Channel Myanmar

Sadana Agung

Risky Business (2024) Modal Nekad 6.9
Risky Business (2024) Modal Nekad  Risky Business (2024)IMDb Rating (6.9) ညီအစ်ကိုသုံးယောက်ရှိတယ်။ အစ်ကိုကြီးက ကွာရှင်းခံထားရပြီး သမီးလေးကိုပါ အုပ်ထိန်းခွင့်မရတဲ့ ငွေမရှိတဲ့သူ။ အလတ်က လိမ်စားညာစား ငတေငပွေ။အငယ်ဆုံးက ကျောင်းပြီးဖို ရရာအလုပ်လုပ်ရင်း ကြပ်တည်းနေတဲ့လူ။ ဒုက္ခညီအစ်ကို၃ယောက်ပေါ့။ငွေမရှိကြသလို ငွေကလည်း အရေးတကြီးလိုနေကြတဲ့သူတွေဖြစ်နေတော့ သူတိုတွေ သူဌေးအိမ်က တီဗီတစ်လုံးခိုးဖိုသွားကြတယ်။အဲဒီတီဗီဈေးကလည်း သန်းနဲ့ချီနေတော့ ငပွေအလတ်ရဲ့ အစီအစဉ်ထဲ ခက်ခဲနေတဲ့ ကျန်တဲ့ညီအစ်ကိုနှစ်ယောက်ပါလာခဲ့တယ်။ဒါပေမဲ့ သူတိုသွားခိုးတာက ဂန်းစတားကြီးအိမ်ဖြစ်နေတဲ့နောက် ဘာတွေဆက်ဖြစ်လာမလဲ ဟာသတစ်ပုံပင်နဲ့ ကြည့်ရမယ့် အင်ဒိုနီးရှားရုပ်ရှင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။)File size…(1.7 GB) / (900 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Crime,Drama Duration….01:48:05 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W
movie

Risky Business (2024) Modal Nekad

2024
Father’s Haunted House (2024) 7.6
Father’s Haunted House (2024) Father's Haunted House (2024)********************************အခုတစ်ခါမှာတော့ IMDb rating 7.6 ရရှိထားတဲ့ အင်ဒိုနီးရှားဖြစ်ရပ်မှန်သရဲဟာသကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်လမ်းလေးကတော့တောခေါင်းကြီးရဲ့အိမ်မှာ ကိုယ်တွေ့ကြုံခဲ့ရတဲ့ သရဲဇာတ်လမ်းကို တောခေါင်းရဲ့သားဖြစ်သူကဇာတ်လမ်းပြန်ပြောင်းပြောပြထားတာဖြစ်ပြီး ဟာသဆိုပေမဲ့လည်းရယ်ရတဲ့နေရာမှာ ရယ်ရပြီး လန့်စရာနေရာမှာ လန့်ရတဲ့ကားလေးဖြစ်ပါတယ်။ဒိုဒစ်, အဖေ, အမေရယ်, အစ်ကို‌ဒေဝိုနဲ့ အစ်ကို့မိန်းမ လစ်စ်တို့ဟာ သာယာတဲ့မိသားစုလေးတစ်ခုပါ။ ဒေဝိုနဲ့ လစ်စ်တို့မှာ သားသမီးရတနာလေးကိုကိုယ်ဝန်လွယ်ထားရပါသေးတယ်။ ဒီလို သာယာတဲ့မိသားစုလေးဟာ အဖေဖြစ်သူရဲ့ရာထူးတိုးအတွက် နယ်ဘက်က သစ်တောကြိုးဝိုင်းမှာ တာဝန်ကျလာတဲ့အခါမှာတော့ ..အဖေဖြစ်သူကို အစိုးရကချထား‌ပေးတဲ့ အိမ်လေးမှာ မိသားစုလိုက်သွားရောက်နေထိုင်ဖို့ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ အဖေ့အိမ်လေးကို ရောက်တဲ့အချိန်မှာတော့အိမ်ဝင်းထဲမှာ သစ်ခိုးသမားတွေကို အပြစ်ပေးဖို့အတွက် ပြုလုပ်ထားတဲ့တဲလေးတစ်လုံးလည်းရှိနေပါသေးတယ်။ ဒီအိမ်လေးထဲမှာ နေလာရင်းနဲ့ ထူးဆန်းမှုတွေကြုံလာခဲ့ရပါတော့တယ်။ ဒီထက် ထူးခြားတာက ပုံမှန်နေ့တွေဆိုရင် အရမ်းမဆိုးဘဲကလီဝန်သောကြာနေ့ဆိုရင် သိသိသာသာကိုပဲ ဆိုးဆိုးဝါးဝါးခြောက်တာမျိုးကို ခံကြရတာပါပဲ။ဒီလိုနဲ့ ဒီမိသားစုလေး ..အဖေ့ရဲ့သရဲခြောက်တဲ့အိမ်ကြီးမှာ ဘာတွေဘယ်လိုဆက်ဖြစ်မလဲ .......ခြောက်နေတဲ့သရဲကရော နောက်ကွယ်မှာ ဘယ်လိုဇာတ်ကြောင်းတွေရှိနေမလဲ ......ဆိုတာကို ...
movie

