Channel Myanmar

Sachio Sakai

Drunken Angel (1948) 7.6
Drunken Angel (1948) Drunken Angel (1948)~ IMDb - 7.6/10, Rotten Tomatoes - 94% ~ကူရိုဆာဝါရဲ့ အစောပိုင်းရုပ်ရှင်တွေထဲက တစ်ကားဖြစ်တဲ့ ဒုတိယကမ္ဘာစစ်အပြီးကာလမှာရိုက်ခဲ့တဲ့ Drunken Angel ဟာ သူပထမဆုံးလွတ်လွတ်လပ်လပ် စိတ်တိုင်းကျ ရိုက်လို့ရခဲ့တဲ့ကားလို့ သူကိုယ်တိုင် ဆိုဖူးတယ်။ Toshiro Mifune နဲ့ ကူရိုဆာဝါ အတူရိုက်ခဲ့တဲ့ ၁၆ကားထဲက ပထမဆုံးကားလည်းဟုတ်တယ်။ A Guide to Japanese Gangster Films (2003) ဆိုတဲ့ စာအုပ်ထဲမှာ စစ်ပြီးခေတ် ယာကူဇာတွေကို ပုံဖော်ထားတဲ့ ပထမဆုံးရုပ်ရှင်ဖြစ်တယ်လို့လည်းဆိုတယ်။ယာကူဇာကားဆိုပေမဲ့ ကူရိုဆာဝါဟာ ယာကူဇာတွေကို နိမ့်ကျတဲ့သတ္တဝါတွေလို့ပဲမြင်ပုံပါပဲ။ ယာကူဇာဆိုတဲ့ ဂျပန်ဂန်းစတားတွေရဲ့ ကြီးကျယ်မြင့်မြတ်ခြင်းတွေ သိက္ခာတွေကို ရှုံ့ချပြီး ယုတ်ပတ်တဲ့လူတွေအဖြစ်သက်သက်ပဲ ပုံဖော်ထားတယ်။ ဒီလူတွေနဲ့ ဆန့်ကျင်ဘက်ကာရိုက်တာအနေနဲ့ နတ်သားငမူးလို့ခေါ်တဲ့ လူဆင်းရဲတွေကို နတ်သားလိုကယ်တင်နေသလို အမြဲလည်းမူးနေတတ်တဲ့ ဆရာဝန်ကာရိုက်တာကိုပါ အဓိကထားပြီး ...
movie

Drunken Angel (1948)

1948
Rhapsody in August (1991) 7.2
Rhapsody in August (1991) Rhapsody in August (1991)~ IMDb - 7.2/10, Rotten Tomatoes - 60% ~ကူရိုဆာဝါရဲ့ နောက်ဆုံးရုပ်ရှင်ဖြစ်တဲ့ Madadayo (1993) အရှေ့က ရုပ်ရှင်ပေါ့။ ကူရိုဆာဝါ ရိုက်ခဲ့တဲ့ အဖြူအမည်းမဟုတ်တဲ့ ၇ကားတည်းသော ကားတွေထဲက တစ်ကားပါပဲ။ Kiyoko Murata ရဲ့ ဝတ္တုကို ကူရိုဆာဝါကိုယ်တိုင် ဇာတ်ညွှန်းရေးသား ရိုက်ကူးထားတယ်။ အမျိုးသမီးက ဇာတ်ဆောင်ဖြစ်နေတဲ့ ကူရိုဆာဝါကား၃ကားထဲက တစ်ကားတည်း‌သော ကာလာကားလည်းဟုတ်တယ်။ သူ့အသက်၈၀မှာ ရိုက်ခဲ့တဲ့ ရုပ်ရှင်ပေါ့။ ဝေဖန်ရေးသမားတွေကတော့ Ran နောက်ပိုင်း Dreams ကလည်း သိပ်မအောင်မြင်ခဲ့သလို Rhapsody in August ကတော့ ကိန်းမှာပွဲဦးထွက်ပြတုန်းက စိတ်ပျက်စရာတောင်ဖြစ်ခဲ့တယ်လို့ ပြောကြတယ်။ သူတို့အမြင်ပေါ့။ သူတို့အမြင်ဆိုရာမှာ တချို့ကတော့ ဒီကားဟာ အနုမြူဗုံးကြဲခံရတာကိုတော့ စစ်ရာဇဝတ်မှုအနေနဲ့ ပုံဖော်ထားခဲ့ပြီး ပစိဖိတ်စစ်ပွဲကာလမှာ ဂျပန်တွေကျူးလွန်ခဲ့တဲ့ ...
movie

