
Waltair Veerayya (2023) 6.8
Waltair Veerayya (2023) Waltair Veerayya (2023) Action, Drama IMDb 6.8/10 (5.6K)အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ ဘိုင်ရာဗာမင်းသားရဲ့အဖေ မင်းသားကြီး ချီရန်ဂျီဗီးနဲ့ မင်းသားကြီး ရဗီတေဂျားတို့ရဲ့အက်ရှင်ကားကောင်းလေးပဲဖြစ်ပါတယ်။ မင်းသမီးချောလေး ရှရူတီးဟာစန်းကလည်း ကမ်းကုန်အောင် လှပပေးထားပါတယ်နော်။ဒီဇာတ်ကားမှာ ဘတ်ဂျက် ရူပီကုဋေ၁၄၀သုံးခဲ့ပြီး ၂၃၃.၀၅ကုဋေပြန်ရခဲ့ပါတယ်။ဇာတ်လမ်းကိုပြောရမယ်ဆိုရင်... RAW အဖွဲ့ဟာ နိုင်ငံတကာရာဇဝတ်သားကို အိန္ဒိယဖမ်းခေါ်လာနေတုန်း လမ်းမှာ လေယာဥ်ပျက်ကျခဲ့ပြီး အဲ့ဒီရာဇဝတ်သားကို ရဲစခန်းမှာ တစ်ညသိပ်ဖို့ဖြစ်လာခဲ့ပါတော့တယ်။အဲ့ဒီရဲစခန်းဟာ ညတွင်းချင်းဝင်ဆီးခံခဲ့ရပြီး စခန်းအတွင်းက ရဲတွေအားလုံးအသတ်ခံလိုက်ရပါတယ်။ ရာဇဝတ်သားလည်း လွတ်မြောက်သွားပါတော့တယ်။ဒီအဖြစ်အပျက်ကြောင့် ရာထူးဆိုင်းငံ့ခံလိုက်ရတဲ့ ရဲအရာရှိဟာ ဒီရာဇဝတ်သားကို ဖမ်းဆီးဖို့ ခဲထားပါတော့တယ်။ ဒီလိုနဲ့ မီးကိုမီးနဲ့ငြှိမ်းဖို့ ကြိုးစားလာတဲ့အခါမှာတော့....။ ဆက်လက်ပြီး ဘာတွေဖြစ်လာဦးမလဲဆိုတာကို ဇာတ်ကားထဲမှာ ရှုစားပေးကြပါဦးနော်။ File size…4.21GB / 1.95GB Quality…1080p True  WEB DL /720p Format…mp4 Duration…2h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  BpL~Taylor~ Yunni ~ Khin Khin
movie

Waltair Veerayya (2023)

2023
Veera Simha Reddy (2023) 5.8
Veera Simha Reddy (2023) Veera Simha Reddy (2023) Action/ Drama IMDb 5.8/10နှစ်ဘဝကလဲ့စားဇာတ်ကားနဲ့ ပုရိသတို့အသည်းစွဲဖြစ်ခဲ့တဲ့ မင်းသမီး Shruti Haasan ပါဝင်တဲ့ဇာတ်ကားအသစ်စက်စက်လေး ထွက်ရှိလာပါပြီ။ ဘက်ဂျက်၅ဆလောက်ကို ပြန်မြတ်ခဲ့တဲ့ကားလည်းဖြစ်လို့ ကြည့်ဖြစ်အောင်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဂျေးနဲ့မီနက်ရှီတို့သားအမိနှစ်ယောက်ဟာ အစ္စတန်ဘူလ်မှာ အခြေချနေထိုင်ရင်း ဘဝကို အေးချမ်းစွာဖြတ်သန်းနေတာပါ။ တစ်ရက်မှာတော့ ဂျေးတစ်ယောက် သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်ဆိုသလို ချစ်ရတဲ့မိန်းကလေးနဲ့ အိမ်ထောင်တစ်ခုထူထောင်ဖို့ ဖြစ်လာပါတော့တယ်။ အဲဒီအချိန်မှာ ကိုယ့်ကိုယ်ကိုမိတဆိုးသားလေးလို့ထင်နေခဲ့တဲ့ ဂျေးကို မီနက်ရှီက ဖခင်ဖြစ်သူအကြောင်းထုတ်ပြောပြလာပါတော့တယ်။ဖခင်ဖြစ်သူဟာ စီမာဒေသနဲ့လူထုကို တရားသောနည်းလမ်းနဲ့အုပ်ချုပ်နေပြီး ရဲစွမ်းသတ္တိနဲ့ပြည့်စုံတဲ့ ဗီရာဆင်းမ်ဟာရတ်ဒီဖြစ်ကြောင်း ဂျေးသိပြီးတဲ့အခါမှာတော့... ဖခင်ရဲ့ဆန္ဒကို ဘယ်လိုတွေဖြည့်ဆည်းပေးမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုကြရမှာဖြစ်ပါတယ်။ File size…5.19GB / 2.21GB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 50m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Cherry ~ Yunni ~ Nyein Aye
movie

