Channel Myanmar

Sahatchai Chumrum

Panor (2025)
Panor (2025)  ဖနောဆိုတဲ့မိန်းကလေးက ရွာရဲ့ ကျိန်စာအခမ်းအနားကျင်းပလေ့ရှိတဲ့လျှို့ဝှက်ဆန်းကြယ်တဲ့ နေ့မှာမွေးဖွားခဲ့တာပါ။မွေးကတည်းက ထူးခြားတဲ့စွမ်းအား‌တွေ ပါရှိလာခဲ့တာကြောင့် လူ့အသိုင်းအဝိုင်းကနေ ပယ်ခံထားရတဲ့မိန်းကလေးဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ဖနောရဲ့ အိမ်နီးနားချင်းတွေကလည်း ဆိုးရွားတဲ့အဖြစ်အပျက်တွေ မကောင်းတဲ့ကိစ္စတွေကို မကြာခဏဆိုသလို ကြုံခဲ့ရတယ်။ ဒီလို ကိစ္စ‌တွေကြောင့်ပဲ ရွာကလူတွေက ဖနောကို မကောင်းဆိုးဝါး‌တွေ ယူဆောင်လာတဲ့သူလို့ သတ်မှတ်ထားကြပြီး ရှောင်ရှားခဲ့ကြတယ်။ဒီလိုနဲ့ တနေ့မှာတော့ ဖနောဟာ သူ့ကိုမွေးတုန်းက ပါလာတဲ့အမဲရောင်စွမ်းအားတစ်ခုနဲ့ပတ်သတ်တဲ့အရာကို မထင်မှတ်ဘဲ တွေ့ခဲ့တယ်။ အဲဒီအရာကြောင့် ဖနောဟာ သူ့ဘ၀တလျှောက်လုံး ထူးဆန်းတဲ့အနှောင့်အယှက်‌တွေ လျှို့ဝှက်ဆန်းကြယ်တဲ့ သဘာဝလွန်ဖြစ်ရပ်‌တွေနဲ့ကြုံခဲ့ရတယ်။ဒါပေမဲ့ ဖနောမွေးတုန်းက လိုက်ပါလာတဲ့ကံကြမ္မာဆိုးက တကယ်တမ်းဘာလဲ..... ဖနောက‌ရော ဒီလျှို့ဝှက်ချက်ကိုဖော်ထုတ်နိုင်မလား....... ပြီးတော့ သူမရဲ့ကံကြမ္မာကိုပြောင်းလဲနိုင်ပါ့မလား....ဆိုတာကြည့်ရှုခံစားလိုက်ကြပါဦးလို့....... File size…(2 GB)/(920 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 02:00:00 Genre...Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Elena Translated by Alyn, Htet & Khaing Thazin
movie

Panor (2025)

