Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Sai Chand
7.2
Sye Raa Narasimha Reddy (2019)
Sye Raa Narasimha Reddy 2019 (မသေမျိုး နာရက်ရှီမာရက်ဒီ) IMDb - 7.2/10ယခုတစ်ခါမှာတော့ CM ပရိသတ်ကြီးအတွက် ၂၀၁၉ တုန်းက ထွက်ရှိထားခဲ့တဲ့ ဗြိတိသျှတွေ အိန္ဒိယကို အုပ်စိုးစဉ်အချိန် အိန္ဒိယတွေဘက်ကနေ တွန်းလှန်တိုက်ခိုက်ခဲ့တဲ့အကြောင်းကိုရိုက်ကူးထားတဲ့ သမိုင်းကြောင်းဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ရပါတယ်။ဒီကားမှာဆိုရင် အမီတာဘချမ်းပါဝင်သရုပ်ဆောင်ထားပြီး မင်းသားအနေနဲ့ Chiranjeevi ကပါဝင်ထားပြီး အရန်နေရာမှာလည်း နာမည်ကြီးတွေ အများကြီးကို ထည့်သွင်းရိုက်ကူးထားတာဖြစ်လို့ ကောင်းမယ်ဆိုတာ ပြောစရာတောင် လိုမယ်မထင်ပါဘူး။အိန္ဒိယနိုင်ငံကို ဗြိတိသျှတွေ ကျူးကျော်လာစဉ်အချိန်က ပြန်လည်တိုက်ခိုက်ပုန်ကန်မှုတွေ ရှိခဲ့ပါတယ်။ ဒီပုန်ကန်မှုတွေထဲမှာ အကျော်ကြားဆုံးကတော့ ၁၈၅၇ခုနှစ်တုန်းက ဆီဖိုမူတီနီပုန်ကန်မှုပဲဖြစ်ပါတယ်။ဒီပုန်ကန်မှုရဲ့ အဓိကခေါင်းဆောင်ကတော့ ဂျန်စီလက်ရှမီဖြစ်ပြီးတော့ သူတို့တွေ စတင်တိုက်ခိုက်တုန်းက လူပေါင်း ၂ထောင်လောက်နဲ့ စတင်ခဲ့ပေမယ့် ၃လလောက်လည်းကြာရော လူအယောက်၁၀၀လောက်ပဲ ကျန်ခဲ့တဲ့အတွက် စိတ်အားလျော့ကုန်ကြပါတယ်။နယ်မြေလေးတွေကို သီးသန့်အုပ်ချုပ်တဲ့ အကြီးအကဲတွေရယ်လို့ သီးသန့်ရှိခဲ့ပါတယ်။ နယ်မြေပေါင်း ၆၁ခုရှိပြီးတော့ ဒီနယ်မြေတွေကိုလည်း ဗြိတိသျှက သိမ်းပိုက်ဖို့အတွက် ကြံစည်နေတဲ့အချိန်မှာ ကိုယ့်လူမျိုးတွေကို မတရားသတ်ဖြတ်ခံနေရတာကို မကြည့်နိုင်တဲ့ နာရက်ရှီမာရက်ဒီဟာ နယ်မြေ ၆၁ခုလုံးက အကြီးအကဲတွေကို ဖိတ်ကြား ပူဇော်ပွဲလုပ်ရင်း ဗြိတိသျှတွေကို တွန်းလှန်ဖို့အတွက် လူစုပါတော့တယ်။နာရက်ရှီမာရက်ဒီဆိုတာလည်း နှယ်နှယ်ရရတော့မဟုတ်ပါဘူး။ ...
