Channel Myanmar

Samantha Scaffidi

Terrifier 3 (2024) 7.0
Terrifier 3 (2024)  နာမည်ကျော် ဟော်ရာ အခုတ်အထစ် ရုပ်ရှင်တွဲဖြစ်တဲ့သုံးကားမြောက် Terrifier လာပါပြီ။ ဒါရိုက်တာကတော့အရင်နှစ်ကားကို ရိုက်ခဲ့တဲ့ Damien Leoneပါပဲ။ဒုတိယကားရဲ့ အကြီးအကျယ်အောင်မြင်မှုကြောင့် ရုပ်ရှင်ကုမ္ပဏီကြီးတွေက ငွေထုတ်ပေးဖို့ ကမ်းလှမ်းပေမဲ့ ဒါရိုက်တာကလက်မခံခဲ့ပါဘူး။ သူ့အပြောအရတော့ ရုပ်ရှင်ကုမ္ပဏီကြီးတွေနဲ့သာဆိုရင် ပထမဆုံး ဇာတ်ဝင်ခန်းကိုတောင် သူ့ကိုရိုက်ခွင့်ပေးမှာမဟုတ်ဘူးလို့ ပြောပါတယ်။  ဘာလို့လဲဆိုတာတော့ ရုပ်ရှင်ကြည့်ရင်တွေ့ပါလိမ့်မယ်။ သူရိုက်ချင်တာတွေကို တစ်ပြားသားမှ မလျှော့ဘဲရိုက်ဖို့ သူ့ပိုက်ဆံနဲ့သူ ထုတ်ရိုက်တဲ့ ဒါရိုက်တာပါပဲ။အရင် စူပါဟီးရိုးကားတွေ ရုံတင်ကားတွေလို ကတ်ကြေးကိုဂရုမစိုက်ရတဲ့ ဒါရိုက်တာပါပဲ။ ပိုက်ဆံသက်သာအောင် အထူးပြုလုပ်ချက်တွေကိုပါ ကိုယ်တိုင်ဖန်တီးတတ်တဲ့သူလည်း ဖြစ်လို့ပါပဲ။အသည်းငယ်သူတွေ နှလုံးမကောင်းသူတွေ မကြည့်ဖို့ သတိပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်း***************ဒီဇာတ်လမ်းကတော့ ဒုတိယရုပ်ရှင်အပြီး ၅ နှစ်အကြာမှာဇာတ်အိမ်တည်ထားတာပါ။ ဆီရန်နာတစ်ယောက် စိတ်ကျန်းမာရေးဆေးရုံတွေ ဆက်တိုက်တက်ပြီး စိတ်ဒဏ်ရာတွေကို ကုစားပြီးပြန်လာချိန် သူ့ရဲ့အဒေါ် ဂျက်စ်ရဲ့အိမ်မှာ ခဏနေဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူ့ရဲ့မောင်လေး ဂျိုနသန်ကလည်း ကျောင်းမှာအဆောင်နေနေတာပါ။ ခရစ္စမတ်ကာလမှာ မိသားစုတွေ စုံဖို့စီစဉ်နေကြချိန်မှာပဲ လူပြက်အာ့ထ် နဲ့ ...
movie

Terrifier 3 (2024)

Terrifier (2016) 5.6
Terrifier (2016) Terrifier(2016)ဒီကားဟာ ပိုးစိုးပက်စက်သတ်ဖြတ်တဲ့အခန်းတွေပါတဲ့ Slasher Horror အမျိုးအစားမို့ အသက်မပြည့်သေးသူတွေနဲ့အသည်းငယ်သူတွေအတွက်မဟုတ်ဘူးလို့ပြောချင်ပါတယ်။ဒါရိုက်တာ၊ဇာတ်လမ်းရေးဆရာ Damien Leone က 2011 တုန်းကသူ့ရဲ့ မိနစ်၂၀စာ ဇာတ်လမ်းတိုTerrifier ကို ပြန်လည်ဆန်းသစ်ရိုက်ကူးထားတာဖြစ်ပါတယ်။အဓိကဇာတ်ကောင် Art the clown ဟာ အရင်က All hallows' eve ဇာတ်လမ်း နဲ့ The 9th circle ဇာတ်လမ်းတိုတို့မှာလည်း ပါဝင်ခဲ့ဖူးတဲ့ဇာတ်ကောင်ဖြစ်ပါတယ်။တယ်ရာနဲ့ ဒေါင်းန် တို့သူငယ်ချင်းနှစ်ယောက်ဟာ ဟောလိုးဝင်းပါတီတစ်ခုကအပြန်မှာ ပီဇာဆိုင်ကိုသွားကြပါတယ်။ဆိုင်ထဲဝင်သွားပြီးမကြာခင် လူပြက်ဝတ်စုံနဲ့လူတစ်ယောက်လည်း ရောက်လာပြီး တယ်ရာကိုကြက်သီးထဖွယ် မျက်တောင်မခတ်စိုက်ကြည့်နေပါတော့တယ်။တော်တော်အရက်မူးနေတဲ့ ဒေါင်းန်ဟာ ထိုလူပြက်ကို ကျီစယ်နောက်ပြောင်ခဲ့ပြီးနောက် သူငယ်ချင်း ၂ယောက်အိမ်ပြန်ဖို့အလုပ်မှာ ကားဘီးပေါက်နေတာတွေ့လိုက်ရပါတယ်။တယ်ရာဟာ အစ်မဖြစ်သူကိုလာခေါ်ဖို့အကူအညီတောင်းပြီး အနီးအနားကဂိုထောင်တစ်ခုထဲကို သန့်စင်ခန်းလိုက်ရှာဖို့ဝင်သွားပါတယ်။ဒေါင်းန်တစ်ယောက်တည်းကားပေါ် ရှိနေချိန် ရေဒီယိုမှာ လူပြက်တစ်ယောက်ဟာ ပီဇာဆိုင်ဝန်ထမ်း၂ဦးကိုရက်ရက်စက်စက်သတ်သွားကြောင်းကို အံ့သြစွာကြားလိုက်ရပြီးနောက်၊ ကားတံခါးဖွင့်သံနဲ့အတူ ကားထဲရောက်လာသူကို သူ့သူငယ်ချင်းတယ်ရာအမှတ်နဲ့ စကားပြောနေရင်း လှည့်ကြည့်လိုက်တဲ့အခါ...  Translated by ; Pyi T NyeinEncoded by YKQuality : 1080p Blu-Rayx264 and 720pFile Size : 1.8GB and ...
movie

