Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Samaire Armstrong
5.8
Not Another Teen Movie (2001)
ကပ္ပတိန်အမေရိကားကြီး Chris Evans ပါဝင်သရုပ်ဆောင်ထားတဲ့အမေရိကန်ကျောင်းသားဟာသ ဇာတ်ကားအမြူးလေးပါ။ ဘတ်ဂျက် ၁၅သန်းပဲကုန်ကျခဲ့ပေမယ့် Box Office 66.5 သန်းပြန်လည်ရရှိခဲ့တဲ့ရုပ်ရှင်ကားဖြစ်ပါတယ်။ American Pie ကားတွေလိုမျိုး ကျောင်းသားလူငယ်ဟာသကားဆိုတဲ့အတိုင်း ၁၈+အခန်းလေးတွေလဲ အများအပြားပါဝင်တယ်။ ရယ်လည်းရယ်ရတယ်ပေါ့နော်။ဇာတ်လမ်းလေးကတော့ ဂျွန်ဟူးဆိုတဲ့အထက်တန်းကျောင်းလေးမှာအခြေတည်ထားတာပါ။ ကျောင်းမှာနာမည်ကြီး Cheer leader ဖြစ်တဲ့ပရစ်ဆယ်လာနဲ့တွဲနေတဲ့ကျောင်းနာမည်ကြီးဘောလုံးကစားသမားဖြစ်တဲ့ ဂျိတ်ခ်ဝိုင်လာ(ChrisEvans)တယောက် ရုတ်တရက် အခြားအူကြောင်ကြောင်ကျောင်းသားတယောက်ကြောင့်ရည်းစားဖြတ်တာခံလိုက်ရပါတယ်။အဲဒါနဲ့ဂျိတ်ခ်ရဲ့သူငယ်ချင်းတယောက်ကကျောင်းမှာ ရိုးအအနဲ့ လူရာသိပ်မသွင်းတဲ့ ဂျေနီဘရစ်ဆိုတဲ့ ကျောင်းသူတယောက်ကို Queenဖြစ်အောင်လုပ်ပေးဖို့လောင်းကြေးထပ်ပါတယ်။ အဲဒီကစပြီးဂျိတ်တယောက် ဂျေနီဘရစ်နဲ့နီးစပ်ဖို့အမျိုးမျိုးကြံပါတော့တယ်။ဒါပေမယ့်ကြားထဲမှာ အစ်မဖြစ်သူကတ်သရင်းကြောင့်ရော၊ဂျေနီရဲ့လူမသိသူမသိအချစ်ဆုံးသူငယ်ချင်း ရစ်ကီလစ်မန်းရော၊ သူ့ရဲ့အတိတ်ကဘောလုံးပွဲအတိတ်ဆိုးတွေကပါအနှောင့်အယှက်ပေးတာကို ကြုံရပါတော့တယ်။အစ်မဖြစ်သူကတ်သရင်းကတော့ သူ့မောင်ကိုတဖြေးဖြေးကူညီပေးရင်း ဂျေနီကို ပုံစံလုံးဝပြောင်းပေးပြီး အလန်းလေးဖြစ်အောင်လုပ်ပေးလိုက်တဲ့အခါမှာတော့.... Chirs Evan အပါအဝင် တကျောင်းလုံးကကောင်တွေ ဘယ်လိုကြွေကျပြီး ဘယ်လိုသောက်တလွဲတွေနဲ့ အခွီတွေလုပ်ကြမလဲဆိုတာ......။"Not another teen movie" ဆိုတဲ့အတိုင်း ခင်ဗျားတို့ကြည့်နေကြ ဆယ်ကျော်သက်ဇာတ်ကားမျိုးလို့တော့ မထင်လိုက်နဲ့ဆိုပြီး အချီကြီးနဲ့စထားပါတယ်... ဒါပေမဲ့ ကျွန်တော်တို့ကြည့်နေကြ ဆယ်ကျော်သက်ဇာတ်ကားတွေဖြစ်တဲ့ Bring It On, American Pie, Cruel Intentions, American Beauty, Never ...
