Channel Myanmar

Sandrine Pinna

Octopus with Broken Arms (2025) 6.2
Octopus with Broken Arms (2025) မြို့မျက်နှာဖုံးသန်းကြွယ်သူဌေးကြီးတစ်ယောက်ရဲ့သမီးလေးဟာ အိမ်မှာနေရင်း ရုတ်တရက်ပျောက်သွားပြီးပြန်ပေးဆွဲခံရတဲ့အမှုကို ပြန်ပေးမှုတိုက်ဖျက်ရေးတပ်ဖွဲ့က ကြိုးစားပြီးဖော်ထုတ်တဲ့ဇာတ်လမ်းဖြစ်ပါတယ်။ ပြန်ပေးသမားဟာ ဓားစာခံသမီးလေးကိုရွေးဖို့ သိန်း၁၀၀၀တောင်းခဲ့ပေမယ့် သန်းကြွယ်သူဌေးကြီးကိုပဟေဠိတွေဖြေခိုင်းရင်း သဲလွန်စတွေပေးပြီးတော့ လူတွေစိတ်ဝင်စားအောင်လုပ်နေပါတယ်။သူပေးတဲ့သဲလွန်စဟာ ဒီပြန်ပေးမှုဦးတည်နေတာမဟုတ်ပဲ လွန်ခဲ့တဲ့(၇)နှစ်တုန်းက ဖြစ်ရပ်တစ်ခုကိုတစ်စတစ်စနေဖော်ထုတ်နေတာဖြစ်တယ်။ တဖြည်းဖြည်းနဲ့တရားခံဟာ ငွေတောင်းခဲ့ပေမယ့် တကယ်တမ်းကျတော့ ငွေကိုလိုချင်တာမဟုတ်ပဲ တခြားရည်ရွယ်ချက်ရှိတာကိုသိလိုက်ရပါတယ်။တရားခံရဲ့တကယ့်ရည်ရွယ်ချက်ဟာ ဘာဖြစ်နေမလဲ...... သန်းကြွယ်သူဌေးကြီးကရော် ပြီးခဲ့တဲ့ဖြစ်ရပ်နဲ့ဘယ်လိုပတ်သက်နေမလဲဆိုတာကို Plot twistတွေအများကြီးနဲ့ ပုံဖော်သွားတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ မှုခင်းဇာတ်ကားနှစ်သက်သူတွေအတွက် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ Filesize : 1.32 GB / 763 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Drama , Crime , Mystery Runtime : 1h 50 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Octopus with Broken Arms (2025)

Dead Talents Society (2024) 7.4
Dead Talents Society (2024)  အူတက်အောင်ရယ်ရမဲ့ တရုတ်သရဲကားအခွီလေးကြည့်ချင်ရင်တော့ ဒီဇာတ်ကားလေးကိုသာကြည့်လိုက်တော့ဗျာ။ ဇာတ်လမ်းအကျဉ်း++++++++++လောလောလတ်လတ် သေထားတာ မကြာသေးတဲ့သရဲမလေးတစ်ယောက်ဟာ ကမီလာဆိုတဲ့ သရဲမလေးနဲ့နှစ်ယောက်သား ပရလောကမှာ တရုတ်ရိုးရာအရ မိဘမီးရှို့ပေးတဲ့ အစားအသောက်တွေ အသုံးအဆောင်တွေကိုမှီခိုစားသောက်ပြီး သောင်တင်လို့နေပါတယ်။တစ်နေ့မှာတော့ သရဲမလေးရဲ့ မိဘတွေဟာ အိမ်သန့်ရှင်းရေးလုပ်ရင်းနဲ့ သူမရဲ့ မွေးစာရင်းကို လုပ်ဖျောက်လိုက်မိပြီးဘယ်လိုရှာရှာ ပြန်မတွေ့တော့ပါဘူး။သရဲမလေးဟာ သူမရဲ့ မွေးစာရင်းပျောက်သွားပြီးတဲ့နောက်မှာသူ့မရဲ့ ဝိဉာဉ်နာမ်ရုပ်ဟာ အခွေထစ်သလို ထစ်လာတဲ့အတွက်လိုက်မေးကြည့်တဲ့အခါ ကျန်ရစ်သူမိသားစုမှာ သေဆုံးသူရဲ့မွေးဖွားခဲ့တဲ့အထောက်အထား မရှိတော့တဲ့အခါ အဲဒီသရဲကရက်သုံးဆယ်အတွင်း နာမ်ရုပ် ပြိုကွဲသွားမှာဖြစ်ကြောင်းသိလိုက်ရပါတော့တယ်။ ဒီတော့ သူမဟာ မပျောက်ကွယ်သွားချင်တဲ့အတွက် နည်းလမ်းရှာတဲ့အခါ ပရလောကမှာသရဲခြောက်ခွင့်လိုင်စင်ဆိုတာရှိပြီး အဲလိုင်စင်ရထားတဲ့သရဲတွေက ကိုယ်ထင်ပြနိုင်ပြီး လူတွေမြင်အောင်လုပ်နိုင်ရင်အမေ့ပျောက်မခံရတော့ပဲ ဆက်လက်တည်ရှိနိုင်ကြောင်းသိလိုက်ရတဲ့အခါ အဲဒီ သရဲခြောက်ခွင့်လိုင်စင်ကိုရဖို့ကြိုးစားပြီး လူတွေကို ခြောက်လှန့်နိုင်အောင် ကြိုးစားပါတော့တယ်။ဒီတော့ ဒီဇာတ်ကားလေးမှာ ဒီသရဲမလေးက ဘာကိုစိတ်မပြတ်လို့ မကျွတ်သေးတာလဲ......ဘာလို့ ပရလောကမှာ ဆက်တည်ရှိချင်တာလဲဆိုတာအပြင်သူ့ခမျာ အူတူတူ အတတနဲ့ ဘယ်လိုလုပ်သရဲခြောက်ပြီးလိုင်စင်ရအောင် လုပ်ကြမလဲဆိုတာက အခွီကြည့်ရမဲ့ဟာသကားလေးဖြစ်ပါတယ်။  File size… (1.59 GB) / ...
movie