Terrifier (2016)

2016
Sam (2015) 5.2
Sam (2015)  အခုတစ်ခါတော့ ၂၀၁၅ ခုနှစ်ကထွက်ထားတဲ့ ခပ်မြူးမြူး ဟာသကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်ကားလေးက ယောကျာ်း ဘဝ ကနေ မိန်းမ ဘဝကိုပြောင်း သွားတဲ့ သူတစ်ယောက်အကြောင်းကို ရိုက်ကူး ပြထားတာပါ​ အချစ်​ဟာသဇာတ်​မြူး​လေးတစ်​ကားနဲ့မိတ်​ဆက်​​ပေးချင်​ပါတယ်​ ဒါနဲ့စကားမစပ်​ယူတို့ယောကျာ်း​တွေထဲက ယောကျာ်းဘဝက​နေမိန်းမဘဝ​ပြောင်​းချင်​တဲ့သူဘယ်​နှ​ယောက်​ရှိလဲ​လို့​မေးလဲ​မေးချင်​တယ်​​မေးလဲ​မေးပလိုက်​ပြီ​...ဒီဇာတ်​ကား​လေးထဲမှာ ဆမ်​က မိန်​းမလိုက်​စားသူလူရှုပ်​လူ​ပွေတစ်​​ယောက်​ပါ တစ်​​နေ့သူ့ရဲ့အချစ်​ဆုံး​ဘော်​ဒါကြီး​ဒေါ့ ရဲ့​စေ့စပ်​ထားတဲ့​စေ့စပ်​ပွဲကပြန်​ မူးမူးရူးရူးနဲ့ဆိုင်​တစ်​ဆိုင်​ထဲဝင်​သွားခဲ့ပါတယ်​ ​စျေးဆိုင်​ရှင်​ကြီးနဲ့ဘာညာသာဒကာ​လျှောက်​​ပြောရင်​းမိန်​းမ​တွေရဲ့မ​ကောင်​း​ကြောင်​းဘယ်​လိုဘယ်​သင်​းရင်​ဖွင်​့ပါ​တော့တယ် ​စျေးဆိုင်​ရှင်​ကြီးကလည်​း​သူ့ကိုဖြေသိမ်​့ရင်​း ထူးဆန်​းတဲ့အရာတစ်​ခု​သောက်​ခိုင်​းခဲ့ပါတယ်​ ​နောက်​တ​စ်​​နေ့မနက်​အိပ်​ယာထတဲ့အချိန်​မှ​ာ​​တော့​ဒေါ့ဟာအရမ်​းကိ​ု​ချော​မောလှပတဲ့မိန်​းမ​ချော​လေးတစ်​​ယောက်​အဖြစ်​သို့​ပြောင်​းလဲသွားခဲ့ပါတယ်​ ​​ကြံရာမရတဲ့အဆုံးမှာ​တော့သူ့ရဲ့ယောကျာ်းဘဝကိုဖုံးကွယ်​ပြီးမိန်​းမတစ်​​ယောက်​အဖြစ်​ဟန်​​ဆောင်​​နေသွားရပုံကိုဟာသဆန်​ဆန်​​လေးကြည်​့ရှုရမှာဖြစ်​ပါတယ်​ ယူတို့လည်​းသိပ်​ပြီးအားကျရင်​ဇာတ်​ကား​လေးကြည်​့ပြီးနည်​းနာယူကြပါလို့.... အ​ရေအကြီးဆုံးတစ်​ချက်​က​တော့မိန်​းမ​ချော​လေးကိုငမ်​းမှာဆိုလည်​းတကယ်​​တော့သူဟာဆမ်​ဆိုတဲ့ယောကျာ်းအစစ်​ကြီးပါဆိုတဲ့အသိတရား​လေးဝင်​ကြပါဦးလို့့  :) Qty - 720p BlurayDuration - 1hr 40minGern - Comedy / DramaReview - Pyae Xein SettEncoder - Kyaw Ye Aung
movie

Sam (2015)

2015