Morrison (2024) 6.5
Morrison (2024) Morrison (2024) ***************Morrison သည် ပြင်သစ်နိုင်ငံက ထုတ်လုပ်သူနဲ့ပူးတွဲ တင်ဆက်ရိုက်ကူးထားတဲ့ ထိုင်းရုပ်ရှင်ဖြစ်ပါတယ်...Mystery ဆန်ဆန် ဂီတကို နောက်ခံပြု ရိုက်ကူးတဲ့အပြင် လွန်ခဲ့တဲ့နှစ် ၄၀ ကျော်က ထိုင်းနိုင်ငံရဲ့လူတွေဂီတအပေါ်မှာ ဘယ်လိုခံစားကြသလဲဆိုတာကိုပါ ရှုစားရမှာဖြစ်ပါတယ်...ဇာတ်လမ်းအကျဉ်း --------------အမေရိကန်အဖေနဲ့ထိုင်းမိခင်မှ မွေးဖွားလာသူ ဂျင်မီ(လတ်)ဟာ ငယ်စဉ်က နာမည်ကြီး အဆိုတော်ဖြစ်ခဲ့ပေမယ့်နောက်ပိုင်းမှာ အင်ဂျင်နီယာအဖြစ် အသက်မွေးဝမ်းကျောင်းခဲ့သူလည်း ဖြစ်ပါတယ်...သူ့မိခင်ဆုံးပါးသွားချိန်မှာမွေးရပ်မြေကို ပြန်ပြီး မိခင်ရဲ့နာရေးကို တက်ရောက်ခဲ့ပါတယ်...အဲဒီနောက် သူဟာ ဟိုတယ်အဟောင်းတစ်ခုကိုပြန်လည်မွမ်းမံဖို့ အလုပ်လက်ခံလိုက်ပါတယ်...အဲဒီဟိုတယ်ကို သူရောက်သွားချိန်မှာတော့ ထူးဆန်းလွန်းတဲ့ခံစားချက်တွေ ဖြစ်လာခဲ့ပါတယ်...ဟိုတယ်ဟာ ဟိုတယ်တစ်ခုရဲ့အင်္ဂါရပ်တွေနဲ့ မပြည့်စုံသလို ဆန်းကြယ်မှုတွေလည်းပြည့်နှက်နေခဲ့ပါတယ်...ဟိုတယ်ကို မွမ်းမံပေးဖို့လာတဲ့ဂျင်မီ(လတ်)တစ်ယောက် ဟိုတယ်ကို ပြီးစီးအောင်ပြင်ဆင်ပေးနိုင်ပါ့မလား...သူကြုံတွေ့ခံစားနေရတဲ့ ထူးဆန်းအံ့ဖွယ်အဖြစ်အပျက်တွေကရော တကယ်ပဲလားဆိုတာအဖြေရှာရင်း ခံစားကြည့်ရှုအပန်းဖြေနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်...ဇာတ်လမ်းအညွှန်းကို Dao Phyo မှရေးသားပေးထားပါတယ်File Size : 1.49GB / 674MB Quality : WEB-DL 1080p /720p Genre : Drama Duration : 1hr ...
movie

Morrison (2024)

In Youth We Trust (2024) 6.2
In Youth We Trust (2024) In Youth We Trust (2024) ************************4Kings ဇာတ်ကားထဲက မင်းသား Nat Kitcharitနဲ့ Arak Amornsupasiriတို့ ပါဝင်ထားတဲ့ထောင်တွင်းဇာတ်ကားကောင်းလေး ထွက်ရှိလို့လာပါပြီ...ထောင်တွင်းက လူငယ်အကျဉ်းသားတချို့အကြောင်းကိုဒါရိုက်တာက ပုံဖော်ရိုက်ကူးပြထားတာဖြစ်ပါတယ်...ပူအက်ဆိုတဲ့ကောင်လေးဟာ ငယ်စဉ်အရွယ်ကတည်းက ဖခင်မရှိဘဲ မိခင်နဲ့ နှစ်ဦးတည်းသာနေထိုင်ခဲ့ရသူပါ...မိခင်ဖြစ်သူဟာ တခြားလုပ်ငန်းမလုပ်တတ်တဲ့အတွက် မူးယစ်ဆေးရောင်းပြီးတော့ ပူအက်ကို ရှာဖွေကျွေးမွေးပျိုးထောင်ပေးခဲ့ပါတယ်...ပူအက်လည်း မိခင်ဖြစ်သူက မူးယစ်ဆေးရောင်းပြီး ရှာကျွေးတဲ့ကိစ္စကို အရှက်ကြီးရှက်ပြီးမူးယစ်ဆေးကိုလည်း အမုန်းကြီးမုန်းနေသူတစ်ယောက်ပေါ့...သူအရွယ်ရောက်ပြီး သိပ်မကြာခင်ပဲ အဖေဖြစ်သူကဆေးမှုနဲ့ထောင်ကျသွားပါတော့တယ်...အဲဒီအချိန်မှာပဲ ပူအက်တစ်ယောက် ဒေါသအလျောက်လူသတ်မှုဖြစ်ခဲ့ပြီးကျောင်းပြီးသွားလို့ အလုပ်ရရင် ဒီလိုရပ်ကွက်မျိုးကနေ ပြောင်းပြီး သားအမိနှစ်ယောက် ပျော်ပျော်ကြီးနေသွားမယ်ဆိုတဲ့ အိပ်မက်ဟာလည်းပျောက်ဆုံးသွားရပါတော့တယ်...ဒီလိုနဲ့ပဲ အိပ်မက်တွေပျောက်ဆုံးသွားတဲ့ လူငယ်တစ်ယောက် အကျဉ်းထောင်ကိုရောက်လာတဲ့အခါမှာဘာတွေဆက်ဖြစ်မလဲဆိုတာကို ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုပေးကြပါဦး...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Char Ou ဖြစ်ပါတယ်File Size : 1.89GB / 782MB Quality : WEB-DL 1080p / 720p Genres : Crime, Drama Duration ...
movie