Rhapsody in August (1991)

1991
Seven Samurai (1954) 8.6
Seven Samurai (1954) Seven Samurai (1954) IMDb - 8.6/10_______R0tten - 100%  ၁၉၅၄ ခုနှစ်က ထွက်ခဲ့တဲ့ ဂျပန်ကားတစ်ကားကို တင်ပေးထားပါတယ်။ ဒီရုပ်ရှင်ကတော့ ဂျပန်ရုပ်ရှင်သမိုင်းရဲ့ အကောင်းဆုံးကားတွေထဲက တစ်ခုလို့ပြောလို့ရပါတယ်။ နှောင်းခေတ်ရုပ်ရှင်တွေဟာလည်း ဒီရုပ်ရှင်ကနေ ပညာတွေအများကြီးယူကြရတယ်လို့ ပြောကြတယ် (ဘာတွေလဲတော့ နားမလည်ပါဘူး)။ ဒီရုပ်ရှင်ရဲ့ဘတ်ဂျက်ကတော့ အဲဒီခေတ်အခါကဆို အတော်မာျးပါတယ်။ ရုပ်ရှင်ကားကြီးတွေကို $70000 လောက်နဲ့ ရိုက်နေကြချိန်မှာ ဒီရုပ်ရှင်ရဲ့ ဘက်ဂျက်ဟာ $ 500 000 ဖြစ်နေခဲ့ပါတယ်။ ပြီးတော့ ရုပ်ရှင်ရိုက်ကူးချိန်လည်း ကြာလွန်းတော့ ပရိုဂျူဆာတွေက ၂ ခါတိတိ ပိတ်ချခဲ့ပါတယ်။ ဒါရိုက်တာ အကီရာ ကူရိုဆာဝါကတော့ ပိတ်ချခံရတိုင်း ငြင်းခုံမနေဘဲ အသာလေး ငါးမျှားထွက်သွားလိုက်တာပါပဲ။ ပရိုဂျူဆာတွေ ပြန်လိုက်ခေါ်မယ်ဆိုတာ သိပြီးသားမို့ပါ။ ဒီရုပ်ရှင်ထဲက သရုပ်ဆောင်တွေကလည်း အဲဒီခေတ်အခါကဆို All stars လို့ပဲ ပြောရပါလိမ့်မယ်။ သုံးနာရီကျော်ကြာတဲ့ ဒီအဖြူအမည်းရုပ်ရှင်ဟာ တစ်ကမ္ဘာလုံးက နှစ်သက်လက်ခံတဲ့ ရုပ်ရှင်ကြီးတစ်ခုဖြစ်လာခဲံ့ပါတယ်။ ဒီရုပ်ရှင်ကို မှီးပြီး ရိုက်ကူးထားတဲ့ ကောင်းဘွိုင်ရုပ်ရှင် Magnificent seven ...
movie

Seven Samurai (1954)