movie
Not Another Teen Movie (2001)
2001
God’s Not Dead: In God We Trust (2024)
IMDb Rating - 2.5Genre - Politics, Religion ကဲ ဒီတစ်ခေါက်တော့ နိုင်ငံရေးကားအသစ်မျှော်နေတဲ့သူတွေအတွက် 2024ခုနှစ်ထွက် အမေရိကန်နိုင်ငံရေးဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းအညွှန်း - ဖာသာ ဒေးဗစ် ဟေးလ် တစ်ယောက် မူဝါဒက နေ ဘာသာရေးကို ဖယ်ထုတ်ချင်သူတစ်ဦးနဲ့ လွှတ်တော်မတ်အဖြစ် ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်တာကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ယုံကြည်သက်၀င်မှုဟာ ပြည်သူလူထုရဲ့ ဘ၀မှာ ဘယ်လောက်အရေးပါသလဲဆိုတာရယ် ဘာသာရေးတန်ဖိုးများကို အစိုးရ အနေနဲ့ တစ်စိတ်တပိုင်း ပါ၀င်အားစိုက်ထုတ်ထားရန် ကြိုးစားမှုကို ဖော်ပြထားပါတယ်။ ဘာသာရေးနဲ့ နိုင်ငံရေး အားပြိုင်ထားတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။File size…(2.2 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by IVY
movie
God’s Not Dead: In God We Trust (2024)
My Acting Coach Nightmare (2024)
သရုပ်ဆောင်ဝါသနာပါတဲ့ ဆယ်ကျော်သက်ကောင်မလေး Sienna က သူတို့မြို့ရဲ့ သရုပ်ဆောင်နည်းပြတစ်ဦးဖွင့်မဲ့ သင်တန်းတက်ဖို့ သူ့အမေ Lisa ကို ခွင့်တောင်းခဲ့တယ်။ Lisaကလည်း သူ့ခင်ပွန်းဆုံးပြီးနောက်ပိုင်း သမီးလေး Sienna ရဲ့ ဝါသနာကို အားပေးချင်တာကြောင့် လက်ခံခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ သင်တန်းဆရာ နည်းပြဖြစ်တဲ့ Max ရဲ့ Sienna အပေါ်အပြုအမူတွေကို မသင်္ကါဖြစ်လာပါတော့တယ်။နည်းပြဖြစ်တဲ့ သရုပ်ဆောင် Max က တကယ်ပဲရိုးသားသူတစ်ယောက်လား၊ ဒါမှမဟုတ် Lisa ရဲ့ စိုးရိမ်မှုတွေကပဲ တကယ်မှန်နေသလား၊ Sienna ရဲ့ သရုပ်ဆောင်လောကအပေါ် စိတ်အားထက်သန်မှုတွေကရော သူ့ကို ဘယ်လိုရွေးချယ်မှုတွေဖြစ်ပေါ်စေမလဲဆိုတာကိုတော့ ဒီဇာတ်လမ်းထဲမှာ ဆက်လက်ပြီး စိတ်လှုပ်ရှားစွာ ကြည့်ရှုလို့ရပါပြီခင်ဗျာ။ File size…(1.4 GB)/(630 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre...Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Thwal Htoo Zin