Veera Simha Reddy (2023)

2023
Kalyanam Kamaneeyam (2023) 5.9
Kalyanam Kamaneeyam (2023) Kalyanam Kamaneeyam 2023 IMDb -6.3/10ယခုတင်ဆက်ပေးမယ့် ဇာတ်ကားကတော့ ထွက်ရှိကတည်းက လူကြိုက်များခဲ့တဲ့ လူငယ်အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ချစ်ကြိုက်ကွဲညားလိုသာမန်ပုံစံမျိုးမဟုတ်ပဲ အချင်းချင်း ချစ်မိပြီးနောက် ကြုံတွေရမယ့်ပြဿနာတွေကို ရင့်ကျက်တဲ့လူကြီးတစ်ယောက်လို ဘယ်‌လိုတွေးခေါ်ရမယ်ဆိုတာ တင်ဆက်ထားပါတယ်။အလုပ်ဟူသမျှဂုဏ်ရှိစွဆိုပေမယ့်လည်း အလုပ်မရှိဘူးဆိုရင်အင်မတန်မှမျက်နှာငယ်ရပါတယ်။ မိသားစုဝင်တွေထဲမှာရော၊ သူငယ်ချင်းအချင်းချင်းမှာရော၊ လူမှုအသိုင်းအဝိုင်းမှာ အနှိမ်ခံရတတ်ပါတယ်။ အဲ့ထဲမှာ ရှီဗာဆိုသူကတော့ အဲ့ဒီလောကရဲ့သားကောင်ပဲပေါ့၊ ရှီဗာဟာ ၂ ၅ နှစ်လုံးလုံးအဖေဖြစ်သူနားကပ်စားနေတဲ့ အလုပ်လက်မဲ့ပါ။နောက်ဆုံးအလုပ်မရှိပေမယ့်လည်း ကံကောင်းထောက်မစွာနဲ့ မိန်းမရသွားတော့လည်း မိန်းမလုပ်စာထိုင်စားနေရပြန်ပါတယ်။ မိန်းမထမိန်နားခိုစားတဲ့ကောင်ဆိုပြီး လူမှုအသိုင်းအဝိုင်းကပါကျဉ်ခံလာရတဲ့အချိန်မှာ ရှီဗာတစ်ယောက် အလုပ်လက်မဲ့ဘ၀ကနေ လွတ်မြောက်ဖို့ကြိုးစားခဲ့ပါတော့တယ်။ သူအလုပ်လက်မဲ့ဘဝကနေလွတ်မြောက်နိုင်ပါ့မလား၊ ကြာလို့ မိန်းမဖြစ်သူကလည်း ငြိုငြင်ချင်လာတဲ့အခါ ဘာတွေဆက်ဖြစ်မယ်ဆိုတာတော့ ဆက်လက်ကြည့်ရှုပြီး အဖြေရှာလိုက်ကြရအောင်ပါ.... File size…1.6GB / 732MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 46m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Nyein Aye
movie

Kalyanam Kamaneeyam (2023)