Dead Talents Society (2024)

Go For Broke ( 2024 ) 6
Go For Broke ( 2024 ) ဒီနေ့မှာတော့ ထိုင်းနိုင်ငံနယ်စပ်မြို့လေးကို အခြေခံရိုက်ကူးထားတဲ့ Go for Brokeဆိုတဲ့ ဇာတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆို... နည်းပညာတွေတင်မက AI က လူတွေနေရာကို ဝင်ယူလောက်တဲ့အထိ တိုးတက်နေတဲ့ခေတ်ကြီးမှာ လူတစ်ယောက်ဘဝကို ဖျက်စီးဖို့ဆိုတာ အလွယ်လေးဖြစ်သွားပြီ... ဒီကားထဲမှာ ကိုယ့်ဆန္ဒမပါဘဲ မူးယစ်သားကောင်ဖြစ်သွားတဲ့ လူတချို့နဲ့ သူတို့မိသားစုဝင်တွေရဲ့ ဘဝစာမျက်နှာတချို့ကို ပုံဖော်ရိုက်ကူးထားတာပဲဖြစ်ပါတယ်...ဇာတ်လိုက် ကျန်းယောက်က တစ်ချိန်က စစ်သားတစ်ဦးပေါ... သူက စစ်တပ်ကထွက်ပြီး သင်္ဘောပေါ်လိုက်ခဲ့ပေမယ့်... ပြန်အလာမှာတော့ သမီးလေးလည်း ဆုံး... မိန်းမလည်း ဆေးစွဲပြီး သူ့ရှေ့တင် ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့တယ်...ဒီလိုနဲ့ သူအဖမ်းခံရတော့ အန်တုဆိုတဲ့ ရဲအရာရှိနဲ့ဆုံပြီး... မူးယစ်ဘုရင် မုခွန်ရဲ့ ပျောက်ဆုံးနေတဲ့ သား ရှားဝမ်အဖြစ် သူဘဝဇာတ်ခုံပေါ်ပြန်ရောက်ခဲ့တယ်... ဒီတော့ ဘာဖြစ်မယ်ဆိုတာ သိသာပါတယ်...ရှားဝမ်အဖြစ် သူကသက်သေတွေစုပြီး အန်းတုနဲ့ပူးပေါင်း ဖမ်းဆီးမယ်ပေါ့... ကဲ ထင်ထားတဲ့အတိုင်းဖြစ်မှာလား.. ကြားထဲ ဘယ်လိုလှည့်ကွက်တွေရှိဦးမှာလဲ... ဇာတ်လမ်းလေးကို ကြည့်လိုက်ကြရအောင်... Filesize : 1.93 GB / 0.98 GB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv  Genres : ...
movie

Go For Broke ( 2024 )