movie
My Acting Coach Nightmare (2024)
Just My Luck (2006)
Just My Luck (2006) ================ကံဆိုတာ အမြဲတမ်းကောင်းမနေသလို အမြဲလည်း ဆိုးမနေတတ်ပါဘူး။ ဒါပေမဲ့ ဒီကားကတော့ အမြဲကံကောင်းတတ်တဲ့ ကောင်မလေးနဲ့ ဘာလုပ် လုပ် ကြံဖန်ကံဆိုးတတ်တဲ့ ကိုလူချောတို့အကြောင်းကို ဟာသလေးတွေ နှောပြီး တွေးစရာလေးတွေပါအောင် ရိုက်ကူးထားပါတယ်။Ashley ဆိုတဲ့ မိန်းမချောလေးဟာ အလုပ်ကောင်းကောင်းရှိပြီး အစစအရာ ရာအဆင်ပြေနေတဲ့ မိန်းကလေးပါ။ နာမည်ကျော်သူဌေးသားတစ်ယောက် နဲ့လည်း တွဲနေပါသေးတယ်။ သူ့လက်နဲ့ထိရင် ရွှေဖြစ်တယ်လို့ တင်စားရလောက် အောင် သူ့လုပ်သမျှတိုင်းက ကံအားလျော်စွာ အဆင်ပြေခဲ့တာချည်းပါပဲ။Jake ကတော့ Ashley နဲ့ ဆန့်ကျင်ဘက်ပါပဲ။ ကံဆိုးမသွားရာ မိုးလိုက်ရွာသလို ဘာလုပ်လုပ် အဆိုးတွေပဲ ဖြစ်နေသူပေါ့။ တစ်နေ့မှာ Ashley စီစဉ်တဲ့ ပါတီပွဲကြီး တစ်ခုကို Jake ၀င်ရောက်နိုင်ခဲ့တာကတော့ သူ့အတွက် ကံကောင်းခြင်းလို့ ပြော ရမလိုပါပဲ။ အကြောင်းကတော့ အဲဒီမျက်နှာဖုံးတပ်ပါတီပွဲမှာ Ashley နဲ့ Jake တို့ မထင်မှတ်ဘဲ တွဲကဖြစ်ပြီး နမ်းမိကြရာကစလို့ နှစ်ယောက်လုံးရဲ့ကံကြမ္မာဟာ ပြောင်းပြန်လှန်ပစ်သလို ပြောင်းလဲသွားတာကြောင့်ပါပဲ။အဲဒီနောက်ပိုင်းမှာ မယ်ကံကောင်းနဲ့ မောင်ကံဆိုးတို့ ဘာတွေဆက်ဖြစ်ကြမလဲ၊ ဘယ်သူကကံကောင်းပြီး ဘယ်သူက ...
movie
Just My Luck (2006)
5.0
Stay Alive(2006)
IMDb – 5/10 Rotten Tomatoes – 10% Audience Score -55%ကျွန်တော်တို့ချာတိတ်ဘဝ ၂၀၀၀ ခုနှစ်အလွန်များက တစ်နာရီကို ၂၀၀ကျပ်ဖြင့် PS2 ၊ ၎င်းနောက် တစ်နာရီ ၄၀၀/၅၀၀ကျပ်ဖြင့် PS3 စသည်ဖြင့် ကားသခိုး၊ ပီအီးအက်စ်၊ လတ်ဖိုးဒတ် စတဲ့ Console ဂိမ်းများဆော့ရင်း လူငယ်ဘဝကိုဖြတ်သန်း ခဲ့ကြဖူးသည်။ 2006 ခုနှစ်၌ထွက်ရှိသောအဆိုပါရုပ်ရှင်သည်ထိုအချိန်အခါများကို တစ်ဖန်ပြန်လည်အောက်မေ့ စေခဲ့သည်။ ဟတ်ချ်ဟုခေါ်သည့် အလုပ်အားချိန်များတွင် သူငယ်ချင်းများနှင့်အတူ ဂိမ်းဆော့ရင်း အချိန်ကုန်ဆုံးသည့် သာမာန်ရုံးဝန်ထမ်း ဂိမ်မာတစ်ယောက်ရှိလေသည်။ ထိုအလုပ်သည်လည်း