2023
Gaalodu(2022) 7.2
Gaalodu(2022) Gaalodu (2022) IMDb 7.3/10 (2K)အခုတစ်ခါမှာတော့ တေလဂူကားကောင်းလေးတစ်ကားကို တင်ဆက်ပေးပါ့မယ်။ရာဂျူးဟာ ခပ်မိုက်မိုက်နေတတ်ပြီး သူမှန်တယ်ထင်ရင် ဘယ်သူ့ကိုမှလည်း ဂရုမစိုက်သလို သူ မလုပ်ရဲတာလည်း ဘာမှမရှိပါဘူး။ဇာတ်လမ်းအစမှာ ရာဂျူးဟာ လူသတ်မှုနဲ့ထောင်ကျနေခဲ့ပါတယ်။ ထောင်ကျတာ တစ်ရက်တောင်မရှိသေးဘူး ရဲအရာရှိကို ရိုက်လွှတ်လိုက်ပါတယ်။ ဒီလိုနဲ့ ထောင်တွင်း နာမည်ကြီးသွားပြီး ထောင်သားတွေ လေးစားရတဲ့သူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ငယ်ငယ်ရွယ်ရွယ်နဲ့ လူသတ်ပြီး ထောင်ကျခဲ့ရတဲ့ ဒီလိုလူအတွက်အချစ်နဲ့စစ်ရဲ့ အဓိပ္ပါယ်သတ်မှတ်ချက်တွေဟာ ဘယ်လိုဖြစ်နေမလဲ ဆိုတာကတော့....။ သူထောင်သားတွေကို ပြောပြမယ့် နောက်ကြောင်းနဲ့အတူ ထပ်မံကြည့်ရှုပေးပါဦးနော်။ File size…1.94GB / 937MB Quality…1080p TRUE WEB DL /720p Format…mp4 Duration….2h 5m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Khin Khin~BpL~Taylor
movie

Gaalodu(2022)

2022
Manam(2014) 8.0
Manam(2014) Manam(2014)*************ဘစ်တူဆိုတဲ့ကောင်လေးဟာ သူ့မွေးနေ့မှာတောင်တောင်းတဲ့ဆုက " အဖေနဲ့အမေ ဘယ်တော့မှ ရန်မဖြစ်ပါစေနဲ့ " တဲ့..လင်မယားရယ်လို့ ဖြစ်လာရယ် ကတောက်ကဆရှိကြတယ်ဆိုပေမဲ့မိဘပေးစားပြီး ယူခဲ့ကြတာဆိုတော့ အဖေနဲ့အမေဖြစ်သူဟာလိုအပ်တဲ့ပွင့်လင်းမှုတွေမရှိကြတော့ ချစ်ကြပေမဲ့မလိုအပ်ဘဲ စကားတွေခဏ ခဏများကြတယ်..ပြဿနာတစ်ခုကြောင့်ကားတိုက်မှုဖြစ်ပြီး အမေဆုံးသွားခဲ့တယ်..မကြာပါဘူး ဖခင်ဖြစ်သူလည်းဆုံးသွားခဲ့တော့ ဘစ်တူတစ်ယောက် လောကကြီးတစ်ယောက်တည်းပေါ့..ဒါပေမဲ့ အမေနဲ့အမေကို တစ်ရက်မှ မမေ့နိုင်ခဲ့ဘူး..သူဟာ မိခင်ရှိစဉ်ကဆန္ဒအတိုင်း အချမ်းသာဆုံးဖြစ်စေချင်တဲ့သူဌေးကြီးဖြစ်အောင်ကြိုးစားနိုင်ခဲ့တယ်..အခုဆိုရင် သူဟာ အထင်ကရ သူဌေးကြီးဖြစ်နေပြီ..ဒီလိုနဲ့ တစ်နေ့တော့လေယာဉ်စီးနေရင်း ဖခင်ဖြစ်သူနဲ့ ရုပ်ချင်းချွတ်စွပ်တူတဲ့ လူငယ်လေးတစ်ယောက်ကိုတွေ့ခဲ့ရတယ်..အဖေဖြစ်သူပြန်ဝင်စားတယ်လို့ ယုံကြည်သွားတဲ့အပြင်မိခင်ဖြစ်သူလည်း ဒီအချိန်လူပြန်ဝင်စားမှာပဲ ထပ်ဆင့်တွေးမိပြီးလူဝင်စား အဖေနဲ့အမေကို ရှာပုံတော်ဖွင့်ပါတော့တယ်..ရယ်လည်းရယ်ရသလို မိသားစုပြဿနာလေးတွေကိုဖြေရှင်းဖို့ ပြသထားတဲ့ကားကောင်းလေးဖြစ်တာမို့ ခံစားကြည့်ကြပါဦး... File Size :(3.32GB) (1.43 GB) and (438MB) Quality : WEB-DL 1080P, 720p Format…mp4 Duration…01:48:00 Genre : Comedy , Drama, Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie

Manam(2014)

Bruce Lee – The Fighter (2015) 5.5
Bruce Lee – The Fighter (2015) CM ပရိသတ်ကြီးတွေအတွက် Old But Gold ဇာတ်ကားလေးတစ်ပုဒ်ဖြစ်တဲ့ Bruce Lee The Fighter ဆိုတဲ့ ဘိုင်ယာဘိုင်မင်းသားပါဝင်ထားတဲ့ ဇာတ်ကားတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်ကာသစ်ဟာ သူ့ညီမလေးကို အရမ်းချစ်တဲ့သူဖြစ်ပြီး သူ့ညီမလေးအောင်မြင်ဖို့အတွက် သူ့ရဲ့ဘဝကိုတောင် အနစ်နာခံပြီး မတင်ပေးခဲ့သူပေါ့သူတို့မောင်နှမနှစ်ယောက်လုံးဟာ ဉာဏ်အရမ်းကောင်းလွန်းပေမယ့် မိသားစုက နှစ်ယောက်စာ ပိုက်ဆံမတတ်နိုင်လို့ အဖေဖြစ်သူက ကာသစ်ကိုပဲ ကျောင်းကောင်းမှာထားပြီး အခွန်မှူးဖြစ်အောင် လုပ်ပေးချင်တာပေါ့ဒါပေမယ့် ညီမလေးကလည်း အခွန်မှူးဖြစ်ချင်နေတော့ ကာသစ်က သူ့ကိုယ်သူ အရည်အချင်းမရှိတဲ့သူအဖြစ် ဟန်ဆောင်ပြီး သူ့ညီမလေးကိုပဲ အခွင့်အရေးပေးလိုက်ပါတယ်အဲဒီလိုနဲ့ ကြီးလာတော့လည်း မင်းသားနေရာမှာ အစားထိုးသရုပ်ဆောင်ရတဲ့ စတန့်မင်းသားဖြစ်လာခဲ့ပြီး အဖေဖြစ်သူရဲ့ အထင်သေးမှုတွေကိုပဲ အမြဲခံနေခဲ့ရတာပေါ့ဒါပေမယ့် သူကတော့ သူ့ညီမလေးအောင်မြင်ရင်ပဲ ကျေနပ်နေပြီး ဘဝကို ပျော်ပျော်ပဲဖြတ်သန်းပါတယ်တစ်နေ့ သူ ရဲဝတ်စုံဝတ်ပြီး သရုပ်ဆောင်နေတုန်း ရဲတွေကို အရမ်းကြွေတဲ့ ကောင်မလေးတစ်ယောက်က သူ့ရဲ့ အရည်အချင်းရှိတဲ့ ရဲပုံစံကို မြင်လိုက်ရပြီး သူ့ကိုတကယ့်ရဲထင်သွားကာ သူ့နောက်က တစ်ကောက်ကောက်လိုက်ပါတော့တယ်အဲဒီလိုနဲ့ ကောင်မလေးက လူဆိုးတစ်အုပ်နောက်လိုက်ရင်း ကာသစ်ကို တကယ့်ရဲအမှတ်နဲ့ အမြဲအကူအညီတောင်းလို့ ကူညီရင်းက လူဆိုးတွေက သူ့ကို ပစ်မှတ်ထားလာကြတဲ့အခါ..ကာသစ်တစ်ယောက် အဲဒီဒုစရိုက်သမားတွေနဲ့ ဘယ်လိုဖြေရှင်းမလဲ သူ့ညီမအတွက်ရော ဘယ်လောက်တောင် အစ်ကိုကောင်းတစ်ယောက် ပီသမလဲဆိုတာ ဒီဇာတ်ကားထဲမှာ ...
movie

Bruce Lee – The Fighter (2015)