Love, Death and Cat ( 2024 ) 5.7
Love, Death and Cat ( 2024 ) တာ့ထန်ခေတ်အချိန်မှာ တိုင်းပြည်တိုးတက်ဝပြောတဲ့အတွက် လူတွေရေ ာ မိစ္ဆာတွေရော ပျော်ပါးကြချိန်ဖြစ်ပါတယ်။ ၁၆ နှစ်အရွယ် နတ်ဆရာလေး ဟွိုင်ရှန့်ဟာ ဆရာနဲ့အတူ လော့ယန်မြို့ကြီးကို ရောက်လာခဲ့ပါတယ်။တာ့ထန်ခေတ်ရဲ့ လော့ယန်မြို့ကြီးဟာ ညလုံးပေါက် မီးထိန်ထိန်လင်းနေပါတယ်။ အကရုံထဲမှာ သခင်လေးကုံးဟာ ငယ်စဉ်အခါက တစ်ဖက်သတ်ချစ်ရသူကို ပြန်တွေ့ခဲ့ပါတယ်။ သူချစ်နှစ်သက်တာက အဲ့ဒီလူရဲ့အရေပြားလား အရေပြားထဲက နှစ်တစ်ရာကြောင်ကြီးကိုလား......အလောင်းရုံထဲမှာ ကြောင်နက်လေးတစ်ကောင်က အမြီးကိုဖြတ်ပြီး ကျေးဇူးရှင်ရဲ့ အသက်ကို ကယ်ခဲ့ပါတယ်။ ဒါပေမဲ့ သူပြန်ရတာက တစ်သက်တာအချစ်ခံရခြင်းလား လောဘကြောင့် သစ္စာဖောက်ခြင်းလား......ရေမြောင်းပုပ်ထဲက ကြွက်မိစ္ဆာလေးက ကြောင်မိစ္ဆာလေးကို ချစ်မိသွားတယ်။ သူ့စိတ်ကူးထဲက ပျော်ရွှင်မှုတွေဖြစ်လာမလား ကံကြမ္မာရဲ့ အပြောင်းအလဲက ကြိုဆိုနေမလား...... ဆိုတာကို မိစ္ဆာရဲ့ သဘာဝဗီဇနဲ့ လူတွေရဲ့ သဘာဝဗီဇကို သရုပ်ဖော်ထားတဲ့ ကြောင် ၃ ကောင်ရဲ့ ပုံပြင်လေးကို အတူတကွ ကြည့်ရှုခံစားလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Romance , Fantasy Runtime : 1h 26 min Subtitle : Myanmar ...
movie

Love, Death and Cat ( 2024 )