In Youth We Trust (2024)

Bangkok Haunted (2001) 5.5
Bangkok Haunted (2001) Bangkok Haunted (2001) ***********************ဟာသမနှောတဲ့ Thai horror စစ်စစ်ကိုမှ ခံစားလိုသူတွေအတွက် ၂၀၀၁ ခုနှစ်မှာထွက်ရှိခဲ့တဲ့old but gold ထိုင်းသရဲကားလေးတစ်ကားကို CMမှ ပြန်လည်တင်ဆက်ပေးလိုက်ပါပြီ...ဒီကားလေးကတော့ anthology horror movies အမျိုးအစားဖြစ်ပြီးတော့မတူညီတဲ့သရဲဇာတ်လမ်း ၃ ခု၊ မတူညီတဲ့ရသ ၃ ခုကို ခံစားရမှာဖြစ်ပါတယ်ဗျ...ဇာတ်လမ်းလေးကိုတော့ သူငယ်ချင်း ၃ ယောက် ကော်ဖီဆိုင်ထိုင်ရင်း ဆက်မိစပ်ရာနဲ့သရဲအကြောင်းပြောရာကနေ အစပျိုးထားပါတယ်...ဒီမှာတော့ ရှေးဟောင်းဗုံ၊ပီယဆေးနဲ့ ကြိုးတန်းလန်းနဲ့အလောင်းဆိုပြီး ဇာတ်လမ်း ၃ ခု ကို တင်ဆက်ပေးထားပါတယ်...ဇာတ်လမ်းအကျဉ်း -------------ပထမတစ်ခုမှာတော့ ဘယ်သူပို့မှန်းမသိဘဲ ဆိုက်ဆိုက်မြိုက်မြိုက် အိမ်ကိုရောက်လာတဲ့ ရှေးဟောင်းဗုံတစ်လုံး၊ဒီဗုံကရှေးဟောင်းပစ္စည်းဆိုတော့ စိတ်ဝင်စားစရာပေမဲ့ ဗုံရဲ့နောက်ကွယ်မှာ သမိုင်းကြောင်းတွေရှိနေပါသတဲ့...ဘယ်လိုသမိုင်းကြောင်းတွေဖြစ်မလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ခံစားကြည့်လိုက်ပါဦးဗျာ...ဒုတိယဇာတ်လမ်းမှာတော့ ရည်းစားနဲ့ပြတ်ခါစ ဂျီယက်တစ်ယောက် အိမ်နီးချင်းအစ်မကြီးဆီကနေပီယဆေးလက်ဆောင်ရလိုက်ပြီး ဒီပီယဆေးအစွမ်းနဲ့ပဲ အချစ်ကနေ သေမင်းခံတွင်းဝ ရောက်သွားဖို့ ဖြစ်သွားတဲ့အခါ...ဂျီယက်တစ်ယောက် အသက်ရှင်နိုင်ပါ့မလားဆိုတာ ရင်တဖိုဖိုနဲ့ ကြည့်ရှုလိုက်ပါဦးနော်...တတိယဇာတ်လမ်းကတော့ ကြိုးတစ်ချောင်းနဲ့အလောင်းတစ်လောင်း၊ ကိုယ့်ကိုယ်ကိုယ်သတ်သေမှုလို့လူတိုင်းက ယူဆကြပေမဲ့ဒါကိုမယုံနိုင်တဲ့ ...
movie

Bangkok Haunted (2001)