movie
Sye Raa Narasimha Reddy (2019)
8.6
Maa Nanna Superhero (2024)
Maa Nanna Superhero 2024 (အဖေ့အတွက်သူရဲကောင်းကျွန်တော်)အဖေနဲ့သားကြားက သံယောဇဉ်ကို အကောင်းဆုံး ပုံဖော်ရိုက်ကူးထားတဲ့ တေလဂူရုပ်ရှင်လေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။အဖေအရင်းရယ် မွေးစားအဖေရယ် သူတို့ရဲ့သားရယ် သူတို့ 3 ယောက်ကြားက အလွဲလေးတွေအပြင် အရယ်အငိုရသစုံခံစားရစေမယ့် ဇာတ်ကားကောင်းလေးတစ်ကားပါ။ရင်ခွင်ပိုက်အရွယ် ကလေးငယ်လေးနဲ့ တစ်ကိုယ်တော်အဖေပရာကတ်ရှ်တစ်ယောက် သားလေးကိုမိဘမဲ့ဂေဟာမှာ ခဏအပ်ထားပြီး ကားသမားအနေနဲ့ ပုံသေအလုပ်ရဖို့ အော်ဒါလိုက်သွားပါတယ်။ကံဆိုးချင်တော့ သူမောင်းရတဲ့ကားက ဆေးခြောက်သယ်လာတဲ့ကားဖြစ်လို့ မူးယစ်မှောင်ခိုမှုနဲ့ ထောင်ဒဏ်နှစ်နှစ်ဆယ်ကျသွားပြီး နှစ်နှစ်ဆယ်ကြာမှပဲ ထောင်ကပြန်လွတ်လို့ သားဖြစ်သူကို လိုက်ရှာပါတော့တယ်။တစ်ဖက်က သားဖြစ်သူဂျွန်နီကလည်း မွေးစားအဖေရဲ့စတော့ရှယ်ယာကြွေးကိုဆပ်လိုက် ဟိုကအကြွေးပြန်တင်လိုက်နဲ့ သံသရာလည်နေပေမဲ့ အဖေ့ကို အပြစ်မမြင်တဲ့သူပေါ့။ ဒီလိုနဲ့ ကံကြမ္မာဇာတ်ဆရာရဲ့အလိုကျ ဒီ လူ 3 ယောက် ဆုံဆည်းဖို့ ဖြစ်လာတဲ့အခါ....(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်) File size… 2.12 GB / 1.06 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 7m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood ...
movie
Maa Nanna Superhero (2024)
7.9
Virupaksha(2023)
Virupaksha 2023IMDb-8/10Mystery ရုပ်ရှင်ပရိသတ်တွေအကြိုက်တွေ့မယ့် ရုံတင်ငွေကုဋေကိုးဆယ်နီးနီးရရှိခဲ့တဲ့ ရုံတင်ကားပါ ဇာတ်ဆောင်အနေနဲ့လည်း ဟိုတလောကနာမည်ကြီးသွားတဲ့ ကျောင်းဆရာကားထဲက မင်းသမီးလေး Samyuktha Menon အဓိကပါဝင်ထားပါတယ်ဇာတ်လမ်းအစမှာ တစ်ရွာလုံးကကလေးတွေကို ကျိန်စာတိုက်နေပါတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့လင်မယားနှစ်ယောက်ကိုမီးပုံရှို့နေပါတယ် ဒီထဲက ဇနီးဖြစ်သူက နောက် 12 နှစ်ကြာပြီးတဲ့အချိန်မှာ ဒီရွာဟာသုသာန်တစပြင်ဖြစ်ရမယ်လို့ကျိန်စာတိုက်ထားခဲ့ပါတယ်12 နှစ် ကြာပြီးတဲ့အချိန် ရူဒရာဗန်နမ်ဆိုတဲ့ကျေးရွာလေးဟာ ပွဲတော်တစ်ခုကျင်းပဖို့ပျော်ရွှင်နေကြချိန် ရွာသားတစ်ယောက်ထူးဆန်းစွာသေဆုံးမှုကြောင့် ဘုန်းတော်ကြီးကနေ ဒီရွာကို 8 ရက်တိုင်တိုင်ပိတ်ချ ၊ အပြင်လူအားလုံးတစ်ရက်အတွင် းပြန်ရမယ်ဆိုတဲ့စည်းကမ်းချမှတ်လိုက်ပါတယ် ဒီစည်းကမ်းကိုအကြောင်းအမျိုးမျိုးနဲ့ ချိုးဖောက်ပြီး ထွက်သွားကြသူတွေဟာလည်း ထူးဆန်းသွားသေဆုံးသွားကြပါတယ် ဒီချိန်မှာရွာရောက်နေတဲ့ ဆူရီယာဆိုတဲ့ မြို့သားတစ်ယောက်ဟာ ရွာခံနန်ဒီနီ့ကိုချစ်မိပြီး ထွက်သွားပြီးမှ နန်ဒီနီ့ကျန်းမာရေးအတွက် ပြန်ဝင်လာခဲ့ပါတယ်ဘယ်လောက်ပဲဆန်းကြယ်ပါစေ အဖြေရှာတွေ့စမြဲပါပဲ ဒီထဲကဆန်းကြယ်မှုတွေကိုရော ဆူရီယာကဘယ်လိုအဖြေရှာဖော်ထုတ်မလဲ ရင်တထိတ်ထိတ် ရှုစားကြည့်ပါဦးသွေးသံရဲရဲအခန်းတွေများစွာပါဝင်တာမို့ အသည်းငယ်တတ်သူများမကြည့်ရှုခင်မှာ သေချာလေးစဉ်းစားသင့်တဲ့ ဇာတ်ကားတစ်ကားပါပဲ File size…2.93GB / 1.24GB Quality…1080p WEB DL / 720p Format… mp4 Duration….2h 25m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ YH ~ chiclon3 ~ Aditi ~ Yunni
movie
Virupaksha(2023)
2023
9.0
Viraata Parvam (2022)
ဒီတစ်ခါမှာလည်း IMDB မှာ Rating 9 အထိရရှိထားပြီး နာမည်ကျော်သရုပ်ဆောင်နှစ်ဦးပါဝင်ထားတဲ့ ရုံတင်ဇာတ်ကားတခုကို တင်ဆက်ပေးလိုက်ပါပြီ... ဒီရုပ်ရှင်ရဲ့အဓိက ဇာတ်ဆောင်နှစ်ဦးကတော့ ဗဟူဗလီဇာတ်ကားမှာနာမည်ရလာပြီး Kaadanရုပ်ရှင်ကားနဲ့ ပရိတ်သက်ရဲ့အားပေးမှုကို ထပ်မံရရှိထားတဲ့ မင်းသားrana daggubati နဲ့ မိတ်ကပ်မပါပဲ သဘာဝဆန်ဆန်လှပတဲ့ မင်းသမီးsai pallaviတို့ပဲဖြစ်ပါတယ်....ဇာတ်လမ်းအကျဉ်း ============== ၁၉၇၃ ခုနှစ်ကိုအခြေခံထားပြီး ဓနရှင်တွေနဲ့ အခြေခံလူတန်းစားတိုက်ပွဲကြားမှာ မွေးဖွားလာခဲ့တဲ့ မိန်းကလေးတစ်ယောက်။ မိခင်ဖြစ်သူဆီက ခေါင်းမာမှုနဲ့ ဖခင်ဖြစ်သူဆီက စာပေကဗျာတွေဖတ်ရှုမှုကိုအမွေရထားပြီး မှန်တယ်ထင်ရင် နောက်မဆုတ်တတ်သူတစ်ယောက်ပေါ့ ၊တစ်နေ့ သူငယ်ချင်း အစ်ကိုဆီက စာအုပ်တစ်အုပ်ကိုဖတ်မိရင်း လူတန်းစားအားလုံး သာတူညီမျှ ရှိဖို့အတွက် ခေါင်းထဲဝင်ရောက်လာသလို စာအုပ်ရေးသူကိုပါစွဲလမ်းသွားရာမှစပြီး ထင်မှတ်မထားတဲ့အရှုပ်တော်ပုံတွေထဲ ဘယ်လိုဝင်ရောက်ပတ်သက်မိမှာလဲဆိုတာကိုတော့ ရုပ်ရှင်ထဲမှာ စီးမျောခံစားလိုက်ကြပါဦး။အညွှန်း Lwin Htoo Aung File size…(2.6 GB)/ (1.29GB) Quality… WEB-DL 1080p HEVC/720p Format...mkv/mp4 Duration….2h 31m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni & Lwin Htoo Aung & Guu Guu & Honeyey