The Rookies ( 2019 ) 5.5
The Rookies ( 2019 ) Zawgyi*******ဒီကားလေးဟာတရုတ်နိုင်ငံမှာ 2019 julyကမှထွက်ထားတဲ့တရုတ်နဲ့အင်္ဂလိပ်တို့ဖက်စပ်ရိုက်ကူးထားတဲ့ အထူးအေးဂျင့်အက်ရှင်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်..ဒီကားထဲမှာ အမြင့်တက်ပြပြီးလိုင်းပေါ်မှာပရိသတ်အခိုင်အမာရရှိထားတဲ့ ဖျော်ဖြေရေးသမားကျောက်ဖုန်းဟာဇီဝလက်နက်လဲလှယ်ဖို့လုပ်နေတဲ့အကြမ်းဖက်သမားတွေရဲ့ကြားထဲကိုမတော်တဆဝင်ရောက်မိသွားရကနေ နိုင်ငံတကာအထူးအေးဂျင့်ဖြစ်တဲ့Bruceလက်အောက်မှာတာဝန်ထမ်းဆောင်ဖို့ဖြစ်လာတဲ့အခါ....Budapestမြို့မှာ Bruceအပါအဝင်သူ့ရဲ့သူငယ်ချင်းတီထွင်ပညာရှင်တင်းစန်းနဲ့အလုပ်ကနေနားထားတဲ့ဆရာဝန်မ LVတို့အပြင်တရုတ်ဘက်ကအရာရှိမလေး မြောက်မြောင်တို့နဲ့အတူBudapestမြို့လေးမှါအေးဂျင့်အဖြစ်တါဝန်ထမ်းဆေါင်ဖို့ဖြစ်လာတဲ့အခါကမ္ဘာကြီးကိုဖျက်ဆီးဖို့ကြံစည်နေတဲ့ သံမဏိလက်သီးကိုနှိမ်နင်းနိုင်ပါ့မလား..Actionကားကြိုက်သူတွေအတွက်တော့အကြိုက်တွေ့စေမယ့်ဇာတ်ကားကောင်းတစ်ခုပါပဲ.. Translated & Review By Phyo ZawEncoded By LK Unicode********ဒီကားလေးဟာတရုတ်နိုင်ငံမှာ 2019 julyကမှထွက်ထားတဲ့တရုတ်နဲ့အင်္ဂလိပ်တို့ဖက်စပ်ရိုက်ကူးထားတဲ့ အထူးအေးဂျင့်အက်ရှင်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်..ဒီကားထဲမှာ အမြင့်တက်ပြပြီးလိုင်းပေါ်မှာပရိသတ်အခိုင်အမာရရှိထားတဲ့ ဖျော်ဖြေရေးသမားကျောက်ဖုန်းဟာဇီဝလက်နက်လဲလှယ်ဖို့လုပ်နေတဲ့အကြမ်းဖက်သမားတွေရဲ့ကြားထဲကိုမတော်တဆဝင်ရောက်မိသွားရကနေ နိုင်ငံတကာအထူးအေးဂျင့်ဖြစ်တဲ့Bruceလက်အောက်မှာတာဝန်ထမ်းဆောင်ဖို့ဖြစ်လာတဲ့အခါ....Budapestမြို့မှာ Bruceအပါအဝင်သူ့ရဲ့သူငယ်ချင်းတီထွင်ပညာရှင်တင်းစန်းနဲ့အလုပ်ကနေနားထားတဲ့ဆရာဝန်မ LVတို့အပြင်တရုတ်ဘက်ကအရာရှိမလေး မြောက်မြောင်တို့နဲ့အတူBudapestမြို့လေးမှါအေးဂျင့်အဖြစ်တါဝန်ထမ်းဆေါင်ဖို့ဖြစ်လာတဲ့အခါကမ္ဘာကြီးကိုဖျက်ဆီးဖို့ကြံစည်နေတဲ့ သံမဏိလက်သီးကိုနှိမ်နင်းနိုင်ပါ့မလား..Actionကားကြိုက်သူတွေအတွက်တော့အကြိုက်တွေ့စေမယ့်ဇာတ်ကားကောင်းတစ်ခုပါပဲ..Translated & Review By Phyo ZawEncoded By LK 
movie

The Rookies ( 2019 )

2018
Legend of the Demon Cat(2018) 6.4
Legend of the Demon Cat(2018) ကဲအခုတစ်​ခါ​တော့​မှော်​ကားကြိုက်​တဲ့ပရိတ်​သတ်​ကြီးအတွက်​ တရုတ်​​မှော်​ကား​လေးတစ်​ကားကိုတင်​ဆက်​​ပေးလိုက်​ပါတယ်​ ဇာတ်​ကား​လေးကCGI affect ​တွေနဲ့ အလန်းစား ကြည့်​ကြရမှာဖြစ်​ပြီး​တော့၂၀၁၈ ခု ၁လပိုင်း ၁၁ ရက်​​နေ့မှာရုံတင်​ပြသထားတဲ့ကား​လေးပဲဖြစ်​ပါတယ်​ဇာတ်​လမ်းအကျဉ်း​လေးက​တော့ တန်​​ခေတ်​​နှောင်းပိုင်းမှာမိစ္ဆာ​တွေကြီးစိုးပြီး ​ကြောင်​မိစ္ဆာ​တွေရဲ့ကျူး​ကျော်​မှုကိုလူသား​တွေဟာ အလူးအလဲခံကြရပါတယ်​အဲ့ဒီအချိန်​မှာပဲ တ​ဘောင်​တစ်​ခု​ပေါ်ခဲ့ ပြီးအဲ့တ​ဘောင်​ကို လိုက်​လံစုံစမ်းရာမှာ မင်းသားဟာဘုန်းကြီးတစ်​ပါးနဲ့ဆုံခဲ့ ပြီး ဒီဘုန်းကြီးကဘာ​တွေကူညီ​ပေးမလဲ သူတို့၂​ယောက်​က​ကောဒီသမိုင်းဖြစ်​ရပ်​ကြီးကို​ဖော်​ထုပ်​နို​ပါ့မလားဆိုတာကို​တော့ပရိတ်​သတ်​ ကြီးကဆက်​လက်​ကြည့်​ကြရမှာပါQty - 720p Web DlDuration - 2hr 01minGern - Fantasy / MysteryTranslator - Yamin Thawdar MaungEncoder - Kyaw Ye Aung
movie


2017