Father’s Haunted House (2024)

Si Juki the Movie: Harta Pulau Monyet (2024) 7.7
Si Juki the Movie: Harta Pulau Monyet (2024) Si Juki the Movie: Harta Pulau Monyet ( 2024 ) စီဂျူကီနှင့် မျောက်ကျွန်းရတနာသိုက်ဒီတစ်ခါတော့ CM ပရိသတ်ကြီး အပျင်းပြေကြည့်ရှုနိုင်ဖို့ အင်ဒိုနီးရှား ကာတွန်းကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။မိသားစုရဲ့ စီးပွားရေးကျဆင်းနေမှုကြောင့် အခက်တွေ့နေရတဲ့ ဂျူကီတစ်ယောက် လုပ်ငန်းကိုပြန်လည်ကြီးပွားတိုးတက်ဖို့ အကြံမျိုးစုံထုတ်ပြီး ကြိုးပမ်းနေရပါတယ်။ ဘယ်လိုလုပ်လုပ်မအောင်မြင်တာမို့ ရုန်းကန်နေရချိန် နောက်မတော်တဆနဲ့ ဘိုးဘေးတွေချန်ထားခဲ့တဲ့ ရတနာမြေပုံကိုရှာတွေ့သွားပြီးတဲ့နောက်မှာ အန္တရာယ်စွန့်စားခန်းအပြည့်နဲ့ ရတနာသိုက်ရှာပုံတော်ဖွင့်ပါတော့တယ်။သူတို့ရဲ့ စွန့်စားခန်းခရီးစဉ်မှာ ဘာတွေကြုံတွေ့ရမလဲ... အောင်မြင်စွာပဲ ရတနာတွေရလာမှာလား... ရတနာမြေပုံအတုဖြစ်နေတာမျိုးကြုံရပြီး လက်ဗလာနဲ့ပဲပြန်လာရမလား.... ရှိရင်းစွဲလုပ်ငန်းကိုပဲ အောင်မြင်ကြီးပွားအောင်ကြိုးစားကြမလားဆိုတာကိုတော့ စွန့်စားခန်းအပြည့်နဲ့ဟာသဆန်ဆန်ကြည့်ရှုခံစားနိုင်မှာပဲ ဖြစ်ပါတယ်။( အညွှန်းနဲ့ဘာသာပြန်ကတော့ CM Team တို့ပဲဖြစ်ပါတယ် ) File size… 1.4 GB / 688 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 47m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Team
movie

Si Juki the Movie: Harta Pulau Monyet (2024)

Agak Laen (2024) 7.6
Agak Laen (2024) မလည်ရှုပ် ၄ ယောက် (၂၀၂၄)မကျန်းမာတဲ့အမေကို စောင့်ရှောက်ပေးနိုင်ဖို့၊ လောင်ကစားကြွေးတွေ ပြန်ဆပ်နိုင်ဖို့ နဲ့ ချစ်ရသူကို လက်ထပ်နိုင်ဖို့ စတဲ့အိမ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့နဲ့ လက်ရှိနုံချာလွန်းလှတဲ့ဘဝကို ပြောင်းလဲပစ်နိုင်ဖို့အတွက် သူငယ်ချင်း တွေဖြစ်ကြတဲ့ ဘင်၊ ဘိုရစ် ၊ ဂယ်လ် နဲ့ အိုကီ တို့လေးယောက်ဟာ ညဈေးက သရဲခြောက်တဲ့အိမ်မှာ အတူတူ ကြိုးစားလုပ်ကိုင်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း အလည်လာကြတဲ့ဧည့်သည်တွေကို စိတ်ဝင်စားဖွယ် ခြောက်လန့်ဆွဲဆောင်မှုတွေ မလုပ်ဆောင်နိုင်တဲ့အတွက် ပိတ်သိမ်းလိုက်ရတော့မယ့်အခြေအနေနဲ့ ကြုံကြိုက်နေကြရပါတယ်။ အဲ့လိုအခြေအနေမှာ သူတို့ရဲ့ သရဲခြောက်တဲ့အိမ်ကို မထင်မှတ်ဘဲ ဝင်ရောက်အလည်လာတဲ့ ဧည့်သည်တစ်ယောက်ကို သူတို့ ကြိုးစားပြီး ခြောက်လန့်ပေးခဲ့ကြရာမှာ ကံဆိုးစွာနဲ့ ထိုဧည့်သည်ဟာ နှလုံးဖောက်ပြီး ကွယ်လွန်သွားခဲ့ပါတယ်။ လိမ်လည်မှုနဲ့ထောင်ကျခဲ့ရပြီး ပြန်လွတ်လာခဲ့သူ အိုကီက ထောင်ထဲ ထပ်မဝင်ချင်တဲ့အတွက် အလောင်းကို သရဲအိမ်မှာပဲ မြေမြှုပ်ဖုံးကွယ်လိုက်ဖို့ သူငယ်ချင်းတွေကို စည်းရုံးကာ မြေမြှုပ်ပစ်ခဲ့ကြပါတယ်။ မမျှော်လင့်ဘဲ သေဆုံးသူရဲ့ဝိညာန်က သရဲအိမ်မှာ ခြောက်လှန့်နေတဲ့အခါ သူတို့ရဲ့ သရဲခြောက်တဲ့အိမ်က နာမည်ကြီးလာပြီး လည်ပတ်လာသူဧည့်သည်များကို ဆွဲဆောင်နိုင်ခဲ့ကာ သူတို့ဘဝတွေ အတော်ကြီးအဆင်ပြေလာကြပါတယ် အဲ့အချိန်မှာပဲ ဒေသခံရဲတွေက လူပျောက်တိုင်ကြားမှုကြောင့် ...
movie