1954
Godzilla (1954) 7.5
Godzilla (1954) Godzilla ( 1954 )Directed by  Ishirō HondaKaiju  Genreကို အစပျိုးပေးခဲ့တဲ့ ပထမဆုံး ဂေါ်ဇီလာရုပ်ရှင်ကို ၁၉၅၄မှာ အိရှိရိုဟွန်ဒါက ဇာတ်ညွှန်းရေးသား ရိုက်ကူးခဲ့တယ်။  Special effects ပိုင်းကိုတော့  Eiji Tsuburayaက ကိုင်ခဲ့တယ်။ သူတို့နှစ်ယောက်တွဲဟာ Kaiju  Genreကို ထောင်ခဲ့တဲ့လူတွေ ဂေါ်ဇီလာယူနီဗာ့စ်ကြီးကို စဖန်တီးခဲ့သူတွေပါပဲ။ ဒီဂေါ်ဇီလာကားတွေကို နာမည်ကျော် တိုဟိုကနေ ထုတ်ပေးခဲ့တယ်၊ ဒီဂေါ်ဇီလာတစ်ကားရဲ့ အောင်မြင်မှုကနေ Godzilla franchiseကြီးဖြစ်ခဲ့လာပြီး တိုဟိုက ထုတ်ခဲ့တဲ့ ဂျပန်ဂေါ်ဇီလာရုပ်ရှင်တင် ၃၃ကား , ခုနောက်ပိုင်းထွက်တဲ့ အမေရိကန်ရုပ်ရှင် ငါးကား , စုစုပေါင်း ၃၈ကား ထွက်ခဲ့ပြီးပြီ။ တိုဟိုက ထုတ်ခဲ့တဲ့ ၃၃ကားထဲမှာ မူရင်းဖန်တီးရှင်တွေဖြစ်တဲ့ အိရှိရိုနဲ့ အိဂျီတို့ ရိုက်ခဲ့တာက ၈ကားပဲရှိခဲ့တယ်။ သူရိုက်ခဲ့တာတွေက အအောင်မြင်ဆုံးနဲ့ အခမ်းနားဆုံး Godzilla (1954), ...
movie

Godzilla (1954)

Sanjuro (1962) 8.0
Sanjuro (1962)  ၁၉၆၂ခုနှစ်က ထွက်ရှိခဲ့တဲ့ ဂျပန်အဖြူအမည်း ရုပ်ရှင်ဖြစ်ပါတယ်။ Director Akira Kirosawa ရဲ့ 1961က ထွက်ရှိခဲ့တဲ့ Yojimbo ဆိုတဲ့ ရုပ်ရှင်ရဲ့ sequel လည်း ဖြစ်ပါတယ်။ဇာတ်လမ်းကတော့ လူငယ် ဆာမူရိုင်းလေး ကိုးယောက်ဟာ သူတို့ရဲ့ သခင် Mutsuta ဆီမှာ အမှုထမ်းလို့နေပါတယ်။ တစ်နေ့ သူတို့ရဲ့ အသနားခံလွှာကို Mutsuta က တရားရုံးမှာ ဆုတ်ဖြဲလိုက်တဲ့အတွက် သူတို့ထဲက တစ်ယောက်က Kikui ဆိုတဲ့ ကြီးကြပ်သူကို ဝင်ရောက်ဖြေရှင်းပေးဖို့ ပြောခဲ့ပါတယ်။သူတို့ ကိုးယောက်က နတ်ကွန်းအဆောင် တစ်ခုထဲမှာ ဆွေးနွေးနေကြတုန်း ဆာမူရိုင်း တစ်ယောက်က သူတို့ပြောတာကို ကြားသွားပါတယ်။ ဒီဆာမူရိုင်းက Sanjuroလို့ခေါ်ပြီး ဘယ်သူ့ကိုမှ အမှုမထမ်းတဲ့ လျှောက်သွားနေတဲ့ ဆာမူရိုင်းဖြစ်ပြီး Kikui ဆိုတဲ့ ကြီးကြပ်သူကို မယုံဖို့ သတိပေးခဲ့ပါတယ်။ဒီလိုနဲ့ သူသတိပေးတဲ့အတိုင်း Kikuiက Mutsuta ...
movie

Sanjuro (1962)