အလုပ်ရှင်မှ ဂိမ်းဆော့သူတစ်ယောက်ဖြစ်သည်နှင့် ဂိမ်းနှင့်ပတ်သက်သည်များကို မသိတာရှိလျှင် မေးမြန်းရအောင် ခန့်ထားခြင်းဖြစ်သည်။ ဟတ်ချ် ၏ဘော်ဒါများသည်လည်း ဂိမ်းကိုအင်မတန်နှစ်ခြိုက်စွဲလန်းစွာ ဆော့ကစားကြသူ လူလတ်ပိုင်းများဖြစ်သည်။ တစ်ညသား၌ ဟတ်ချ်၏ဘော်ဒါ လူးမစ်ဆိုသည်၏ဖုန်းတစ်ခု ဝင်လာခဲ့သည်။ သားကြီးဒီဂိမ်းကကျွတ်ဆင်ကြီးကွာ ခြောက်ခြားစရာကြီး တူတူဆော့ရအောင်အိမ်လာခဲ့ကွာ ဘာညာပြောလာလေသည်။ ဟတ်ချ်မှာစိတ်မပါ၍သူ့ဘော်ဒါအား ရှော်ထုတ်လိုက်သည်။ နောက်တစ်ရက်၌ လူမစ်နှင့်သူ၏သူငယ်ချင်းနှစ်ယောက် နေအိမ်၌ပင် ရက်စက်စွာသတ်ဖြတ်ခြင်းခံရသည်ဟု သတင်းရလေသည်။ လူးမစ်၏ အသုဘ၌ ဟတ်ချ်တစ်ယောက် မသေခင်လူးမစ်ဆော့နေသည့် Stay Alive ဆိုသည့်အဆိုပါဂိမ်းကို လက်ဝယ်ရရှိ ...
movie
Stay Alive(2006)
6.7
Terror on the Prairie (2022)
Terror on the Prairie (2022) ဂျပ်ဘ်မက်အယ်လစ်စတာဟာ တစ်ချိန်ကခွဲထွက်ရေးဝါဒီစစ်သားတစ်ယောက်ဖြစ်ခဲ့ပြီး အခုချိန်မှာတော့ မွန်တာနာကိုမိသားစုနဲ့အတူပြောင်းရွှေ့နေထိုင်ရင်းခြံလုပ်ငန်းနဲ့အသက်မွေးနေပါတယ်။ ဇနီးဖြစ်သူဟတ်တီက သူ့အတိတ်နောက်ကြောင်းကိုသိပေမယ့် အပြည့်အဝမဟုတ်ပါဘူး။ ဒါပေမဲ့လည်း တစ်နေ့မှာတော့ ဂျပ်ဘ်ရဲ့ အတိတ်တွေဟာ ကပ္ပတိန်နဲ့ သူ့ဓားပြတွေအသွင်နဲ့ သူတို့ဆီကိုပြန်လည်ခြောက်လှန့်ဖို့ရောက်ရှိလာပါတော့တယ်။ အဲ့ဒီအချိန်ဟာ ဂျပ်ဘ်မြို့ကိုတက်သွားချိန်၊ အိမ်မှာ ဇနီးသည်မိန်းမသား ဟတ်တီနဲ့ လူမမယ်ကလေးနှစ်ယောက်ပဲ ရှိနေချိန်ဖြစ်ပါတယ်။တစ်ချိန်က စစ်ပြန်တွေ၊ အခုချိန်မှာ ဓားပြအဖြစ် အသက်မွေးနေတဲ့ လက်နက်အပြည့်အစုံ ယောက်ျားရင့်မာတစ်အုပ်ကို သူတို့ ဘယ်လိုရင်ဆိုင်တွန်းလှန်ကြမလဲ?Western ရုပ်ရှင်တစ်ခုကို ခေတ်ပေါ် home invasion thriller ဇာတ်ကားတွေလိုမျိုး suspense တွေ လှည့်ကွက်တွေအပြည့်နဲ့ သည်းထိတ်ရင်ဖို ကြည့်ရှုခံစားရမဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Alias ပါ။)File Size : 1.6GB, 670MB & 334MB Quality : 1080p WEBRip, 720p WEBRip & 480p Format : mp4 Duration ...
movie
Terror on the Prairie (2022)
2022