Agak Laen (2024)

Maghrib Time (2023) 6
Maghrib Time (2023) Waktu Maghrib (2023)အသစ်ထွက်အင်ဒိုသရဲကား Waktu Maghrib (နေဝင်ရီတရောချိန်) ပါ။ သရဲကားတွေအများစုမှာ သရဲခြောက်ရင် သေချာပေါက်ညဘက်အများဆုံးပဲမဟုတ်လား။ ညဆိုတာကလဲ သူ့ရဲ့ဆိတ်ငြိမ်မှုကကို တော်ရုံစိတ်မခိုင်သူအတွက် ကြောက်မက်ဖွယ်ရာဖြစ်စေတယ်မလား။ ဒါပေမဲ့ တကယ်တမ်းကျတော့ ညထက် ပိုကြောက်စရာကောင်းတာကတော့ နေဝင်ချိန်ပါ။ မြန်မာတွေကြားမှာလဲ ပြောလေ့ရှိကြတယ် နေဝင်ချိန် နေဝင်ရီတရောအချိန် ညီကိုမသိတသိအချိန် အပုပ်ချိန် စသဖြင့်ခေါ်ကြတဲ့ဒီအချိန်။ အစ္စလာမ်ဘာသာဝင်တွေမှာလဲ ညနေချိန်မှာဝတ်ပြုမှုရှိပါတယ်။ အဲ့ဒီဝတ်ပြုမှုအတွက် ဗလီသွားတာကလွဲရင် အပြင်သွားခြင်းကိုရှောင်လေ့ရှိကြပါတယ်။ အထူးသဖြင့်ကလေးတွေကို အိမ်ထဲမှာပဲနေစေပါတယ်။ အဲ့ဒီအချိန်က မကောင်းဆိုးဝါးတွေ မိစ္ဆာတွေထွက်ချိန်ဖြစ်လို့ပါ။ဒီဇာတ်လမ်းထဲမှာ ကစားလွန်ပြီး နေဝင်ချိန်အပြင်မှာရှိနေခဲ့တဲ့ ကလေးသုံးယောက်ကြမ္မာဆိုးနဲ့ကြုံခဲ့ရပါတယ်။ ဆိုးရွားမှုတစ်ခုခုဆိုတာ သေချာပေမယ့် ဘာဆိုတာသေချာမဖော်ပြခဲ့ပါဘူး။ နောက် အနှစ်၃၀ ကြာပြီးမှ နောက်ထပ်ကလေးတွေသတ်ခံရတာတွေဖြစ်လာတော့ ပထမကလေးသုံးယောက်ကရော သတ်ခံခဲ့ရတာလား ဘာတွေဖြစ်ခဲ့လဲ ဘယ်လိုအနှောင့်အယှက်တွေများရွာမှာရှိနေခဲ့လဲ အနှစ်၃၀ကြာပြီးမှ တစ်စခန်းပြန်ထလာတဲ့ဖြစ်ရပ်တွေနဲ့ နေဝင်ချိန်နဲ့ဘယ်လိုများဆက်စပ်နေလဲဆိုတာတွေ ကြည့်လိုက်ကြပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Horror Quality…. 1080p | 720p File size… 1.3GB | 637MB Format… mp4 Duration…. 1h 23min Subtitle…. Myanmar Subtitle (Hardsub) Translator ..... ...
movie