The Hidden Fortress (1958) 8.1
The Hidden Fortress (1958)  IMDb 8.1 / Metascore 89% / Rotten Tomatoes 96%ဂျပန်ရဲ့ အထင်ကရ ဒါရိုက်တာကြီးတစ်ဦးဖြစ်တဲ့ အာကီရာကူရိုဆာဝါရဲ့လက်ရာဖြစ်တဲ့ နှစ်ပေါင်း ၆၀ ကျော်သက်တမ်းရှိပြီဖြစ်တဲ့ ဆာမူရိုင်းရုပ်ရှင်တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်ဟာ ဘယ်လောက်လွှမ်းမိုးမှုအားကောင်းခဲ့လဲဆိုတော့ Star Wars ရဲ့ဖန်တီးသူ‌ ဂျော့ခ်ျလူးကပ်စ်ကတောင် Star Wars Original Trilogy သုံးကားအတွက် ဒီရုပ်ရှင်ကနေ မှီခြမ်းခဲ့ကြောင်း ကြေညာခဲ့ပါတယ်တဲ့။ဇာတ်လမ်းအကြောင်း အနည်းငယ်ပြောပြရမယ်ဆိုရင်တော့ အချိန်ကာလအားဖြင့် ၁၆ ရာစုဖြစ်ပြီး ဂျပန်ပြည်မှာ ယာမာန နဲ့ အာခိဇုကိ လို့အမည်ရတဲ့ လူမျိုးစုနှစ်ခုဟာ စစ်ဖြစ်နေကြပါတယ်။ မာတာရှီချီ နဲ့ တာဟဲအိဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ကတော့ စစ်ပွဲအတွင်းမှာ ငွေရှာဖို့အတွက် ရှိတဲ့အိမ်တွေကိုတောင်ရောင်းချပြီး စစ်ထဲလိုက်ရာကနေ မှန်းချက်နဲ့နှမ်းထွက် တက်တက်စင်အောင်လွဲသွားတဲ့ ဆင်းရဲသားလယ်သမားနှစ်ဦးပါ။ ဒီနှစ်ယောက်ဟာ စစ်မြေပြင်ကနေ ထွက်ပြေးလာရင်း ၎င်းတို့နေထိုင်ရာ အာခိဇုကိမြို့တော်ကိုပြန်တဲ့လမ်းတစ်‌နေရာမှာ အာခိဇုကိရဲ့အမွေဆက်ခံသူ မင်းသမီးဖြစ်တဲ့ ယုကိ ...
movie

The Hidden Fortress (1958)

Throne of Blood (1957) 8.1
Throne of Blood (1957) Throne of Blood (1957)~ IMDb - 8.1/10, Rotten Tomatoes - 96% ~ကူရိုဆာဝါဟာ သူ့ရဲ့ရုပ်ရှင်သက်တမ်းတစ်လျှောက်မှာ ရှိတ်စပီးယားဝတ္တုတွေကို မှီငြမ်းပြီး ရုပ်ရှင်၃ကားရိုက်ဖူးတယ်။ Macbeth ကို မှီငြမ်းပြီး Throne of Blood (1957) ကို ရိုက်ခဲ့၊ Hamlet ကို မှီငြမ်းပြီး The Bad Sleep Well (1960) ကို ရိုက်ခဲ့သလို King Lear ကို မှီငြမ်းပြီး Ran (1985) တို့ကို ရိုက်ကူးခဲ့ဖူးတယ်။ ဇာတ်လမ်းကျောရိုးကို ယူပြီး ဂျပန်ရဲ့ ရေခံမြေခံမှာ ပြန်အသက်သွင်းလိုက်တာတွေပါပဲ။ ဒဲ့ကြီးတော့မဟုတ်ဘဲ ပြင်သင့်တာပြင် ရိုက်ထားတယ်။ ဒါပေမဲ့ သူပြင်ရိုက်ပုံတွေကတော့ တော်တော်လေးပြည့်စုံသလိုတော့ ခံစားရတယ်။ ဆန်းတော့လည်းမဆန်းလှပါဘူး။ ကူရိုဆာဝါဟာ ကူရိုဆာဝါပဲကိုး။တကယ်ဆို ကူရိုဆာဝါက ရှိတ်စပီးယားရဲ့ ...
movie

Throne of Blood (1957)

1957–