Tee Yod 2 (2024) Death Whisperer 2 7.1
Tee Yod 2 (2024) Death Whisperer 2 Tee Yod 2 (2024)IMDb Rating (7.1) ထိုင်းနာမည်ကြီး horror ရုပ်ရှင် Tee Yod (Death Whisperer) ရဲ့ နောက်ဆက်တွဲ ရုပ်ရှင်ရပါပြီ။2023 ခုနှစ်ကထွက်ရှိခဲ့ပီး horror ဖန်တွေ ကြားမှာ တော်တော်လေး နာမည်ကြီးသွားခဲ့တဲ့ Tee Yod (Death Whisperer) ဟာ မိသားစု တစ်စု အရမ်းကြမ်းတဲ့ စုန်းမနဲ့ ရင်ဆိုင်ရပုံကို ခြောက်ခြားဖွယ်ရာ ပြသထားခဲ့တာပဲ ဖြစ်ပါတယ်။ပထမဇာတ်ကားရဲ့ အောင်မြင်မှုကြောင့် Tee Yod 2 ထပ်မံ ထွက်ရှိလာခဲ့ပြီး October လထဲမှာ ရုံတင်ပြသခဲ့တာပါ။ဒီလို ပြသချိန်မှာလဲ Tee Yod 2 ဟာ အကြီးအကျယ်အောင်မြင်ခဲ့ပီးတော့ 10 နှစ်အတွင်း ထိုင်းမှာ ဝင်ငွေ အကောင်းဆုံး horror ရုပ်ရှင် ဖြစ်ခဲ့ပါတယ်။ဇာတ်လမ်းကတော့ပထမရုပ်ရှင်ထဲက ညီမဖြစ်သူ Yam သေဆုံးသွားပြီးနောက် ...
movie

Tee Yod 2 (2024) Death Whisperer 2

2024
Trending
I Am Not Big Bird (2024) 5.5
I Am Not Big Bird (2024) " ကျွန်တော် ငှက်ကြီးမဟုတ်ပါ"ဆိုတဲ့ ထူးထူးဆန်းဆန်း နာမည်နဲ့ ဇာတ်ကားကတော့ ဖိလစ်ပိုင်ရဲ့ နာမည်ကြီးမင်းသား Enrique Gil ရဲ့ သုံးနှစ်ကြာမှပြန်ရိုက်တဲ့ comeback ဇာတ်ကား ဖြစ်ပါတယ်။ s3x comedy ကားဖြစ်တာကြောင့် ကြည့်မယ်ဆိုရင် ၁၈ ယောက်အထက် စုပြီးမှ အောက်က အညွှန်းကို ဖတ်ပေးကြပါ။ဖိလစ်ပိုင်က ဘဏ်ဝန်ထမ်း လူဝိစ်ကာပီယိုဆိုတဲ့ သူရဲ့ဘဝဟာ စိတ်ဝင်စားစရာမရှိလှပါဘူး။ ဘဏ်မှာ အဆင်မပြေဖြစ်မယ်၊ သူ့ရည်းစား ကတ်သီကို လက်ထပ်ခွင့်တောင်းမယ်ပဲ စိတ်ထဲရှိနေတာပါ။ ဒါပေမဲ့ ကတ်သီတစ်ယောက် သူ့ကို ဘာမှမဘာတာလို့ နာကျည်းပြီး လမ်းခွဲလိုက်တဲ့အချိန် ကာပီယိုတစ်ယောက် စိတ်ညစ်ညစ်နဲ့ သူရည်းစားရှိတုန်းက ပလစ်ခဲ့တဲ့ ဂျူလိုင်နဲ့ မက်ကီတို့ကို ခေါ်ပြီး ထိုင်းနိုင်ငံဆီ သွားဖို့ ပြင်ပါတော့တယ်။ ထိုင်းရောက်သွားတဲ့ သူတို့သုံးယောက်ကို ထိုင်းပြည်သူတွေက ပါးတွေနားတွေရိုက်ကြတာကို ထိုင်းတွေက ဒီလိုပဲနှုတ်ဆက်တတ်တာလားလို့ ထင်သွားကြတဲ့ သူတို့တတွေ၊ လမ်းမှာတွေ့တဲ့ တိုးဂိုက် ပရာဂျက်သီသီနဲ့အတူ ညမှာကဲဖို့ နိုက်ကလပ်ကိုသွားတော့မှ ပါးရိုက်နှုတ်ဆက်ခံရတဲ့အကြောင်းအရင်းကို သိကြတော့တာပါပဲ။အကြောင်းကတော့ ကာပီယိုရဲ့ ရုပ်ဟာ ထိုင်းနိုင်ငံဂုဏ်ဆောင် ...
movie