2015
Pakka Commercial (2022) 4.3
Pakka Commercial (2022) အခုတစ်ခါထွက်ရှိလာတဲ့ကားလေးကတော့ Oxygen (2017) ကားနဲ့ မြန်မာပရိသတ်တွေကြား နာမည်ကြီးလာခဲ့​တေလ်လဂူဘက်ကနာမည်ကြီးမင်းသား ဂိုပီချန့်ရဲ့မြူးမြူးကြွကြွဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်.. ဇာတ်လမ်းကို ဂိုပီချန့်ရဲ့အဖေ အမှုတစ်ခုမှာ နာမည်ကျခဲ့ရလို့စိတ်ဓာတ်ကျနေတဲ့အချိန် ဂိုပီချန့်က ဘယ်လိုဒီအမှုကိုပြန်အဖတ်ဆယ်မလဲဆိုတာ စောင့်ကြည့်ရင်း...ပရိသတ်တွေနဲ့ရင်းနီးပြီးသား အချစ်ဦးလို့ အမည်ရတဲ့ မင်းသမီးRashi Khanna ရက်ရှီခန်နာနဲ့ တွဲဖက်သရုပ်ဆောင်ထားလို့ ပိုက်ဆံကိုသာဂရုစိုက်တဲ့ရှေ့နေ ဂိုပီချန့်ကရဲ့သရုပ်မှန်ကဘယ်လိုဖြစ်မလဲ မင်းသမီးရဲ့သရုပ်မှန်ကရောဘယ်လိုဖြစ်နိုင်လဲဘယ်သူတွေက မျက်နှာဖုံးစွပ်ထားသူတွေလဲ နောက်ကွယ်ကလူမိုက်တွေကိုထိန်းချုပ်နေတာကရော ဘယ်သူလဲ ပျော်ရွှင်အူမြူးစရာ ဟာသတစ်ပိုင်းဇာတ်လမ်းလေးကနေ ဘယ်လို ideology တွေအများကြီးပါတဲ့ လူမှုအဖွဲ့အစည်းတစ်ခုလုံးနဲ့သက်ဆိုင်တဲ့ လက်တွေ့လောကကြီးကို ရသပေါင်းစုံနဲ့ဘယ်လိုပညာပေးရိုက်ပြသွားမလဲဆိုတာ................ File size…2.67GB / 1.36GB Quality…1080p WEB DL AAC5.1CH / 720p Format…mp4 Duration….2h 32m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor & Thet Ko & Honeyey & Kevin 
movie

Pakka Commercial (2022)

2022
Atithi Devobhava (2022) 7.4
Atithi Devobhava (2022) ဒီတစ်ခေါက်မှာတော့ IMDB မှာ ၇.၄ အထိရရှိထားတဲ့ မင်းသား အက်ဘီရဲ့ အချစ်ဟာသ ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအကျဉ်း... လူတိုင်းမှာ ကြောက်ရွံစိတ် (Phobia ဆိုတာရှိတတ်ကြပါတယ် တစ်ချို့က လေယာဉ်စီးရမှာကိုကြောက်တယ် တစ်ချို့က ပိုးဟပ် အိမ်မြောင်က အစကြောက်ကြပါတယ် ဒီဇာတ်လမ်းမှာတော့ မင်းသား အာဗေးဟာ အထီးကျန်ခြင်းကိုကြေက်တဲ့ Mono-phobia ဆိုတဲ့ ဝေဒနာကို ခံစားနေရတဲ့သူပါ။ အချိန်တိုင်း သူ့အနီးအနားမှာ တစ်ယောက်ယောက်ရှိနေမှအဆင်ပြေတဲ့ဘ၀မို့ အချိန်တန်အရွယ်ရောက်လို့ ချစ်သူကိုရှာဖွေတွေ့ရှိချိန်မှာ ဘယ်လိုများကိုင်တွယ်ဖြေရှင်းမလဲဆိုတာကို ဟာသလေးတွေနဲ့ လိုက်ပါစီးမျောခံစားပေးကြပါဦးခင်ဗျာ...အညွှန်းကိုတော့ Lwin Htoo Aung မှရေးသားထားပါတယ်   File size…1.9GB / 920MB Quality…1080p True WEB DL AAC5.1CH / 720p Format…mp4 Duration….2h 13m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Oeliuj & Honeyey & Lwin Htoo Aung
movie

Atithi Devobhava (2022)

2022