movie
Viraata Parvam (2022)
2022
1080p HEVC
7.0
Check(2021)
Check(2021) အညွှန်း******************IMDb...7.0၂၀၀၄ခုနှစ် ဒီဇင်ဘာလမှာ ဗုံးပေါက်ကွဲမှုကြောင့် လူအယောက် (၄၀) အသက်ဆုံးရှုံးခဲ့ရတယ်...ဒီသေဆုံးမှုကြောင့် အိန္ဒိယ တစ်နိုင်ငံလုံးဒေါသတွေထွက်ကြတယ်.အစိုးရရဲ့ စုံစမ်းစစ်ဆေးမှု (၂)အကြာလုပ်အပြီးမှာ တရားခံ(၄)ယောက်ကိုဖမ်းဆီးနိုင်ခဲ့ပြီး သေမိန့်ပေးခဲ့တယ်...ဒီထဲမှာ သံသယရှိသူအဖြစ်ထပ်မံဖမ်းဆီးခံရတာကတော့ အဒိတျဆိုတဲ့သူတစ်ယောက်ပါ...သူကတော့ လုံးဝအပြစ်ကင်းတယ်လို့ အကြိမ်တိုင်းပြောနေသလိုဒီအတွက်အယူခံဝင်ဖို့လည်း ကြိုးစားနေပါတယ်...ခက်တာက သူ့ကိုဘယ်သူမှရှေ့နေလိုက်မပေးချင်ကြသလို လိုက်တဲ့ရှေ့နေတွေကလည်းရှုံးလည်း ဘာမဖြစ်ဘူးလို့ခံယူထားကြတော့သူ့အတွက်အတော်ဒုက္ခရောက်နေပါတယ်..ဒီကြားထဲသူဟာ တရားခံ(၄)ယောက်ရဲ့ နောက်ဆုံးထောင်ထားတဲ့ဗုံးတည်နေရာတွေအတွက်ဖော်ကောင်လုပ်လိုက်လို့ ထောင်ထဲမှာ အချိန်မရွေး အသက်ပျောက်နိုင်တဲ့အနေအထားဖြစ်နေပါတယ်....ဒီ အိန္ဒိယကားက ဇာတ်လမ်းစထဲက စိတ်ဝင်စားစရာကောင်းပါတယ်...လှည့်ကွက် မြှုတ်ကွက်ပေါင်းများစွာပါသလိုအပိုကြီးတွေသိပ်မလုပ်တဲ့ထူးခြားဇာတ်လမ်းလို့တောင်ပြောလို့ရပါတယ်...ပိုစိတ်ဝင်စားဖို့ကောင်းတာက ထောင်ထဲကစစ်တုရင်ပွဲတွေပါပဲ....ဘယ်သူမှာ သူ့ဘက်မှာမရှိတဲ့ ထောင်ထဲက သူဘယ်လိုထွက်မလဲ...သူကိုယ်တိုင်ကရော တကယ်အပြစ်ကင်းရဲ့လား...သူ့အသက်အန္တရယ်ကိုရော ကာကွယ်နိုင်ပါ့မလား...တစ်ကောင်ကြွက်ဘဝနဲ့ ကလေးဘဝထဲက ခြေဉီးတည့်ရာလျှောက်သွားနေတဲ့ ဒီကောင်လေးမှာရောဘယ်လိုအရည်အချင်းတွေရှိမလဲ...နင်းကန်ကောင်းတယ်လို့ ညွှန်းချင်တယ်...ကြည့်ရကြိုးလုံးဝနပ်စေရမယ်.... File Size : (2.2GB) and (1.1GB) Quality : WEB-DL 1080P,720p Format…mp4 Duration…02:20:00 Genre : Action , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Thar Htet ...
movie
Check(2021)