I Am Not Big Bird (2024)

2024
4 Kings 2 (2024) 7..4
4 Kings 2 (2024) 4 Kings 2 (2024)ရုံတင်ဝင်ငွေတွေ တော်တော်များများ ရရှိထားတဲ့ 4 Kings 2021ရဲ့အဆက်ဖြစ်တဲ့ 4 Kings 2 ထွက်ရှိလို့လာပါပြီ။ 4Kings 2 ကလည်း Box officeတော်တော်လေးများတဲ့အပြင် good review, good ratingတွေပိုင်ဆိုင်ထားတဲ့ အက်ရှင်ကားကောင်းလေးဆိုတော့ ထိုင်းကားက လင်လုကားတွေ LGBTQ ကားတွေချည်းပဲလားဆိုသူတွေအတွက် အက်ရှင်ကားလေးလည်းရှိပါတယ်လို့ရည်ညွှန်းရင်း...4 Kings တုန်းကလိုပဲ 4 Kings 2ကလည်း နိုင်ငံရေးမတည်ငြိမ်မှုတွေကြားမှာ ကျောင်းဆိုတဲ့အရာတွေက ဇိုးအဖွဲ့တွေကြောင့် ကျောင်းသားတွေအတွက် အန္တရာယ်အရှိဆုံးနေရာ ဖြစ်လာနေတာပေါ့။ ဒီတစ်ခါမှာတော့ 2 Kingsကပဲ အဓိကလှုပ်ရှားသွားမှာဖြစ်ပြီး ခိုးဆိုးလုနှိုက်တစ်ပိုင်း ဘုရားစူးကျောင်းသားရိုင်းလေးတွေကြားကရန်ပွဲကိုပဲ ဆက်လက်ရှုစားရမှာပါ။ဇိုးကိုမှဆရာတင်တဲ့အမှောင်ခေတ်နဲ့အညီ ထုံးစံအတိုင်း ကျောင်းတွေမှာ ဂိုဏ်းတွေကိုယ်စီနဲ့ ဆက်လက်ဆိုးသွမ်းမြဲ သောင်းကျန်းမြဲဖြစ်နေတုန်းပါပဲ။ ဒီတစ်ခါမှာတော့ ဘူရန်ဖွန်ကျောင်းက ဇိုးတစ်သိုက်က ကနော့ကျောင်းက ကျောင်းသားတစ်ယောက်ကို လက်စွမ်းပြရာကနေ ကျောင်းတော်ကရန်စတွေ ပြန်လည်စတင်လာပြန်တာပေါ့။နဂိုထဲက တစ်ယောက်နဲ့တစ်ယောက် အားပြိုင် မိုက်လုံးချင်းပြိုင်ဘယ်သူဖြစ်နေတဲ့ ကင်းတွေကြားမှာ ရန်စတစ်ခုရသွားချိန်မှာတော့ တစ်ယောက်နဲ့တစ်ယောက် လက်စားချေဖို့ အမုန်းပွေပါတော့တယ်။ဒီရန်ပွဲတွေကြားထဲမှာ ရတ်ဆိုတဲ့ကောင်ဇိုးလေးကတော့ ကြားခံဖြစ်နေတာပေါ့။ ဒါပေမဲ့ ရတ်ကလည်း ကျောင်းတွင်းရန်ပွဲကြောင့် ...
movie