Maghrib Time (2023)

2023
Ranah 3 Warna (2022) 6.5
Ranah 3 Warna (2022) Ranah 3 Warna (2022)ဒီကားလေးကတော့ 2021 တုန်းက Amazon Prime ကနေထုတ်တဲ့ အင်ဒိုနီးရှားကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ IMDbမှာလည်း 6.5/10 ရရှိထားပါတယ်။ဒီရုပ်ရှင်ကားလေးက နိုင်ငံခြားပညာတော်သင်သွားဖို့ကြိုးစားနေတဲ့လူတွေအတွက်သင့်တော်မယ့်ကားမျိုးလေးပါ။ဇာတ်လမ်းကတော့ ကြိုးစားပေမယ့်ဆင်းရဲတဲ့ ကောင်လေး အာလစ်ဖ်ဟာ သူ့ရဲ့ပညာရေးလမ်းကျောင်းကို ကျောထောက်နောက်ခံမပါဘဲ ဘယ်လိုဖောက်ဖို့ကြိုးစားသလဲဆိုတာကိုအခြေခံထားပါတယ်။ သူ့ရဲ့ကြိုးစားအားထုတ်မှုတွေ၊ နိုင်ငံခြားပညာသင်သွားဖို့ကြိုးစားပုံတွေကြားက သူ့ရဲ့မိသားစုကိုပါ ထောက်ပံ့ဖိုးကြိုးစားရပြန်တဲ့အခါမှာ သူဘယ်လိုရှေ့ဆက်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Xavier Zy ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p | 480p File size… 1.81GB | 1GB | 490MB Format… mp4 Duration…. 2h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Xavier Zy Encoder ..... August
movie

Ranah 3 Warna (2022)

2022
Nikah Yuk (2020) 7.3
Nikah Yuk (2020) ဒီတခါတော့ ကိုဗစ်ကာလမှာ စိတ်ပင်ပန်းနေကြတဲ့ CMချစ်ပရိတ်သတ်ကြီးအတွက် အင်ဒိုးနီရှားအချစ်ဟာသကားလေးတင်ဆက်ပေးလိုက်ပါတယ်. ဇာတ်လမ်းလေးက တကယ်ကို ချစ်ဖို့ကောင်းပြီး မိဘမေတ္တာနဲ့အချစ်ရဲ့လျှို့ဝှက်ဆန်းကြယ်ပုံကို ဟာသနှောပြီးရိုက်ထားတဲ့ ဇာတ်ကားလေးပါ. ဇာတ်လမ်းအကျဉ်းကတော့ တဉီးတည်းသော သားဖြစ်တဲ့ Aryaဟာ ကိုယ်စွမ်းကိုယ်စနဲ့ ဓာတ်ပုံဆရာတစ်ဉီးဖြစ်ချင်နေတာပါ. သူ့ရဲ့ပင်တိုင်မော်ဒယ်ကတော့ သူ့ချစ်သူကောင်မလေးပေါ့. ဒါပေမယ့်လဲ သူ့မိဘအကူအညီက Aryaဟာ မလွတ်နိုင်ခဲ့ပါဘူး. တဘက်မှာလဲ သူ့ချစ်သူမော်ဒယ်မလေးဟာ နောက်မီးလင်းချင်နေပြီး လက်ထပ်ခွင့်တောင်းတော့လဲ လက်မခံတာကြောင့် စိတ်ညစ်နေရပါတယ်. ဒါပေမယ့် သူ့ဘဝကို ပြောင်းလဲပေးနိုင်မယ့် ကောင်မလေးတ်ယောက်နဲ့ ဆုံခဲ့ပါတယ်. Liaဆိုတဲ့ ပန်းချီဆရာမလေးပေါ. Liaနဲ့တွေ့ပြီးနောက်မှာ Aryaပြုံးပျော်နိုင်လာတာကြောင့် မသေခင်အိမ်ထောင်ကျစေချင်တဲ့ Aryaအမေဟာ အကွက်ချပြီး သူတို့နှစ်ဉီးကို လက်ထပ်စေခဲ့ပါတယ်. လက်ထပ်ပြီးနောက်မှ တစ်ခုပြီးတစ်ခုလွဲပြီး ရယ်စရာတွေ ဖြစ်လာတဲ့ အချစ်ဟာသဇာတ်မြူးလေးပေါ့ဗျာ. ဒီဇာတ်လမ်းလေးကြည့်ရင်း ဘဝအမောတွေ ဖြေဖျောက်လိုက်ကြပါဦး....   File Size -  1 gb Quality - web-dl 1080p Subtitle -  burmese Translator - YK Encoder - XCode
movie

Nikah Yuk (2020)

2020