4 Kings 2 (2024)

2024
The Creator (2023)
The Creator (2023) The Creator (2023) ============== IMDb Rating - 7.1/10စက်ရုပ်မျိုးနွယ်ရဲ့ နောက်ဆုံးလက်နက်ကို ရှာပြီး ဖျက်ဆီးဖို့ တာဝန် ပေးခံရတဲ့ လူသားတပ်သားတစ်ယောက်အကြောင်းကို သိပ္ပံစွန့်စားခန်း အက်ရှင်အဖြစ် Godzilla 2014 တို့ Rogue One တို့ရဲ့ ဒါရိုက်တာ Gareth Edwards က ရိုက်ကူးထားတာပါ။ ခေါင်းဆောင်မင်းသားအဖြစ် TENET ထဲက မင်းသား John David Washington (ဒန်ဇယ် ဝါရှင်တန် ရဲ့သား) က ပါဝင်ထားပါတယ်။ IMDb 7.1 အထိ ရရှိထားပါတယ်။ဇာတ်လမ်းအကျဉ်း - ထုံးစံအတိုင်း စောင်ပျင်းမျိုးနွယ်ဖြစ်တဲ့လူတွေဟာ ခိုင်းစားဖို့ စက်ရုပ်တွေ တီထွင်ပါတယ်။ ခိုင်းလို့ကောင်း‌အောင် စက်အသိဉာဏ်တွေ ဖန်တီးခဲ့ပါတယ်။ ဒါပေမဲ့ စက်တွေကနေ လူတွေကို လော့စ်အန်ဂျလိမှာ အဏုမြူဗုံးတစ်လုံး ကျဲချလိုက်ချိန်မှာ အရာရာပြောင်းလဲသွားပါတော့တယ်။ ကမ္ဘာ့အနောက်ခြမ်း တစ်ခုလုံးက အသိဉာဏ်ရှိစက်ရုပ်တွေကို ရှင်းပစ်ဖို့ ကြိုးစားတဲ့ တပ်ပေါင်းစု ကြီးဖြစ်လာပြီး၊ အာရှသစ်လို့ခေါ်တဲ့ အရှေ့ပိုင်းမှာတော့ လူတွေနဲ့ စက်တွေ ယှဉ်တွဲနေထိုင်ကြပါတယ်။ တစ်နေ့မှာတော့ လူတွေအားလုံးကို အပြီးသတ် ရှင်းပစ်နိုင်မဲ့လက်နက်တစ်ခုကို ...
movie

The Creator (2023)

2023
4K HEVC
Bangkok Love Story (2007) 5.8
Bangkok Love Story (2007) Bangkok Love Story (2007)ထိုင်းရုပ်ရှင်တွေထဲ Thai queer Film တွေရဲ့ နေရာယူမှုကလည်း တော်တော်ကြီးမားတယ်လို့ ပြောလို့ရပါတယ်။ 1985ထွက်ခဲ့တဲ့ The Last Songဟာ ပထမဆုံး ထိုင်း queer Film ဖြစ်ခဲ့ပြီး သူ့အနီးအနား ခုနှစ်တွေမှာ Tortured Love (1987)နဲ့ I Am a Man (1987)တို့ဆက်လက်ထွက်ရှိခဲ့ပြီး ဒီသုံးကားကို Thai queer cinemaရဲ့ first waveလို့ သတ်မှတ်ခဲ့ကြတယ်။ အဲဒီနောက်ပိုင်းတော့ New Wave ခေတ် ၂၀၀၀ဝန်းကျင်လောက်မှ ထပ်ထုတ်ခဲ့ကြပုံပါပဲ။ ကြားထဲသိပ်မတွေ့ရတော့ဘူး။ ဒီဘက်နှစ်တွေမတိုင်ခင်အထိလည်း အရမ်းအများကြီးထုတ်ခဲ့တာမျိုးလည်း မရှိခဲ့ပါဘူး။ Bangkok Love Storyဟာ ၂၀၀၀ကျော်ဝန်းကျင်က သိပ်အများကြီးမရှိခဲ့တဲ့ ထိုင်း Queer Filmကားကောင်းတွေထဲက တစ်ကားပါပဲ။ ဒါပေမဲ့လွယ်လွယ်နဲ့ ထုတ်ခဲ့ရတာတော့မဟုတ်ပါဘူး။ Pre-productionကာလမှာ ထိုင်းရဲတပ်ဖွဲ့ရဲ့ ကန့်ကွက်ခြင်းခံခဲ့ရသလို ဆင်ဆာနဲ့ ပတ်သက်ပြီး အခက်အခဲတွေလည်း တွေ့ခဲ့တယ်။ ယောက်ျားချင်းကြိုက်တဲ့ကားပေမဲ့ ကနွဲ့ကလျတွေမပါဘဲ ခပ်ကြမ်းကြမ်း၂ပွေ ကြိုက်တဲ့ကားဖြစ်နေတာ့ သရုပ်ဆောင်၂ယောက်က ...
movie

Bangkok Love Story (2007)

2007